Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chutimon Chuengcharoensukying
5.6
E-Sarn Zombie (2023)
E-Sarn Zombie (2023)ပိတ်ရက်လေးမှာ အဝchillချင်သူတွေအတွက် ထိုင်းဇွန်ဘီးကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ castတွေအနေနဲ့ကတော့ ဟိုတလောကခေတ်ထသွားတဲ့ ဂေါပကတွေ လက်တစ်လုံးခြားရိုက်စားလုပ်တဲ့ကား The Believer ထဲကမင်းသားနဲ့ Bad Genius ကားထဲက မင်းသမီးချောလေးက ပါဝင်အားဖြည့်ထားပါတယ်။နန်အီဒန်ရွာလေးမှာဖွင့်ထားတဲ့ ဂွဒ်စတိုးဆိုင်က တခြားဆိုင်ခွဲတွေနဲ့မတူဘဲရောင်းအားကလည်းထိုးကျပြီး bad review တွေဝေနေလို့ ရုံးချုပ်က အစ်တီချိုင်ကို မန်နေဂျာသစ်အနေနဲ့ စည်းကမ်းကြပ်ဖို့ လွှတ်လိုက်ပါတယ်။ အဲဒီမှာပဲ စည်းကမ်းကိုတဖွဖွပြောနေတဲ့အစ်တီချိုင်နဲ့ ပေကပ်ကပ်ဂျစ်ကန်ကန် နွန်တွန်တို့ တွေးကြတော့တာပါပဲ။ဒီလိုနဲ့တစ်နေ့မှာ နွန်တစ်ယောက် ဆိုင်ကရက်လွန်အသားတွေ ခိုးခိုးသွားတာကို အစ်တီချိုင် သိလိုက်ရပြီး နွန်ရဲ့နောက်ကို တိတ်တိတ်လေး လိုက်သွားချိန်မှာတော့...စီရီပွန်ဂီတပွဲကို အသေရရအရှင်ရရနှစ်သက်ကြတဲ့ နန်အီဒန်ရွာသား အီဆန်သားတွေ စီရီပွန်ဂီတပွဲနေ့မှာပဲ ဘယ်လိုတွေကမောက်ကမဖြစ်ကြမလဲဆိုတာကို အခွီလေးတစ်ဖြတ်နဲ့ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou တို့ပဲ ဖြစ်ကြပါတယ်။Genre..... Action, Comedy, Horror Quality…. 1080p | 720p File size… 1.2GB | ...
movie
E-Sarn Zombie (2023)
2023
7.1
Die Tomorrow (2017)
Die Tomorrow (2017)အကယ်၍များ မနက်ဖြန်မှာ သေဆုံးရမယ်ဆိုရင် နောက်ဆုံးအနေနဲ့ အလုပ်ချင်ဆုံးအရာက ဘာများဖြစ်မလဲ။လူတိုင်းဆီမှာ မသေခင် လုပ်သွားချင်တဲ့ အရာလေးတစ်ခုတော့ ရှိစမြဲပါပဲ။ မွေးဖွားပြီးရင် သေဆုံးရမယ်ဆိုတာကို လက်သင့်ခံနိုင်ကြပြီးသား လူသားတွေက သေဖို့ကို မကြောက်ကြပါဘဲ မသေခင် လုပ်သွားချင်တဲ့ အရာလေးတွေ မပြီးမြောက်သွားမှာကိုသာ စိုးရိမ်တတ်ကြတာပါ။ ဒီအကြောင်းအရာတွေကပဲ Indie ဇာတ်လမ်းတွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ ထိုင်းနာမည်ကြီး ဒါရိုက်တာ၊ Heart Attack, Mary Is Happy , Mary Is Happy နဲ့ Happy Old Year စတဲ့ နာမည်ကြီး ဇာတ်လမ်းတွေရဲ့ ပဲ့ကိုင်ရှင် Nawaphon Thamrongrattanarit အတွက် ဖန်တီးချင်စရာ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လာတော့တာပါ။Die Tomorrow က ဇာတ်လမ်းတိုတွေကို စုစည်းထားတဲ့ ဇာတ်ကားတစ်ပုဒ်လို ...၊ သေခြင်းတရားအကြောင်းတွေကို တင်ဆက်နေတဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားလို....၊ မဆက်စပ်ဘူးဆိုပေမယ့် နီးစပ်နေတဲ့ အကြောင်းအရာတစ်ခုလို...၊ မခံစားတတ်ရင် အီလည်လည်ဖြစ်နေမှာပေမယ့် ခံစားတတ်သူတွေကျပြန်တော့လည်း ရင်ထဲနင့်ခနဲနေအောင်ကို ခံစားရစေပြန်ပါတယ်။လူတွေက ...
