Channel Myanmar

Claudia Barroso

War of the Worlds (2005) 6.5
War of the Worlds (2005) War of the Worlds (2005)IMDb Rating  (6.5) / Rotten Tomatoes (76%)ဒီဇာတ်ကားက ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာဖြစ်ပြီး မင်းသား Tom Cruise , မင်းသမီး Dakota Fanning က ကလေးသရုပ်ဆောင်တို့အဖြစ် အဓိကပါဝင်ထားပါတယ်။ နာမည်ကြီး ဂန္တဝင်စာရေးဆရာ H.G Wells ရဲ့  Science fiction ဝတ္ထုဖြစ်တဲ့ " War of the Worlds ” ကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ရေးဖာရာက သင်္ဘောကျင်းမှာ ကုန်တင်ကုန်ချလုပ်တဲ့ ကရိန်းအော်ပရေတာတစ်ယောက်။ သမီးတစ်ယောက် သားတစ်ယောက်ရှိပေမဲ့ ဇနီးဖြစ်သူနဲ့အိမ်ထောင်ကွဲနေတာကြောင့် သူနဲ့အတူမနေကြပါဘူး။ တစ်ရက် ဇနီးဖြစ်သူက သူ့ရဲ့နောက်ယောကျ်ားနဲ့အတူ ဘော်စတွန်မှာရှိတဲ့မိခင်ဖြစ်သူဆီသွားမှာမို့ ရေးဆီကို ရက်ပိုင်းလောက်နေဖို့ သားနဲ့သမီးကို လာပို့သွားပါတယ်။ သားဖြစ်သူက ဆယ်ကျော်သက်ဆိုတော့ ရေးနဲ့မတည့်ပေမဲ့ ဉာဏ်ကောင်းတဲ့သမီးငယ်လေးကတော့ အဖေကိုချစ်ရှာပါတယ်။အဲ့လိုနေနေကြတုန်းမှာပဲ ရေးတို့သားအဖတွေနေတဲ့နေရာမှာ လျှပ်စီးမုန်တိုင်းတွေတိုက် မိုးကြိုးတွေတရပ်စပ်ပစ်ပါတော့တယ်။ အကုန်ငြိမ်သွားတဲ့အချိန် မြေကြီးမှာ အက်ကြောင်းရာကြီးဖြစ်ပြီး ဘာမှန်းမသိတဲ့အရာကြီးတွေပေါ်လာပါတယ်.... ကမ္ဘာကြီးက ...
movie

War of the Worlds (2005)

4K HEVC
In Good Company (2004)
In Good Company (2004) မိသားစုနဲ့ အတူကြည့်ပြီး အပန်းဖြေလို့ရမယ့် ရုပ်ရှင်ကားလေးပါ။ ဒီရုပ်ရှင်က ၂၀၀၀ခုနှစ် အစောပိုင်းတုန်းက ထွက်ထားတာဖြစ်ပြီး Rom/Com အမျိုးအစားဖြစ်ပါတယ်။ Rotten Tomatoes လည်း 82% ရထားပြီး မင်းသားကြီး Dennis Quaid, Topher Grace နဲ့ မင်းသမီး Scarlett Johansson တို့ ဦးဆောင်ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Dan က Sports America ဆိုတဲ့ အားကစားမဂ္ဂဇင်းက ကြော်ငြာစာမျက်နှာတွေရဲ့ အရောင်းပိုင်းကို ဦးစီးနေတဲ့ မန်နေဂျာ တစ်ယောက်ပါ။ သူ့မှာ သမီးလေး၂ယောက်နဲ့အတူ ချစ်ဖို့ကောင်းတဲ့ မိသားစုလေးရှိပါတယ်။ မိန်းမကိုလည်း အရမ်း ချစ်သလို သမီးနှစ်ယောက်ကိုလည်း အစိုးရိမ်ကြီးပြီး နေရာတကာ လိုက်စောင့်ရှောက်ချင်သူပါ။ တစ်နေ့တော့ သူမမျှော် လင့်ထားတာ ဖြစ်လာပါတယ်။ သူတို့ ကုမ္ပဏီကို Globecom ဆိုတဲ့ ကုမ္ပဏီကြီးတစ်ခုက ဝယ်ယူသွားပြီး အလုပ်သမား အမြောက်အများကို ...
movie

In Good Company (2004)