Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Christopher Russell
5.5
Where Your Heart Belongs (2022)
မက်ကင်ဇီ ဆူလီဗန်က အမေဖြစ်သူဆုံးသွားကတည်းက သူ့မွေးရပ်မြို့ကလေးကို မပြန်ဖြစ်တော့ပဲ အတိတ်က စိတ်ဒဏ်ရာတွေကို ပြန်မခံစားချင်တာကြောင့် နယူးရော့ခ်မြို့မှာ အခြေချကာ အောင်မြင်တဲ့ ဈေးကွက်ရှာဖွေရေးမားကတ်တင်းပညာရှင်အဖြစ် လုပ်ကိုင်နေတဲ့ အချောအလှလေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ ဖြစ်ချင်တော့ သူမရဲ့အခင်ဆုံးသူငယ်ချင်းက မင်္ဂလာဆောင်တော့မှာဖြစ်ပြီး မင်္ဂလာပွဲကို မွေးရပ်မြို့ကလေးမှာ ပြန်လုပ်ချင်တဲ့အတွက် သူမကို ပွဲစီစဉ်ကူဖို့ အကူအညီတောင်းလို့ မွေးရပ်မြို့ကလေးကို ပြန်လာရပါတော့တယ်။ အဲဒီအချိန်မှာ အထက်တန်းတုန်းက သူမကို သဘောကျခဲ့တဲ့ အဆက်ဟောင်း ဒေလန်ဟာ အရင်လိုမဟုတ်တော့ပဲ ရင့်ကျက်ခန့်ညားလာကာ သူတို့နှစ်ယောက်သား အတူတူ မင်္ဂလာပွဲစီစဉ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ဒီတော့ မက်ကင်ဇီတစ်ယောက် ဒေလန်နဲ့ ပြန်အဆင်ပြေသွားမလား၊ အမေဖြစ်သူဆုံးသွားတုန်းက ရခဲ့တဲ့ စိတ်ဒဏ်ရာကို ကုစားနိုင်ပါ့မလားဆိုတာကို ချစ်စရာအလွဲအမှားလေးတချို့နဲ့ ကြည်နူးဖွယ်ကြည့်ရှုရမယ့် romance comedy ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.5 GB)/(770 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:26:00 Genre... Family, Romance Subtitle….Myanmar Subtitle ...
movie
Where Your Heart Belongs (2022)
6.1
A Costa Rican Wedding (2024)
ကော်စတာရီကာဆိုတာနဲ့ ကမ်းရိုးတန်းတွေ၊ အပူပိုင်းသစ်တောတွေနဲ့ ဌာနေတောရိုင်းတိရစ္ဆာန်တွေကြောင့် နာမည်ကြီးလှပါတယ်။ နောက်တစ်ခုကတော့ ချစ်သူတွေအတွက် ပျားရည်ဆမ်းခရီးထွက်ဖို့ရာနေရာတစ်ခု အနေနဲ့လည်း နာမည်ကြီးပြန်တယ်။ အချစ်ရဲ့အငွေ့အသက်တွေပြည့်နေတဲ့ ကော်စတာရီကာက ချစ်သူတွေအတွက် လောကနိဗ္ဗာန်ဘုံ တစ်ခုဖြစ်သလို အသည်းကွဲနေတဲ့သူတွေအတွက်လည်း အချစ်ကို ပြန်လည်တွေ့ရှိနိုင်တဲ့နေရာတစ်ခုလို့ဆိုရင် မှားနိုင်မယ်မထင်ဘူး။အသည်းကွဲနေတဲ့ ဆရာဝန်မလေး အမ်မလီတစ်ယောက် အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဖိုဘီ နဲ့ ဂျမဲလ်တို့ရဲ့ ကော်စတာရီကာမှာလုပ်မယ့် မင်္ဂလာပွဲအတွက်ကူညီပြင်ဆင် ပေးနေသူပေါ့။ နှစ်ဖက် မိသားစုဆုံချိန်မှာတော့ သူလုံးဝကြည့်မရခဲ့တဲ့ ရိုင်ယန်ဆိုတဲ့ အမျိုးသားကပါ သတို့သားရဲ့မိသားစုဝင်အနေနဲ့ပါလာတော့ အမ်မလီတစ်ယောက် စိတ်ရှုပ်သွားခဲ့ရတယ်။ ပိုဆိုးတာကတော့ ရှပ်ပြာပြာအမ်မလီတစ်ယောက် လက်ထပ်လက်စွပ်ထည့်လာတဲ့ ကျောပိုးအိတ်ကို မျောက်တွေလုသွားတဲ့အခါ သူတို့ဘာဆက်လုပ်ကြမလဲ? မင်္ဂလာပွဲကရော ဆက်လက်ကျင်းပနိုင်မှာလား? အမ်မလီရဲ့ကြေကွဲနေတဲ့ နှလုံးသားကိုရော ကော်စတာရီကာက ကုစားပေးနိုင်မှာလား?အချစ်ဟာသကားလေးမို့ကြည့်ရတာ ပေါ့ပေါ့ပါးပါးလေးဖြစ်မှာပါ။ ကိုယ့်ကိုအမှတ်ပေးဆိုရင်တော့ 7.5/10 လောက်တော့ ပေးပါမယ်။ File size…(1.8 GB)/(1.1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. ...
movie
A Costa Rican Wedding (2024)
Operation Nutcracker (2024)
ခရစ္စမတ်ပွဲတော်ရဲ့ အငွေ့အသတ်တွေနဲ့ ခရစ္စမတ်ကို အခြေခံထားတဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲလေးတစ်ပုဒ်ဖြစ်ပါတယ်။ ပွဲစီစဉ်သူတစ်ယောက်ဖြစ်တဲ့ လော်တီမော်ဂန်ဟာ တက်ကြွထက်မြတ်ပြီး အရာရာကိုအသေးစိတ်စီစဉ်တတ်တဲ့ အမျိုးသမီးတစ်ဦးပါ....တနေ့ သူမရဲ့အထက်လူကြီးကနေ လော်တီရဲ့ဇာတိဘော်စတွန်တွင်ကျင်းပပြုလုပ်မဲ့ ရန်ပုံငွေပွဲအတွက် အလုပ်လျှောက်ရန် လော်တီကိုလွှတ်လိုက်ပြီး ပွဲစီစဉ်ခြင်းအောင်မြင်ရင် ဘော်စတွန်ရုံးခွဲ ခေါင်းဆောင်နေရာပေးမယ်လို့ ပြောလိုက်ပါတယ်။လော်တီတစ်ယောက် အလုပ်ရသွားပေမဲ့ အလုပ်ရှင်ရဲ့ သားဖြစ်သူမှာ အိတ်မှားခဲ့လို့ လေလံတင်မဲ့ ပစ္စည်းပျောက်သွားတော့ လော်တီ နဲ့ အလုပ်ရှင်ရဲ့သားတို့ ပျောက်သွားတဲ့အိတ်ကို ဘယ်လိုပြန်ရှာကြမလဲ။ လေလံပွဲအမီ အိတ်ကိုပြန်တွေ့ပါမလား ဆိုတောတွေကို ခရစ္စမတ်ပွဲတော် အငွေ့အသက်လေးတွေရောယှက်နေတဲ့ ခရစ္စမတ်အံ့ဖွယ်တွေကိုလည်း ပျော်ရွှင်ကြည်နူးစွာကြည့်ခွင့်ရမဲ့ အချစ်ဟာသဇာတ်မြူးလေး ဖြစ်ပါတယ်။ File size…(1.4 GB)/(763 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw
movie
Operation Nutcracker (2024)
5
Mercy (2023)
Mercy (2023)လောလောလတ်လတ် ပူပူနွေးနွေး အသစ်စက်စက်ထွက်ရှိထားတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။မစ်ရှဲလ်က အာဖဂန်နစ္စတန်မှာ စစ်မှုထမ်းခဲ့ပြီး အခုအချိန်မှာတော့ မာစီဆေးရုံမှာပဲ ဆရာဝန်အနေနဲ့ သားလေးနဲ့အတူ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကွင်းဂိုဏ်းလို့ခေါ်တဲ့ဂိုဏ်းက သားငယ်ရိုင်ယန်ကို FBI ကဖမ်းမိသွားခဲ့ပြီး