Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chuck Taber
6.8
Wonder Woman 1984 (2020)
DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Wonder Woman 1984 (2020)
2020
4K HEVC
8.5
Joker (2019)
Joker (2019) IMDb - (8.5/10) RT - 68% Won 2 Oscars. Another 92 wins & 199 nominations DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာအကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်ကနေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန်ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ်တဲ့ သူတွေရော သဘောကျကြမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်....File Size : (6.7 GB) /(2.0 GB) /(950 MB) Quality : BluRay 4K ...
movie
Joker (2019)
2019
4K HEVC
7.1
State of Play (2009)
State of Play(2009) IMDb....7.1,,,,Rotten....84% မိုးတဖွဲဖွဲကျပြီးတိတ်ဆိတ်နေတဲ့ Washington DCမြို့ရဲ့ ညတစ်ညမှာ လူတစ်ယောက် ကြောက်လန့်တကြားပြေးလွှားနေတယ်.....ညဟာအေးစက်နေပေမယ့် သူ့မျက်နှာပေါ်မှာ ချွေးစေးတွေပျံနှံနေသလို သူ့ဟန်မှာကြောက်လန့်နေပုံအထင်းသားပေါ်လွင်နေတယ်...သူပြေးလွှားပုန်းအောင်းနေပေမယ့် နောက်ယောင်ခံလိုက်လာတဲ့သူတွေ့ရှိသွားကာ ပစ္စတိုဖြင့်(၂)ချက်ဆင့်ပစ်ချခြင်းခံလိုက်ရသည်....ပီဇာပို့သည့်လူငယ်တစ်ယောက်ဟာလည်း တိုက်ဆိုင်စွာပင် အခင်းဖြစ်ပွားရာနေရာကိုဖြတ်သွားမိသည်.. နောက်ယောင်ခံလိုက်လာသည့် လူမှာ ပီဇာပို့သမားဆီသို့ သက်သေဖျောက်သည့်အနေဖြင့် ဆက်လက်ပစ်ခတ်လိုက်သည်... နောက်တစ်နေ့မနက်တွင် ကောင်မလေးတစ်ယောက် ဘူတာရုံတွင် Suicide လုပ်ခဲ့သည်...ပြောရရင် (၂)ရက်အတွင်း အလောင်း(၃)လောင်းဖြစ်သွားခဲ့ခြင်းဖြစ်သည်...ဒီ Suicide လုပ်သည့်အမျိုးသမီးမှာ လွှတ်တော်အမတ်တစ်ယောက်၏ ဝန်ထမ်းတစ်ဦးပင်ဖြစ်သည်.....လွှတ်တော်အမတ်၏စေခိုင်းမှုကြောင့် ဒီအမျိုးသမီးမှာ အစိုးရ လက်နက်ကုမ္ပဏီတစ်ခုကိစ္စကိုစုံစမ်းနေခြင်းဖြစ်သည်.. မှုခင်းဖြစ်စဉ်အရ Suicide ဟုပြောဆိုနေပေမယ့် လက်နက်ကိစ္စစုံစမ်းခြင်းကြောင့်အသတ်ခံရတာလားဟုဆိုသောမေးခွန်းတွေကလည်းတစ်ပြုံတစ်ပင်ပင်ဖြစ်သည်.. ဒီဇာတ်ကားဟာ နိုင်ငံရေးပါဝင်တဲ့ Thriller ကားကောင်းတစ်ကားပါ...လွှတ်တော်အမတ်အဖြစ် Ben Affleck ကသရုပ်ဆောင်ထားပြီး သူ့ရဲ့ယုံကြည်ရတဲ့ သတင်းထောက်သူငယ်ချင်းအဖြစ် Russell Crowe ကြီးကသရုပ်ဆောင်ထားပါတယ်.....အခြားနာမည်ကြီးသရုပ်ဆောင်များဖြစ်တဲ့ Rachel McAdams ,Helen Mirren , Robin Wright တို့လည်း ပါဝင်ထားလေတယ်... ကိုင်း ဘာကြောင့်လူတွေအသတ်ခံရလဲ ....လွှတ်တော်အမတ်ရဲ့ ဝန်ထမ်းအမျိုးသမီးကရော တကယ်ပဲ Suicide လုပ်ခဲ့တာလား...နောက်ကွယ်က ပြသနာတွေကရော ဘာတွေဖြစ်မလဲဆိုတာကိုတော့ သတင်းထောက်ကြီး Russell Crowe နဲ့အတူ နိုင်ငံရေးလောကထဲကအရှုတ်တွေကို ဝင်ရောက်စုံစမ်းထောက်လှမ်းကြည့်ရအောင်.... ------------------------------------------------------------------- မုိးတဖြဲဖြဲက်ၿပီးတိတ္ဆိတ္ေနတဲ့ Washington ...
movie
State of Play (2009)
2009