Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Christopher Heyerdahl
5.8
Blade: Trinity (2004) Blade 3
Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီးMCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီးလူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel ဒေါင်းပါ။ File size…(6 ...
movie
Blade: Trinity (2004) Blade 3
4K HEVC
3.4
Catwoman (2004)
Catwoman (2004) Genre - Action,Crime,Fantasyဒီတစ်ခါမှာတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသမီးကြီး Halle Berry ပါဝင်သရုပ်ဆောင်ထားတဲ့ Catwoman နဲ့မိတ်ဆက်ပေးပါမယ်။ Patience ဟာ Hadre အလှကုန်ကုမ္ပဏီမှာ ဒီဇိုင်းဆွဲတဲ့အလုပ်လုပ်နေတဲ့ကောင်မလေးပါ။ တစ်နေ့မှာတော့ သူ့တိုက်ခန်းမှာဒီဇိုင်းဆွဲနေတုန်း ကြောင်လေးတစ်ကောင်ခေါင်မိုးပေါ်ရောက်နေတာတွေ့တာနဲ့ ပြတင်းပေါက်ကထွက်ပြီးကယ်ဖို့လုပ်ပါတော့တယ်။အဲဒီလိုကယ်နေတဲ့အချိန်မှာပဲ လမ်းကဖြတ်သွားတဲ့ စုံထောက်ကြီးတစ်ယောက်က ခုန်ချမယ်ထင်ပြီး လာကယ်ရင်းနဲ့ပဲ Patience နဲ့ စုံထောက်ကြီးတို့ခင်မင်သွားပါတော့တယ်။ တစ်နေ့ Patience တစ်ယောက် ကုမ္ပဏီကခိုင်းထားတဲ့ဒီဇိုင်းကိုစက်ရုံအထိသွားပေးရပါတယ်။ စက်ရုံကလျှို့ဝှက်ချက်တစ်ခုကိုမထင်မှတ်ပဲ သိသွားတာကြောင့် ကံဆိုးမိုးမှောင်ကျပြီး အသတ်ခံလိုက်ရပါတယ်။Patience တစ်ယောက်သေသွားတယ်ဆိုပေမဲ့ သူကယ်ခဲ့တဲအီဂျစ်နတ်ဘုရားမရဲ့တမန်တော်ကြောင်လေးရဲ့ အစွမ်းနဲ့ အသက်ပြန်ရှင်သန်လာခဲ့ပါတယ်။ ပြန်ရှင်သန်လာတဲ့အခါမှာ Patience တစ်ယောက် အရင်လိုမဟုတ်တော့ပါဘူး။ အထိအတွေ့၊ အနံ့ အာရုံခံမှုတွေဟာ လူသားတစ်ယောက်နဲ့မတူတော့ဘဲ ထူးခြားနေပါတယ်။ အဲဒီညကကိစ္စကိုလည်း မမှတ်မိပါဘူး။ ဒီလိုနဲ့ ကြောင်အစွမ်းတွေရပြီး ကြောင်လူသားဖြစ်သွားတဲ့ Patience ဟာ သူ့စိတ်ထင်ရာလျှောက်သွားလိုက်၊ လူဆိုးတွေကိုဝင်ဖမ်းလိုက်နဲ့ သတင်းတွေမှာနာမည်ကြီးလာပါတယ်။ နောက်ပိုင်းမှာ သူအသတ်ခံခဲ့ရတဲ့အဖြစ်မှန်ကိုသိပြီး သတ်ခဲ့တဲ့လူနဲ့ သတ်ခဲ့တဲ့အကြောင်းအရင်းကိုရှာပုံတော်ဖွင့်ပါတော့တယ်။ Catwoman တစ်ယောက် ကုမ္ပဏီရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်ပြီး တရားမျှတမှုကိုရှာဖွေနိုင်မလားဆိုတာကို မမရဲ့ အမိုက်စားတိုက်ခိုက်မှုပြကွက်တွေနဲ့တင်ဆက်ပေးထားတာကြောင့်ကြည့်ရှုခံစားလိုက်ပါဦး။File size… 2.1 GB / 971 ...
