Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Christopher Meloni
6.8
(18+) The Diary of a Teenage Girl (2015)
မီနီဆို တဲ့ ကာတွန်းရေးဆွဲသူအဖြစ်ဆန္ဒပြင်းပြတဲ့ ၁၅ နှစ်အရွယ်ကောင်မလေးက ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားမှုရှိလာတဲ့ အချိန် သူမ အမေရဲ့ ရည်းစားဖြစ်သူနဲ့ပက်သက်မိတဲ့အချိန်မှာတော့ ........ဒီဇာတ်ကားကတော့ ကာတွန်းရေးဆွဲသူလည်းဖြစ် တဲ့ စာရေးဆရာမ Phoebe Gloeckner ရဲ့ ၂၀၀၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာအုပ်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်၊ ကဗျာရော ကာတွန်းရော နှစ်မျိုးစပ်ထားလို့ ထင်ရှားတဲ့စာအုပ်တအုပ်ဖြစ်ပါတယ်။အချိန်က ၁၉၇၆ ခုနှစ် ဆန်ဖရန်စစ္စကို ကယ်လဖိုးနီးယားမှာနေထိုင်တဲ့ ၁၅ နှစ်အရွယ် မီနီ ဆိုတဲ့ကောင်မလေးက သူ့ အပျိုစင်ဘဝကို သူမအမေရဲ့ရည်းစားဆီမှာဆုံးရှုံးလိုက်တဲ့ အချိန်မှာတော့ သူမကိုယ်တိုင် ခံစားချက်တွေ, အတွေ့အကြုံတွေ/ ဆယ်ကျော်သက်ကောင်မလေး တယောက်ရဲ့ စိတ်အတက်အကျ တွေ တိတ်ခွေဒိုင်ယာရီ နဲ့ အသံသွင်းပြောပြထားတာကို တင်ဆက်ပြသထားပါတယ် ..... File size…(1.5 GB)/(650 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie
(18+) The Diary of a Teenage Girl (2015)
7.0
Green Lantern: First Flight (2009)
Green Lantern: First Flight 2009 IMDb 7.0/10 Genre: Animation/Action/AdventureGreen Lantern ဆိုတဲ့ Ryan Reynolds ရဲ့ ၂၀၁၁ က ရုပ်ရှင်ကို ကြည့်ဖူးကြမှာပါ။ ဒါက မူလပထမ ကာတွန်းရုပ်ရှင် Green Lantern ဖြစ်ပါတယ်။ Green Lantern တစ်ဖြစ်လဲ ဟဲလ်ဂျော်ဒန်ဟာ ကမ္ဘာမြေပေါ်မှာ လေ့ကျင့်ပျံသန်းနေတုန်း အစိမ်းရောင် ရောင်ခြည်တန်းတွေရဲ့ ခေါ်ဆောင်ရာနောက်ပါသွားပါတယ်။ပျက်ကျလာတဲ့ ယာဥ်ပျံပေါ်မှာပါလာတာက Lantern Corps ရဲ့ ထိပ်သီးတစ်ယောက်ပါ။ သူမသေဆုံးခင် စွမ်းအင်လက်စွပ်ကို ဟဲလ်ဂျော်ဒန်ဆီ လွှဲပေးလိုက်ပြီးနောက်မှာ တာဝန်တွေ ဝတ္တရားတွေက ဟဲလ်ဂျော်ဒန်အတွက် ဖြစ်လာပါတော့တယ်။ ကစဥ့်ကလျား စကြဝဠာကြီးမှာ ဟဲလ်ဂျော်ဒန် တစ်ယောက် အသားကျပါ့မလား။ တာဝန်တွေကို ထမ်းဆောင်နိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရတော့မှာပါFile size… 1.4 GB / 678 MB Quality… BluRay ...