ဂိုဏ်းကလူတွေက ပြန်ကယ်ဖို့ကြိုးစားရာကနေ သေနတ်ဒဏ်ရာနဲ့လူနာတွေ မစ်ရှဲလ်တို့ဆေးရုံကိုရောက်လာခဲ့ပါတယ်။ရိုင်ယန်ကိုကယ်ထုတ်ဖို့ သူ့အစ်ကို ရှောန်အပြင် သူ့အဖေ ပက်ဒီနဲ့ ကွင်းဂိုဏ်းသားတွေပါရောက်လာခဲ့ပြီး ဆေးရုံတစ်ခုလုံးကိုဓားစာခံလုပ်လိုက်တဲ့အပြင် သူ့သား ဘော်ဘီကိုပါ ဖမ်းလိုက်ချိန်မှာတော့ ဆေးထိုးအပ်ကိုင်တဲ့ မစ်ရှဲလ်တစ်ယောက် သေနတ်ပြန်ကိုင်ရပါတော့တယ်။အက်ရှင်ကားဆိုပေမယ့် အချိန်ပြည့်ဝုန်းဒိုင်းပစ်ခတ်နေတာမဟုတ်ဘဲ လိုအပ်မှပစ်ခတ်တာတွေရှိတာကြောင့် မျက်စိသိပ်မနောက်ရဘူးလို့ပြောနိုင်ပါတယ်။National Treasure, Transformers နဲ့ Enemy of the state အပြင် တခြားနာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်ထားတဲ့ မင်းသားကြီး Jon Voight အပြင် တခြားသရုပ်ဆောင်ကောင်းတွေပါဝင်တာကြောင့် အပျင်းပြေကြည့်ရှုဖို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားလို့ ညွှန်းချင်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie
Mercy (2023)
2023
6.3
Warming Up to You (2022)
Warming Up to You (2022) ===================== IMDb Rating - 6.3/10ဒီဇာတ်ကားလေးကတော့ လတ်တလောခေတ်စားနေတဲ့ ဇာတ်လမ်းမျိုးဖြစ်တဲ့ gym trainer ကောင်မလေးနဲ့ နာမည်ကျော်မင်းသားတစ်ယောက်တို့ရဲ့ ရိုမန့် ဇာတ်လမ်းလေးလို့ပဲ ဆိုကြပါစို့။ကျန်းမာရေးအတွက်ပဲ အမြဲအဓိကထားပြီး လေ့ကျင့်ပေးတတ်လို့ ပေါ်ပင်တွေ နောက်လိုက်တတ်တဲ့ Gym နဲ့ အမြဲကတောက်ကဆဖြစ်ရတဲ့ ပါဆင်နယ်ထရိန်နာမလေး ကိတ်ဝို့ဖ်။နာမည်ကြီးမင်းသားတစ်လက်ဖြစ်ပေမယ့် body structure ကို ဂရုမစိုက်ဘဲ စားချင်သလိုတွေစားလို့ ကြွက်သားတွေပျောက် ဝဖိုင့်လာရတဲ့ မင်းသား ရစ်ခ်စတီးလ်။ တစ်နေ့မှာ ရစ်ခ် ရဲ့ စတူဒီယိုကနေ ပါဆင်နယ်ထရိန်နာအဖြစ် လေ့ကျင့်ပေးဖို့ ကိတ် ကို ငှားရမ်းလာတဲ့အခါ၊ စတွေ့ကတည်းက ကြောင်နဲ့ ကြွက်လို အမြင်မတည့်ခဲ့ကြတဲ့ သူတို့နှစ်ယောက် ထရိန်နင်ဆင်းကြတဲ့အခါ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ရိုမန့်စ် လေးတွေရောပြီး ပေါ့ပေါ့ပါးပါးလေး စီးမျောခံစားကြည့်ရဦးမှာပါ။ ကိုယ့်ရဲ့ ကလိုင်းရန့်နဲ့ လုံးဝ ဒိတ်မလုပ်ဘူးလို့ ကြွေးကြော်ထားခဲ့တဲ့ ကိတ် အတွက်ရော ဘယ်လို challenge တွေဖြစ်လာမလဲဆိုတာကတော့ ... ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာ Christie Will Wolf ...
