Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Christopher Evan Welch
6.5
War of the Worlds (2005)
War of the Worlds (2005)IMDb Rating (6.5) / Rotten Tomatoes (76%)ဒီဇာတ်ကားက ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာဖြစ်ပြီး မင်းသား Tom Cruise , မင်းသမီး Dakota Fanning က ကလေးသရုပ်ဆောင်တို့အဖြစ် အဓိကပါဝင်ထားပါတယ်။ နာမည်ကြီး ဂန္တဝင်စာရေးဆရာ H.G Wells ရဲ့ Science fiction ဝတ္ထုဖြစ်တဲ့ " War of the Worlds ” ကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ရေးဖာရာက သင်္ဘောကျင်းမှာ ကုန်တင်ကုန်ချလုပ်တဲ့ ကရိန်းအော်ပရေတာတစ်ယောက်။ သမီးတစ်ယောက် သားတစ်ယောက်ရှိပေမဲ့ ဇနီးဖြစ်သူနဲ့အိမ်ထောင်ကွဲနေတာကြောင့် သူနဲ့အတူမနေကြပါဘူး။ တစ်ရက် ဇနီးဖြစ်သူက သူ့ရဲ့နောက်ယောကျ်ားနဲ့အတူ ဘော်စတွန်မှာရှိတဲ့မိခင်ဖြစ်သူဆီသွားမှာမို့ ရေးဆီကို ရက်ပိုင်းလောက်နေဖို့ သားနဲ့သမီးကို လာပို့သွားပါတယ်။ သားဖြစ်သူက ဆယ်ကျော်သက်ဆိုတော့ ရေးနဲ့မတည့်ပေမဲ့ ဉာဏ်ကောင်းတဲ့သမီးငယ်လေးကတော့ အဖေကိုချစ်ရှာပါတယ်။အဲ့လိုနေနေကြတုန်းမှာပဲ ရေးတို့သားအဖတွေနေတဲ့နေရာမှာ လျှပ်စီးမုန်တိုင်းတွေတိုက် မိုးကြိုးတွေတရပ်စပ်ပစ်ပါတော့တယ်။ အကုန်ငြိမ်သွားတဲ့အချိန် မြေကြီးမှာ အက်ကြောင်းရာကြီးဖြစ်ပြီး ဘာမှန်းမသိတဲ့အရာကြီးတွေပေါ်လာပါတယ်.... ကမ္ဘာကြီးက ...
movie
War of the Worlds (2005)
4K HEVC
6.7
The Good Shepherd (2006)
Robert De Niroက ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ၊ပရိုဂျူဆာအပြင် သရုပ်ဆောင်အနေနဲ့လည်းပါဝင်ထားပါတယ်။ Matt Damon၊ Angelina Jolieနဲ့ Eddie Redmayneတို့လည်း အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လမ်းက စီအိုင်အေအေးဂျင့်ဟောင်းတစ်ယောက်ရဲ့ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို အခြေခံပြီး စီအိုင်အေရဲ့ ကနဦး ၀ရုန်းသုန်းကားအခြေအနေတွေကို အေးဂျင့်တယောက်ရဲ့ဘ၀ကနေတဆင့် ရှုမြင်ရိုက်ကူးတင်ဆက်ထားတာပါ။စီအိုင်အေအကြီးတန်းအရာရှိ အက်ဒ်ဝက်ကူလန်တစ်ယောက် သူတို့ဌာနအတွင်းမှာ သူသျှိုရှိနေတာကို သိလိုက်ရပြီး အိမ်ကိုပြန်ရောက်တဲ့အချိန် သူ့အိမ်တံခါးမှာ အထုပ်တစ်ထုပ်တွေ့ခဲ့တယ်။ အထုပ်ထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့ အိပ်ရာပေါ်ကဓာတ်ပုံတွေရယ် အသံဖမ်းထားတဲ့တိပ်ခွေတွေကို တွေ့ရပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ မသဲကွဲခဲ့ပါဘူး။ဒီလို သူသျှိုဘယ်သူဘယ်ဝါမှန်းမသိတဲ့အချိန်မှာ ဇနီးဖြစ်သူနဲ့အဆင်မပြေ၊ သားဖြစ်သူကလည်း စီအိုင်အေထဲကို ဝင်ဖို့ဆုံးဖြတ်ပြီးပြီဆိုတဲ့ကြားမှာ အက်ဒ်ဝက်တစ်ယောက် မိသားစုနဲ့ အလုပ်ကြားကပြဿနာတွေကို ဘယ်လိုရင်ဆိုင်မလဲ။နောက်ပြီး သူ့အလုပ်မှာ သားဖြစ်သူက ဘယ်လိုပတ်သက်လာလဲဆိုတာရယ်ကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…(1.9 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:47:00 Genre...Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie
The Good Shepherd (2006)
6.4
The Interpreter (2005)
Special ops: Lioness, The undoing, Aquaman 1,2 , Nice perfect stranger အစရှိတဲ့ ရုပ်ရှင်ကားကောင်းများစွာရဲ့ သရုပ်ဆောင် အမျိုးသမီး Nicole Kidmanနဲ့ I'm Sam , Mystic River, Deadman walking , Casualties of War, Black Flies အစရှိတဲ့ ရုပ်ရှင်ကောင်းများစွာရဲ့ မင်းသား Sean Penn တို့ ၂ယောက်ရဲ့ ၂၀၀၅ခုနှစ်က ထွက်ရှိထားတဲ့ The Interpreter ဆိုတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။မတိုဘူလို့ ခေါ်တဲ့ အာဖရိက နိုင်ငံလေးမှာ ဒေါက်တာ ဇူဝါနီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ရယ်၊ အဂျင်း ဇိုလာ ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့ရယ်၊ ပြည်နှင်ခံထားရတဲ့ တော်လှန်ရေးခေါင်းဆောင် ကူမန်း-ကူမန်း ဦးဆောင်တဲ့ အဖွဲ့ရယ်ဆိုပြီး ...
movie
The Interpreter (2005)
7.1
Whatever Works (2009)
ဒီဇာတ်လမ်းလေးကတော့ လူ့အသိုင်းအဝိုင်းကို မုန်းတီးရှောင်ကြဥ်တဲ့လူလတ်ပိုင်းအရွယ် လူ့ဂွစာ ဉာဏ်ကြီးရှင်ကြီးနဲ့ လူ့လောကအကြောင်းဘာဆိုဘာမှမသိတဲ့ နှစ်ဆယ်ကျော်သက်အရွယ် ကောင်မလေးတို့ကြားကဇာတ်လမ်းလေးတစ်ပုဒ်ကို ဟာသဆန်ဆန်ကြည့်ရှုရမှာပါ...။ဒီလူ့ဂွစာကြီး ဘိုးရစ်ဆိုသူဟာ သာမန်မဟုတ်ဘူးဗျ၊ ရူပဗေဒပညာရပ်ထူးချွန်လို့နိုဘယ်ဆုတောင် လျာထားခံရဖူးသူ၊ ကွမ်တမ်ဗေဒလည်း တတ်ကျွမ်းနားလည်သူ၊လူတွေအကြောင်းသိတတ်နားလည်သူဖြစ်ပါတယ်...။အဲ့လောက်သိတတ်နေမှတော့ သာမန်လူတွေကိုဆိုရင် အပြစ်ပဲမြင်ပြီး အမုန်းကြီးမုန်းပြီပေါ့...။သူ့အတွက်ကတော့ လောကကြီးကို မုန်းတီးတယ်၊ အချစ်ဆိုတာလည်းမရှိသူ...ဘယ်သူဘာတွေပဲဆိုဆို အလုပ်ဖြစ်ရင်ပြီးရောဆိုပြီး "Whatever Works"ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားသူပါ...။တစ်နေ့ကျတော့ သူ့ဘဝထဲကို မယ်လိုဒီဆိုတဲ့ အလှမယ်လေးရောက်ချလာပါတယ်...။ဒီကောင်မလေးဟာ လူတွေအကြောင်းလည်းနားမလည်၊ ဘာမှမသိမတတ်နဲ့၊အလှမယ်ပြိုင်ပွဲတွေပဲဝင်ပြိုင်ခိုင်းလွန်းလို့ အိမ်ကထွက်ပြေးလာသူပါ...။ဘိုးရစ်ဆီလည်းရောက်တော့ အရာရာသိတတ်နားလည်သူဆိုပြီး အကြွေကြီးကြွေပြီး ချစ်မိတယ်ထင်ပါရဲ့...။ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေး၊အိမ်ထောင်ရေးဇာတ်လမ်းလေးကဘာဆက်ဖြစ်ကြမလဲဆိုတာကို ရယ်စရာဟာသလေးတွေနဲ့ကြည့်ရှုရမှာပါ....။စူပါမန်းမင်းသား Henry Cavillရဲ့ ငယ်မူ သရုပ်ဆောင်ဟန်လေးကို ခဏတာမြင်တွေ့နိုင်မယ့်ကားလေးလည်းဖြစ်ပါတယ်...။ File size…4.18GB / 1.03GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Whatever Works (2009)