movie
Catwoman (2004)
6.0
Corner Office (2022)
ကိုယ်လုပ်နေရတဲ့ရုံးအလုပ်တွေမှာ စိတ်တွေမွန်းကြပ်လွန်းလာရင်တချို့လူတွေကစိတ်ထွက်ပေါက်ရှာတတ်ကြပါတယ်။ဒီ Corner Officeဆိုတဲ့ကားထဲက အော်ဆန်ဆိုတဲ့လူရဲ့စိတ်ထွက်ပေါက်ကတော့ အရမ်းထူးဆန်းလွန်းပါတယ်။ အော်ဆန်က သူ့ရဲ့ရုံးအသစ်ကိုရောက်ပြီး သိပ်မကြာခင်မှာပဲဘယ်သူမှမသုံးတဲ့ အခန်းတစ်ခန်းကိုတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့သူအဲ့ဒီအခန်းထဲကိုသုံးလေးခေါက်ဝင်ပြီးတဲ့နောက်မှာတော့ အဲ့ဒီအခန်းကိုအရမ်းစွဲလမ်းသွားခဲ့ပါတော့တယ်။ အဲ့ဒီအခန်းကသူ့အတွက်စိတ်ကိုအေးချမ်းစေပြီး အလုပ်တွေလုပ်ရတာ ပိုကောင်းစေတဲ့ အခန်းတစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့လုပ်ငန်းခွင်က လူတွေအားလုံးရဲ့ အဝေးကိုထွက်သွားစေနိုင်တဲ့စိတ်ထွက်ပေါက်လေးပဲဖြစ်ပါတယ်။ ပြဿနာလေးတစ်ခုပဲရှိပါတယ်။ အဲ့ဒီအခန်းက အမှန်တကယ်မရှိပါဘူး။အော်ဆန်ကတော့ အဲ့ဒီအခန်းကိုစိတ်ကြိုက်ဝင်ထွက်သွားလာနေပေမဲ့တခြားလူတွေကတော့ အဲ့ဒီအခန်းနေရာမှာ နံရံကြီးတစ်ခုကိုပဲ မြင်ရပြီးတော့သူအခန်းထဲဝင်သွားတယ်ဆိုတာလဲ နံရံကြီးရှေ့မှာကြောင်တောင်တောင်ကြီးမတ်တပ်ရပ်နေတာကိုပဲ မြင်ရတာဖြစ်ပါတယ်။ဒီလိုနဲ့အော်ဆန်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအပြင် သူဌေးနဲ့ပါပြဿနာတွေတက်ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်းသူပြောပြောနေတဲ့ အခန်းထဲကိုသွားပြီးအလုပ်တွေကြိုးစားလိုက်တဲ့အခါမှာသူဌေးကသဘောကျပြီးရာထူးတွေဘာတွေတက်သွားပြီး နောက်မှာ သူ့ရဲ့အဲ့ဒီအခန်းကိုစွဲလမ်းစိတ်က ပိုပြင်းထန်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုStorytelling ပုံစံနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.19GB / 407MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Corner Office (2022)
7.3
Sicario: Day of the Soldado (2018)
Genre – Action, Crime, Thriller IMDB – 7.0/10 ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ ပထမဆုံး Sicario ကားကိုကြည့်ဖူးပြီး ကြိုက်တယ်ဆိုရင်တော့ ဒီကားကလည်းရွှေပေါ့ဗျာ။ ပထမကား Rating 7.6 ကို မမှီပေမဲ့ ကြည့်ရတာလုံးဝ အရသာ မလျော့သွားပါဘူး။ ဒါတောင် ဒါရိုက်တာကပထမကားက Denis Villeneuve မဟုတ်တော့ပဲ StefanoSollima ပြောင်းသွားတာပါ ဒါပေမဲ့ ဒီ အငွေ့အသက်အတိုင်းပါပဲ။သရုပ်ဆောင်တွေကလည်း ရှေ့ကားထဲက ဘဲကြီးနှစ်ပွေJosh Brolin နဲ့ Benecio Del Toro တို့ပဲ ပြန်ပါဝင်ထားပါတယ်၊Emily Blunt ရဲ့ ဇာတ်ကောင်ကတော့ ဒီဇာတ်လမ်းအတွက်မလိုအပ်တော့လို့ ဖြုတ်ထားခဲ့ပါတယ်တဲ့။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆို ရှေ့ကားရဲ့အဖြစ်အပျက်တွေဖြစ်ပြီး နှစ်နည်းနည်းမှာ တည်ဆောက်ထားတဲ့ပုံပါပဲ။ အစိုးရရဲ့လူသိမခံချင်တဲ့ ပြဿနာတွေ ဒိုင်ခံဖြေရှင်းတဲ့ မက်တစ်ယောက်လည်းအာဖရိကကို ရောက်နေပါပြီ။ အာလေဟန်ဒရိုကလည်း ပထမကားထဲမှာလုပ်စရာရှိတာလုပ်ပြီးတော့ ကိုလမ်ဘီယာမှာ သွားအနားယူနေပါပြီ။အဲဒီမှာပဲ အမေရိကန်နိုင်ငံမှာ အသေခံဗုံးခွဲပြီး ...
movie
Sicario: Day of the Soldado (2018)
2018
4K HEVC
5.5
The Twilight Saga: Breaking Dawn – Part 2 (2012)
စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်... Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ...
movie
The Twilight Saga: Breaking Dawn – Part 2 (2012)
2012
1080p HEVC
4.9
The Twilight Saga: Breaking Dawn – Part 1 (2011)
စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်... Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ...
movie
The Twilight Saga: Breaking Dawn – Part 1 (2011)
2011
1080p HEVC
4.7
The Twilight Saga: New Moon (2009)
စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်... Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ...
movie
The Twilight Saga: New Moon (2009)
2009
1080p HEVC
5.9
Togo (2022)
Netflix ကထုတ်တဲ့စပိန်စကားပြောကားလေးပါ Togo ဟာခြေတစ်ဖက်ဆာနေတဲ့အိမ်ခြေရာမဲ့အဖိုးအိုတစ်ယောက်ပါ။ သူဟာ သူ့အပိုင်လို့သတ်မှတ်ထားတဲ့အကွက်မှာ လာရပ်တဲ့ကားတွေကို စောင့်ကြည့်ပေးရင်း အသက်မွေးရသူပါ။တစ်နေ့မှာတော့ အိမ်ကနေထွက်ပြေးလာတဲ့ မိန်းကလေးတစ်ယောက်ဟာ သူအလုပ်လုပ်တဲ့နေရာကိုလာနေရာကနေ Togo လည်းသမီးတစ်ယောက်လိုသံယောဇဉ်တွယ်မိပါတယ်။ တစ်ချိန်တည်းမှာပဲ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းဟာ နယ်မြေချဲ့ထွင်လာပြီး Togo ကိုသူတို့နဲ့ပူပေါင်းဖို့ အတင်းအကျပ်တိုက်တွန်းပါတယ်။Togo ကလည်း သူ့နယ်မြေလို့သတ်မှတ်ထားတဲ့ ရပ်ကွက်ကိုကာကွယ်ပေးဖို့ကြိုးစားရာကနေ မူးယစ်ဂိုဏ်းနဲ့ထိပ်တိုက်ရင်ဆိုင်ရဖို့ဖြစ်လာရပါတော့တယ်။File size…2.38 Gb / 998Mb / 481MB Quality….Webrip 1080p / 720p / 480p Format…mp4 Duration….1:53:00 Genre...Crime / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
Togo (2022)
7.5
Psych 2: Lassie Come Home (2020)
Psych 2: Lassie Come Home (2020)============================IMDb - 7.5/102017 ခုနှစ်တုန်းက ထွက်ရှိထားခဲ့တဲ့ Psych : The Movie ရဲ့ နောက်တစ်ကား ဒီနှစ်မှာ ထပ်ထွက်လာပါတယ်။ဒီဇာတ်လမ်းမှာတော့ ဆန်တာ ဘာဘရာ က ရဲမှူး ကာတန် လက်စီ (လက်စီတာ) ကို ချုံခိုက်တိုက်ခိုက်ခံရပြီးတော့လမ်းဘေးမှာ ပစ်ထားခံခဲ့ရပါတယ်။ အဲဒီအချိန်ကစလို့ ဆေးခန်းမှာ ထူးထူးဆန်းဆန်းအရာတွေကို သူ မြင်လာရပါတော့တယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်နှစ်ဦး ဖြစ်တဲ့ ဂတ်စ် နဲ့ ရှောန်း တို့ နှစ်ယောက်က ရဲတွေရဲ့ အကူအညီ မပါဘဲ ဒီအမှုကို ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်။ သူတို့ ရှာဖွေ တွေ့ရှိခဲ့တဲ့ ကိစ္စတွေက သူတို့ရဲ့ဘဝကိုတစ်သက်လုံး ပြောင်းလဲစေခဲ့ပါတယ်။ အဲဒီအကြောင်းတွေကတော့ ဒီကားလေးမှာ ဆက်လက်ရှုစားရမှာပဲ ဖြစ်ပါတယ်။IMDb - 7.5/10 Rotten Tomatoes ...
