Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Christopher Hayes
6.3
Spinning Gold (2023)
Spinning Gold (2023)ဒါကတော့ မှတ်သားလောက်ဖွယ်ရာ လူတစ်ယောက်ရဲ့အတ္ထုပ္ပတ္ထိဇာတ်လမ်းပါ။ ဒီဇာတ်လမ်းကို သူ့ဘဝအကြောင်းသူပြန်ပြောနေပုံနဲ့ရိုက်ကူးထားပြီး ဒီဇာတ်လမ်းမှာ သူကလူတိုင်းကို စိန်ခေါ်ထားပါတယ်။"မင်းတို့ ငါ့နာမည်ကိုမမှတ်မိဘူးဆိုတာ မင်းတို့တစ်ယောက်ချင်းကို ဒေါ်လာတစ်ရာစီလောင်းရဲတယ် ဒါပေမဲ့ ငါက မင်းတို့ကို ကခုန်စေခဲ့တယ်တဲ့"သူ့ကိုမမှတ်မိရင်တောင် သူနဲ့ပတ်သက်ခဲ့သူတွေကိုတော့ ဂီတချစ်သူတွေဆို သေချာပေါက်သိကြမှာပါ။ Kiss, The Village People, George, Donna Summer, Bill Withers, Isley Brothers, Parliament နဲ့တခြားအဆိုရှင်ပေါင်းများစွာပါပဲ။ Donna Summer ရဲ့ Orgasmic moan တွေပါဝင်ပြီး ၁၇ မိနစ်တာကြာတဲ့ Love to Love You သီချင်းကိုလဲ ပရိသတ်ကစွဲစွဲထင်ထင်ရှိနေဦးမယ်လို့ထင်ပါတယ်။ ဒီအဆိုကျော်ကြီးတွေက သိပ်ကိိုထူးခြားပြည့်စုံသူတွေဖြစ်ကြပေမယ့် သူတို့ရဲ့ထူးခြားမှုကိုပရိသတ်တွေလက်ခံနိုင်ဖို့ သူတို့ဂီတတွေကိုလက်ခံနိုင်ဖို့ သူတို့အိပ်မက်တွေကိုအသက်သွင်းပေးခဲ့သူကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်ကောင် ကာဆာဘလန်ကာဓာတ်ပြားခွေထုတ်လုပ်ရေးရဲ့တည်ထောင်သူ နီးလ်ဘိုးဂတ်ပါပဲ။ ဒီဇာတ်လမ်းကသိပ်ပြည့်စုံလွန်းနေတာကြောင့် ဘာမှထပ်မညွှန်းလိုတော့ပါဘူး။ ဒီဇာတ်လမ်းကို နီးလ်ရဲ့သားဖြစ်သူကရိုက်ကူးထားတာပါ။ နီးလ်ကသူ့သားငယ်စဥ်မှာပဲဆုံးပါးသွားခဲ့တော့ အဖေ့ကိုသေချာ သိခွင့်မရခဲ့တဲ့သားက အဖေ့မိတ်ဆွေတွေကိုလိုက်မေးမြန်းပြီး ဒီဇာတ်လမ်းကိုရေးဖွဲ့ထားပါတယ်။ လူတွေရဲ့မှတ်ဥာဏ်ကထူးဆန်းတယ်တဲ့။ လူတွေကလဲသူတို့မှတ်မိချင်ရာကိုမှတ်မိကြပြီး မေ့ချင်ရာကိုမေ့ပစ်တတ်ကြတယ်။ အဲ့တော့ဒါအားလုံးကအမှန်လားဆိုရင်တော့ မဟုတ်ပါဘူး။ နီးလ်ဘိုးဂတ်လို ဘဝကတိုတောင်းခဲ့ပေမယ့် အဲ့ဒီဘဝတိုလေးမှာပဲ သူ့ရဲ့ကိုယ်ပိုင်အိပ်မက်တွေအပြင် သူများတွေရဲ့အိပ်မက်တွေအများကြီးကိုပါ အသက်သွင်းပေးခဲ့တဲ့လူတစ်ယောက်ရဲ့ဘဝဇာတ်လမ်းကို ဘယ်လိုလုပ်အတိအကျပြောနိုင်မလဲ။ နည်းနည်းလျှော့ပြောတာလေးတွေရှိမယ် ...
