Channel Myanmar

Christopher Hagen

Hostiles (2017) 7.2
Hostiles (2017) Hostiles (2017)IMDb Rating (7.2) / Rotten Tomatoes (70%)အခုတစ်ခါမှာတော့ ကမ္ဘာကျော်မင်းသားကြီး Christian Bale ရဲ့ Western Film တစ်ကားတင်ဆက်ပေးပါမယ်။Western ဇာတ်ကားအမျိုးအစားကိုတော့ မြန်မာမှာ ကောင်းဘွိုင်ဇာတ်ကားအမျိုးအစားအဖြစ် လူသိများပါတယ်။ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Scott Copper ကရိုက်ကူးထားပါတယ်။ခေါင်းဆောင်မင်းသားကတော့ American Psycho, The Machinist, Batman Trilogy ဇာတ်ကားတွေနဲ့အတူနာမည်ကျော်ကြားလာတဲ့ မင်းသား Christian Bale ဖြစ်ပြီးတော့ဇာတ်ဆောင်မင်းသမီးနေရာမှာ 2002 ခုနှစ်ထွက် James Bond ဇာတ်ကားတစ်ကားဖြစ်တဲ့ Die Another Day မှာ Bond Girl အဖြစ်သရုပ်ဆောင်ခဲ့ပြီးတော့ နာမည်ကျော်ဇာတ်ကားတစ်ကားဖြစ်တဲ့ Gone Girl မှာခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချောကြီး Rosamund Pike ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအရတော့ ဂျိုးဘလော့ကာဟာစစ်တပ်မှာ ကပ္ပတိန်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့သူတစ်ဦးဖြစ်ပြီးတော့အင်ဒီယန်းတွေကို လွန်စွာမုန်းတီးသူဖြစ်ပါတယ်။တစ်နေ့မှာ သူ့ရဲ့ရဲဘော်ရဲဘက်တွေကို သတ်ဖြတ်ခဲ့တဲ့ သူမုန်းတီးရတဲ့ ...
movie

Hostiles (2017)

2017
4K HEVC
Saving Bikini Bottom: The Sandy Cheeks Movie (2024)
Saving Bikini Bottom: The Sandy Cheeks Movie (2024)  သားသားမီးမီးတို့အားလုံးကြိုက်ကြတဲ့ ရေမြုပ်ကောင်လေးကာတွန်းကားအသစ်ထွက်လာပါပြီဒီတစ်ခါမှာတော့ စပွန့်ချ်ဘော့ဘ်နဲ့သူ့သူငယ်ချင်း ရှဥ့်မလေးတို့ရဲ့ စွန့်စားခန်းတွေကိုကြည့်ရှုရမှာပါ ဘီကီနီဘော်တွန်လို့ခေါ်တဲ့သူတို့နေထိုင်ရာရေအောက်မြို့လေးကို သိပ္ပံပညာရှင်လူဆိုးတစ်သိုက်သိမ်းပိုက်သွားရာကနေ စပွန့်ချ်တို့နှစ်ယောက်ပြန်ကယ်ထုတ်ဖို့ကြိုးစားကြမှာပါ''''မင်းမျက်နှာကို သေခြင်းတရားကစိုက်ကြည့်လာတဲ့အခါ မင်းဘာလုပ်မလဲကွ'''' ''''ကျွန်တော်လား ဒီလိုကြည့်တာရိုင်းတယ် အခြားနေရာကိုကြည့်လို့ပြောလိုက်မှာပေါ့ဗျ''ဆိုတဲ့ စပွန့်ချ်ဘော့ဘ်ပါနော်ကလေးတွေရဲ့အကြိုက်ဟာသကာတွန်းကားလေးပါရှင်... File size…(1.5 GB)/(870 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:22:00 Genre... Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shwe Eain Si
movie

Saving Bikini Bottom: The Sandy Cheeks Movie (2024)