7.1
Vicky Cristina Barcelona (2008)
IMDb----7.1/10မင်းသမီးချော စကားလက်ဂျိုဟန်ဆန် ငယ်ရွယ်နုပျိုစဥ်အခုတုန်းကရိုက်ထားတဲ့ဇာတ်ကားလေးပါ ဘာစီလိုနာမြို့မှာအခြေတည်ရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပြီးတော့ ဘာစီလိုနာရဲ့မြို့အလှမြင်ကွင်းတွေကိုသေချာမြင်တွေ့နိုင်မယ့်ဇာတ်ကားလေးလည်းဖြစ်ပါတယ် အချစ်ရဲ့အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းမတူကြတဲ့သူငယ်ချင်းနှစ်ယောက် ဘာစီလိုနာမြို့ကို နွေရာသီအားလပ်ရက်အနားယူဖို့ရောက်လာရာကနေ ဇနီးဟောင်းနဲ့သမုဒယကြိုးတွေမပြတ်နိုင်သေးတဲ့ စပိန်ပန်းချီဆရာတစ်ယောက်ကိုတစ်ပြိုင်တည်း စိတ်ဝင်စားမိရာက အချစ်နဲ့ဘဝရဲ့ ပဟေဠိတွေကို အဖြေရှာကြတဲ့အကြောင်းလေးပါ မင်းသမီးချော စကားလက်ဂျိုဟန်ဆန်ရဲ့ Lost in translation 2003ကိုကြိုက်နှစ်သက်ကြသူတွေဆို ဒီကားလေးကိုလဲ သဘောကျပါလိမ့်မယ် ကြည့်ပြီးတာနဲ့ လူတစ်ယောက်နဲ့တစ်ယောက် ဇာတ်ကားအပေါ်ခံစားရပုံခြင်းမတူကြပဲ အချစ်နဲ့ဘဝရဲ့ပတ်သက်တဲ့မေးခွန်းလေးတွေကိုတွေးမိနေစေမယ့်ဇာတ်ကားလေးပါ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Tz
movie
Vicky Cristina Barcelona (2008)
5.7
Admission (2013)
2013မှာထွက်ရှိထားတဲ့ Romance & comedy film အမျိုးအစားဖြစ်ပြီး IMDb - 7.5/10 အထိရရှိထားပါတယ် ဇာတ်လမ်းမှာတော့ ဆန်ဖရန်စစ္စကိုကစိတ်ရောဂါကုဆရာဝန်မလေးတစ်ယောက် သူနဲ့အကြာကြီးတွဲခဲ့တဲ့ရည်းစားဖြစ်သူကိုထားပစ်ခဲ့ပြီးအုတ်ခ်လန်ရဲ့ဆင်ခြေဖုံးရပ်ကွက်လေးကိုပြောင်းရွေ့လာရာကနေ အဲဒီရပ်ကွက်ထဲမှာအိမ်နီးနားချင်းတွေနဲ့အသားကျအောင်ကြိုးစားရင်း ဘယ်လိုရှေ့ဆက်ပြီးခင်တွယ်သွားကြမလဲဆိုတာကိုပေါ့ပေါ့ပါးပါးနဲ့စောင့်ကြည့်ရမှာပါFile size…(1.3 GB)/(630 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Michael
movie
Admission (2013)
5.3
The Stepford Wives (2004)
The Stepford Wives (2004)မိန်းမတွေက အိမ်ထောင်ရေးနိုင်နင်း (ပြောချင်တာက ထမင်းချက် သန့်ရှင်းရေးလုပ် အိမ်အလုပ်တွေအကုန်လုပ် ကလေးတွေကိုထိန်း ဂရုစိုက်)၊ ယောက်ျားတွေက စီးပွားရှာ ပြန်လာတဲ့အချိန်မှာ ယောက်ျားကို အပြုံးမျက်နှာနဲ့ ပျော်စရာတွေအပြည့်နဲ့ ပြေးကြို လိုအပ်တာတွေလုပ်ပေး အဲဒါမျိုးကို လူတိုင်းလိုချင်ကြမှာပေါ့။ဒါပေမဲ့ ဖြစ်နိုင်ပါမလား။ စိတ်ကူးယဉ်ပုံပြင်တွေထဲက ပြီးပြည့်စုံပြီး ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးဆိုတာ အပြင်မှာရော