Channel Myanmar
Claudie Blakley
Bright Star (2009) 6.9
Bright Star (2009)  အင်္ဂလိပ်ကဗျာဆရာကြီး John Keats အကြောင်းရိုက်ကူးထားတဲ့ Romance/Thriller ရုပ်ရှင်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။IMDb 6.9 နဲ့ Rotten Tomatoes 83% ရရှိထားပြီး စာတွေကဗျာတွေချစ်တတ်တဲ့သူတွေ ရိုမန့်စ်ရုပ်ရှင်တွေကိုသဘောကျသူတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။အချိန်ကာလအားဖြင့် ၁၈၁၈ ခုနှစ်ဖြစ်ပြီး လန်ဒန်မြို့စွန်က ဟမ့်စတက်လို့အမည်ရတဲ့ ရွာငယ်လေးက အိမ်ကြီးတစ်တစ်အိမ်မှာ ကဗျာဆရာချားလ်စ်ဘရောင်း နဲ့ ဒီလ်မိသားစုတို့ အတူနေကြပါတယ်။ ဒီအိမ်ကြီးမှာ ဒီလ်မိသားစုတ၀က် ကဗျာဆရာချားလ်ဘရောင်းနဲ့ ဂျွန်ကိစ်တို့ကတ၀က် အတူနေထိုင်ကြတာပါ။ ဒီလ်မိသားစုနဲ့ပတ်သက်မှုကြောင့် ဖခင်မရှိတော့တဲ့ဘရွန်းမိသားစုဟာ ကဗျာဆရာ ဘရောင်း နဲ့ ဂျွန်ကိစ်တို့နဲ့ သိကျွမ်းနေကြသူတွေပါ။ ဘရွန်းမိသားစုရဲ့ အကြီးဆုံးသမီးဖြစ်တဲ့ ဖန်နီကတော့ အ၀တ်အထည်ဖန်တီးချုပ်လုပ်ရတာနဲ့ ကပွဲတက်ရတာကို စုံမက်တဲ့ အသက်တဆယ့်ရှစ်နှစ်အရွယ် မိန်းမပျိုလေးပါ။ ဒီလို မိသားစုချင်း နှီးနှောဆက်နွယ်မှုတွေကြောင့် ကဗျာဆရာ ဂျွန်ကိစ် နဲ့ ဖန်နီတို့ဟာ အချင်းချင်း မေတ္တာသက်၀င်သွားကြပါတော့တယ်။ ကျန်တာတွေကိုတော့ အများကြီးဆက်မပြောပြတော့ပါဘူး။ဒီရုပ်ရှင်ဟာ လူသားနှစ်ယောက်အကြားက ချစ်ခြင်းမေတ္တာကို ကဗျာတွေစာတွေနဲ့ လွမ်းဆွတ်ဖွယ်၊ ...