movie
Die Tomorrow (2017)
2017
7
Hunger (2023)
Hunger (2023)Bad Geniusထဲမှာ ပရိသတ်တွေရဲ့နှလုံးသားကို ဖမ်းစားသွားတဲ့မင်းသမီး Aokbab Chutimon ရဲ့ ကားသစ်လေးဖြစ်တဲ့ Hungerဆိုတဲ့ movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဂျစ်ကန်ကန်ကာရိုက်တာနဲ့ အင်မတန်လိုက်ဖက်တဲ့သူလေးကို ဒီကားထဲမှာတော့ ဇွဲနပဲကြီးတဲ့ အနိုင်မခံအရှုံးမပေးတတ်တဲ့ရှက်ဖ်လေးအဖြစ် မြင်ရမှာပါ။အွိုင်ဆိုတဲ့ကောင်မလေးဟာ မျိုးရိုးစဉ်ဆက်လုပ်ကိုင်ခဲ့တဲ့ မိဘလက်ငုပ်လက်ရင်းဖြစ်တဲ့ ခေါက်ဆွဲဆိုင်ကို အမွေဆက်ခံရဖို့ဖြစ်နေတဲ့ကောင်မလေးတစ်ယောက်ပေါ့။ Dreamersတစ်ယောက်ပီပီ အွိုင်ကတော့ ရပ်ကွက်ခေါက်ဆွဲဆိုင်လေးမှာပဲ ဘဝကိုအဆုံးမသတ်ချင်သူပါ။ ဒါပေမဲ့ မောင်နှမတွေထဲမှာလည်း ဒီဆိုင်ကိုလက်လွှဲယူနိုင်မဲ့ ချက်ပြုတ်တတ်တဲ့လူကလည်းမရှိ သမီးအကြီးဆုံးကလည်းဖြစ်နေပြန်တော့ ရွေးစရာကလည်းမရှိပြန်ဘူးပေါ့။ဒီလိုနွံနစ်နေတဲ့ ပတ္တမြားဖြစ်တဲ့အွိုင်ကို တွေ့ရှိသွားသူကတော့ ဟန်ဂါဆိုတဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အငယ်တန်းရှက်ဖ်တစ်ယောက်ဖြစ်တဲ့တုန်းပါ။ ဒီလိုနဲ့ပဲ အွိုင်ရဲ့အရည်အချင်းတွေကိုမြင်သွားတဲ့တုန်းက အွိုင်ကို ရှက်ဖ်လောကထဲကို ခေါ်သွင်းလာတဲ့အခါ...မီးဖိုချောင်မှာ ဒီမိုကရေစီဆိုတာမရှိဘူး။ အာဏာရှင်စနစ်ပဲရှိတယ်လို့ပြောရင်တော့ အဆူအဆဲခံပြီး ပညာသင်လာရတဲ့စားဖိုမှူးတိုင်းက ရင်နာနာနဲ့ပဲ မှန်ကန်ကြောင်း ထောက်ခံမိကြမှာပါ။ ထို့နည်းတူပါပဲ ရပ်ကွက်စားသောက်ဆိုင်မှာပဲ ချက်ပြုတ်နေကြဖြစ်တဲ့အွိုင်လည်း ဟန်ဂါစားသောက်ဆိုင်ပိုင်ရှင်လည်းဟုတ် အပေါက်ဆိုးတယ်လို့လည်း နာမည်ကြီးတဲ့ ရှက်ဖ်ပေါလ်ရဲ့လက်အောက်မှာ အလုပ်လုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ နာမည်ကျော်ရှက်ဖ်တစ်ယောက်ရော ဖြစ်လာနိုင်မလား။အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့၊ လောကကြီးကို လုပ်နိုင်ကြောင်း သက်သေပြချင်တဲ့အွိုင်တစ်ယောက် အောင်မြင်မှုကို ငတ်မွတ်လာတဲ့အခါ ရယူခြင်းရဲ့နောက်ကွယ်က ...
