Channel Myanmar

Chung Sung-hwa

Dog Days (2024) 7.1
Dog Days (2024) Dog Days (2024) **************** အမေရိကန် ဇာတ်လမ်းတွဲဖြစ်တဲ့ Dog Days ကို Remake ပြန်ရိုက်ထားတာဖြစ်ပြီးလက်မှတ်ပေါင်း ၃ သိန်းကျော်ရောင်းရတဲ့အထိ ကြည့်ရှုမှုနှုန်းမြင့်တဲ့ ဒီကားလေးမှာတော့ကမ္ဘာကျော် ဗိသုကာပညာရှင် ဂျိုမင်ဆောအဖြစ် Oscar ဆုရှင်မင်းသမီးကြီး Youn Yuh-Jungအဆောက်အဦပိုင်ရှင် ဂိုမင်ဆန်းအဖြစ် Ehxuma ထဲမှ Yu Hae-Jinတိကုဆေးရုံအုပ် ဂျင်ယောင်းအဖြစ် Pale Moon ဇာတ်လမ်းတွဲထဲမှ Kim Seo-JungMoney Heist ဇာတ်လမ်းတွဲထဲမှ မင်းသားချော Lee Hyun-Woo , Kim Yunjin , Jung Sung-Hwa ,Daniel Henney စတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများအပြင်ချစ်စရာကောင်းတဲ့ ကလေးမလေး Yoon Chae-Na တို့ အဓိကပါဝင်ထားပြီး ဧည်သည်သရုပ်ဆောင်အဖြစ် Kim Go-Eun မှ ပါဝင်အားဖြည့်ပေးထားပြီးအာဝုလေးတွေကနေ တစ်ဆင့် တွေ့ဆုံဖို့ဖြစ်လာကြတဲ့ လူတွေအချင်းချင်း နှစ်သိမ့်ပေးကြပြီးတော့ခံစားချက်တွေ ဝေမျှကြတာကို ...
movie

Dog Days (2024)

Dog Days (2024) 6.7
Dog Days (2024) "Dog Days" (2024) ဇာတ်ကားဟာ ကိုရီးယားရုပ်ရှင်တစ်ကားဖြစ်ပြီး ခွေးတွေနဲ့လူသားတွေရဲ့ ဆက်ဆံရေးအကြောင်းကို အလွမ်းအနေအထားတွေနဲ့ ရယ်မောစရာဇာတ်အိမ်တွေကိုပေါင်းစပ်ထားပါတယ်။ ဇာတ်လမ်းအတွင်းမှာ ခွေးတွေရဲ့ရင်းနှီးမြှုပ်နှံမှုက မိသားစုနှင့်လူသားတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်လာသလဲဆိုတာကို ပုံဖော်ပေးထားပါတယ်။ မိသားစုနှင့်ချစ်ခြင်းမေတ္တာ၊ လူသားမှုဆိုင်ရာဆက်ဆံရေးများကို ရင်ထဲထိစေသည့်ဇာတ်လမ်းများဖြစ်ကြပြီး ခွေးတွေနဲ့ပတ်သက်သည့်အထူးအကျိုးသက်ရောက်မှုများကို ရှင်းပြပေးထားပါတယ်။မိသားစုရင်းနှီးမှုနဲ့ ခွေးများ၏ချစ်ခြင်းမေတ္တာကို အခြေခံထားသည့် ဇာတ်ကားတစ်ကားဖြစ်တာကြောင့် ခွေးချစ်သူများအတွက် အပန်းဖြေစေမယ့် ရုပ်ရှင်ဖြစ်ပါတယ်။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ )File size_(1.8GB)/(780MB) Quality_HEVC 1080p / 720p Format_mp4 Duration_01:59:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Son Gohan
movie

Dog Days (2024)