movie
Bright Star (2009)
Severance(2006) 6.4
Severance(2006) IMDb- 6.4/10Rotten tomatoes- 66%ဇာတ်လမ်းအညွှန်းပယ်လီစိဒ် လက်နက်ကုမ္ပဏီက အဖွဲ့သား၇ယောက်ပါတဲ့ မားကတ်တင်းအဖွဲ့ဟာ အဖွဲ့ဖွဲ့စည်းရေးပိတ်ရက်အနေနဲ့ ဟန်ဂေရီနိုင်ငံက တောင်တန်းတွေဆီကို ရောက်လာကြတယ်။ မိန်းလမ်းမတစ်နေရာအရောက်မှာ ကားဆက်သွားလို့မရဖြစ်နေတာနဲ့ တောလမ်း လမ်းလွှဲ‌လေးကနေ သွားကြမယ်ဆိုတာကို ကားမောင်းသမားက “အဲ့တောလမ်းအကြောင်း ကြောက်စရာ ကောလဟာလသတင်းတွေကို သူသိထားတယ်၊ လိုက်မပို့နိုင်ဘူး” ဆိုတာကို ဇွတ်ရောအတင်းရော သွားချင်နေကြတဲ့ အဖွဲ့ကတော့ အဲ့နေရာမှာပဲ ဆင်းခဲ့ကြတယ်။ တောလမ်းတစ်လျှောက်သွားရင်းကနေ သူတို့မထင်မှတ်ထားတဲ့၊ ဘယ်သူပိုင်လို့ ဘယ်သူနေနေမှန်းလဲမသိတဲ့ အိမ်အိုကြီးကို တွေ့သွားကြတယ်။ ကုမ္ပဏီပိုင် ဇိမ်ခံအိမ်ကို မျှော်လင့်ထားကြတဲ့ အဖွဲ့သားတွေလည်း စိတ်ပျက်လက်ပျက်နဲ့ အဲ့အိမ်ကြီးမှာပဲ တည်းဖို့ဖြစ်သွားတယ်။ အဲ့အိမ်မှာ လျှောက်စပ်စုကြည့်ရင်းနဲ့ တစ်ယောက်က အရင်ကမှတ်တမ်းဖိုင်တွေ တွေ့သွားတယ်။ အဲ့မှတ်တမ်းအရဆို “ပယ်လီစိဒ်ရဲ့ စနပ်ကြောင့် စိတ္တဇဆေးရုံကလူတွေ အသတ်ခံလိုက်ရပြီး တစ်ယောက်ပဲ အသက်ရှင်လွတ်မြောက်တယ်။ အဲ့တစ်ယာက်က သူ့လမ်းကြောထဲဝင်လာတဲ့ ပယ်လီစိဒ်တွေကို ရေဆုံးမြေဆုံးလိုက်သတ်တယ်တဲ့”။ အဲ့လို ဟိုဟိုဒီဒီသိထားကြတဲ့ သူတို့တစ်တွေ ...
movie
Severance(2006)
The Nan Movie(2022) 4.7
The Nan Movie(2022)  The Nan movie English နာမည်ကျော်comedy မင်းသမီးကြီး Catherine Tate ရဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Nan အတွက် ရုပ်ရှင်ထွက်ရှိလာပါပြီ။အရင် series ထဲကလိုပဲ အပေါက်ဆိုးပြီး သောင်းကျန်းတတ်တဲ့အဘွားကြီး Nan ရဲ့ဇာတ်လမ်းပါ။Nan ရဲ့ကွဲကွာနေတဲ့ညီမဖြစ်သူ Nellက သူသေခါနီးဖြစ်နေလို့ Nan ကိုလာတွေ့‌ဖို့ခေါ်ပါတယ်။ညီမဖြစ်သူနဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွကရည်းစားလုဖက်ဖြစ်ပြီးရန်ဖြစ်ခဲ့လို့Nanကအဆက်အသွယ်ဖြတ်ထားတာပါ။Nan ကမသွားချင်ပေမယ့်မြေးဖြစ်သူကအတင်းတိုက်တွန်းတာကြောင့် မြေးအဖွားနှစ်ယောက် ခရီးထွက်ကြရင်း လမ်းမှာရယ်စရာ ပေါက်ကရတွေဖြစ်ပုံကို ရိုက်ကူးထားပါတယ်။ Catherine Tate အပြင် Katherine Parkinson (IT crowd),Mathew Horne တို့လည်းပါ၀င်ထားပါတယ်File size…(2.17GB)/(1.06GB)/(584MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
The Nan Movie(2022)
The House (2022) 7.0