movie
Green Lantern: First Flight (2009)
6.7
IF (2024)
ဒက်ပူးမင်းသား ရိုင်ရန်ရေးနိုးရဲ့ လူတစ်ဝက်ကာတွန်းတစ်ဝက် ရုပ်ရှင်အသစ်လာပါပြီ။ဒါရိုက်တာနဲ့ ဇာတ်ပို့ကတော့ The Officeဇာတ်လမ်းတွဲထဲက မင်းသား John Krasinski ပါပဲ။Walking Dead ထဲက မင်းသမီးလေးCailey Fleming ကတော့ အဓိက မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************ကလေးတိုင်းမှာ စိတ်ကူးယဉ်သူငယ်ချင်းတွေရှိတတ်ကြပါတယ်။ သူတို့ အကျင့်စရိုက်အတိုင်း၊သူတို့ဆန္ဒအတိုင်း ပုံဖော်မိထားတဲ့ သူငယ်ချင်းလေးတွေပေါ့။ ပုံစံအစုံ ရှိနိုင်ပါတယ်။ အဲဒီသူငယ်ချင်းတွေက သူတို့ကိုယ်သူတို့ What If"အကယ်၍" ဆိုပြီး နာမည်ပေးထားတယ်။အဲဒီလို စိတ်ကူးယဉ်သူငယ်ချင်းတွေရဲ့သနားစရာကောင်းတဲ့အချက်ကတော့ သူတို့ကိုဖန်တီးတဲ့ ကလေးတွေ ကြီးလာတဲ့အခါ သူတို့ကိုမေ့သွားပြီး မမြင်နိုင်တော့သလို သူတို့အချင်းချင်းကလွဲပြီး ဘယ်သူမှမမြင်နိုင်ပါဘူး။ တစ်နေ့မှာတော့အဲဒီ စိတ်ကူးယဉ်သူငယ်ချင်းတွေ အကုန်လုံးကိုမြင်နိုင်တဲ့ ကလေးမလေးတစ်ယောက်ကသူတို့အားလုံးကို ကလေးသူငယ်ချင်းတစ်ယောက်စီပြန်ရှာပေးဖို့ ကြိုးစားပါတော့တယ်... File size…2.13GB / 972MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Animation , Comedy , Drama Subtitle….Myanmar Subtitle ...
movie
IF (2024)
7.1
Man of Steel (2013)
DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Man of Steel (2013)
2013
4K HEVC
Snatched (2017)
အန်မလီဟာ ကောင်လေးနဲ့အတူ အီကွေဒေါကိုခရီးသွားဖို့အတွက် ခရီးစဉ်အစအဆုံးကို ငွေချေပြီးသားပါ..သွားခါနီးမှာပဲ ဘဝတက်လမ်းကြောင့်ဆိုပြီးလမ်းခွဲခံလိုက်ရပါတယ်။အန်မလီတစ်ယောက် ရည်းစားနဲ့ပြတ်၊ အလုပ်ကလည်းပြုတ်၊သူငယ်ချင်းလည်းတစ်ယောက်မှမရှိတဲ့အပြင်ဝယ်ထားတဲ့ ခရီးစဉ်ကလည်း ငွေပြန်အမ်းလို့မရတဲ့ခရီးစဉ်ဖြစ်နေတာကြောင့်အမေနဲ့အတူတူ ခရီးစဉ်ကိုသွားဖို့ဖြစ်လာပါတယ်။ခပ်ပေါ့ပေါ့တွေးပြီး နေတတ်တဲ့အန်မလီနဲ့ ဂရုတစိုက် အားလုံးကို အသေးစိတ်တတ်တဲ့အန်မလီ့အမေတို့ခရီးတစ်ခုတည်းအတူသွားတဲ့အခါ ဖြစ်လာတတ်တဲ့အလွဲလေးတွေအပြင်အယုံလွယ်တတ်တဲ့ အန်မလီကြောင့် သားအမိနှစ်ယောက်ပြန်ပေးဆွဲခံခဲ့ရတဲ့အခါမှာ ဘယ်လိုမျိုး ပြန်လွတ်အောင်ကြံဆောင်ကြမလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲဆိုတာလေးတွေကိုဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အပြင်သားအမိနှစ်ယောက်ကြား ခံစားချက်လေးတွေပါကြည့်ရှုရမယ့်ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်။ File size… 1.7 GB / 828 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia
movie
Snatched (2017)
2017
Carriers (2009)
