Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Claudia Karvan
6.5
Daybreakers (2009)
Daybreakers (2009) IMDB: 6.4Rotten Tomatoes: 69%Metacritic: 57%Daybreakers (2009) ကတော့ ဗန်ပိုင်းယားကားကိုမှခပ်ဆန်းဆန်းလေးရိုက်ထားတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။မင်းသားတွေကလည်း တော်တော်လေးပြီးပြည့်စုံတာမလို့ကြည့်ရတန်တဲ့ ဇာတ်လမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း : အနာဂတ်မှာ လူသားတွေကပ်ဆိုက်လာတာကြောင့်လူတွေဟာဗန်ပိုင်းယားအဖြစ်သို့ ဆေးထိုးပြီးပြောင်းလဲခဲ့ပါတယ်။သွေးသောက်၊ အသက်ရှည်တာကလွဲရင်ကျန်တာလူနဲ့အတူတူပဲဖြစ်ပါတယ်။ ဗန်ပိုင်းယားကြီးစိုးတဲ့ကမ္ဘာထဲ လူသားတွေဟာ ပုန်းပြီးနေထိုင်ခဲ့ရပါတယ်။ဒါပေမယ့်လည်း လူသားတွေမျိုးသုန်းလာတာနဲ့အမျှသွေးဟာလည်းရှားပါးလာပါတယ်။အဲဒါကြောင့် သွေးအစားထိုးလုပ်ဖို့အတွက်ဒေါက်တာအက်ဒ်ဝေါ့ဒ် ဦးဆောင်တဲ့ အဖွဲ့ဟာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။တစ်ရက် အက်ဒ်ဝေါ့ဒ်တစ်ယောက် ညဘက်ကားမောင်းပြီး ပြန်နေတုန်းလူသားတွေမောင်းလာတဲ့ ကားတစ်စီးကိုဝင်တိုက်ခဲ့ပါတယ်။အဲကစလို့ အက်ဒ်ဝေါ့ဒ်ရဲ့ဘဝဟာလည်း တစ်စစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။ဘာတွေပြောင်းလဲပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ခံစားကြည့်လိုက်ကြပါ။အက်ဒ်ဝေါ့ဒ်အဖြစ် အချစ်တော်မင်းသား (ယောက်ခမကြီး) Ethan Hawkeလိုင်ယွန်နယ်အဖြစ် မင်းသားကြီး Willem Dafoeမစ္စတာဘရွန်လေအဖြစ် မင်းသား Sam Neill တို့ကအားဖြည့်သရုပ်ဆောင်ထားကြပါတယ်။ File size… 4.2 GB / 1.3 GB / 615 MB Quality… WEB-DL 4K HEVC / 1080p / 720p Format… mkv ...
movie
Daybreakers (2009)
2009
4K HEVC
7.6
Star Wars: Episode III – Revenge of the Sith (2005)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Star Wars: Episode III – Revenge of the Sith (2005)
4K HEVC
5.4
Aquamarine (2006)
Aquamarine (2006) ==============ဒီနေ့မှာတော့ CM ပရိသတ်ကြီးတို့ အကျွမ်းတဝင်ဖြစ်နေမဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဆံပင်အပြာလေးနဲ့ Aquamarine ဆိုတဲ့ ရေသူ မလေးကို တော်တော်များများ မှတ်မိကြမှာပါ။ ရေသူမကားတွေအကြောင်း ပြောကြရင် Aquamarine က မပါမဖြစ်ပေါ့။ ငယ်ငယ်ကဆို highlight အပြာတွေ အရောင်ပြောင်းတဲ့လက်သည်းတွေ လိုချင်လိုက်ရတာ။ တီရှပ်ကို ဂါဝန်ပြောင်းဝတ်တာကလည်း ကိုယ်တွေအတွက် မျက်လှည့်ပြလိုက်သလို အထူးအဆန်းကြီးကိုဖြစ်လို့ပါပဲ။ ဒါ့အပြင် ဆယ်ကျော်သက်ကောင်မလေး နှစ်ယောက်ရဲ့ crush လိုက်နည်းအဖြာဖြာနဲ့ သူငယ်ချင်းသုံးယောက်ရဲ့ ခင်မင် မှုတွေကလည်း ရင်ထဲကျန်နေရစ်ခဲ့တာပေါ့။ မြှောက်ပြောတတ်တဲ့ ကြယ်ငါး လေးတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဟေလီနဲ့ ကလဲရ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မ လေးနှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေပါတဲ့။ အဏ္ဏဝါဇီဝဗေဒပညာရှင် ဖြစ်တဲ့ဟေလီ့အမေက သူ့အလုပ်ကြောင့် ဩစတြေးလျကိုပြောင်းရဖို့ဖြစ်လာ ပါတယ်။ ကလဲရ်နဲ့မခွဲချင်တဲ့ဟေလီက သူ့အမေနဲ့ စစ်အေးတိုက်ပွဲဆင်နွှဲနေတာ ပေါ့။ ဒီလိုနဲ့မုန်တိုင်းထန်တဲ့တစ်ညမှာ အဖေဖြစ်သူစီစဉ်ပေးတဲ့ မင်္ဂလာပွဲကိုလက် မခံဘဲ အချစ်ကိုရှာမယ်ဆိုပြီး အိမ်ကထွက်ပြေးလာတဲ့ ရေသူမလေးအကွာမရင်းက လှိုင်းပုတ်ရာကနေ ကလဲရ်တို့ရေကူးကန်ထဲရောက်သွားပါတယ်။ အဲဒီမှာပဲ အကွာ မရင်းက ဟေလီတို့နဲ့ရင်းနှီးသွားပြီး သူ့ကိုကူညီပေးရင် ဆုတောင်းတစ်ခုပြည့်လိမ့် မယ်လို့ပြောပါတယ်။မခွဲချင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်က သူတို့အနှစ်နှစ်အလလလေ့လာထားတဲ့ crush လိုက်နည်းအစုံနဲ့ အကွာမရင်းတစ်ယောက် အချစ်ကိုပိုင်ဆိုင်လာအောင် ကူညီပေးပါတော့တယ်။ ...
movie
Aquamarine (2006)
2006
6.5
Infidel(2019)
Infidel(2019)အညွှန်း*******************IMDb....6.5ဒေါ့ဂ်ရော်ဝင်းစ်ဟာ ဘာသာရေးနဲ့ပတ်သတ်သမျှကို ပွင့်ပွင့်လင်းလင်း ဝေဖန်ရေးသားနေလေ့ရှိတဲ့ ခရစ်ယာန်ဘာသာဝင်အမေရိကန်လူမျိုးဂျာနယ်လစ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အစ္စလာမ်ဘာသာနဲ့ ခရစ်ယာန်ဘာသာကြားတူညီမှု ကွဲပြားမှုတို့ကို အမြင်ချင်း ဖလှယ်ဖို့ ဖိတ်ကြားချင်ခံခဲ့ရပါတယ်။ဒါပေမဲ့ ဟောပြောပွဲမှာ စကားကျွံပြီး ပြောခဲ့မိတာကြောင့် အစ္စလာမ်ဘာသာဝင်တွေကြားအုံကြွမှုဖြစ်ကာ အမေရိကန်သူလျိုအဖြစ် မတရားအစွပ်စွဲခံရတဲ့အပြင် ဖမ်းစီးခြင်းခံရကာ အီရန်မှာရုံးတင်စစ်ဆေးခြင်းခံခဲ့ရပါတယ်။ သူ့အတွက် အဆိုးဆုံးအနေအထားရောက်ရှိနေတဲ့အပြင်အမေရိကန်အစိုးရရဲ့ ကာကွယ်မှုလည်းမရှိတော့ အချိန်မရွေးသေဒဏ်ပေးခံရမဲ့ အခြေအနေရောက်ရှိနေပါတယ်...ဒီလိုအခြေအနေမျိုးမှာ သူဘယ်လိုရုန်းထွက်မလဲ...ကယ်မဲ့သူရောရှိပါ့မလား.... ဘာသာရေးကိစ္စဆိုတော့သက်ညှာမှုလုံးဝမရှိတဲ့သူ့အနေအထားမှာ မျှော်လင့်ချက်ဆိုတာဘာဆို ဘာာမှမရှိပါ...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.....Infidel ဇာတ်ကားဟာ နိုင်ငံရေးအပေါ် ဘာသာရေးရဲ့လွမ်းမိုးမှု၊ကမ္ဘာတဝှမ်း အထူးသဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ဂျာနယ်လစ်တွေ နှစ်အတော်ကြာခံစားခဲ့ရတဲ့ ဥပဒေမရှိ တရားမဲ့လုပ်ရပ်တွေကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်တာကြောင့်ဇာတ်လမ်းကောင်းမွန်တဲ့အက်ရှင်ကားဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thithtoo Zaw ပဲဖြစ်ပါတယ်.....File Size :(0.98GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Action, Adventure, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Infidel(2019)