Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Christopher Læssø
5.8
Copenhagen Does Not Exist aka København findes ikke (2023)
Koebenhavn Findes Ikke (Or) Copenhagen Does Not Exist 2023အီဒါလို့ခေါ်တဲ့ကောင်မလေးဟာ ရုတ်တရက်ကြီး စကားတစ်ခွန်းမှ မပြောဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ တိုက်ခန်းလွတ်တစ်ခုတည်းမှာ ဆန်ဒါ့ကို အီဒါ့အဖေနဲ့ အစ်ကိုနှစ်ယောက်က သော့ခတ်ပြီးတော့ထားထားပါတယ်။ဆန်ဒါဆိုတာကတော့ အီဒါ့ကောင်လေးပေါ့၊ ဒီလိုနဲ့ အီဒါပျောက်ဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဆန်ဒါ့ကို စစ်မေးမြန်းတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ .........အီဒါပျောက်ဆုံးသွားတဲ့ကိစ္စက ဆန်ဒါ့ကြောင့်ရော ဖြစ်နေမလား .... ဆိုတာကို ကြည့်ရှုရမယ့် ဒရာမာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~Alex~ToMo တို့ပဲဖြစ်ပါတယ်) File size… 1.6GB / 573MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Alex~ToMo
movie
Copenhagen Does Not Exist aka København findes ikke (2023)
2023
Nightwatch: Demons Are Forever (2023)
Game of Thronesစီးရီးထဲမှာ ဂျေမီလန်နက်စတာနေရာကပါခဲ့တဲ့ မင်းသားကြီး Nikolaj Coster-Waldauနဲ့ ဒိန်းမတ်မင်းသမီးချောလေး Fanny Bornedalတို့ ပါဝင်ထားတဲ့ ထိတ်လန့်သည်းဖိုအမျိုးအစား ဒိန်းမတ်ရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။အရှင်လတ်လတ် ဦးခေါင်းခွံတွေလှန်ပြီး သိမ်းထားလေ့ရှိတဲ့ စိတ္တဇလူသတ်သမားကြီးမရှိတော့တဲ့အချိန်မှာ ပုံတူကူးတဲ့ အမှုတစ်ခုဖြစ်သွားခဲ့တယ်။ အဲဒီစိတ်တ္တဇလူသတ်သမားလက်က လွတ်ခဲ့ရပေမဲ့ စိတ်ဒဏ်ရာတွေနဲ့ကျန်ခဲ့တဲ့ မာတင်နဲ့ အမ်မာဆိုတဲ့ သားဖနှစ်ယောက်။ မိခင်ဖြစ်သူကလည်း ဒီအဖြစ်အပျက်ကြောင့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့။စိတ်ဒဏ်ရာတွေနဲ့ပဲမနေချင်တဲ့ အမ်မာက သူ့အဖေတားနေတဲ့ကြားကပဲ အဖေဖြစ်သူတစ်ချိန်ကလုပ်ခဲ့တဲ့ မှုခင်းဆေးပညာဌာနက အလောင်းတိုက်မှာ ညစောင့်သွားလုပ်ခဲ့ပါတယ်။ ဒီမှာပဲ သူ့တို့မိသားစုကို စိတ်ဒဏ်ရာတွေပေးခဲ့တဲ့လူသတ်သမား မသေသေးဘူးဆိုတာသိလိုက်ရတဲ့အခါ...။ ထင်မှတ်မထားတဲ့လှည့်ကွက်တွေနဲ့ ရိုက်ကူးတင်ဆက်ထားတာမို့ အားပေးကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(821 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:54:00 Genre... Horror, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
Nightwatch: Demons Are Forever (2023)
6.0
Ehrengard: The Art of Seduction (2023)