ကမ္ဘာပျက်ကိန်း Apocalypse နဲ့ပတ်သက်တဲ့ဇာတ်ကားတွေကြိုက်သူများအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ဒီဇာတ်ကားမှာ မင်းသား Chris Pine က Lead အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ လူသားမျိုးနွယ်တွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ ကူးစက်မြန်ဗိုင်းရပ်စ်တစ်မျိုးရဲ့ရန်ကနေ ရှောင်ရှားထွက်ပြေးရင်း လမ်းပေါ်မှာတွေ့ကြုံရတဲ့ အခက်အခဲများစွာကို ကြိုးစားဖြတ်ကျော်ပုံတွေကို သဘာဝကျကျ ရိုက်ကူးတင်ပြထားတာပါ။Survival of the fittest ဆိုတဲ့စကားအတိုင်း ဗိုင်းရပ်စ်ဆီကနေရှောင်ရှားဖို့အတွက် ကျန်ရစ်သူတွေက စည်းမျဥ်းတွေအတိုင်းလိုက်နာပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာနေနိုင်မှသာ အသက်ရှင်နိုင်မှာပါ။ ဒါကြောင့်မို့ အသက်အန္တရာယ်နဲ့တွေ့ရတဲ့အခါ လူသားအချင်းချင်းတောင် ကိုယ်လွတ်မြောက်နိုင်ဖို့အတွက် ဘယ်သူ့ကိုမှ မငဲ့ညှာဘဲ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရပုံများနဲ့ အဖြူအမဲဒွန်တွဲနေတဲ့လူ့သဘာဝကို အပြင်လောကကြီးအတိုင်း လက်တွေ့ဆန်စွာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(900 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vader
movie
Carriers (2009)
7.5
42 (2013)
ဒီတစ်ခါ CM Fan တွေ အတွက် Black Panther ရုပ်ရှင်ကားနှင့်ပိုပြီးလူသိများ ကျော်ကြားခဲ့သော ကွယ်လွန်သွားပြီဖြစ်တဲ့မင်းသားChadwick Boseman ရဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးတော့အမေရိကန်နိုင်ငံရဲ့ ရှေ့တန်းထွက်နေရတဲ့သူအားလုံးအမိမြေကိုပြန်လာကြပါတယ်။အဲဒီမှာ အာဖရိကန်-အမေရိကန်လူမျိုးတွေလည်းပါပါတယ်။သူတို့ဟာ နာဇီစစ်တပ်ရဲ့လူမျိုးရေးခွဲခြားမှုကို တိုက်ခိုက်အနိုင်ယူခဲ့ကြပေမယ့်အမိမြေပြန်ရောက်တဲ့အချိန်မှာတော့ သူတို့အပေါ်လူမျိုးရေးခွဲခြားမှုကြီးက စောင့်ကြိုနေပါတယ်။သူတို့ဟာ လူဖြူတွေနဲ့ အိမ်သာအတူတူသုံးခွင့်မရှိဘူး၊ရေချိုးခန်းတစ်ခန်းထဲအတူသုံးခွင့်မရှိဘူး၊ ဟိုတယ်ထဲတည်းခွင့်မရှိဘူးစတဲ့ခွဲခြားမှုပေါင်းမျိုးစုံရှိနေတာပါ။ဒီလိုအဖြစ်မျိုးက အမေရိကန်တစ်နိုင်ငံလုံးမှာဖြစ်ပျက်နေတာပါ။ဘေ့စ်ဘောလောကမှာလည်း အတူတူပါပဲ။၁၉၄၆ ခုနှစ်မှာ စာရင်း၀င်ဘေ့စ်ဘောအသင်း ၁၆သင်းရှိခဲ့ပြီးစာရင်း၀င်ကစားသမား အယောက် ၄၀၀ရှိခဲ့ပါတယ်။အဲဒီအယောက် ၄၀၀လုံးကလည်း လူဖြူတွေပါ။ဒါပေမယ့် ၁၉၄၇ ခုနှစ်ရောက်တော့ ဘရွတ်ကလင်ဒေါ့ဂျာစ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့မစ္စတာရစ်ကီဟာ လူမည်းကစားသမား ဂျက်ကီရော်ဘင်ဆင်ကို ခေါ်ယူခဲ့ပါတယ်။ဒီလိုခေတ် ဒီလိုအခါမှာ လူမည်းကစားသမားကိုထခေါ်တော့ကန့်ကွက်သူပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီး ကျောနံပါတ်၄၂ ဂျက်ကီရော်ဘင်ဆင်ကလည်းကစားပွဲထဲမှာရော ကစားပွဲပြင်ပမှာပါလူမျိုးရေးခွဲခြားမှုတွေ၊ ခြိမ်းခြောက်စာမျိုးစုံကိုပါ ရခဲ့ပါတယ်။ဒါပေမယ့် သူတို့ဟာ ဒီခွဲခြားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီးအနိုင်ရဖို့ ကြိုးစားအားထုတ်ခဲ့ကြတာကိုတွေ့ရပြီးဘေ့စ်ဘောလောကကြီးက လူမျိုးရေးခွဲခြားမှုကိုဘယ်လိုမျိုးပြောင်းလဲခဲ့လဲဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size… 1.82 GB / 894 ...