Hero(2022) 7.0
Hero(2022) Hero(2022)***********ဒီရုပ်ရှင်ကားကြီးဟာ တော်လှန်ရေးသူရဲကောင်းAhn Jung Geun  ရဲ့အကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်တယ်.. ဒီလူဟာ ကိုရီးယားသမိုင်းရဲ့ အထင်ကရ ပုဂ္ဂိုလ်ဖြစ်လေတော့ဒါရိုက်တာကလည်း အဘက်ဘက်က ပြည့်စုံအောင် သေချာကိုရိုက်ကူးထားတာတွေ့ ရတယ်..Musical လည်းပါလေတော့ လိုက်ဖက်ပြီး ဇာတိမာန်တက်ကြွစေတဲ့သီချင်းတွေသုံးထားတော့ကြည့်ရှုတဲ့သူတွေကိုပါ သွေးဆူစိတ်လှုပ်ရှားစေတယ်.. B.Oလည်းဝင်သလိုကြည့်သင့်တဲ့ကားတစ်ကားလည်းဖြစ်တယ်..“၃ နှစ်အတွင်း ငါတို့အမိမြေရဲ့ရန်သူ အီထို ဟီရိုဘူမီကို မရှင်းပစ်နိုင်ရင်... အဲဒီအခါ သတ်သေပါ့မယ်”1900 ခုနှစ်အစပိုင်းမှာ ကိုးရီးယားနိုင်ငံအပေါ် ဂျပန်နိုင်ငံရဲ့အာဏာလွှမ်းမိုးမှု ကြီးမားလာတဲ့အလျောက်လွတ်လပ်ရေးလှုပ်ရှားမှုခေါင်းဆောင် အန်ဂျွန်ဂွန်းနဲ့ ရဲဘော်အပေါင်းအပါတို့က လက်သူကြွယ်ကို ဖြတ်ပြီးအဆိုပါကျမ်းသစ္စာကို ကျိန်ဆိုခဲ့ကြပါတယ်..အဲဒီကျမ်းသစ္စာကို တည်နိုင်ဖို့အတွက် အန်ဂျွန်ဂွန်းနဲ့ ရဲဘော်အပေါင်းအပါတွေရဲ့ လွတ်လပ်ရေးလှုပ်ရှားမှု လုပ်ဆောင်ကြပုံတွေဂျိုဆွန်းနယ်ချဲ့မှုရဲ့ အဓိကတရားခံဖြစ်တဲ့ အီထို ဟီရိုဘူမီကို ရှင်းပစ်နိုင်ဖို့ ကြိုးစားကြပုံတွေကိုတော့ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး‌နော်..အားလုံးသိပြီးသား မင်းသမီးလေး Kim Go Eun လည်း ပါ၀င်သရုပ်ဆောင်ထားပါတယ် Musical ရုပ်ရှင်ဖြစ်တဲ့အတွက် သီချင်းအမိုက်စားတွေနဲ့ပါ ထပ်‌ပေါင်းပံ့ပိုးပေးထားတာဖြစ်လို့ကြက်သီးမွေးညင်းထရင်းနဲ့ ကြည့်ရမဲ့ကားလေးပါ ....File Size :( 1.84GB )(837MB) Quality ...
movie

Hero(2022)