movie
Spinning Gold (2023)
2023
6.8
Catering Christmas (2022)
Catering Christmas (2022)~ IMDb rating - 6.8/10 ~ခရစ်စမတ် Vibe ဇာတ်လမ်းလေးတွေဆိုတာက Christmas အနားနီးလေလေ ကြည့်ရတာ ပိုပြီး အရသာရှိလေလေပါပဲ။ အဲဒါကြောင့် ရုပ်ရှင်ချစ်သူတွေအတွက် အသစ်စက်စက် ခရစ်စမတ် အချစ်ဇာတ်လမ်းလေးတစ်ခုကို ထပ်ပြီးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းထဲမှာ မော်လီ ဆိုတဲ့ကောင်မလေးဟာ Molly's Menu Magic ဆိုတဲ့ ဆိုင်လေးတစ်ဆိုင်ကို စဖွင့်ထားပြီး မြို့မှာရှိတဲ့ ပွဲလမ်းသဘင်တွေမှာ အကျွေးအမွေး service ပေးသူဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလေး နာမည်ရလာဖို့ လုံးပန်းနေရတာကြောင့် ရည်းစားထားချိန်မရှိဘဲ ခရစ်စမတ်အားလပ်ရက်မှာတောင် အနားမယူဘဲ အလုပ်လုပ်တဲ့ ရည်မှန်းချက်ကြီးသူလေးဖြစ်ပါတယ်။မော်လီတို့မြို့လေးမှာ "ဟယ်ရစ်ဆင်န်" ဆိုတဲ့ ဖောင်ဒေးရှင်းတစ်ခုရှိပြီး လူထုအကျိုးပြု အဖွဲ့စည်းတစ်ခုဖြစ်တာကြောင့် တစ်နယ်လုံးက လူတွေဟာ ဖောင်ဒေးရှင်းကို ဦးဆောင်တဲ့ မိသားစုကို အလွန်ချစ်ခင်ကြပါတယ်။ ဖောင်ဒေးရှင်းကို လက်ရှိဦးဆောင်နေတာက ဂျီးန်ဟယ်ရစ်ဆင်န် ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး တူဖြစ်သူ "ကာဆင်န်" ...
movie
Catering Christmas (2022)
2022
6.4
Single All the Way (2021)
ရိုမန်တစ်ခရစ္စမတ်ရာသီဆိုတော့ ဒီတစ်ခါလည်း ရိုမန်တစ် ခရစ္စမတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေဒီရိုမန်တစ်ဇာတ်လမ်းလေးကတော့ ဂေးနှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးပါဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါပီတာက သူ့ဇာတိ နယူးဟမ့်ရှိုင်းယားနယ်လေးကနေ အယ်လ်အေမှာ အခြေချခဲ့တာ ကိုးနှစ်ကြာခဲ့ပါပြီအယ်လ်အေမြို့ကြီးမှာတော့ အရမ်းချော အရမ်းခန့် အရမ်းသန့်တဲ့ ကောင်လေးတွေကို ဘူဖေးလိုပဲ ရိုက်သတ်လို့မကုန်နိုင်အောင် အများကြီးတွေ့ခဲ့ရပါတယ်တဲ့ဒါပေမယ့် ပီတာတစ်ယောက်ကတော့ အချစ်ကံခေသူပဲ ဆိုရမလား တွဲသမျှလူတိုင်းနဲ့ လပိုင်းလောက်ပဲခံပြီး ပြတ်သွားကြတာချည်းပါပဲမိသားစုကလည်း ခရစ္စမတ် အိမ်ပြန်လာတိုင်း ဆင်ဂယ်ဖြစ်နေတဲ့သူ့ကို မြန်မြန် လက်တွဲဖော်ရှာဖို့ အမြဲတဖွဖွနဲ့ပေါ့နော်အဲဒီလို နားပူနားဆာလုပ်တာတွေ မခံနိုင်တော့တဲ့ ပီတာတစ်ယောက် ဒီနှစ်ခရစ္စမတ် အိမ်ပြန်တဲ့အခါမှာတော့ သူ့အခင်ဆုံးသူငယ်ချင်းနစ်ခ်ကို ရည်းစားဟန်ဆောင်ခိုင်းမယ်ဆိုတဲ့ အကြံအစည်ကြီးနဲ့ နှစ်ယောက်သား နယူးဟမ့်ရှိုင်းယားဇာတိမြို့လေးကို ထွက်လာခဲ့ကြလေရဲ့ပီတာတစ်ယောက် ဇာတ်လမ်းနာမည်အတိုင်း single all the way ပဲ ဆက်သွားမလားဆိုတာတော့ ကြည့်ရှုလိုက်ကြပါဦး File size…(1.6 GB) / (900 Mb) / (500 Mb) Quality….Webrip 1080p ...