movie
42 (2013)
2013
7.0
Harold & Kumar Go to White Castle (2004)
Harold & Kumar Go to White Castle (2004) Genre - Comedy, Adventure IMDB - 7.0/10ခင်ဗျားတို့ ဆေးခြောက်/ဝိသောက်ပြီး ဘယ်လောက်ထိစားသောက်ဖူးကြလဲ စားချင်စိတ်ဖြစ်ကျလဲ(ကျွန်တော်ကတော့ လမ်းဘေးထမင်းကြော်ကိုလိုက်ပွဲ ၆ ပွဲနဲ့ ဟင်းအပို ၃ ပွဲထိ စားဖူးတယ် ဤကား စကားချပ်)။ဒီရုပ်ရှင်ရဲ့ အဓိကအကြောင်းအရာကလည်းအဲဒီလို ဝိကွဲပြီး သွားငတ်ကြီးကျလို့ ဘေးကပ်ပေါင်း ၃၆၅ မျိုးလောက် ကြုံရတဲ့ရုပ်ရှင်။ဒီကားထဲက ဘဲနှစ်ပွေက တော်တော်စားတယ်၊။တစ်ယောက်က ကိုရီးယားကကောင် ကင်ချီသားသူကတော့ ဘဝကို ပုံမှန်အလုပ်လုပ်ပြီး ဖြတ်သန်းနေသူတစ်ယောက်။နောက်တစ်ယောက်ကကျ အိန္ဒိယား အာပနား ပရမ်းပတာကောင်စာတော်ပေမယ့် အလေကောင်ပေါ့ဗျာ။ဒီနှစ်ယောက်က တိုက်ခန်းမှာ တူတူနေကြတာအလုပ်ပိတ်ရက်ဆို ဝိလေးကိုင်ပြီး ကွဲပြဲနေကြတဲ့ နှစ်ယောက်ပေါ့ဗျာ။တစ်ရက်ကျ ကင်ချီသားက သောကြာနေ့လေးအိမ်ပြန်နှပ်မလို့ကို အလုပ်ကကောင်တွေ ဂျင်းထည့်လို့အိမ်က အာပနားကိုတော်ပြီ အလုပ်ပါလို့ ဆေးခြောက်မသောက်ဘူးတားတာကို အာပနားက ဇွတ်မြူဆွယ်တာနဲ့ နှစ်ကောင်သား ချကြရော။အဲဒီမှာ ကွဲပြဲလာတော့ ...
movie
Harold & Kumar Go to White Castle (2004)
2004
6.5
Sin City: A Dame to Kill For (2014)
Sin City: A Dame to Kill For ( 2014 )2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.to/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ ...
