Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chuck Roberson
Spartacus (1960)
ဒါကတော့ ကျွန်တော်တို့ ကိုးဆယ်ဖွားတွေ လူပျိုဘ၀မှာစွဲလန်းခဲ့ရတဲ့ ဇာတ်ကောင်ကြီး စပါတာကတ်စ်ရဲ့ ပထမဆုံးရုပ်ရှင်လို့ဆိုရမှာပေါ့။ မင်းသားကြီး Kirk Douglas စပါတာကတ်စ်နေရာကပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာ အတော်လေးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားပါပဲ။စပါတာကတ်စ်ဇာတ်ကောင်အကြောင်းကတော့ အတော်များများသိပြီးတဲ့အတိုင်းပဲ ရောမခေတ်မှာ ကျွန်စနစ်ကိုတွန်းလှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်။ အထက်တန်းစားတော်ဝင်မျိုးနွယ်တွေ ငွေကြေးနဲ့ဝယ်ပြီး ဂလက်ဒီရေတာသတ်ကွင်းမှာ အသက်သေတဲ့ထိ တိုက်ပွဲဝင်ခိုင်းကြတဲ့ ဂလက်ဒီရေတာတွေထဲကတစ်ယောက်။သုံးနာရီကျော်ကြာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ စပါတာကတ်စ်ဇာတ်ကောင်ကို ခပ်သွက်သွက်လေး ပုံဖော်ရိုက်ကူးပြထားပါတယ်။ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့ စပါတာကတ်စ်၊ အမျိုးသမီးတွေကို လေးစားကြင်နာစွာ ဆက်ဆံတတ်တဲ့စပါတာကတ်စ်၊ သွေးသောက်ညီကိုစိတ်ဓာတ်နဲ့ အသက်ပေးဖို့ဝင်မလေးတဲ့ စပါတာကတ်စ်ကို ရှုမြင်ခံစားကြရမှာပါ။ စပါတာကတ်စ်လို့ဆိုလိုက်တာနဲ့ ခေါင်းကြီးတို့မျှော်လင့်တဲ့အခန်းတွေတော့ ပါဝင်မှာမဟုတ်ကြောင်း အသိပေးပါရစေ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.4 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... War, Drama, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
Spartacus (1960)
7.8
The Searchers (1956)
The Searchers (1956)~ IMDb - 7.8/10, Rotten Tomatoes - 87% ~ဂျွန်ဖို့ဒ်ဟာ ဟောလိဝုဒ်ရွှေခေတ်က အအောင်မြင်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ပါပဲ။ အဓိကကတော့ သူ့ကို Western ကားတွေနဲ့ လူသိပိုများပါတယ်။ Western ကားတွေရဲ့ Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ဝိန်းနဲ့တွဲဖက်ပြီးတော့လည်း သိကြတယ်။ Western လိုင်းရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာနဲ့ မင်းသားအတွဲပေါ့။ သူ့ဒါရိုက်တာသက်တမ်း အနှစ်၅၀ ၁၉၁၇ကနေ ၁၉၆၅အတွင်းမှာ ရုပ်ရှင်ပေါင်း ၁၄၀ရိုက်ခဲ့ပြီး Best Director ဆု လေးဆုရထားတဲ့ ဒါရိုက်တာပါပဲ။ သူရိုက်ခဲ့တဲ့အသံတိတ်ရုပ်ရှင်တွေကတော့ ပျောက်ရှကုန်ပါပြီ။ ဂျွန်ဝိန်း၊ ဟင်နရီဖွန်ဒါ၊ မော်ရန်အိုဟာရာနဲ့ ဂျိမ်းစတီးဝတ်တို့လို ထိတ်ထိတ်ကြဲတွေနဲ့ပဲ အရိုက်များခဲ့တယ်။ ဖို့ဒ်ရဲ့ထူးခြားချက်ကတော့ သူ့ခေတ်ပြိုင်ဒါရိုက်တာတွေအပါအဝင် ကျွန်တော်တို့ သိသမျှ ထိတ်ထိတ်ကြဲဒါရိုက်တာတွေဟာ ဖို့ဒ်ကို ချီးကျူးကြတာပါပဲ။ Frank Capraဆို "King of ...
movie
The Searchers (1956)
1956
6.6
Merrill’s Marauders (1962)
ဒုတိယကမ္ဘာစစ်အတွင်းက ဗမာပြည်စစ်မြေပြင် Burma Campaign ရဲ့ နာမည်ကြီးတိုက်ပွဲဖြစ်တဲ့ မြစ်ကြီးနားတိုက်ပွဲကိုဆင်နွှဲခဲ့တဲ့ ဗိုလ်ချုပ် Merrill နဲ့ သူ့ရဲ့တပ်ဖွဲ့ Merrill's Marauders အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားပါ...ဂျပန်တွေလက်ထဲက မြစ်ကြီးနားကို သိမ်းဖို့ ပြောက်ကျားတပ်ဖွဲ့ ၂ ဖွဲ့ ဖွဲ့ခဲ့ပြီး တစ်ခုက မရောက်ဒါးတပ်ဖွဲ့နဲ့ နောက်တစ်ဖွဲ့က Levi Scout (Kachin Scout) လို့ခေါ်တဲ့ ကချင်လူမျိုးတွေအများဆုံးပါဝင်တဲ့တပ်ဖွဲ့ပါ။"ယမ်းငွေ့ဟာ ပန်းမွေ့ယာဖြစ်မလာနိုင်ဘူး" တဲ့။ "စစ်တိုက်တယ်ဆိုမှတော့ ပန်းတွေနဲ့ပေါက်ကြတာမှ မဟုတ်ဘဲလေ"။ "စစ်" ဆိုတဲ့ ကဗျာခေါင်းစဉ်လေးအောက်မှာ "ဒုံးဒုံးဒက်ဒက်၊ တုံးလုံးပက်လက်" ဆိုပြီး နှစ်ကြောင်းထဲနဲ့ စစ်ရဲ့ အနိဌာရုံကို ထင်ဟပ်နိုင်သလိုပေါ့။ လူတွေဟာ စစ်တိုက်ဝါသနာ ပါသလားမသိ။ အခုထိ ကမ္ဘာ့စစ်ပွဲကြီး နှစ်ကြိမ်ဖြစ်ပြီးသွားပြီ။ဒါပေမဲ့ စစ်တိုက်တယ်ဆိုတာနဲ့ လူအများပြေးမြင်တာက ကျည်ဆံတွေ ပလူပျံနေတုန်း ပြေးကြ လွှားကြ၊ သွေးသံရဲရဲ သေပွဲဝင်ကြ၊ ကိုယ့်ရဲဘော် ...
movie
Merrill’s Marauders (1962)