တကယ်ရှိနိုင်ပါမလား။ ထက်လွန်းတဲ့ မိန်းမတွေကို ရထားတဲ့ ယောက်ျားတွေက ဖောက်ပြန်ဖို့ ရာခိုင်နှုန်းအများဆုံးလို့ပြောကြတယ်။ အဲဒီတော့ အိမ်ထောင်ရေးသာယာဖို့ဆိုတာ မိန်းမတွေက ယောက်ျားတွေထက် မတော်မှဖြစ်တော့မှာပေါ့လို့ ပြောစရာဖြစ်လာရော။ ခပ်တုံးတုံးမိန်းမတွေပဲ အိမ်ထောင်ပြုလို့ ရမယ်ဆိုတဲ့ ကောက်ချက်ကြီးက တော်တော်လေးကို အဆင်မပြေတာပါ။ ဒါပေမဲ့လည်း အိမ်ထောင်ရေးဆိုတာက အများကြီးရှုပ်ထွေးပြီး နားလည်ရခက်ပါတယ်။ အပြန်အလှန်နားလည် ကူညီဖေးမ ထောက်ပံ့နေကြရင် အဆင်အပြေဆုံးဖြစ်နိုင်လောက်တယ် ဆိုတာကလွဲပြီး ဘာမှဝင်မပြောတော့ပါဘူး။ဒီဇာတ်ကားမှာတော့ အိမ်ထောင်ရေးဆိုတဲ့အပိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တော်နေတတ်နေရုံနဲ့ ...
movie
The Stepford Wives (2004)
2004
7.3
Lincoln (2012)
Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေလောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie
Lincoln (2012)
2012
7.2
The Master(2012)
The Master(2012)အညွှန်း********************IMDb...7.2,,,,,Rotten....85%အမိုက်စားကားမို့ (BLU-RAY 1080P 5.1CH,720P)တို့ဖြင့်တင်ဆက်ပေးထားပါသည်.....(unicode)Joker 2019 ကိုကြည့်ပြီးတဲ့နောက် ဇာတ်လမ်းကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ Joaquin Phoenix ရဲ့ သရုပ်ဆောင်ဟန်တွေကိုတော့ အားလုံးလိုလို ချီးကျူးခဲ့မိကြမယ်ထင်ပါရဲ့....ဒါ့ကြောင့် ဒီမင်းသားကြီးရဲ့ ဇာတ်ကားတွေထဲက အကောင်းဆုံးစာရင်း၀◌င်တဲ့ The Master ဆိုတဲ့ ကားကိုတင်ဆက်ပေးလိုက်ပါတယ်... ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့အချိန် စိတ်ဝေဒနာရှင်မိခင်တစ်ယောက်ရဲ့ သားဖြစ်သူဟာ စစ်တပ်ကထွက်ပြီး အရပ်ဘက်အလုပ်တွေလုပ်ကိုင်ခဲ့တယ်... ကံဆိုးတာက သူကိုယ်တိုင်က အမေဘက်လိုက်တယ်လို့ ဆိုရမလား မသိ...သူ့မှာလည်း စိတ်ဝေဒနာအခံက ရှိနေပြန်တယ်... သူဟာ ကောင်မလေးတစ်ယောက်ကို ချစ်မိခဲ့တယ်....သူကိုယ်သူလည်း ဘာချို့ယွင်းချက်ရှိနေလဲဆိုတာသိတော့ စိတ်ပညာရှင် မာစတာနဲ့ တွေ့ပြီး တော့ သူ့ရဲ့ဖြစ်တည်မှုကို ပြင်ဖို့ကြိုးစားပါတော့တယ်... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ စိတ်ဝင်တစားနဲ့ ရသမျိုးစုံ ပေါင်းစုံခံစားရမှာဖြစ်လို့ လုံးဝလက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်..IMDb..7.2နဲ့ Rotten 85%တောင် ရထားတာဖြစ်လို့ ခံစားကြည့်ကြပါဦး.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်....(zawgyi)Joker 2019 ကိုကြည့်ပြီးတဲ့နောက် ဇာတ်လမ်းကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ Joaquin ...
movie
The Master(2012)
2012