Channel Myanmar

Chuck Filipov

An American Pickle (2020) 5.7
An American Pickle (2020) An American Pickle Genre - Comedy,Fantasy IMDb - 5.7/10Herschel Greenbaumဟာဂျူးလူမျိုးတစ်ယောက်ဖြစ်ပြီးမြောင်းတူးတဲ့အလုပ်လုပ်ကာ အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ သူ့ဘဝထဲ Sarashဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ပြီးတစ်မြို့လုံးရှေ့မှာဘဲလက်ထက်လိုက်ကြပါတော့တယ်။ ဒါပေမယ့်ကံတရားကHerschelတို့ကိုမျက်နှာသာမပေးခဲ့ပါဘူး။ သူတို့လက်ထပ်ပြီးမကြာခင်မှာပဲ Cossacksဆိုတဲ့ ဂျူးသုတ်သင်ရှင်းလင်းရေးသမားတွေ ဟာ Herschelတို့မြို့လေးကို ဝင်ရောက်ဖျက်စီးပြီးမြို့ခံဂျူးတွေကိုသုတ်သင်ခဲ့ကြပါတယ်။ အဲ့ဒီအဖြစ်ဆိုးကြီးဖြစ်ပြီးတဲ့နောက် Herschelတို့ဇနီးမောင်နှံနှစ်ယောက်လည်းပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက်အမေရိကကို အခြေချပြောင်းရွေ့နေထိုင်ဖို့အကြောင်းဖန်လာပါတော့တယ်။အမေရိကကိုရောက်တော့ သခွားချဉ်လုပ်တဲ့စက်ရုံတစ်ခုမှာ Herschelက ကြွက်နှိမ်နင်းတဲ့အလုပ်ရသွားခဲ့ပါတယ်။ Sarashကလည်းသူတို့ရဲ့ပထမဆုံးရင်သွေးလေးကို လွယ်ထားရနေပြီဆိုတော့ မျိုးဆက်ကိုကြီးပွားတိုးတက်စေချင်တဲ့ Herschelက အလုပ်ကိုပိုကြိုးစားလုပ်ကိုင်ရပါတော့တယ်။ ဒါပေမယ့်ကံမကောင်းစွာနဲ့ Herschelတို့ရဲ့ စက်ရုံဟာပိတ်သိမ်းခံလိုက်ရပါတော့တယ်။ အဲ့ဒီနေ့မှာဘဲ Herschelဟာကြွက်လိုက်ဖမ်းရင်း သခွားသီးတွေစိမ်ထားတဲ့ဆားရည်စည်ကြီးထဲကိုကျပြီးသတိမေ့ပြီးကျန်နေခဲ့ပါတော့တယ်။နှစ်တစ်ရာအကြာHerschelပြန်နိုးလာတဲ့အခါမှာတော့မော်ဒန်ခေတ်ကြီးကိုရောက်နေပြီးဖြစ်ပြီး Sarashနဲ့သူရင်သွေးလေးအပါအဝင်သူသိသမျှလူတွေအကုန်မရှိကြတော့ပါဘူး။ အဲ့လို့နဲ့ယူကြုံးမရဖြစ်နေတုန်းမှာပဲသူမှာBenဆိုတဲ့မြစ်တစ်ယောက်ရှိနေ‌သေးမှန်းသိသွားပြီး Benရဲ့တိုက်ခန်းမှာအတူလိုက်ခဲ့ပါတယ်။နှစ်တရာလုံးလုံးကမ္ဘာကြီးနဲ့အဆက်သွက်ပြတ်နေသူတစ်ယောက်အနေနဲ့ မော်ဒန်ခေတ်ရဲ့ လူနေမှုစနစ်တွေကြားမှာ ဘယ်လိုတွေ တိုင်ပတ်နေမလဲ သူ့ရဲ့မြစ်ဖြစ်သူBenနဲ့ရော လူကြီးနဲ့လူငယ်သဘောထားမတိုက်ဆိုင်မှုတွေကိုရော ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အတွက် စိတ်လက်ပေါ့ပါးစွာ ကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာအသေချာပါပဲ။File size…    2.2 GB / 781 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Comedy/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jonny Miller
movie

An American Pickle (2020)

Countdown (2019) 5.3
Countdown (2019) Mobile ခေတ် ဖြစ်လာတာနဲ့ အမျှ လူတိုင်းဟာ အရာရာတိုင်းကို ဖုန်းပေါ်မှာပဲ အလုပ်ပြီးစီးစေပါတယ် နေ့တိုင်း ဖုန်းပေါ်မှာပဲ ဘာတွေ အသစ်အဆန်းထွက်လဲ ဘာတွေ ထူးဆန်းလဲ လိုက်လုပ်နေကြပါတယ်... တစ်ညမှာတော့ လူငယ်တစ်စု ဟာ ပါတီတစ်ခုမှာ သောက်စား နေကြရင်း App တစ်ခုကို မထင်မှတ်ပဲ ရှာဖွေ တွေ့ရှိသွားပါတယ် App နာမည်က " Countdown" ပါ ထူးထူးဆန်းဆန်းပါပဲ ဒီ App ထဲ ဝင်လိုက်ရင် သင့်ရဲ့ သေနေ့ကို တွက်ချက်ပေးမယ်လို့ ဆိုပါတယ်... ခေတ်လူငယ်တွေ ပြီပြီ အလောင်းအစား လုပ်ဖို့ App တွေကို ပြိုင်တူ ဒေါင်းလုပ် ယူကြပြီး ဘယ်သူ အရင်သေမလဲ ပြိုင်ကြပါတော့တယ်... အားလုံးဟာ အသက် ၈၀ ကျော် ၉၀ ထိ နေကြရပြီး အဲ့ဒီထဲကမှ ထူးထူးဆန်းဆန်း ကောင်မလေး တစ်ယောက်ကတော့ ၃ နာရီ အတွင်း သေမယ်လို့ App က သတိပေးလာပါတယ်... အားလုံး အတော်လေး ရယ်လိုက်ရပါတယ် အဓိပါယ် မရှိတဲ့ App ကိုလဲ မေ့လျှော့သွားကြပါတယ် တစ်ယောက်ထဲ တုန်လှုပ်နေတာကတော့ 3 ...
movie

Countdown (2019)

2019