Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Claudine Acs
Chicken for Linda! (2023)
ဒီတစ်ခါမှာတော့ ချစ်စရာ ပြင်သစ် animation ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်လင်ဒါဆိုတဲ့ ကလေးမလေးက ငယ်ငယ်လေးကတည်းက ဖခင်ကိုဆုံးရှုံးလိုက်ရပြီး အမေဖြစ်သူ ပူလတ်နဲ့ နှစ်ယောက်တည်း နေထိုင်ပါတယ်တစ်နေ့မှာတော့ မေမေက လင်ဒါ့ကို သူ့လက်စွပ်ခိုးတယ်လို့ စွပ်စွဲပြီး အပြစ်ပေးတဲ့ အနေနဲ့ သဘောဆိုးတဲ့ လင်ဒါရဲ့ အန်တီ့အိမ်မှာ တစ်ညသွားထားပါတယ်တကယ်တမ်း လက်စွပ်ကို သမီးလေးခိုးတာမဟုတ်မှန်း သိသွားတဲ့အခါ သူ့ညီမအိမ်ကနေ သမီးကို သွားပြန်ခေါ်လာပြီး သမီးလိုချင်တာတစ်ခု ပြန်လုပ်ပေးဖို့ ကတိပေးလိုက်ပါတယ်အဖေ့ကို မမှတ်မိတော့ပေမယ့် လင်ဒါလေးဟာ အဖေချက်တဲ့ ထူးရှယ်ကြက်သားဟင်းကို စားချင်တယ် ပြောလာလို့ ကြက်သားရှာဝယ်ပေမယ့် အလုပ်သမားသပိတ်ကြောင့် ဆန္ဒပြပွဲတွေဖြစ်ပြီး ဈေးတိုင်းပိတ်ထားတဲ့အခါမှာ ဘယ်လိုတွေ ဆက်လက်ကြုံရမလဲ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦး File size…(1.4 GB)/(712 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:13:00 Genre... Animation, Comedy,Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan
movie
Chicken for Linda! (2023)
30 Jours Max (2020)
30 Jours Max (2020) =============== IMDb Rating - 5.4/10ဒီဟာသဇာတ်ကားလေးနာမည်က အလွန်ဆုံး ရက် ၃၀ပါပဲ။ ကျန်းကျန်းမာမာနဲ့ ဘဝကိုဖြတ်သန်းနေရင်း ရုတ်တရက်ကြီးအသက်ရှင်သန်ရဖို့ ရက်၃၀ပဲကျန်တော့ မယ်ဆိုရင် ကျွန်တော်တို့ရော ဘာတွေလုပ်မိကြမလဲ။ ရာယန်းက ကပျက်ကျချော် နိုင်တဲ့ရဲဝန်ထမ်းတစ်ယောက်၊ အဖေဖြစ်သူကိုဂုဏ်ယူစေဖို့ ရဲတပ်ဖွဲ့ထဲဝင်ခဲ့ပြီး ကြိတ်ကြိုက်နေရတဲ့ တွဲဖက်ရဲမေကိုလည်း အထင်ကြီးအောင် လုပ်ပြချင်နေတဲ့သူ ပေါ့။ ကံဆိုးချင်တော့ သူရဲ့ပေါ့တိပေါ့ပျက်နိုင်မှုတွေကြောင့် အရေးကြီးတဲ့စစ်ဆင် ရေးတစ်ခုမှာ အမှားလုပ်မိပြီး ရဲဌာနက ရဲဘော်ရဲဖက်တွေရဲ့ဖယ်ကျဥ်ခြင်းကို ခံရ တယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း သူ့ကိုရှိတယ်လို့တောင် မထင်ဘဲ ချိုး နှိမ်ဆက်ဆံကြတယ်။ သူကိုယ်တိုင်ကလည်း တဖက်သားအပေါ် လိုတာထက်ပိုပြီး သည်းခံတတ်တာလည်းပါတာပေါ့။ဘယ်လောက်သည်းခံလဲဆိုရင် ပြတ်သွားတာ တစ်နှစ်လောက်ရှိနေပြီဖြစ်တဲ့ ရည်း စားဟောင်းက သူငှားနေတဲ့အိမ်ပေါ်တက်နေပြီး လူပါးဝတာကိုမှ ငြိမ်ခံပြီး ဆက်နေ ခိုင်းတယ်။ အဲဒီနောက် ကြွက်တစ်ကောင်နဲ့ဆရာဝန်တစ်ယောက်ကြောင့် သူရဲ့ဘဝ က အကြီးအကျယ်ပြောင်းလဲဖို့ဖြစ်လာတယ် ဘာတွေဘယ်လိုပြောင်းလဲကုန်မလဲသိ ရဖို့ အပြေးလေး ကြည့်လိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(1.17 GB) / (420 MB) Quality............WEB-DL 1080p / 720p Duration.........1Hr ...
