Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Claire Smithies
5.8
Passengers (2008)
cm ပရိသတ်ကြီးကို ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ MysteryRomance Thriller ဇာတ်လမ်းလေး တစ်ခုကတော့ Passengers ဆိုတဲ့ဇာတ်ကားလေးပါ။ဒီဇာတ်ကားမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Anne Hathaway နဲ့Patrick Wilson တို့ခေါင်းဆောင်ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကြောင်း ပြောရရင် ကမ်းခြေတစ်ခုအနီးမှာ လေယာဉ်ပျက်ကျမတော်တဆမှု ဖြစ်ခဲ့ပါတယ်။ အဲဒီမတော်တဆမှုမှာ အသက်မသေဘဲရှင်ကျန်ရစ်တဲ့ ခရီးသည် ငါးဦးကို ကလဲရာဆိုတဲ့ စိတ်အထူးကုဆရာဝန်မလေးက အဖွဲ့လိုက် ဆွေးနွေးကုသမှု အကြံပေးနေတာပါ။ဒီငါးဦးထဲမှာမှ အဲရစ်ဆိုတဲ့ ကောင်လေးက တခြားသူတွေနဲ့ မဟုတ်ဘဲကလဲရာနဲ့ တစ်ဦးချင်း သီးသန့်တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုပြန်ပါတယ်။သူတို့နှစ်ဦးကြားမှာ စစတွေ့ဆုံကတည်းက အဲရစ်က ကလဲရာကိုသဘောကျမိပြီး ကလဲရာဘက်ကတော့ ကျင့်ဝတ်ပိုင်းဆိုင်ရာကြောင့်ဒါကိုမသိကျိုးကျွံ နေဖို့ ကြိုးစားနေတာပါ။ ဒီလိုနဲ့ ဆရာဝန်မလေးနဲ့တွေ့ဆုံဆွေးနွေးနေတဲ့ ကျန်လေးဦးမှာ တစ်ယောက်ပြီး တစ်ယောက်ပျောက်ဆုံးကုန်ကြတဲ့အခါ လူနာတွေအတွက် စိတ်ပူမိတဲ့ ကလဲရာတစ်ယောက် လေကြောင်းလိုင်းဘက်က သူနဲ့ တွေ့ဆုံမေးမြန်းရာမှာလည်းကျေနပ်စရာ အဖြေမရပါဘူး။ဒီပဟေဠိကို ဖော်ထုတ်ဖို့ ကြိုးစားရင်းနဲ့ သူမကိုယ်တိုင် ...
movie
Passengers (2008)
6.3
The Wedding March (2016)
The Wedding March (2016) IMDb - 6.3/10ခြောက်ကားမြောက်ထိထွက်ရှိခဲ့တဲ့ အမေရိကန်-ကနေဒီယန် rom-comရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက ပထမဆုံးရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကျော် Before trilogyလို ရသမျိုးကို သူ့နည်းသူ့ဟန်နဲ့ ခံစားရစေမယ်လို့ ထင်ပါတယ်။ရည်းစားဦးကို မြေးဦးရတဲ့ထိတောင် မေ့မရပါဘူးတဲ့။ မစ်ခ်နဲ့ အိုလီဗီယာဆိုတဲ့ စုံတွဲလေးကလည်း ငါ့ကို အသဲခွဲသွားတာဆိုတဲ့ တစ်ဖက်သက်ခံစားချက်ကိုယ်စီနဲ့ ဝေးကွာခဲ့ကြတဲ့ရည်းစားဦးတွေ။မစ်ခ်ကတော့ သမီးတစ်ယောက်အဖေ မုဆိုးဖိုအဖြစ်နဲ့ သာယာလှပတဲ့ရေကန်အနီးက ဟိုတယ်အသေးစားလေးကို ဦးစီးလုပ်ကိုင်နေသူတစ်ယောက်။ ငယ်ရွယ်စဉ်က