Enemies In-Law (2015) 5.9
Enemies In-Law (2015) Enemies In Lawကဲ ''ရန်သူတော်ခမည်းခမက်''ဆိုတဲ့ ဇာတ်လမ်းနာမည်လေးအတိုင်း ဟန်ချောဆူနဲ့ ပတ်ယောင်ဟီးတို့ ချစ်သူနှစ်ယောက်ကြားက ချစ်ခြင်းကိုခွဲမယ့် အကြီးမားဆုံး အဟန့်အတားကို ပြောရရင်တော့ဖြင့်..ယောင်ဟီးတို့မိသားစုဟာ ရဲမျိုးရိုးဖြစ်သလို ယောင်ဟီးရဲ့အဖေ ရဲသက်တမ်းတလျှောက် လိုက်ဖမ်းနေခဲ့တဲ့ နာမည်ကြီး လူလိမ်သူခိုးဘုရင်နဲ့ ဘုရင်မလို့တောင် တင်စားရမယ့်လင်မယား နှစ်ယောက်ဟာ သမီးဖြစ်သူရဲ့ ချစ်သူကောင်လေး ချောဆူရဲ့ မိဘတွေဖြစ်နေတဲ့အခါ...ချောဆူတစ်ယောက် ယောင်ဟီးအဖေဆီက ကြည်ဖြူလက်ခံလာအောင် ဘယ်လိုကြိုးစားမလဲရန်သူတော်ခမည်းခမက် မိသားစုနှစ်ခုရော ဘယ်လိုနှပါးသွားမလဲဆိုတာကို မှုခင်းဆန်ဆန် မြှုပ်ကွက်တွေရော ဟာသလေးတွေပါနှောထားပြီး ကြည့်ရမယ့်ကားလေးဖြစ်တာမို့ အခုပဲ ကြည့်လိုက်ကြရအောင်ပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )File Size__(1.3GB) Quality__720p IMDb Rating__5.9/10 Format__mp4 Duration__01:59:00 Type__Comedy , Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt
movie

Enemies In-Law (2015)

The Pirates (2014) 6.6
The Pirates (2014) IMDb Rating (6.6)ဒီဇာတ်ကားက ဂိုယိုမင်းဆက် နှင့် ဂျိုဆွန်းမင်းဆက် ကူးပြောင်းချိန်ကာလလေးကို အခြေခံရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၃၈၈ ခုနှစ် စစ်သူကြီးရီဆွန်းဂျဲတို့ တရုတ်ကိုစစ်တိုက်ဖို့ဝီဟာကျွန်းထိစစ်ချီလာခဲ့တယ် ဒါပေမယ့်အခြေအနေအကြောင်းအမျိုးမျိုးကြောင့်စစ်သူကြီးရီဆွန်းဂျဲက  တရုတ်ကိုမတိုက်တော့ဘဲ တရုတ်သြဇာခံပြီးဘုရင်ကိုပြန်ပုန်ကန်ဖို့နဲ့ ဂိုယိုမင်းဆက်ကို ဖြုတ်ချဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်..ဒီဆုံးဖြတ်ချက်ကြောင့် စစ်သူကြီးတွေ အချင်းချင်း သဘောမတိုက်ဆိုင်လို့ စကားများရန်ဖြစ်ပြီးသတ်ဖြတ်ကာ ကွဲကုန်ပါတယ်စစ်သူကြီးအများစုက ဘုရင်ကိုပုန်ကန်ဖို့ဆုံးဖြတ်ကြတာကြောင့်ဘုရင်ကိုမပုန်ကန်ချင်တဲ့စစ်သူကြီးကတော့ တောပုန်းဓားပြဖြစ်သွားရရှာပါတယ်။မင်းသမီးကတော့ ဘယ်ဘုရင်ရဲ့သြဇာခံမှ မဟုတ်တဲ့ပင်လယ်ဓားပြတွေအဖွဲ့ပေါ့။The Classic 2003 ဇာတ်ကားထဲက မင်းသမီးဆွန်ရင်ဂျီကို ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း Action ကားရိုက်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူးဗျ..တကယ်ကို ကောင်းလွန်းလို့ ဒီကားနဲ့ အကောင်းဆုံးမင်းသမီးဆုကို ဆွတ်ခူးသွားနိုင်ခဲ့တယ်...ရီဆွန်းဂျဲက ဘုရင်ကိုဖြုတ်ချပြီး တရုတ်သြဇာခံဆိုတော့ တရုတ်က တိုင်းပြည်သစ်ကို ဂျိုဆွန်း ဆိုတဲ့နာမည်ရယ်အသုံးပြုဖို့ တော်ဝင်တံဆိပ်တုံးလည်းပေးလိုက်ပါတယ်...အပျိုတော် ၅၀၀ နှစ်စဉ်ဆက်သဖို့လဲ မောက်မာလိုက်ပါသေးတယ်..တော်ဝင်တံဆိပ်တုံးကို သင်္ဘောနဲ့ပြန်သယ်အလာ လမ်းခုလတ်မှာ ဝေလငါးလေးတွေ့တော့ပစ်ဖမ်းရင်းဝေလငါးအမေကြီးလက်ချက်နဲ့သင်္ဘောပျက်သွားပြီး ဝေလငါးကျောကုန်းမှာလည်းအလံပါတဲ့ ရွက်တိုင်စိုက်ပါသွားသလို တံဆိပ်တုံးကိုလည်းဝေလငါးက မြိုသွားပါတယ်....တော်ဝင်တံဆိပ်တုံးပြန်ရဖို့အတွက် ဘုရင်တပ်ဖွဲ့တွေရယ် ပင်လယ်ဓားပြအဖွဲ့ရယ် တောပုန်းဓားပြအဖွဲ့တွေရယ်ဝေလငါးလိုက်ရှာရင်း ...
movie