movie
30 Jours Max (2020)
2020
7.4
Babel (2006)
[Unicode] Babel (2006)IMDB - 7.4 Rotten Tomatoes - 69/100ဘာသာစကားတွေဟာ လူတွေရဲ့ စိတ်အခြေအနေ ခံစားချက်တွေကို ဖော်ပြဖို့ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်ရံတစ်ခါ အနုပညာမှာဖြစ်ဖြစ် တကယ့်ဘဝမှာဖြစ်ဖြစ် ကျယ်ပြန့်လှတဲ့ ဘာသာစကားတွေတောင် သူ့ထက်ပိုကျယ်ပြောတဲ့ ခံစားချက်တွေကို စီးကူးသယ်ဆောင်ဖော်ပြဖို့ရာ မစွမ်းသာတော့ပါဘူး။ ရုပ်ရှင်တစ်ကားကို ညွှန်းဆိုခြင်းမှာ ဇာတ်လမ်းအကြောင်းအရာထက် ရရှိတဲ့ခံစားမှုက ပိုပဓာနကျပါတယ်။တစ်ခါတလေ ဘာသာစကားက ခံစားမှုကို မသယ်ဆောင်နိုင်တဲ့အခါမှာတော့ ရုပ်ရှင်ကရတဲ့ခံစားမှုကို ဖော်ညွှန်းဖို့ မတတ်နိုင်တော့ပါဘူး။ ဆိုတော့ကာ အကြောင်းအရာသက်သက်ကိုပဲ ညွှန်းဆိုပါမယ်။ဘာဘယ်ဆိုတဲ့ နာမည်ဟာ စာသမားတွေနဲ့ မစိမ်းလှတဲ့ နာမည်ပါပဲ။ သမ္မာကျမ်းစာထဲက ရေလွှမ်းမိုးမှုပြီးတော့ နောဧနောက်ပိုင်းလူတွေဟာ မိုးကောင်းကင်ကို မှီနိုင်မယ့် မျှော်စင်ကို ဆောက်ဖို့ကြိုးစားခဲ့ကြတယ်။ အဲ့ဒီမျှော်စင်ဟာ ဘာဘယ်ပါပဲ။ နာမည်ကျော် ဖရန့်ကာဖ်ကာရဲ့ မြို့တော်ရဲ့တံဆိပ်ထဲက လူတွေဆောက်လို့မပြီးကြတဲ့ မျှော်စင်ကြီးဟာ ဘာဘယ်ပါပဲ။ အဲ့ဒီမျှော်စင်ဟာ နာမည်ကျော် ဘေဘီလုံမှာရှိတယ်။ ဒီရုပ်ရှင်ရဲ့ နာမည်ဖြစ်နေရုံကလွဲပြီး အစအဆုံးမှာ လေသံစိုးစဉ်းမျှ မကြားရတဲ့ ဒီဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးက ဘာပက်သက်သတုန်းလို့တော့ တွေးမိကြမှာပဲ။ကမ္ဘာဦးကျမ်းမှာ မြို့တစ်မြို့နဲ့ ဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးကို လူတွေ ဆောက်ကြတော့ ဘုရားသခင်က လူတွေ စည်းလုံးမှုပျက်ပြားပြီး မအောင်မြင်အောင် သူတို့လျှာကထွက်တဲ့ ဘာသာစကားတွေကို ကွဲအောင်လုပ်ပြီး နေရာအရပ်ရပ်ကိုပါ ...
movie
Babel (2006)
6.3
The Family (2013)
The Family (2013)_____IMDb - 6.3/10 နယူးယောက်မှ လူဆိုးဂိုဏ်းဝင် ဂျော်ဗန်နီ မန်ဇိုနီ ဟာ FBIအေးဂျင့် ရောဘတ် စတန်ဖီနဲ့ အပေးအယူလုပ်ပြီး သူ့ရဲ့ မာဖီးယားအဖွဲ့ကို သစ္စာဖောက်ခဲ့ပါတယ်... သူ့ရဲ့ သတင်းပေးမှုကြောင့် မာဖီးယားအဖွဲ့ အတော်လေးဖွဲ့စည်းပုံပျက်သွားတယ်... ဂျော်ဗန်နီဟာ သက်သေကာကွယ်ရေးအစီအစဉ်မှာပါဝင်ခဲ့ပြီး ဖရက် ဘလိတ် အဖြစ် မှတ်ပုံတင်အသစ်ရခဲ့ပါတယ်... ဂျော်ဗန်နီနဲ့ သူ့ဇနီး မက်ဂီ သူတို့ရဲ့ဆယ်ကျော်သက်ကလေးတွေဖြစ်ကြတဲ့ ဘဲလ်လာနဲ့ ဝါရန်တို့ဟာ နော်မန်က Cholong sur Avredကို စတန်ဖီနှင့် အေးဂျင့်၂ယောက်တို့ရဲ့ အကာအကွယ်နဲ့ပြောင်းရွေ့ခဲ့ပါတယ်... မာဖီယားတွေအတွက်တော့ သူတို့မိသားစုဟာ ကမ္ဘာမကျေပါပဲ... ဒီအချိန်မှာ မာဖီယားဂိုဏ်းက လူသတ်သမားကို ဒေါ်လာသန်း၂၀ပေးပြီး သူတို့မိသားစုကို သတ်ခိုင်းပါတယ်... မာဖီးယားဂိုဏ်းဟာ မန်ဇိုနီ မိသားစုကို မထင်မှတ်ဘဲ ရှာတွေ့သွားပြီးတဲ့နောက်မှာတော့..... ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် Hnin Amy Khineကရေးသားပေးပါတယ်... File Size : (903 MB) Quality : Blu-Ray 720p Format…mp4 Duration…01:51:00 Genre : Comedy, Crime, Thriller Subtitle : Myanmar Subtitle (Hard ...
movie
The Family (2013)
2013