Land of Dreams (2021) 5.2
Land of Dreams (2021) Land of Dreams (2021)2021 ထွက် Land of Dreams ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ လတ်တလော အချိန်ကာလမှာ အစိုးရရဲ့ သန်းခေါင်စာရင်းဌာနဟာ စီမံကိန်းတစ်ခုအနေနဲ့ လူတွေရဲ့ အိပ်မက်တွေကိုပါ စစ်တမ်းကောက်လာကြပါတယ် နိုင်ငံသားတွေကို ပိုမို ထိန်းချုပ်လာနိုင်ဖို့ သူတို့အချက်အလက်တွေကို ပိုပြီး စီမံကွပ်ကဲလာနိုင်ဖို့ပါ အဲဒီထဲမှာတော့ စီမင်ဆိုတဲ့ကောင်မလေးဟာ သန်းခေါင်စာရင်းဌာနမှာ အလုပ်လုပ်ပြီး သူတို့အတွက် အိပ်မက်တွေ လိုက်စစ်တမ်းကောက်ပေးရပါတယ် သရုပ်ဆောင်ပိုးပါတဲ့ စီမင်တစ်ယောက်အနေနဲ့ သူကြိုက်နှစ်သက်တဲ့ အိပ်မက်ရှိပြီဆိုရင် ဖမ်းယူထားပြီး အဲဒီအတိုင်း ပြန်လည်သရုပ်ဆောင်လေ့ရှိပါတယ် ဒီလိုနဲ့ စီမင်ရဲ့ အိပ်မက်စစ်တမ်းကောက်တဲ့ခရီးမှာ မာ့ခ်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ အယ်လန်ဆိုတဲ့ ခပ်ရင့်ရင့် ဘဲတစ်ဗွေပါ ပါလာပါတယ် အစိုးရရဲ့ ရှုပ်ထွေးမှုတချို့နဲ့ စီမင်ရဲ့ အိပ်မက်လား လက်တွေ့လားမသိတဲ့ ခပ်ရေးရေး ဇာတ်လမ်းမှာ ကိုယ်ကိုယ်တိုင်ရဲ့ အိပ်မက်တွေကိုလည်း မှတ်မိမလားဆိုတာ ပြန်တွေးကြည့်လိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.1GB ...
movie

Land of Dreams (2021)

2021
A Million Ways to Die in the West (2014) 6.1
A Million Ways to Die in the West (2014) A Million Ways to Die in The West (2014) (၁)ခင်ဗျားဟာ ၁၈၈၀ပြည့်နှစ်တွေထဲ အမေရိကန် အနောက်ပိုင်းမှာနေတဲ့ လူတစ်ယောက်ဆိုပါစို့။ ခင်ဗျား မွေးထားတဲ့သိုးက သူများခြံထဲက မြက်ကို သွားစားမိရင် ဒီပြဿနာက သေနတ်ချင်းယှဉ်ပစ်ပြီး ဖြေရှင်းရမယ့် ပြဿနာပါပဲ။ အနောက်အရပ်မှာ ခင်ဗျားခြံထဲကသိုးက သူများခြံထဲကမြက်ကို သွားစားမိရုံနဲ့လည်း နေရင်းထိုင်ရင်း ခင်ဗျားသေနိုင်ပါတယ်။သေနတ်ချင်းယှဉ်ပစ်တာမှာ ခင်ဗျားနိုင်ပြီး ရှပ်ထိရုံလောက် ဖြစ်သွားတယ်ဆိုပါစို့။ ခင်ဗျားအနာက ပလာစတာ ကပ်ရုံနဲ့ပျောက်လောက်တဲ့အနာဆိုရင်တောင် အရီဇိုးနားက ဆရာဝန်က ရှပ်ထိထားတဲ့ကိုယ်အင်္ဂါကို ဖြတ်ပစ်ဖို့လိုတယ်လို့ ပြောမှာပါ။ အနောက်ပိုင်းမှာရှိတဲ့ တစ်ဦးတည်းသော ဆရာဝန်ဟာ အအေးမိတဲ့လူနာကို နားထဲသံရိုက်သွင်းတဲ့ နည်းနဲ့ ကုတတ်ပြီး အဖျားကြီးရင် မြင်းကန်တာခံတဲ့နည်းနဲ့ ကုပေးတတ်တဲ့ ဇီဝကလက်သစ်ပါပဲ။ အူအတက်ပေါက်လို့ လာကုတဲ့အမျိုးသမီးတော့ ခွဲစိတ်ရင်း ခဏရပ်ပြီး နောက်လူနာကိုကုနေတဲ့အချိန် အတွင်းကလီစာတွေ ကြောင်စားခံလိုက်ရဖူးပါတယ်။(၂)ဝရမ်းပြေးတွေ၊ အမူးသမားတွေ၊ ဥညှစ်သတ်မယ့်ပြည့်တန်ဆာတွေ၊ ငတ်ပြတ်နေတဲ့ ...
movie

