Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ciccio Manassero
7.2
Ayo Balikan (2024)
Ayo Balikan (2024)ဆဲလ်တန်လိုခေါ်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးဟာ အရမ်းရိုတတ်လို့ တက္ကသိုလ်မှာ ကောင်မလေးတွေကြား ရေပန်းစားလျက်ရှိပါတယ်။ သူဟာ ကောင်မလေးတစ်ယောက်ကို သုံးရက်ထက် ပိုပြီးတော့ မတွဲတာတောင်မှ ကောင်မလေးအများစုက သူ့အချစ်ကို ရယူနိုင်ဖို ကြိုးစားနေကြတုန်းပါပဲ။ဒီလိုနဲ့ တစ်ရက်မှာတော့ ဆဲလ်တန်ဟာ သူ့ရဲ့နှလုံးသားကို နားလည်သွားပြီး သူ့ရင်ထဲမှာ တစ်ယောက်သောသူရှိနေတယ်ဆိုတာကို သိသွားပြီးတဲ့နောက်မှာတော့ ရည်းစားမပွေမရှုပ်တော့ဘဲ သူချစ်ရတဲ့ အယ်မာဆိုတဲ့ ကောင်မလေးကို ပြန်ပြီးတော့ လိုက်ဖိုကြိုးစားပါတော့တယ်။ အယ်မာဆိုတာကလည်း သူနဲ့တစ်ချိန်တခါက တွဲခဲ့ပြီးတော့ သူ့သမိုင်းမှာ ထူးထူးခြားခြား သုံးရက်မကတွဲခဲ့တဲ့ကောင်မလေးပေါ့။ဒီလိုနဲ့ ဆဲလ်တန်ဟာ အယ်မာရဲ့အချစ်ကိုပြန်ရဖို ဘယ်လိုတွေ ကြိုးစားသွားမလဲ ..... အယ်မာနဲ့ ဆဲလ်တန်တိုရဲ့ အချစ်ခရီးလမ်းကြားမှာ ဘယ်လိုအနှောင့်အယှက်တွေ ဝင်လာမလဲဆိုတာတွေကို ဟာသလေးတွေနှောပြီးတော့ ကြည့်ရှုရမယ့် အချစ်ဒရာမာဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p File size… 1.3GB | 663MB Format… mp4 Duration…. 1h 26min Subtitle…. ...
movie
Ayo Balikan (2024)
2024
6.7
Lara Ati (2022)
Lara Ati (2023)ကျွန်တော်တို့မှာ ပြန်တွေးလိုက်တိုင်း ရင်ထဲကိုနွေးသွားစေတဲ့ မပိုင်ဆိုင်ခဲ့ကြရတဲ့ငယ်ချစ်ဦးဆိုတာ ရှိကြတယ်နော် ငယ်ချစ်ဦးနဲ့ပဲ ပြန်ဆုံတွေ့ကြပြီး သူတို့တွေကကျွန်တော်တို့နဲ့အကြောင်းပါကြမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ အဲဒါအပြင် ကျွန်တော်တို့တွေ အိမ်ကလုပ်ခိုင်းလို့ အဖေကြောင့် အမေကြောင့် ဘာကြောင့်ညာကြောင့်အမျိုးမျိုးကြောင့် ကိုယ်တိုင်မလုပ်ချင်တဲ့အလုပ်တွေ မတက်ချင်တဲ့ကျောင်းတွေကိုတက်ရတဲ့အချိန်တွေရှိကြပါတယ် အဲလိုသူများကြောင့်လုပ်ရတဲ့အချိန်တွေကနေရုန်းထွက်ပြီး ကိုယ်ဝါသနာပါရာနောက်ကို ကောက်ကောက်ပါအောင်လိုက်ဖို့ဆိုတာက လက်တွေ့မှာတော့ မလွယ်ကူဘူးဗျ ဇာတ်လမ်းအကျဉ်းလေးကတော့ ရည်းစားဟောင်းတွေက ဘာကြောင့်မှန်းမသိပဲနဲ့ ဖြတ်သွားပြီး မိဘတွေကြောင့်ဘဏ်တစ်ခုမှာလစာကောင်းကောင်းနဲ့ အလုပ်လုပ်နေတဲ့ဂျိုကိုဆိုတဲ့ကောင်လေးက သူ့ရဲ့ကောင်မလေးဖာရက်က တခြားတစ်ယောက်နဲ့စေ့စပ်သွားလို့ အသည်းကွဲသွားတဲ့အချိန်မှာ ဂျိုကိုရဲ့ငယ်သူငယ်ချင်းအာယူနဲ့ ပြန်တွေ့ကြတဲ့အချိန်မှာ အသည်းခွဲသွားတဲ့ဖာရက်နဲ့ပဲပြန်အဆင်ပြေကြမလား ငယ်သူငယ်ချင်းဖြစ်တဲ့အာယူနဲ့ပဲရည်ငံသွားကြမလားဆိုတာကို ဒီအင်ဒိုနီးရှားRomance ဇာတ်ကားလေးမှာ ဂျိုကိုတစ်ယောက်မိဘလောင်းရိပ်အောက်ကနေရုန်းထွက်ပုံတွေ ဝါသနာပါရာအလုပ်ကိုရွေးသွားပုံတွေကို ဇာတ်ကားတစ်ခုလုံးပြုံးပြုံးကြီးနဲ့ ကြည်နူးစရာကောင်းကောင်းလေးကြည့်ရမယ်ဆိုတာတစ်ခုတော့ အာမခံပါတယ်ဗျာအညွှန်း နဲ့ ဘာသာပြန်ကတော့ Soe Htun Htun Aung ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.5GB | 816MB | 400MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Lara Ati (2022)
2022
5.7
Dreadout: Tower of Hell (2019)
အရှေ့တောင်အာရှရုပ်ရှင်စျေးကွက်မှာ ထိုင်း၊အင်ဒိုနီးရှား နိုင်ငံများရဲ့ရုပ်တွေက တော်တော်လေးလေးပေါက်ပေါက်ရောက်ရောက်ရှိပါတယ်။သရဲကားဆိုရင်လည်း ထိုင်း၊ အင်ဒို၊ မလေးရှား အစရှိတဲ့ဇာတ်ကားတွေသာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ဒီတစ်ခါမှာတော့ မကြာခင်ကမှထွက်ရှိထားတဲ့ အင်ဒိုနီးရှားသရဲကား DreadOut ကိုတင်ဆက်ပေးချင်ပါတယ်။Jump scare တွေများများစားစားမပါဘဲ အဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့် Horror ကားမျိုး ကြည့်ချင်သူတွေဆိုရင် ဒီကားကိုကြည့်ဖို့ လက်တို့ပါရစေ။ဇာတ်လမ်းအကျဉ်းကတော့... Jessica, Beni, Dian တို့သုံးယောက်က အထက်တန်းကျောင်းသူ/သား တွေပါ။မျက်မှောက်ခေတ်ဆယ်ကျော်သက်တွေရဲ့ထုံးစံအတိုင်း Social Network တွေရဲ့လွှမ်းမိုးမှုကို အကြီးအကျယ်ခံထားရတဲ့သူတွေပေါ့။သူတို့သုံးယောက်က Social Network ပေါ်မှာ ပေါ်ပြူလာဖြစ်ချင်တာကြောင့် နှစ်အတော်ကြာစွန့်ပစ်ထားတဲ့ တိုက်အိုကြီးပေါ်သွားပြီး Live လွှင့်ကာ Follower ရှာဖို့ကြံကြပါတယ်။အဲဒီမှာ Alex ဆိုတဲ့ခပ်ရမ်းရမ်းကျောင်းသားတစ်ယောက်ရယ်၊ Erik ဆိုတဲ့စော်ကြည်ဘဲတစ်ယောက်ကိုပါ ချောဆွဲကြပါတယ်။နောက်ထပ်ချောဆွဲခံလိုက်ရတာက Linda၊ Linda က သူတို့တွေရဲ့ ဂျူနီယာတစ်ယောက်၊ မိသားစုအဆင်မပြေလို့ စတိုးဆိုင်မှာ ကျောင်းတစ်ဖက်နဲ့အလုပ်လုပ်နေရတဲ့သူ။သူ့ကိုခေါ်ရတဲ့အကြောင်းအရင်းက တိုက်အိုကြီးရဲ့အစောင့်နဲ့ ရင်းနှီးတာကြောင့် သူတို့အသာတကြည်ဝင်ခွင့်ရအောင် ခေါ်ချင်တာ။Linda ...
movie
Dreadout: Tower of Hell (2019)
2019