movie
Single All the Way (2021)
6.7
Fatherhood(2021)
Fatherhood (2021)ကဲ ဒီတစ်ခါတော့ CM ပရိသတ်တွေအတွက် June 18 ပူပူနွေးနွေးလေးထွက်ရှိထားတဲ့ Fatherhood လို့အမည်ရတဲ့ Netflix movie လေးကို တင်ဆက်ပေးချင်ပါတယ်ရုပ်ရှင်ကလည်း ပူပူနွေးနွေး ထွက်ရှိထားတာ မကြာသေးသလို ဇာတ်အိမ်ကလည်း ဖခင်တစ်ဦးရဲ့မေတ္တာကိုဖော်ကျူးထားတဲ့အတွက် ကြည့်ရှုသူတိုင်းကို နှလုံးပီတိ ဂွမ်းဆီထိစေမှာ အသေအချာပါပဲကဲ ဒါဆို ဇာတ်လမ်းအသွားအလာလေးကို အရင်စပြီး မိတ်ဆက်ပေးတာပေါ့အဓိက ဇာတ်လိုက်ဖြစ်တဲ့ မတ်လိုဂယ်လင်းကနေ စကြတာပေါ့မတ်ဟာ သူရဲ့ကိုယ်ဝန်ကို လွယ်ထားရတဲ့ ချစ်ဇနီးလေးလစ်ဇ်နဲ့အတူ တစ်အိုးတစ်အိမ်ထူထောင်ထားတဲ့အိမ်ထောင်ဦးစီးတစ်ယောက်ပေါ့ဒီလိုနဲ့ ကလေးမွေးပြီး ဖခင်တစ်ဦးရဲ့ဘဝကို ကျေနပ်နေတဲ့ မတ်တစ်ယောက်ကို ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါဘူးမတ်ရဲ့ကြင်သူလစ်ဇ်မှာ မတ်ရဲ့ဘဝထဲကို ချစ်စရာကောင်းတဲ့ သမီးလေး မတ်ဒီကို မွေးဖွားပေးခဲ့ပေမဲ့ သူကိုယ်တိုင်ကတော့မတ်ကိုကျောခိုင်းပြီး တမလွန်ကို ကူးသွားခဲ့ပါတယ်ကလေးပုခက်တောင် ဖြောင့်အောင် မဆင်တတ်တဲ့မတ်တစ်ယောက် သူ့သမီးလေးကို ပြုစုပျိုးထောင်နိုင်ပါ့မလား......သူတစ်ယောက်ထဲနဲ့ မတ်ဒီလေးရဲ့ မိခင်အဖြစ်ရော ဖခင်အဖြစ်ပါ လိုလေသေးမရှိအောင် ...
movie
Fatherhood(2021)
2021
6.0
Dark Phoenix (2019)
Xmen တွေရဲ့ နောက်ဆုံးထွက် ဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်း ချားစ်ရဲ့ အိတ်စ်မန်းတွေ ဖြစ်တဲ့ဟန့်ခ် ကာ့ထ် ရေဗင် စကော့ ဂျင်းဂရေးတို့ဟာ အာကာသယာဉ်မှူးတွေကိုကယ်တင်ဖို အာကာသထဲကို သွားရင် အပူလှိုင်းကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။အဲဒီ အပူစွမ်းအင်တွေကို တားဖို့ကြိုးစားရင်းနဲ့ဂျင်းဂရေးကိုယ်ထဲကို စွမ်းအင်တွေ အကုန် ဝင်သွားခဲ့တယ်။သူတို့ ကမ္ဘာပေါ်ကို ပြန်ရောက်ချိန်မှာ ဂျင်းဂရေးဟာ စိတ်ဖောက်ပြန်ပြီးထိန်းမရဖြစ်လာပါတော့တယ်။လူသားတွေနဲ့ ငြိမ်းချမ်းရေး မပျက်စီးအောင် ဂျင်းဂရေးကိုလည်းပြန်ကောင်းလာအောင်ကြိုးစားဖို့ အိတ်စ်မန်းတွေဟာဒီစွမ်းအင်တွေနောက်ကိုလိုက်လာတဲ့ ရန်သူတွေက်ုရောဂျင်းကိုရော ပြန်ရင်ဆိုင်ရပါတော့တယ်။ ထွက်ရှိခဲ့တဲ့ X-Men Moives Collection များကိုအောက်ပါလင့်မှာ ၀င်ရောက်ကြည့်ရှု့နိုင်ပါတယ်..https://channelmyanmar.to/category/x-men/ File Size : (2 GB , 1 GB) & ( 390 MB)Quality : BluRay ...
movie
Dark Phoenix (2019)
2019