A Million Ways to Die in the West (2014)

2014
News of the World (2020) 7.0
News of the World (2020) News of the World (2020)**************************************IMDb...7.0ကိုဗစ်ကာလလည်းဖြစ်တော့ ရုပ်ရှင်ရုံတွေနဲ့လည်းဝေးတဲ့အပြင် ရုံကားကောင်းတွေလည်း ထွက်ဖို့ခက်ခဲလာပုံရပါတယ်... အရမ်းကိုကောင်းပါတယ်ဆိုတဲ့ကားတွေဟာ လက်ချိုးရေလို့တောင်ရလာပါတယ်....ဒီတော့ ဝမ်းသာစရာသတင်းကောင်းကတော့ ကျွန်တော်တို့ရဲ့မင်းသားကြီး တွန်ဟန့်ရဲ့ကားသစ်ကြီးထွက်လို့လာတာပါပဲ....ဘာကားလဲဆိုတာထက် မင်းသားကြီးနာမည်ပါရုံနဲ့ ပြည့်စုံနေတယ်လို့ပြောရင်မမှားပါဘူး... အငြိမ်းစားခြေလျင်တပ်သားဟောင်းဖြစ်တဲ့ ကပ္ပတိန် ဂျက်ဖာဆင်ကိုင်လ်ကစ်ဟာ စိတ်ဝင်စားဖွယ် သတင်းလေးတွေဖတ်ပြပြီး ငွေရှာရင်း တစ်မြို့ဝင်တစ်မြို့ထွက်သွားလာနေတဲ့သူပါ။ဒီလိုလှည့်လည်နေရင်းနဲ့ တစ်နေ့မှာ နှစ်အတော်ကြာကြာ အင်ဒီးယန်းသူပုန်တွေရဲ့ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုင်အိုဝါမျိုးနွယ်ကလေးမလေးနဲ့ တွေ့ခဲ့ပါတယ်။ကောင်မလေးကို သူ့ရဲ့ကျန်နေတဲ့မိသားစုဝင်တွေဆီ ပြန်ပို့ခိုင်းပေးဖို့ အကူအညီလိုက်ရှာခဲ့တယ်....ဘာသာစကားအခက်တွေကြောင့်ရော လမ်းခရီးမှာ အကြမ်းဖက်အဖွဲ့စုံများနေတာတွေရော ဒုက္ခမျိုးစုံရှိနေတော့ ဒီအလုပ်ကို ပိုက်ဆံရရင်တောင်ကူညီဖို့လူမရှိကြဘူး...အဲ့ဒီနောက်တော့ သူကိုယ်တိုင်ပဲဒီ အန္တရယ်လမ်းကို လိုက်ပို့ပေးဖို့ဖြစ်လာပါတော့တယ်....ထွေထူးတော့မညွှန်းတော့ပါဘူး.... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး..... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Khine Khine Wai နဲ့ Ei Phyu Khin တို့ဖြစ်ကြပါတယ်။File Size : 2.26GB/1.2 GB Quality :  1080p5.1CH / 720p  Format…mp4 Duration…1h 58min Genre :  Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai & Ei ...
movie

News of the World (2020)

2020
HEVC 1080p 5.1