Channel Myanmar

Chun Sin-hwan

The Housemaid (2010) 6.4
The Housemaid (2010) 2010ခုနှစ်မှာထွက်ရှိခဲ့ပြီး ကိုရီယားထိပ်တန်းသရုပ်ဆောင်တွေပါဝင်ထားကြတဲ့The Housemaid ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ အင်ဆန်းဆူ ရဲ့လက်ရာဖြစ်ပြီး 1960 ပြည့်နှစ်လောက်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ကိုပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ငွေကြေးဥစ္စာပြည့်စုံတဲ့ ဓနရှင်တွေဟာ အောက်ခြေလူတန်းစားများကိုအနိုင်ကျင့်ဖိနှိပ်တတ်ကြပုံကို ပေါ်လွင်အောင်ရိုက်ကူးပြထားတဲ့ဒီကားလေးမှာ ကလေးထိန်းအဖြစ်သွားရောက်လုပ်ကိုင်တဲ့အမျိုးသမီးလေးဟာ အိမ်ပိုင်ရှင်သူဌေးရဲ့ အသုံးတော်ခံအဖြစ်ဖြည့်ဆည်းရပြီးနောက်ဆက်တွဲပြဿနာတွေရှိလာတဲ့အချိန်မှာလည်းအဖက်ဖက်ကညှင်းပန်းခံရတဲ့အတွက် သူ့နည်းသူ့ဟန်နဲ့ လက်စားချေပုံကိုဇာတ်လမ်းဖွဲ့ထားခြင်းဖြစ်ပါတယ်။ ထူးခြားတဲ့ တင်ဆက်ပုံနဲ့ သရုပ်ဆောင်တွေရဲ့စွမ်းရည်ကိုပေါင်းစပ်ထားတဲ့အတွက်ရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံရပြီး sequel movie တွေရိုက်ရ‌လောက်သည်အထိ ဖြစ်ခဲ့ပါတယ်။အဲဒီအထဲက တစ်ကားဖြစ်တဲ့ The Taste of money ဆိုတဲ့ကားကိုလည်း CM မှာတင်ပေးဖူးပါတယ်။IMDb rating 6.4 ရရှိထားပြီး ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုတွေကိုလည်းရရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာအိမ်ထောင်ရေးဖောက်ပြန်မှုဇာတ်လမ်းဖြစ်သည့်အတွက်မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းလေးအနည်းငယ်ပါဝင်ပါတယ်လို့ ကြိုပြီးသတိပေးလိုက်ပါတယ်။ File size…    1.4 GB /  652MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

The Housemaid (2010)