movie
Hunger (2023)
2023
7
Faces of Anne (2022)
Faces of Anne (2022)ဒီဇာတ်လမ်းက အန်ဆိုတဲ့မိန်းကလေးရဲ့စိတ်ထဲက ဖြစ်ချင်တဲ့အရာတွေကို ပုံဖော်ထားတာမျိုးပါ လူတစ်ဦးက ၂မိနစ်တိုင်း မျက်နှာတစ်မျိုးပြောင်းလဲနေတယ်အန်ဆိုတဲ့ ကောင်မလးက ကျွန်းတစ်ခုပေါ်မှာ နိုးထလာပြီး သူမကိုယ်သူမ ဘယ်သူဘယ်ဝါဆိုတာကို မမှတ်မိနိုင်ဘူး ဖြစ်နေတာပါ။ သူမက ဆန်းကြယ်လှတဲ့အဆောက်အဦးတစ်ခုမှာ ကြောက်စရာသမင်မိစ္ဆာဗိဒီဂိုနဲ့ ရင်ဆိုင်နေရတယ် သူမဟာ ဒီထပ်တလဲလဲဖြစ်နေတဲ့ဝင်္ကပါကြီးကနေ လွတ်လမ်းရှာနေပါတယ်တကယ်တမ်းကျတော့ သူမ ရင်ဆိုင်နေရတဲ့အရာကြီးက ဘာတွေဖြစ်နေမလဲ ဘာကြောင့် သူမကစိတ်ဝင်္ကပါထဲ ပိတ်မိနေရပြီး နှစ်မိနစ်ကို တစ်ခါ ရုပ်ပြောင်းလဲသွားရတာလဲ ဒီဝင်္ကပါကြီးထဲကနေရော သူမ လွတ်မြောက်နိုင်ပါ့မလား?Psychological Thriller ကြိုက်နှစ်သက်သူတွေအဖို့ လုံးဝ အကြိုက်တွေ့စေမယ့်ဇာတ်လမ်းမို့ ဇာတ်လမ်းဆုံးတဲ့အထိ လက်မလွှတ်တမ်း ကြည့်ရှုပြီး အတူတူ အဖြေရှာကြည့်ကြပါစို့နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Thriller, Mystery, Drama Quality…. 1080p | 720p | 480p File size… 1.1GB | 560MB | 291MB Format… mp4 Duration…. ...
movie
Faces of Anne (2022)
2022
7.6
Happy Old Year (2019)
Bad Genius ရုပ်ရှင်နဲ့ နာမည်ကျော်သွားတဲ့မင်းသမီး Chutimon Chuengcharoensukying ရဲ့ရုပ်ရှင်အသစ်ကို တင်ပေးထားပါတယ်။ဒီရုပ်ရှင်ကတော့ ဒရာမာ၊ ရိုးမန့်စ် အမျိုးအစားပါပဲ။ဇာတ်လမ်းအကျဉ်း ဂျင်းဟာတကိုယ်ကောင်းခပ်ဆန်ဆန် ကောင်မလေးပါပဲ။သူ့ချစ်သူကို အဆက်အသွယ်တိခနဲဖြတ်ပြီးဆွီဒင်ကို ထွက်သွားခဲ့တယ်။သူပြန်လာချိန်မှာတော့ သူ့မှာ စိတ်ကူးလေးတစ်ခု ပါလာပါပြီ။Minimalism လို့ခေါ်တဲ့ အနည်းဆုံးဝါဒနဲ့ ကိုက်ညီတဲ့ရုံးခန်းနဲ့ အိမ်လေး ဆောက်ချင်စိတ်ပါပဲ။အဲဒီလိုဆောက်ဖို့အတွက် တစ်အိမ်လုံးအပေါ်ထပ်အောက်ထပ်တွေပစ္စည်းတွေပြည့်နှက်နေတဲ့ သူ့ရဲ့အိမ်မှာမလိုတာတွေအားလုံး၊ အမှတ်တရပစ္စည်းတွေအားလုံးကိုလွှင့်ပစ်ဖို့ လိုလာပါပြီ။အသုံးမလိုတော့တဲ့ အတိတ်ကပစ္စည်းတွေကိုလွှင့်ပစ်ဖို့ဟာ ပြောရတာ လွယ်ပေမယ့်လုပ်ရတာ အရမ်းခက်ခဲပါတယ်။မိသားစုရဲ့ အမှတ်တရတွေ၊သူ့ရည်းစားဟောင်းရဲ့အမှတ်တရတွေကိုတစ်ခုချင်း လွှင့်ပစ်ဖို့ ကြိုးစားရင်းကြုံတွေ့လာရတာတွေက အဓိကဇာတ်လမ်းပါပဲ။သူက အစအဆုံးခံစားချက်တစ်ခုရတာမျိုးမဟုတ်ဘဲ၊တစ်ခန်းလာလိုက်တိုင်း ခံစားချက်တစ်မျိုးရလာသလို၊ကိုယ်နဲ့ပဲ တိုက်ဆိုင်နေသလိုလိုနဲ့အရသာ တစ်မျိုးလေး ကြည့်ရတဲ့ဇာတ်ကားမျိုးပါပဲ။ အားပေးကြပါဦး။ဒီကားကို Little Neo မှ သူ၏ မေ့မပစ်နိုင်သော Ex များအတွက်ခံစား ဘာသာပြန်ပေးထားပြီး Thit San Khant မှပျင်းရိလေးတွဲ့စွာ တင်ဆက်ပေးထားပါသည်။( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/category/sunny/ ...
movie
Happy Old Year (2019)
2019
8.2
Bad Genius (2017)
ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ နာမည်ကြီးထိုင်းကားတစ်ကား တင်ပေးလိုက်ပါတယ်။၂၀၁၇ မှာ ထိုင်းနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားပါ။စပြတဲ့အဖွင့် ၂ပါတ်မှာ ဘတ် သန်း ၁၀၀ ကျော်ရရှိခဲ့ပြီး တရုတ်နိုင်ငံမှာလည်း ဒေါ်လာ သန်း ၃၀ လောက် ရရှိသွားခဲ့ပါတယ်မျက်နှာသစ်မင်းသားမင်းသမီးတွေကို သုံးပြီး နိုင်ငံတကာက ရုပ်ရှင်ဆုတွေ အမြောက်အများကို သိမ်းပိုက်သွားနိုင်ခဲ့တာပါ။ဇာတ်လမ်း၊ တင်ဆက်ပုံ၊ သရုပ်ဆောင်ချက် အားလုံးက ပြည့်စုံလွန်းတယ်လို့ ပြောလို့ရပါတယ်။ထိုင်းနဲ့မြန်မာ ရုပ်ရှင်အဆင့်အတန်း မိုးနဲ့မြေလို ကွာနေတာကို တွေ့နိုင်သလို၊ သရုပ်ဆောင်တယ်ဆိုတာ ဘယ်လိုလေးလဲ တွေ့နိုင်ပါလိမ့်မယ်။CGI တွေ နည်းပညာတွေအကြောင်းပဲ ဆင်ခြေတက်နေတဲ့ အနုပညာရှင်ကြီးများကို ထိပ်ပုတ်သွားတဲ့ ကားမျိုးတွေထဲမှာ ပါပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းကတော့ လင်းဆိုတဲ့ ဥာဏ်ကြီးရှင် ကျောင်းသူလေးတစ်ယောက်ဟာ ဆင်းရဲပေမယ့် ဈေးကြီးတဲ့ ကျောင်းကောင်းကြီးတစ်ခုမှာ ပညာသင်ဆုနဲ့ တက်ရောက်နေပါတယ်။သူနဲ့ခင်မင်မိတဲ့သူငယ်ချင်းတွေကတော့ ချမ်းသာပေမယ့် စာညံ့ကြပါတယ်။အဲဒီတော့ သူတို့တွေဆီကနေ ...
movie
Bad Genius (2017)
2017