movie
Sin City: A Dame to Kill For (2014)
1080p HEVC
6.7
Runaway Bride(1999)
Runaway Bride(1999)********************မင်းသားကြီး Richard Gere နဲ့ Julia Robertငယ်စဉ်က ဇာတ်ကားဖြစ်တဲ့အတွက်အထွေအထူးပြောနေစရာလိုမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဆောင်းပါးရေးဆရာ Ikeက ပင်တိုင်ဆောင်းပါးအတွက်ဘုံဆိုင်က အမူးသမားတစ်ယောက်ပြောပြတဲ့ မင်္ဂလာဆောင်ခါနီးထွက်ထွက်ပြေးသွားတဲ့သူတို့သမီးအကြောင်းရေးဖြစ်သွားပါတယ်။ ဒီဆောင်းပါးဟာ ဟိုးလေးတကျော်ကျော်ဖြစ်သွားပြီးIkeရဲ့အရေးအသားတွေကြောင့် အမျိုးသမီးဝါဒဆန့်ကျင်ရေးသမားအဖြစ် Ikeဟာ အလုပ်ပြုတ်သွားပါတယ်။သူ့ဂုဏ်သိက္ခာ အဖက်ဆယ်နိုင်အောင်နဲ့ အလုပ်ပြန်ရဖို့အတွက်အဲဒီရှောင်ပြေးသူတို့သမီးရှိရာမြို့ငယ်လေးဆီကို သူ့အကြောင်းစုံစမ်းဖို့ Ikeသွားခဲ့ပါတယ်။မြို့ငယ်လေးဆီရောက်တဲ့အခါ Ike ဘာတွေကြုံရမလဲ ရှောင်ပြေးသူတို့သမီးကရောဘာလို့မင်္ဂလာဆောင်ခါနီးမှ ထွက်ထွက်ပြေးနေရတာလဲသူတို့ကြားမှာရော ဘယ်လိုအကြောင်းတွေဖန်လာမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်။ File Size :(2.3GB)(946 MB) and (304MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…01:59:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie
Runaway Bride(1999)
8.0
Twelve Monkeys (1995)
[Unicode]12 Monkeys (1995)ဒီရုပ်ရှင်က ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ ဥပမာပေးရရင် ဟိုးတုန်းက ကြက်ဥနဲ့ကြက်မ ဘယ်ဟာ အရင်ဖြစ်သလဲဆိုတဲ့Paradoxလိုပါပဲ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေက ကြက်ဥခွံမှာပါတဲ့ ဒြပ်တစ်မျိုးကို ကြက်မကသာထုတ်နိုင်တယ်ဆိုတာ အတည်ပြုပြီးစီးခဲ့တဲ့အတွက် တခြား ဥပမာတစ်ခုပြောင်းသုံးပါမယ်။ ဘုရားသခင်သာ အရာအားလုံး လုပ်နိုင်တယ်ဆိုရင်သူမ နိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းနိုင်ပါသလားဆိုတဲ့ Omnipotence paradoxပါ။ဘုရားသခင်က သူမနိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းလိုက်တယ်ဆိုရင်လည်း သူအရာအားလုံး မလုပ်နိုင်တော့ပါဘူး။ မဖန်ဆင်းဘူးဆိုရင်လည်း သူ အရာအားလုံး မလုပ်နိုင်သေးပြန်ပါဘူး။ ဒီရုပ်ရှင်ကလည်း ဒီလိုပါပဲ ကိုယ့်အမြှီး ကိုယ်ပြန်မြိုထားတဲ့ မြွေတစ်ကောင်ပါပဲ။1996မှာစပြီး လေထုထဲ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာမြေမျက်နှာပေါ်မှာ လူတွေနေလို့မရတော့ပါဘူး။ လူသားတွေဟာ မြေအောက်ထဲမှာ မြေကြွက်တွေလို ရှင်သန်နေရပါတယ်။ 2035မှာတော့သိပ္ပံပညာတိုးတက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ယန္တရားကို တီထွင်နိုင်ခဲ့ပါပြီ။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကမ္ဘာ့လေထုထဲ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရဲ့ mutation ဖြစ်မသွားခင် မူလပုံစံရဲ့ အချက်အလက်တွေကို အတိတ်ကနေ ပြန်စုံစမ်းဖို့ အခွင့်အရေးရလာပါတယ်။ ကောက်ချက်တွေအရတော့ 12monkeysလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်ကို ဖြန့်ခဲ့တာ သိထားပါပြီ။ 12monkeysကို ...
