Channel Myanmar

Christopher Shyer

The Core (2003)
The Core (2003) ယခုတင်ဆက်ပေးမှာကတော့ အမေရိကန် ဟောလိဝုဒ်က ရိုက်ကူးတင်ဆက်ထားတဲ့ ကမ္ဘာပျက်ကားတစ်ခုဖြစ်ပါတယ်။ဟုတ်ပါတယ်။ ကမ္ဘာကြီးပျက်တော့မှာကို အမေရိကန်ပညာရှင်တွေကပဲ ဦးစွာသိပါတယ်။ သူတို့နဲ့ ကမ္ဘာပေါ်က ထိပ်တန်းပညာရှင်တွေပေါင်းပြီး ကမ္ဘာပျက်ကိန်းကို ဖြေရှင်းဖို့ အဖြေရှာကြပါတယ်။ အကောင်အထည်ဖော်တော့ အမေရိကန်ပညာရှင်က ပရောဂျက်ခေါင်းဆောင်ပေါ့လေ။ဒါတွေက မထူးခြားနားတဲ့ ဖန်တရာတေ မွဲပြာပုဆိုးတွေပါ။ ဒါပေမဲ့ ဖန်တရာတေဇာတ်ကားတွေကို မက်မက်မောမောကြည့်ကြတဲ့ အကြောင်းအရင်းကလည်း ရှိပါတယ်။ ဇာတ်လမ်းခိုင်မာတာ၊ ကမ္ဘာပျက်ရမယ့်အကြောင်းအရင်းက ယုတ္တိရှိပြီး စနစ်တကျ တွက်ချက်ထားတာ၊ ဇာတ်ကောင်စရိုက်ပီပြင်တာ၊ လူ့သဘော လူ့သဘာဝကို မီးမောင်းထိုးပြနိုင်တာ၊ အစရှိသဖြင့်ပေါ့‌လေ။ အသံစနစ်နဲ့ ရုပ်ထွက်ပိုင်း၊ ကွန်ပျူတာအထူးပြုလုပ်ချက်တွေကလည်း အစစ်လို့ မှတ်ထင်ခံစားသွားရလောက်အောင် ပြောင်မြောက်ပေတာကိုး။ကမ္ဘာကြီးက အူတိုင်မှာ လည်ပတ်နေတဲ့ သံချော်ရည်ပူကြီးကြောင့် လျှပ်စစ်သံလိုက်စက်ကွင်းဖြစ်တည်လာပြီး ကမ္ဘာကို ကာကွယ်ပေးထားပါတယ်။ သံလိုက်စက်ကွင်းက လူသားတွေ မခံနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ဖြစ်မလာနိုင်အောင် တားဆီးထားနိုင်သလို ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ လျှပ်စစ်ပစ္စည်း၊ လမ်းကြောင်းပြစနစ်တွေကလည်း အဲဒီသံလိုက်စက်ကွင်းကို မှီခိုနေရတာပါ။အူတိုင်မှာ ချော်ရည်တွေ စက်ဝိုင်းပုံလည်ပတ်နေတာ ...
movie

The Core (2003)

Along Came a Spider (2001) 6.4
Along Came a Spider (2001) မင်းသားကြီး မော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားပြီး2001 တုန်းကထွက်ရှိခဲ့တဲ့ မှုခင်းအက်ရှင်‌ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စိတ်ပညာရှင်/စုံထောက်ဒေါက်တာ အဲလက်စ် ခရော့စ် (မော်ဂန် ဖရီးမန်း) ဟာစစ်ဆင်ရေးတစ်ခုမှာ သူ့ရဲ့တွဲဖက်ကို ဆုံးရှုံးလိုက်ရပြီးကတည်းကသူ့ကိုယ်သူခွင့်မလွှတ်နိုင်ပဲ၊ ဘဝကြီးကိုလည်းရည်ရွယ်ချက်မရှိဖြတ်သန်း‌နေသူပါ။ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်အပြီး ရှစ်လအကြာမှာတော့ပြည်နယ်လွှတ်တော်အမတ် ဟန့်ခ် ရို့စ်ရဲ့ကိုယ်ပိုင်ကျောင်းတစ်ခုမှာကျောင်းတက်နေတဲ့သမီးလေး ရို့စ်ဟာ Secret Service ရဲ့စောင့်ရှောက်မှုအောက်မှာရှိနေရင်းနဲ့ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ဒီလိုနဲ့ အဲလက်စ်ဆီကို ပြန်ပေးသမားကဖုန်းဆက်ပြီးသူရဲ့ကစားပွဲထဲကို ဝင်ပါခိုင်းရင်း အဲလက်စ်တစ်ယောက် ပြန်ပေးသမားရဲ့ကစားပွဲကိုနိုင်အောင်ကစားနိုင်မှာလား၊ ရို့စ်ကိုရော အောင်အောင်မြင်မြင်နဲ့ကယ်ထုတ်နိုင်မှာလား၊ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲ၊ဘယ်လိုအလှည့်အပြောင်းတွေရှိလာမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ File size…  2.77 GB /  742 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Drama , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by TMMT
movie

Along Came a Spider (2001)

2001