ဟိုးရှေးရှေးတုန်းက ဘာအန်ဟာဆန်ဆိုတဲ့တိုင်းပြည်ကြီးမှာပုံတူပန်းချီရေးဆွဲရာမှာဝါသနာထုံပြီး ဖြားယောင်းဆွဲဆောင်ခြင်းအတတ်ပညာကိုပါ တတ်ကျွမ်းတဲ့ ကာဇို့သ်ဆိုတဲ့ လူတစ်ယောက်ရှိတယ်ပေါ့နော်...။သူဟာ အမျိုးသမီးတွေကို ဖြားယောင်းဆွဲဆောင်ရာမှာ ကျွမ်းကျင်သူ၊ပရိယာယ်ကြွယ်သူ၊ အချစ်ရဲ့အဓိပ္ပာယ်ကို အမျိုးမျိုးဖွင့်ဟပြောတတ်သူပါ...။တကယ်တော့ ဒီဇာတ်ကောင်ဟာ 1790 ဝန်းကျင် ဥရောပမှာ မိန်းမလိုက်စားသူအဖြစ်နာမည်ကျော်ခဲ့တဲ့ အီတလျံသား၊ လူစွန့်စား၊ စာရေးဆရာ Casanovaကိုမှီငြမ်းပြီးပုံဖော်ထားတာပါ...။ဒီဇာတ်လမ်းလေးထဲမှာတော့ တိုင်းပြည်ရဲ့ အမွေခံမင်းသားလေးဟာ အိမ်ထောင်ပြုဖို့စိတ်မပါတာကြောင့် သားဖြစ်သူအတွက်၊ ထီနန်းအတွက် ရတက်မအေးဖြစ်နေရတဲ့မိဖုရားကြီးဟာ ကာဇို့သ်ကိုဖိတ်ခေါ်ပြီးအကူအညီတောင်းရပါတယ်...။ဘယ်လိုအကူအညီလဲဆိုတော့ မင်းသားလေးကို အချစ်ရေးအချစ်ရာစိတ်ဝင်စားလာအောင်၊ဖြားယောင်းခြင်းအတတ်ပညာတွေ သင်ယူခိုင်းဖို့ပါတယ်...။ကာဇို့သ်ကလည်း သူတတ်ကျွမ်းတဲ့ ဖြားယောင်းခြင်းပညာကို မင်းသားလေးဆီသင်ကြားပေးရင်းပဲ တော်ဝင်မျိုးနွယ် အမျိုးသမီးချောလေးဖြစ်တဲ့ အီဟန်ဂါ့နဲ့တွေ့ဆုံကာ သဘောကျသွားပါလေရော...။ကာဇို့သ်ရဲ့ စိတ်ထဲမှာလည်း အီဟန်ဂါ့ရဲ့ ပုံတူကို ရေးဆွဲချင်စိတ်တွေ တဖွားဖွားဖြစ်ခဲ့ရတယ်ပေါ့...။ဒီတော့ မိန်းကလေးတိုင်းကို ဖြားယောင်းတတ်တဲ့ ကာဇို့သ် သူတကယ်တမ်းမြတ်နိုးတဲ့အီဟန်ဂါ့လေးကို ဆွဲဆောင်နိုင်ပါ့မလား...။သူရေးဆွဲချင်တဲ့ ပုံတူပန်းချီလေးကိုရော ဘယ်လိုဆန်းဆန်းကြယ်ကြယ်ရေးဆွဲနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးထဲ စီးမျှောခံစားကြည့်လို့ရပါပြီ... File size…1.60GB / 703MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. ...
movie
Ehrengard: The Art of Seduction (2023)
7.2
The Square (2017)
The Square (2017) IMDb - 7.2/10_____Rotten - 85% Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ကြိမ်တင်ဆက်ပေးလိုက်တဲ့ The Square ဇာတ်ကားဟာဆိုရင် ပုံမှန်အတွေ့ရများလေ့ရှိတဲ့ဇာတ်ကားတွေလိုမဟုတ်ဘဲ တစ်မျိုးတစ်ဘာသာ ထူးခြားတဲ့သဘောကိုခံစားမိစေမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။အရှေ့ဥရောပ နိုင်ငံတစ်ခုဖြစ်တဲ့ ဆွီဒင်နိုင်ငံက “ခရစ်စတီယန်”ဆိုတဲ့ ပြတိုက်မှူးတစ်ယောက်…စတော့ဟုမ်းမြို့လည်မှာ ဖုန်းနဲ့ပစ္စည်းအချို့ခါးပိုက်နှိုက်ခံရတာကနေ ဇာတ်ကားတစ်ခုလုံးရဲ့ အဓိကအကြောင်းအရာကိုစတင်ထားတာပါ။ပျောက်ဆုံးသွားတဲ့ ဖုန်းနဲ့ပစ္စည်းတွေကို ပြန်လည်ရယူဖို့ကြိုးစားရင်းဇာတ်ရှိန်တဖြည်းဖြည်းတက်လာမှာပါ။ဇာတ်ကားတစ်ခုလုံးကို အစကနေအဆုံး ဂရုတစိုက်ကြည့်မှသာ ဇာတ်လမ်းရဲ့အရသာကို ခံစားလို့ရနိုင်မယ်လို့ ပြောချင်ပါတယ်အလွမ်းအဆွေးပိုင်းဆိုင်ရာ သရုပ်ဆောင်ခန်းတွေကို တင်ပြထားရင်းနဲ့ကြိုကြားကြိုကြားဆိုသလို အနုပညာပိုင်းဆိုင်ရာတီထွင်ဖန်တီးမှုတွေအကြောင်းလည်းဗဟုသုတဖြစ်စရာ တွေ့မြင်ကြရမှာပါ။ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီဇာတ်ကားဟာရသခံစားမှုအပိုင်းထက် သုတပိုင်းကိုပိုပြီးအလေးပေးထားတဲ့ ဇာတ်ကားတစ်ကားသာဖြစ်တယ်လို့ ဆိုချင်ပါတယ်။ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျား File Size : (1.1 GB) Quality : WEB-DL 720p Running Time : 2hr 22min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source ...
movie
The Square (2017)
2017