အောင်မြင်တဲ့အဆိုတော်ဖြစ်ခဲ့ပေမဲ့လည်း အကြောင်းကြောင်းကြောင့် ပရိသတ်တွေနဲ့ဝေးကွာသွားခဲ့သူ။ တစ်နေ့ သူ့ဟိုတယ်လေးမှာ မင်္ဂလာဆောင်မဲ့ အောင်မြင်နေတဲ့အိမ်ခြံမြေပွဲစားတွေအတွက် မဖြစ်မနေ ဧည့်ခံသီချင်းဆိုပေးဖို့ ကြုံလာပါတော့တယ်။ ဖြစ်ချင်တော့ သတို့သမီးက သူ့ငယ်ချစ်ဦး အိုလီဗီယာဖြစ်နေပါရော။ အိုလီဗီယာမှာလည်း ပထမအိမ်ထောင်နဲ့ရတဲ့ မစ်ခ်ရဲ့သမီးနဲ့ရွယ်တူ သမီးတစ်ယောက်ရှိနေပါတယ်။ ငါ့အသဲကိုခွဲသွားတာဆိုတဲ့ ခံယူချက်ကိုယ်စီနဲ့ မျက်နှာချင်းဆိုင်မရဖြစ်နေရာကနေ အကြောင်းအရင်းမှန်ကို သိလိုက်ရတဲ့နောက်မှာ။ မစ်ခ်နဲ့ အိုလီဗီယာတို့ရဲ့ ဇာတ်လမ်းလေးကို တစ်ကားချင်းစီမှာ ရသအမျိုးမျိုးခံစားရစေမှာမို့ အားပေးကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Comedy, Drama, Family Quality…. 1080p | 720p File size… 1.3GB, 678MB Format… ...
movie
The Wedding March (2016)
2016
6.6
Elysium (2013)
IMDb Rating (6.6) / Rotten Tomatoes (64%)2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မင်းသား မက်ဒေမွန်ရဲ့ Elysium ရုပ်ရှင်ကားဟာ Box Office အမေရိကန်ဒေါ်လာ 286 သန်း အထိရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။Action,Sci-fi ပုံစံတင်ဆက်ထားပေမယ့် လူဦးရေထူထပ်လာခြင်း၊ လူသားဆန်မှုလျော့နည်းလာခြင်း၊ ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်သမားခေါင်းပုံဖြတ်မှု၊ တရားစီရင်ရေးစနစ်နဲ့ လူတန်းစားဆိုင်ရာပြသနာတွေ အနာဂတ်မှာဖြစ်လာမှာတွေကို မီးမောင်းထိုးပြထားပါတယ်...၂၁ ရာစုရဲ့အဆုံးသတ်မှာ ကမ္ဘာကြီးဟာ လူဦးရေလွန်ကဲမှု အဆိပ်သင့်မှု ကပ်ရောဂါတွေ ဖုံးလွှမ်းလာပါတယ် ...ဒီလိုအချိန်မှာ အချမ်းသာဆုံးလူတွေဟာ ကမ္ဘာကြီးမှာ မနေကြတော့ဘဲ သူတို့ရဲ့လူနေမှုအဆင့်အတိုင်း သီးသန့်တည်ဆောက်ထားတဲ့ အိုခြင်းမရှိ နာဖျားခြင်းမရှိတဲ့ ဂြိုလ်တစ်ခုဆီကို ထွက်ခွာသွားကြပါတယ်...သမိုင်းနဲ့ချီလာတဲ့ထုံးစံအတိုင်း ငမွဲလေးတွေ နင်းပြားလေးတွေကတော့ ကမ္ဘာကြီးရဲ့ဆိုးညစ်မှုတွေကြား ပိတ်လှောင်ခံရစမြဲပေါ့...သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့ဘဝတွေနဲ့လဲ ဆင်တူတာမလို့ ခံစားကြည့်ကြပါဦး။ File size…(4.9 GB)/(1.8 GB) /(1 GB) Quality….BluRay 4K HEVC/1080p ...
movie
Elysium (2013)
4K HEVC