The House (2022) The house(2022)================ဒီတစ်ခေါက်ကာတွန်းလေးကအရင်ထွက်ခဲ့တာတွေနဲ့သိပ်မတူဘဲတစ်ကားတည်းမှာပဲ ဖြစ်ရပ်၃ခုကို စုပြီးရိုက်ထားတာမျိုးပါဇာတ်လမ်းသဘောအရ တူညီတဲ့အိမ်တစ်လုံးထဲမှာပဲမတူညီတဲ့အချိန်ကာလမှာမတူညီတဲ့ဇာတ်‌ကောင်တွေကမတူညီတဲ့ဖြစ်ရပ်တွေဖြစ်ပျက်ခဲ့တာပါ ဘာတန်ကြေးမှပေးစရာမလိုတဲ့အိမ်ကြီးအိမ်ကောင်းတစ်လုံးကို လက်ခံယူလိုက်မိပြီးနောက်အိမ်ကြီးရဲ့အညှို့ကိုခံလိုက်ရပြီး ကိုယ်က ကိုယ်သဘောအကျဆုံးအရာတွေအဖြစ်ပြောင်းလဲသွားခဲ့မယ်ဆိုရင်ရော လက်ခံမိကြဦးမှာလားအိမ်အကြောင်းကိုမသိဘဲပြောင်းလာခဲ့မိပြီး နောက်ပိုင်းဘာတွေဆက်ဖြစ်သွားမလဲဘယ်သူတွေကသေဆုံးပြီး ဘယ်သူတွေကအသက်ရှင်ကျန်ရစ်နိုင်မှာလဲNetflix ကထုတ်လွှင့်တဲ့ Animation ဖြစ်တာကြောင့် မကောင်းမှာတော့မပူရပါဘူးနော်"The House"ဆိုတဲ့အတိုင်းပဲ အိမ်ကြီးနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာတွေများတဲ့ကာတွန်းကားတစ်ကားဖြစ်တာမို့ လက်မလွှတ်တမ်းကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင်အညွှန်းရေးသားသူက Yunni ဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunni& Allena & HM ပဲဖြစ်ပါတယ်  File size…1.1Gb / 591Mb Quality…1080p AAC 5.1Ch / 720p Format…mp4 Duration….1h 37min Subtitle….Myanmar Subtitle (hard sub) Encoder….Yk Translated by Yunni & Allena & HM
movie
The House (2022)
2022
The Kid Who Would Be King (2019) 6.1
The Kid Who Would Be King (2019) UNICODEMerlin စီးရီးတွေကို ကြည့်ဖူးတဲ့လူတိုင်းဒီကားလေးကိုစိမ်းမယ်မထင်ပါဘူး...ပုံပြင်တွေထဲက King Arthur နဲ့ ကျောက်တုံးထဲ စိုက်ဝင်နေတဲ့Excalibar ဓားကို လူတိုင်းကြားဖူးကြမှာ အသေအချာပါပဲ။The kid who would be king (2019) က အဲဒီပုံပြင်ထဲကလိုExcalibar ဓားကို ဆွဲထုတ်နိုင်ခဲ့တဲ့ ကလေးရဲ့ စွန့်စားခန်းအကြောင်းရိုက်ကူးထားတဲ့Adventure , Action , Family ဇာတ်ကားလေးပါ။King Arthur က ကျောက်တုံးထဲက ဓားကိုဆွဲထုတ်ပြီးတော့ဗြိတိန်ရဲ့ ဘုရင်ဖြစ်လာပြီး မွေးစားညီမဖြစ်သူ Morgana ရဲ့လက်က ကာကွယ်ပေးခဲ့ပါတယ်။ဒါပေမဲ့ Morgana က နယ်မြေတွေအစိတ်စိတ်ကွဲလူတွေ မျှော်လင့်ချက်မဲ့ပြီး ခေါင်းဆောင်မဲ့နေတဲ့အချိန်ပြန်လာမယ်လို့ ကျိန်စာဆိုခဲ့ပါတယ်။Arthur ကလည်း အဲဒီအချိန်မှာ Excalibar ပြန်ပေါ်လာပါစေလို့ သစ္စာပြုခဲ့တယ်။၁၂ နှစ်အရွယ် မူလတန်းကျောင်းသားလေး Alex ရဲ့ ခေတ်မှာExcalibar က ပြန်ပေါ်လာပြီးတော့ Morgana ကလည်းပြန်အင်အားကောင်းလာပါတယ်။ ဓားကိုဆွဲထုတ်နိုင်ခဲ့တဲ့ ဘုရင်လေး Alex ...