movie
Psych 2: Lassie Come Home (2020)
2020
8.3
Togo (2019)
Disneyကနေထွက်လာတာရက်ပိုင်းပဲရှိသေးတဲ့ တကယ်ကောင်းပြီး နာမည်ကြီးဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ Dramaကားတစ်ကားပါ။ လက်ရှိ IMDb rating 8.3 ခရမ်းချဉ်သီးမှာ 94%နဲ့ reviewကောင်းတွေရထားပါတယ်။ တိုဂိုဆိုတာအလက်စကာရဲ့ နုံးဆိုတဲ့ရွာသာသာနေရာလေးကစွတ်ဖားခွေးတစ်ကောင်ပါ။ အဲ့နယ်တစ်ခွင်မှာ အတော်ဆုံးနာမည်ကြီး စွတ်ဖားလှည်းခေါင်းဆောင်ခွေးပေါ့။ သူ့သခင် ဆပါလာလည်း နာမည်ကြီးစွတ်ဖားမောင်းသမားတစ်ယောက်။ 1925ခုနှစ် သေလောက်အောင်အေးတဲ့အလက်စကာရဲ့ ဆောင်းရာသီမှာ ကလေးတွေဆုံဆို့နာဆိုတဲ့ ကူးစက်ရောဂါဖြစ်ပြီး သေကြတယ်။ အဲ့ရောဂါအတွက်ဆေးက သူတို့ရွာကနေအသွားအပြန်မိုင်၆၄၀လောက်ဝေးတဲ့နေရာကိုပဲ ပို့နိုင်တယ်။ အဲ့အချိန်မှာမုန်တိုင်းကလည်းတိုက်နေတော့ စွတ်ဖားလှည်းနဲ့ပဲသွားယူလို့ရမယ်။ ဒီလိုအချိန်မှာ အဲ့မုန်တိုင်းထဲမှာအသက်ရှင်လျက်သွားပြီး ပြန်လာနိုင်မယ့်သူဆိုလို့ တိုဂိုခေါင်းဆောင်တဲ့ ဆပါလာရဲ့စွတ်ဖားပဲရှိတော့တယ်။ ဒီလိုနဲ့ ရောဂါဖြစ်ပြီးသေတော့မယ်ကလေးတွေအတွက် ဆပါလာဟာ အသက်၁၂နှစ်ရှိနေတဲ့ခွေးအိုကြီးတစ်ကောင်ကို ဦးဆောင်ခိုင်းပြီး အေးခဲလှတဲ့မုန်တိုင်းထဲ ဆေးယူဖို့တိုးဝင်ရပါတော့တယ်။ ဆပါလာတစ်ယောက်ဆေးကိုယူပြီး အသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား သူပြန်လာရင်ရော တိုဂိုဆိုတဲ့ခွေးအိုကြီးရော အသက်ရှင်လျက်ပါလာပါ့မလားဆိုတာ စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမှာပါ။ ဒီကားမှာဒိတ်ဒိတ်ကြဲမင်းသားကြီး Willem Dafoeဦးဆောင်ပြီး Cinematographyကျွမ်းကျင်လှတဲ့ Ericson Core ဒါရိုက်တာလုပ်ထားတာကြောင့်လည်း တကယ်ကိုကြည့်လို့ကောင်းတဲ့အပြင် တိုဂိုရဲ့ငယ်ဘဝကိုရော အခုလက်ရှိဖြစ်နေတာတွေကိုပါပေါင်းစပ်ပြသထားလို့ တစ်ကားလုံး လုံးဝအီမနေပဲ တစ်ချို့အခန်းတွေဆိုအသဲတယားယားနဲ့ကြည့်ရှုရမှာပါ။ ကြည့်ပြီးနောင်တရမယ့်ကားတစ်ကားမဟုတ်တာကြောင့် ရှယ်ညွှန်းပေးလိုက်ရပါတယ်။File Size ...