movie
Twelve Monkeys (1995)
Fear and Loathing in Las Vegas (1998)
အားလုံးရဲ့အချစ်တော် ဂျွန်နီဒက်ပ်ရဲ့ Las Vegasမှာကြမ်းတဲ့ ရုပ်ရှင်လာပါပြီ။ ကျွန်တော်တို့တွေ အရမ်းကြိုက်ကြတဲ့ Spidermanသရုပ်ဆောင် တိုဘီမက်ဂွိုင်းယားလည်းပါဝင်အားဖြည့်ထားတဲ့အပြင် Cars animationမှာပါဝင်ခဲ့တဲ့ကက်သရင်း ဟယ်မွန်လည်းပါတော့ သိပ်ကိုကောင်းပေါ့။ ဂျွန်နီဒက်ပ်က ဒီကားနဲ့ Best Foreign Actorဆုကိုရထားပါသေးတယ်။ဇာတ်လမ်းကတော့ ရာအိုးဒု(ဂျွန်နီဒက်ပ်)က သတင်းစာပညာပါရဂူတစ်ယောက်ပါ။ သူ့မှာ သွားအတူတူ၊လာအတူတူ၊စားအတူတူ၊ဆေးအတူတူသုံးနေကြ ဒေါက်တာဂွန်ဇွန်လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူငယ်ချင်း၂ယောက် သုံးစားနေကြတုန်း ဆိုင်ကယ်ပြိုင်ပွဲသတင်းသွားယူဖို့ Las Vegasဆီသွားဖို့ အကြောင်းဖန်လာပါတော့တယ်။ဆေးသမား၂ယောက် Las Vegasမှာ ဘာတွေမွှေကြမလဲ၊ ဘယ်လိုတွေဖြေရှင်းကြမလဲ၊ ဘယ်လိုတိုင်တွေပတ်ကြမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Personallyအရဆိုရင် Story Buildပိုင်းဖြစ်တဲ့ ရှေ့ပိုင်းမိနစ်၃၀လောက်တော့ စမ်းတဝါးဝါးဖြစ်နေပင်မယ့် အဲ့နောက်ပိုင်းမှာတော့ ရုပ်ရှင်က ကြည့်ရတာတော်တော်ကောင်းပါတယ်။ ဆေးသမား၂ယောက် ဆေးမူးပြီး တိုင်ပတ်ကြတာတွေ ပလပ်ကျွတ်နေတာတွေနဲ့ကို တစ်ခါတလေရယ်ရတဲ့အခန်းလေးတွေပါပါသေးတယ်။ ညဘက် Beerလေးသောက်ရင်း ဆေးလိပ်လေးဖွာရင်းနဲ့ chillရင် အတော်ကိုကောင်းဖို့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။File size…(2.83GB) / (1.5GB) / (761.39MB) Quality…. Web 1080P ...
movie
Fear and Loathing in Las Vegas (1998)
6.6
Harold & Kumar Escape from Guantanamo Bay 2008
ဒီကားလေးက အများစုသိကြတယ့် ဟာရိုး နဲ့ ကူးမားကားတွေထဲက Guantanamo Bay ဇတ်လမ်းပါWarning (16+)ဒီကားကို ၂၀၀၈ ခုနှစ်က ရိုက်ကူးခဲ့ပြီး 18 +အခန်းတွေ နည်းနည်းပါပါတယ်။ american ဟာကကားဆို တော့ နည်းနည်း ပွင့်လင်းတာပေါ့။IMDb ၆.၆ ၊ Rotten Tomatoes ၅၃% ရရှိထားပါတယ်။ ဟာသကားကြိုက်ရင် ဒီrating တွေ ကိုကြည့်မနေနဲ့  ဒီကားကိုသာကြည့်လိုက်ပါ။ ဘတ်ဂျတ်၁၂ မီလံယံ နဲ့ ရိုက်ကူးခဲ့ပြီး Box office မှာ ၄၃ မီလီယံ ပြန်လည်ရရှိခဲ့ပါတယ်။ ကဲ ....ဇာတ်လမ်းပိုင်းမှာတော့ ဟာရိုရဲ့  ပုံစံကသန့် သန့် ပြန့် ပြန့် နေတက်တဲ့ ကိုရီးယားကောင်၊ကူးမားကတော့ ညဏ်ကောင်းပေမယ့် ခေါင်းထဲမှာအိပ် ၊ စား ၊ ကာမ ၊ ...
movie
2008