Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Claudia Michelsen
Before the Fall (2004)
နာပိုလာ (NaPoIA) ဆိုတာကတော့ ဟစ်တလာရဲ့ နာဇီဂျာမနီလက်ထက်မှာ အနာဂတ် ဂျာမနီအင်ပါယာအတွက် ခေါင်းဆောင်တွေ မွေးထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တဲ့ ပညာရေးစစ်စခန်းကျောင်း တွေဖြစ်ပါတယ်။ ဒီဂျာမာန်ရုပ်ရှင်မှာတော့ 1942ခုနှစ် နွေရာသီ အော့ရှတင်မြို့က နာပိုလာကျောင်းကိုဝင်ခွင့်ရခဲ့တဲ့ ဖရက်ဒရစ်အကြောင်းကို အဓိကထားရိုက်ပြထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဖရက်ဒရစ်က သာမာန်မိသားစုက မွေးဖွားလာသူဖြစ်ပြီး ဘောက်ဆင်ထိုးဝါသနာပါတဲ့အတွက် ကျောင်းပြီးပြီးချင်းမှာ အလုပ်လုပ်ရင်း ဝါသနာပါတဲ့ ဘောက်ဆင်ကိုလေ့ကျင့်နေခဲ့ပါတယ်။ တနေ့မှာတော့ နာဇီလက်ရွေးစင်ကျောင်းကသင်တန်းသားတွေနဲ့ ဘောက်ဆင်ထိုးရင်း နာပိုလာကျောင်းက ဆရာ ဗိုဂလာက သူ့လက်ရည်ကိုသဘောကျသွားတာကြောင့် ကျောင်းဝင်ခွင့်ရအောင် ကူညီပေးခဲ့ပါတယ်။ဖရက်ဒရစ်ရဲ့ အဖေကတော့ ဒီကျောင်းမတက်ခိုင်းပဲ စက်ရုံမှာအလုပ်ဆင်းဖို့ ဖိအားပေးခဲ့ပေမဲ့ ဖရက်ဒရစ်တယောက် အိမ်ကနေ ခိုးထွက်လာပြီး နာပိုလာကျောင်းဆီ အရောက်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ နာပိုလာကျောင်းက ဖရက်ဒရစ်ထင်သလို သူ့အနာဂတ်ကိုပြောင်းလဲပေးနိုင်မှာလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie
Before the Fall (2004)
7.0
The Silence (2010)
၂၀၁၀ တုန်းကထွက်ရှိထားတဲ့ Das Letzte Schweigen (The Silence)ရုပ်ရှင်ဟာ IMDB 7.0 ရရှိထားတဲ့ ဂျာမန်စကားပြော Crime, Drama,Thriller အမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဂျာမဏီရုပ်ရှင်ဒါရိုက်တာဆုတစ်ခု ဆွတ်ခူးထားပြီး အခြားရုပ်ရှင်ဆုလေးဆု ဆန်ခါတင်စာရင်းဝင်ထားပါတယ်။ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ပီယာဟာလယ်ကွင်းထဲမှာအသတ်ခံလိုက်ရပေမယ့် တရားခံလက်သည်မပေါ်ခဲ့ပါဘူး။ပီယာအသတ်ခံရပြီး ၂၃ နှစ်တိတိကြာတဲ့အခါ အဲဒီရက်စွဲမှာပဲ နောက်ထပ်ဆယ်ကျော်သက်မိန်းကလေးတစ်ဦး မူလအခင်းဖြစ်ပွားရာနေရာမှာပဲတစ်ပုံစံတည်း ပျောက်ဆုံးသွားပါတော့တယ်။ အခင်းဖြစ်ပွားမှုတစ်ပုံစံတည်းတူနေပြီး ရက်စွဲကအစ ၂၃ နှစ်ခြားပြီးတစ်ရက်တည်းဖြစ်နေတာကြောင့်ရဲတပ်ဖွဲ့ဟာ တရားခံတစ်ဦးတည်းဖြစ်ရမယ်လို့ တထစ်ချမှတ်ယူပြီးရေဆုံးမြေဆုံး လိုက်လံစစ်ဆေးပါတော့တယ်။ ပထမမှုခင်းတုန်းကမတွေ့ခဲ့တဲ့ သဲလွန်စတွေဟာ ဒုတိယမှုခင်းဖြစ်တဲ့အချိန်မှာ တဖြည်းဖြည်းပေါ်လွင်လာပြီး ကျူးလွန်သူကိုမိလုမိခင် အနေအထားရောက်ရှိလာတဲ့အခါဇာတ်လမ်းဟာတစ်မျိုးတစ်ဖုံပြောင်းလဲသွားပါတော့တယ်။ဆယ်ကျော်သက်လူသတ်မှုကျူးလွန်သူဟာ ဘာကြောင့် ၂၃ နှစ်ခြားပြီးတစ်ရက်တည်းမှာ လူသတ်မှုနှစ်ကြိမ်ကျူးလွန်ခဲ့ရသလဲ..ဘာကြောင့် ဆယ်ကျော်သက်မိန်းကလေးတွေကိုမှ ရွေးပြီးသတ်ရတာလဲမှုခင်းနှစ်ခုကို တစ်ပုံစံတည်း တစ်နေရာတည်းမှာ ကျူးလွန်ခြင်းအားဖြင့်တရားခံကိုဖမ်းမိနိုင်ချေပိုများလာတာ သိလျက်နဲ့ ဘာလို့ရည်ရွယ်ချက်ရှိရှိကျူးလွန်ခဲ့တာလဲဆိုတာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။ File size…2.26 GB/ 1.02 GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h ...
movie
The Silence (2010)
In a Land That No Longer Exists (2022)
ဘာလင်တံတိုင်းကြီး ဖြိုမချခင် အရှေ့ဘာလင်က ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းပါ။ ဆူဇီက အဖေနဲ့ညီမလေးနဲ့အတူ နေထိုင်ပါတယ်။ အထက်တန်းကျောင်းအောင်ပြီး မကြာခင်မှာ တက္ကသိုလ် တက်ရတော့မဲ့ ဆူဇီရဲ့ အိပ်မက်ကတော့ စာရေးဆရာမဖြစ်ဖို့ပါ။ မကြာခင်မှာပဲ သူ့အိတ်ထဲက စာအုပ်တစ်အုပ်ကြောင့် ဘဝကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတော့တယ်။ ဆိုရှယ်လစ်အရာရှိတွေက စစ်မေးတဲ့အချိန်မှာ သူ့အိတ်ထဲက George Orwell ရဲ့ 1984 ဆိုတဲ့ စာအုပ်ကြောင့် ရုတ်တရက်ကြီး ကျောင်းထုတ်ခံလိုက်ရတာပါ။ ဆိုရှယ်လစ်အလုပ်ရုံမှာ သတ္တုဖြတ်အလုပ်သမားအဖြစ် လုပ်အားပေးဖို့ ဖိအားပေးခံရပါတယ်။တစ်နေ့မှာတော့ အလုပ်ရုံကို အစောကြီး ရထားစီးလာတဲ့ ဆူဇီကို ဓာတ်ပုံဆရာတစ်ယောက်က ရိုက်မိသွားပြီး အရှေ့ဂျာမနီရဲ့ Vogue လို့တောင် တင်စားလို့ရတဲ့ Sibylle ဆိုတဲ့ ဖက်ရှင်မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ပါလာပါတော့တယ်။ “ပျော်ရွှင်မှုကို ရှာဖွေဖို့ လမ်းလွှဲက သွားသင့်လည်း သွားရမယ်”ဆိုတဲ့ ဆူဇီတစ်ယောက် သူ့အိပ်မက်တွေဖြစ်လာဖို့၊ စက်မှာ အလုပ်လုပ်ရတဲ့ဘဝက လွတ်ဖို့ ...
movie
In a Land That No Longer Exists (2022)