movie
Warming Up to You (2022)
2022
6.2
Land of the Dead (2005)
Land of the Dead (2005)Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့နောက် Old but gold zombie ကားကောင်းတစ်ကားကို CM fanတွေ မကြည့်ဖူးမရှိရအောင် တင်ဆက်ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်ဘေးတစ်ခုကြောင့် တစ်ကမ္ဘာလုံးက လူအများစု ဖုတ်ကောင်တွေ ဖြစ်သွားတဲ့နောက် လူကုံထံတွေက လုံခြုံရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီးနေထိုင်ကြပါတယ်၊ ကပ်ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲတွေကိုတော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုးတွေနဲ့ အနီးဆုံးမှာပဲ ပေးနေပါတယ်၊ ရိက္ခာကိုတော့ ကြေးစားလူစွန့်စားတွေကို ငှားရမ်းပြီး ဖုတ်ကောင်တွေပြည့်နေတဲ့ မြို့ပျက်ငယ်တွေမှာ ရှာဖွေခိုင်းပြီး အသက်ဆက်နေကြတာပါ။ရိုင်လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ ကြေးစားအဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာတော့ ဖုတ်ကောင်တွေက လမ်းလျှောက်တတ်တဲ့ လူသေကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်နေ့မှာတော့ ဆင့်ကဲပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသားတွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ ...
movie
Land of the Dead (2005)
6.1
The Right Kind of Wrong
Leo the dishwasher falls in love with a bride on the day of her wedding - to another man.အပန်းဖြေကြည့်ဖို့အတွက် The Right Kind of Wrong ဆိုတဲ့ Romance Comedy လေးတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ဒ်ီကားလေးဟာဆိုရင် လီယိုပါလာမီနိုဆိုတဲ့ လူတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာပါ။သူဟာဆိုရင် စိတ်ကူးအကြီးကြီးယဉ်လေ့ရှိပြီး မဖြစ်နိုင်တာတွေကိုတောင့်တတက်တဲ့ လူတစ်ယောက်ပါ။ဘေးက်နေအကြံပြုဝေဖန်တာတွေကို ဂရုမစိုက်သလို လုံးဝနားထောင်လေ့မရှိပါဘူး။သူ့အိပ်မက်က စာရေးဆရာတစ်ယောက် ဖြစ်ချင်တယ်ဆိုပေမဲ့ နာမည်ကျော်ထုတ်လုပ်ရေးနဲ့ကျမှ ဖြန့်ချီမယ်ဆိုပြီး ရည်မှန်းသူပါ။အလိုက်လဲမသိတက် မိန်းမကိုလည်း ကြင်နာရကောင်းမှန်းမသိတဲ့ သူဟာ မိန်းမနဲ့လည်းအဆင်မပြေဖြစ်လာပါတယ်။ဒါကိုသူ့မိန်းမက Why You Suck ဆိုတဲ့နာမည်နဲ့ ဘလော့တစ်ခုထောင်ပြီး သူ့အကျင့်ဆိုးတွေကိုရေးသားပါတယ်။ဒီလိုနဲ့ သူတို့ကွဲကျတဲ့ အချိန်မှာသူက ပန်ကန်းဆေး သမားဘ၀ရောက် သူ့မိန်းမကတော့ Why You Suck ဘလော့နဲ့နာမည် ကြီးသွားပါတော့တယ်။သူလဲ ...
movie
The Right Kind of Wrong
2013