The Pirates (2014)

Tumbleweed (2012) 6.2
Tumbleweed (2012)   ငယ်ငယ်တည်းက မိဘမဲ့စွာနေခဲ့ရတာကြောင့် ရပ်ကွက်ရဲ့ တေလေဂျပိုး လူမိုက်တစ်ယောက်ဖြစ်တဲ့ ချန်းဆု...နှစ်အနည်းငယ်ကြာပြီးနောက် ထောင်က လွတ်လာခဲ့တယ်လွတ်ပြီးမကြာသေးခင်မှာ မထင်မှတ်ဘဲ လူတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ရိုက်နှက်နေတာကို မခံနိုင်ဘဲ ဝင်ကူညီပြီးနောက်သူ့အိမ်မှာ လိုက်နေဖြစ်သွားတဲ့ ထိုမိန်းကလေး....ချန်းဆုတစ်ယောက် အတူနေရင်း သံယောဇဉ် တွယ်လာပြီး လူမိုက်ဘဝကို အပြီးစွန့် လက်ထပ်ခွင့်တောင်းဖို့ပြန်လာချိန်မှာ ထိုမိန်းကလေး အသတ်ခံထားရတာကို မြင်လိုက်ရပါတယ်ထိုမိန်းကလေး အတိတ်က ပတ်သက်ခဲ့တဲ့သူတွေက ဘယ်သူတွေလဲ...ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှူ့လိုက်ကြရအောင် ။ Quality__720p IMDb Rating__6.2/10 Format__mp4 Duration__01:45:00 Type__Crime , Drama , Romance Subtitle__Myanmar Subtitle (Hardsub) Translated by SU Encoded by Naing Aung Latt
movie

Tumbleweed (2012)

