Channel Myanmar

Claudio Troncoso

Blanquita (2023)
Blanquita (2023)  IMDb - 6.3ဒီရုပ်ရှင်ကတော့ 2000 ခုနှစ်အစောပိုင်း ချီလီနိုင်ငံမှာဖြစ်သွားခဲ့တဲ့ သက်ငယ်ပြည့်တန်ဆာအမှုအပေါ်အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဘလန်ကာဟာ ဖာသာ မန်နျူရယ် ဦးစီးတဲ့မိဘမဲ့ဂေဟာမှာနေပါတယ်။ တစ်နေ့မှာ နာမည်ကြီးစီးပွားရေးသမားတစ်ယောက်ရဲ့ သက်ငယ်ပြည့်တန်ဆာအမှုတွေနဲ့အတူ အဖမ်းခံလိုက်ရပြီး ဘလန်ကာတို့ဂေဟာက ကားလို့စ်ဆိုတဲ့ ဉာဏ်ရည်အားနည်းတဲ့ကောင်လေးကလည်း ဒီအမှုရဲ့နစ်နာသူသက်သေအဖြစ် ပါဝင်နေခဲ့ပါတယ်။ဒီလိုယုတ်မာတဲ့ သက်ငယ် မု-ဒိန်းသမား‌တွေကို ထောင်ထဲမှာအဆုံးသတ်ပေးဖို့အတွက် ဘလန်ကာကလည်း သူကြုံတွေ့ရတဲ့ဖြစ်ရပ်နဲ့ လူ‌ထုကြားကိုထွက်လာတဲ့အခါမှာတော့ ဘလန်ကာနဲ့ တခြားနစ်နာသူအကုန်လုံးအတွက် တရားမျှတမှုရနိုင်မှာလား၊ တရားရေးစနစ်ရဲ့ မတရားမှုတွေကို ဘလန်ကာတို့ တွန်းလှန်နိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1 GB)/(554 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

Blanquita (2023)

Sayen: Desert Road (2023) 5.1
Sayen: Desert Road (2023) Sayen: Desert Road (2023)ဒီဇာတ်ကားကတော့ ၂၀၂၃ အစောပိုင်းကထွက်ရှိထားတဲ့ "Sayen" ဆိုတဲ့ ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ ပထမဇာတ်ကားမှာတော့ ဆာယန်ရဲ့အဘွားသေဆုံးခဲ့ပုံနဲ့ သူ့ရဲ့လက်စားချေမှုစတင်ခန်းကို အဓိကထားရိုက်ကူးခဲ့ပါတယ်။ဒီဒုတိယဇာတ်ကားမှာတော့ ဆာယန်ဟာ မီဒီယာတွေမှာ အကြမ်းဖက်သမားလို့ကြေညာခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း အက်တီယွန်ကုမ္ပဏီကို ဆက်ပြီးလက်စားချေဖို့အတွက် အတာကာမာကန္တရကို ရောက်လာခဲ့ပါတယ်။ ဒေသခံလူထုတချို့ကပါ ဒီပတ်ဝန်းကျင်ထိန်းသိမ်းဟန်ပြုနေတဲ့ လက်ဝါးကြီးအုပ်တဲ့ခရိုနီကုမ္ပဏီကို ထောက်ခံနေတာကို သိလိုက်ရတဲ့အခါ ဆာယန်က သူကိုယ်တိုင်ကုမ္ပဏီထဲ ဖောက်ဝင်ဖို့ပဲစီစဉ်ခဲ့ပါတော့တယ်။ ဖောက်ဝင်ပြီးချိန်မှာပဲ လင်းယုန်မျက်လုံးဆိုတဲ့ အက်တီယွန်ရဲ့ လျှို့ဝှက်စီမံကိန်းတစ်ခုကိုတွေ့ရှိသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူလိုချင်တဲ့သတင်းကို အပြည့်အဝမရခဲ့လို့ စိတ်ပျက်နေတဲ့ဆာယန်က ကုန်စုံဆိုင်တစ်ခုမှာ ရုပ်ဖျက်ပြီးစျေးထွက်နေတဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်က သူ့ကိုသတိထားမိပြီး သူလိုချင်တဲ့သတင်းကိုပေးမယ်ဆိုပြီး သူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်။ ဆာယန်တစ်ယောက် ဘယ်လိုသတင်းတွေသိရမလဲ အဲဒီသတင်းကြောင့် ဘယ်လိုအခက်အခဲတွေကို ထပ်ပြီးကြုံတွေ့ခဲ့ရလဲ...ဒါ့အပြင် ပထမအပိုင်းမှာမပါခဲ့တဲ့ သူ့အဘွားကိုသတ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေးကုမ္ပဏီ အက်တီယွန်ရဲ့နောက်ကွယ်မှာရှိနေတဲ့ ကြိုးကိုင်သူတွေကို အပြီးတိုင် လက်စားချေခဲ့ပုံတွေကို ရိုက်ကူးပေးထားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Sayen: Desert Road (2023)

2023
Sayen(2023) 6.7
Sayen(2023) Sayen(2023)************လီတောင်ပိုင်းမှာ မူချီလူမျိုးတွေဟာ မြို့ပေါ်ကလူတွေနဲ့ ဆက်ဆံမှုကင်းဝေးပြီးသစ်တောထဲမှာ တစ်သီးတစ်သန့်နေထိုင်ကြတယ်၊ ဆိုင်ရန်ဟာ ဝင်ကာလို့ခေါ်ကြတဲ့မြို့ပေါ်မှာ ပညာဆည်းပူးပြီး နေရပ်ကိုပွဲတော်ရက်အမှီပြန်လာခဲ့ပါတယ်၊ခြောက်နှစ်လောက်ဝေးကွာနေတဲ့ အဖွားဖြစ်သူကလည်းသူမြေးပြန်လာတော့ဝမ်းသာနေတာပေါ့၊တစ်နေ့မှာ အက်တွန်ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင်စောင့်ရှောက်ရေးကုမ္ပဏီက လူတစ်စုသူတို့ဆီကိုမြေတွေရောင်းချဖို့အတွက်လာကမ်းလှမ်းတယ်။ အဖွားဖြစ်သူ အီဝမ်က နှစ်ပေါင်းများစွာနေနေတဲ့ ဒီမြေတွေမရောင်းနိုင်တဲ့အကြောင်းပြောပြီးနှင်လွှတ်လိုက်တယ်၊ ဆိုင်ရန်ဟာ မသကႅာတာနဲ့နောက်ယောင်ခံလိုက်ကြည့်တဲ့အခါသစ်တောထဲက သဘာဝအရင်းအမြစ်တွေကို ခိုးဝှက်တူးဖော်လုပ်ကိုင်နေတဲ့ကုမ္ပဏီမှန်းသိသွားပြီးတော့ မှတ်တမ်းပါယူလာလိုက်တယ်၊ကုမ္ပဏီအဖွဲ့ကလူတွေ သူမှတ်တမ်းတင်တာသိသွားတော့လိုက်လံဖမ်းဆီးတဲ့အခါမှာတော့.......File Size :(2.7GB)(1.1GB) and (380 MB) Quality : WEB-DL 1080p5.1Ch,720p Format…mp4 Duration…01:34:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Sayen(2023)