movie
The Kid Who Would Be King (2019)
2019
The Kid Who Would Be King (2019) 6.3
movie
2019
Pride & Prejudice (2005) 7.8
Pride & Prejudice (2005) Pride and Prejudice(2005) IMDb.....7.8,,,,,Rotten ...86%  ဒီဇာတ်လမ်းလေးကမသိတဲ့သူမရှိလောက်ပါဘူး Drama အချစ်ဇာတ်လမ်းအေးအေးလေးတစ်ပုဒ်ဖြစ်ပေမယ့် စိတ်ဝင်စားစရာလေးပါ... ၁၈၁၃ခုနှစ်တုန်းက Jane Austen ရေးသားခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီးတော့ ပြဌာန်းစာအုပ်တွေမှာလည်း ဖော်ပြခြင်းခံရတဲ့ နာမည်ကျော်ဝတ္ထုလေးက 2010 ခုနှစ်မှာ ဒါရိုက်တာ Joe Wright က ဇာတ်လမ်းအဖြစ်အသက်သွင်းခဲ့တဲ့ဇာတ်ကားလေးပါ.. ဇာတ်လမ်းလေးက ၁၈ရာစုနှောင်းပိုင်းဂျော်ဂျီယန် အင်္ဂလန်ခေတ် တစ်နည်းအားဖြင့်ပြောရရင် အတန်းစားခွဲတဲ့ခေတ်ပေါ့ ..အဲ့ခေတ်မှာအခြေတည်ထားပါတယ်... သာမန်လူတန်းစားဖြစ်ကြတဲ့ Bennet မိသားစုက သမီးတွေချည်းပဲ၅ယောက်မွေးထားတော့ သူတို့အမေရဲ့ဘဝမှာတစ်ခုတည်းသောမျှော်မှန်းချက်က သူ့သမီးတွေကိုလူချမ်းသာယောက်ျားတွေနဲ့ အိမ်ထောင်ပြုခိုင်းဖို့ပဲပေါ့.. အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Elizabeth (Keira Knightly) ကညီအစ်မတွေတည်းမှာ ခပ်သွက်သွက်နဲ့ စိတ်ထဲရှိရာထုတ်ပြောရဲတဲ့ မိန်းကလေးပေါ့.. တစ်နေ့မှာသူတို့မြို့ကို အထက်တန်းလွှာထဲက လူပျိုလူလွတ်၂ယောက်ကရောက်လာတော့ သူ့သမီးတွေ အဆင်ပြေရေးအတွက် Bennet မိခင်ကြီးပျာယာတွေခတ်ပြီပေါ့... ဖြစ်ချင်တော့တော်ရုံသဘောမကျတတ်တဲ့ Elizabeth တစ်ယောက် မာနကြီးတဲ့ Mr.Darcy(Matthew Macfadyen) ဆိုတဲ့ အထက်တန်းလွှာလူပျိုတစ်ယောက်ကိုသဘောကျမိသွားတယ်ပေါ့ .. ဒီကားဟာ အဓိကနဲ့သာမညအပေါ်စဉ်းစားဆင်ခြင်နိုင်စွမ်းကိုအလေးပေးထားပါတယ်.. .ရည်ရွယ်ချက်ကောင်းသလို ဇာတ်လမ်းထဲက ဒိုင်ယာလော့တွေကလည်း ပြောင်မြောက်ပါတယ်.. ..ပေးချင်တဲ့ Message လေးတွေကလည်း လှပလွန်းတော့ ခံစားကြည့်လိုက်ပါဦးလို့. .အော်စကာ (၄)ဆုဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆုပေါင်း (၁၃)ခုလည်းရရှိခဲ့ပါတယ်...အညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ်  JtheKoala ဖြစ်ပါတယ်...   File Size : (855 MB) Quality : ...
movie
Pride & Prejudice (2005)
2005