Finding Mr. Destiny (2010) 6.5
Finding Mr. Destiny (2010) [Unicode]Finding Mr.Destiny(2010)IMDb rating - 6.5/10ဒီကားကတော့ Kim Joon Ok Chatgiဆိုတဲ့musical playကို adaptationလုပ်ပြီးပြန်ရိုက်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Box office မှာလည်း 7.5millionsထိရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ Romance/Comedyဖြစ်ပြီးတော့ ဇာတ်ဝင်ခန်းတွေကလည်းတော်တော်ရယ်ရတဲ့အပြင် အိန္ဒိယနိုင်ငံမှာရိုက်ကူးထားတဲ့sceneတွေလည်းပါတာမို့ ကြည့်ရကျိုးနပ်စေမဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ။ Male lead ဟန်ဂီဂျွန်းအဖြစ် ဆယ်ကျော်သက်အမျိုးသမီးလေးတွေရဲ့အချစ်တော် ဦး Gong Yooကပါဝင်သရုပ်ဆောင်ထားပါတယ်။*ဆောဂျီဝူး*ဆိုတဲ့မိန်းကလေးက ရှိုးပွဲမန်နေဂျာတစ်ယောက်ပါ။ သူက'ကံကိုယုံပြီးဆူးပုံနင်း'ဆိုသလို ကံကိုအလွန်အမင်းယုံကြည်ပုံအပ်ထားတတ်တဲ့သူမျိုးပါ။ လွန်ခဲ့တဲ့၁၀နှစ်တုန်းက အိန္ဒိယကိုအလည်သွားစဉ်မှာ ကင်ဂျုံဝုဆိုတဲ့သူ့အချစ်ဦးကိုစတွေ့ခဲ့ပြီး ခရီးစဉ်အတွင်းမှာပဲသူနဲ့ချစ်သူတွေဖြစ်ခဲ့ပါတယ်။ဒီလူဟာသူ့ရဲ့Mr.destinyဟုတ်မဟုတ်စမ်းသပ်ချင်တဲ့ဂျီဝူးက သူတို့နှစ်ယောက်ကိုရီးယားကိုပြန်ရောက်ရင်တွေ့မယ်ဆိုပြီး ချိန်းဆိုထားတဲ့နေရာကိုရောက်အောင်မသွားခဲ့ပါဘူး။ ဒီလိုနဲ့ပဲသူ့အချစ်ဦးနဲ့အဆက်အသွယ်ပြတ်ကာ ၁၀နှစ်လုံးသူ့ရဲ့အလုပ်ထဲမှာပဲစိတ်နှစ်ထားပြီး ပြင်ပြင်ဆင်ဆင်လည်းမရှိ၊အချစ်ရေးကိုလည်းစိတ်မဝင်စားတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။*ဟန်ဂီဂျွန်း*ကတော့ ခရီးသွားအေဂျင်စီမှာအလုပ်လုပ်တဲ့အေးဂျင့်တစ်ယောက်ပါ။ သူ့ရဲ့ရိုးသားလွန်းပြီးခရီးသွားတွေအပေါ်အလွန်အမင်းစိုးရိမ်ပေးတတ်တဲ့စိတ်ကြောင့်ဖောက်သည်တွေပျက်ရတဲ့အတွက် အလုပ်ထုတ်ခံရပါတယ်။ ဒါနဲ့သူလည်းနောက်အလုပ်သစ်ရှာရင်း "အချစ်ဦးရှာဖွေရေးအကျိုးဆောင်လုပ်ငန်း"ကိုစတင်လိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလိုပါ - အချစ်ဦးကိုမေ့မရနိုင်ဖြစ်ပြီးလက်ထပ်ဖို့နောက်ကျနေတဲ့ဆောဂျီဝူးအတွက်စိတ်ပူတဲ့သူ့အဖေက ဂျီဝူးကျေနပ်အောင်သူ့အချစ်ဦးကိုရှာပေးဖို့ ဂီဂျွန်းရဲ့အကျိုးဆောင်လုပ်ငန်းဆီရောက်လာပါတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ ဘယ်ဆီရောက်နေမှန်းမသိတဲ့"ကင်ဂျုံဝု"ကို နာမည်တစ်ခုတည်းနဲ့တစ်နိုင်ငံလုံးနှံ့အောင်အတူတူလိုက်ရှာကြတာတွေကို ဟာသတွေရော romanceတွေနဲ့ပါကြည့်ရှုရမှာပါ။ ကင်ဂျုံဝုနဲ့ဂျီဝူးဘာလို့ကွဲသွားလဲဆိုတာကိုသိရရင်ဒေါသဖြစ်မိနိုင်ပေမဲ့ ဇာတ်သိမ်းပိုင်းမှာတော့ဂျီဝူးရဲ့Mr.destinyအစစ်ကဘယ်သူလဲ ဘယ်လိုကြောင့်လဲဆိုတာကိုသိရရင် ကျေနပ်မိမှာပါ။ဂျီဝူးတစ်ယောက် "ကံကြမ္မာကိုယုံကြည်မိတာမှန်လားမှားလား"သိချင်ရင်တော့ ဒီကားလေးထဲမှာဆက်လက်ကြည့်ရှုကြပါဦးနော်။( အညွှန်းရေးသားထားသူကတော့ Ingyin San ဖြစ်ပါတယ် )[Zawgyi]Finding Mr.Destiny(2010)IMDb rating ...
movie