movie
Togo (2019)
2019
5.6
Adopt a Highway (2019)
အားလုံးနဲ့ရင်းနှီးနေလောက်မယ့် မင်းသားကြီး Ethan Hawkeရဲ့Dramaကားသစ်တစ်ကားပါ။အမေရိကားမှာ 1994ကပြဌာန်းလိုက်ပြီးအဲ့အချိန်ကပြည်နယ်တစ်ချို့မှာလက်ခံကျင့်သုံးခဲ့တဲ့ ဥပဒေတစ်ခုရှိတယ်ပေါ့။အဲ့တာကတော့ Three Strike Lawလို့ခေါ်ပါတယ်။လူတစ်ယောက်က အဲ့ဥပဒေကိုကျင့်သုံးတဲ့ပြည်နယ်တစ်ခုမှာပြစ်မှုနှစ်ကြိမ်ကျူးလွန်ပြီးတတိယမြောက်ပြစ်မှုကိုကျူးလွန်လိုက်မယ်ဆိုရင်အဲ့အမှုကဘယ်လောက်ပဲသေးငယ်ပါစေနှစ်ရှည်ထောင်ဒဏ်ကျခံရမှာပါ။ဒီလိုနဲ့ဇာတ်ကားထဲကဇာတ်ကောင်ကမူးယစ်ဆေးလေးတစ်အောင်စ လက်ဝယ်တွေ့ရှိပြီးထောင်အနှစ်နှစ်ဆယ်ကျသွားပါတယ်။ထောင်ထဲဝင်သွားတုန်းက လူငယ်တစ်ယောက်ပေါ့ပြန်ထွက်လာတဲ့အချိန်မှာ သူသိပ်လိုက်မမှီနိုင်တော့ဘူး။သူ့ကိုဖေးမပြီးတွယ်တာမယ့်သူလည်း တစ်ယောက်မှမရှိတော့ဘူး။ဘဝမှာဘာလုပ်လို့လုပ်ရမှန်းမသိ၊ဘာအတွက်ရှင်သန်နေမှန်းမသိတာကမှတကယ်လမ်းပျောက်တာဆိုတာကို ခံစားမိစေတယ်။The Shawshank Redemptionထဲက"Brooks was here"ဆိုတာလေးကိုတောင်သတိရသွားမိတယ်။ဒီလိုနဲ့ တစ်ညမှာ သူအလုပ်လုပ်တဲ့ဆိုင်ရဲ့နောက်ဖက် အမှိုက်ပုံးထဲမှာ စွန့်ပစ်ခံထားရတဲ့ကလေးလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။တွယ်တာစရာမရှိတဲ့လူတစ်ယောက်စွန့်ပစ်ခံကလေးတစ်ယောက်ကိုတွေ့လိုက်တဲ့အချိန်မှာတော့......ဇာတ်လမ်းကအရှိန်တက်နေရင်းနဲ့ ကြည့်ရှုသူတွေအတွက်မျှော်လင့်ထားသလိုထိချက်ပြင်းပြင်းနဲ့ဇာတ်သိမ်းတစ်ခုမဟုတ်ခဲ့လို့လားတော့မသိratingတွေ အရမ်းကြီးမကောင်းခဲ့ပေမယ့်တကယ်မြောပြီးခံစားနိုင်မယ့် ဒရမ်မာကားတစ်ကားပါ။ File Size : ( 762 MB ...
movie
Adopt a Highway (2019)
2019
6.3
Stockholm (2018)
Stockholm Syndrom ဆိုတာဟာ ကိုယ့်ကိုဖမ်းချုပ်ထားတဲ့သူကို ခင်မင်ယုံကြည်လာပြီးသဘောကျလာမိတာမျိုးကိုခေါ်ပါတယ်များသောအားဖြင့်သော ပြန်ပေးဆွဲခံရသူများနဲ့ ပြန်ပေးဆွဲသူတို့အကြားမှာ ဖြစ်တတ်ပါတယ်ပြန်ပေးဆွဲခံရတဲ့သူတွေက ပြန်ပေးဆွဲတဲ့သူက သူတို့အပေါ်ကိုနည်းနည်းလေးကောင်းတာလေးလုပ်ပေးလိုက်ရင်သူတို့ရဲ့ကျေးဇူးရှင်ကြီးအလားသတ်မှတ်မိပြီး အကောင်းမြင်လာကြပါတော့တယ်ဒီ "Stockholm" ဆိုတဲ့ဇာတ်ကားကို Stockholm Syndrom အစပျိုးစေခဲ့တဲ့၁၉၇၃ခုနှစ်က Stockholm မြို့မှာဖြစ်ပွားခဲ့တဲ့ဘဏ်ဓားပြတိုက်သည့်ဖြစ်ရပ်ကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းထဲမှာ လားစ်ဟာ ဘဏ်ကိုဓားပြ၀င်တိုက်လိုက်ပြီးလူအချို့ကိုရဲတွေနဲ့ညှိနှိုင်းရာမှာအသုံးချဖို့အတွက် ဓားစာခံတွေအဖြစ်ဖမ်းထားခဲ့ပါတယ်အဲ့လိုနဲ့ပဲ Stockholm Syndrom ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတာနဲ့အဲ့ Syndrom ကဘယ်လိုဘယ်ပုံဆိုတာကို ဒီဇာတ်ကားလေးကြည့်ရှုရင်းနဲ့ပဲ... File Size : (859 MB) and (314 MB) Quality : WebDL 720p , 480p Running Time : 1hr 32min Format : Mp4 Genre : Comedy , Crime ...
movie
Stockholm (2018)
2018