Finding Mr. Destiny (2010)

The Long Way Home (2015) 6.5
The Long Way Home (2015) The Long Way Home (2015)_____Rotten -6.5/10   ၁၉၅၀ ခုနှစ် တောင်နဲ့မြောက်ကိုရီးယား ပြည်တွင်းစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားပါတယ် အဓိကသရုပ်ဆောင်အဖြစ် ကလေးသရုပ်ဆောင်ကနေတက်လာတဲ့ လူငယ်မင်းသားလေး   Yeo Gin gu ပါဝင်သရုပ်ဆောင်ထားပါတယ်... စစ်ဖြစ်တဲ့အချိန်မှာ စစ်ပွဲတို့ ထုံးစံအတိုင်း ရသမျှသူဆွဲခေါ် တော့ တာပဲတောင် ကိုးရီးယားဖက်ကလည်း လယ်သမားပါမကျန်အကုန်စစ်ထဲခေါ်သွင်းသလို မြောက်ကိုရီးယားကလည်း ကျောင်းသားပါမကျန် စစ်ထဲလိုက်ပါရတယ်.. တောင်ကိုးရီးယားဖက်က ခြေမြန်တပ်သားတွေကို အရေးကြီးတဲ့ စာတစ်စောင်ကို ပို့ခိုင်းလိုက်ပါတယ်.. လမ်းမှာ ချုံခိုတိုက်ခိုက်ခံရရင်း စာက ကျပျောက်သွားပါတယ် အဲဒီအချိန်မှာပဲ မြောက်ကိုရီးယားတပ်လည်း အမေရိကန်ဗုံးကြဲလေယာဉ်ရဲ့တိုက်ခိုက်ခြင်းကြောင့် တင့်ကားတစ်စီးနဲ့နင့်  ကံဆိုးစွာ စစ်ရေးဘာမှမကျွမ်းတဲ့ကျောင်းသားလေးတစ်ယောက်တည်း ကျန်ခဲ့ပါတယ် ကျောင်းသားလေးကို သူ့ရဲ့ခေါင်းဆောင်က သေခါနီးမှာ တင့်ကားကို သေချာစောင့်ရှောက်ခဲ့ဖို့ မှာသွားပါတယ်။ သူကလည်း တင့်ကားမမောင်းတတ် ဘယ်လိုများ တင့်ကားကို စောင့်ရှောက်သွားလဲနှင့် တောင်ကိုရီးယားရဲ့ အရေးကြီးစာကိုလည်း သူကောက်ရလိုက်တော့ ဘယ်လိုတွေများ ရှေ့ဆက်ဖြစ်ကြမှာလဲ အဲဒီမှာ မြောက်ကိုးရီးယားတင့်ကားတပ်က ကျောင်းသားစစ်သားလေးနဲ့ စာကိုလိုက်ရှာေနေတဲ့တောင်ကိုးရီးယားလယ်သမားစစ်သားတို့တွေ့ကြတဲ့အခါ  ဘာတွေဖြစ်လာကြမလဲ……………… ဒီကားမှာ အဓိက အသက်ဝင်တာကတော့ အဓိကသရုပ်ဆောင်တွေရဲ့သရုပ်ဆောင်ချက်တွေက တကယ်ကို အသက်ဝင်လှသလို ဇာတ်ညွှန်းရေးတဲ့သူကလည်း နာမည်ကျော်ဇာတ်ကားတွေရဲ့ ဇာတ်ညွှန်းရေးဆရာကြောင့် ပြောင်မြောက်လှပါတယ် စစ်ပွဲရဲ့အဓိပ္ပါယ်မဲ့တိုက်နေရတဲ့သဘောတွေ စစ်ရဲ့အနိဌာရုံတွေနဲ့အတူ ဟာသတွေ ...
movie

The Long Way Home (2015)

2015