Channel Myanmar

Christopher Dane

Robin and the Hoods (2024) 5.0
Robin and the Hoods (2024)  ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးရုပ်ရှင်တွေကိုကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ကလေးသရုပ်ဆောင်တွေနဲ့အသားပေးရိုက်ကူးထားတဲ့ Fantasy Adventure ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဇာတ်လမ်းပုံစံက ထူးခြားတယ်လို့ ပြောလို့ရပါတယ်။ကလေးတွေရဲ့စိတ်ကူးနဲ့ လက်တွေ့လောကနဲ့ကို ယှဉ်တွဲရိုက်ပြထားပြီးတော့ ကိုယ်တွေငယ်ငယ်တုန်းကလည်း သူတို့လိုစိတ်ကူးယဉ်ခဲ့ပါလားဆိုပြီးတော့ ငယ်ဘဝကိုပါ သတိရသွားစေပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Robin နဲ့သူငယ်ချင်းတစ်စုဟာ သူတို့အိမ်နားကသစ်တောထဲမှာ ကစားနေကျဖြစ်ပါတယ်။ တစ်နေ့ စီးပွားရေးလုပ်ငန်းတစ်ခုက အဆောက်အအုံတစ်ခုဆောက်ဖို့အတွက် သူတို့ရဲ့ကစားနေကျနေရာကို ဖျက်ဆီးပစ်ဖို့လုပ်လာပါတယ်။ အဲဒါကို Robin က သူရဲ့သူငယ်ချင်းတွေကိုဦးဆောင်ပြီးတော့ တားဖို့ကြိုးစားတဲ့အခါ ဘယ်လိုအဖြစ်အပျက်တွေကို တွေ့ကြုံရမလဲ၊ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ၊နောက်ဆုံးမှာရော တားဆီးနိုင်သွားပါ့မလားဆိုတာတွေကိုကလေးသဘာဝအရ အလွဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရမှာဖြစ်ပါတယ်။ File size…1.81GB / 1.03GB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 40m Genre ….. Adventure , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie

Robin and the Hoods (2024)

The Unfamiliar 2020 3.7
The Unfamiliar 2020 Izzy ဟာ ကလေးမွေးပြီးမကြာခင်မှာပဲ စစ်ဆရာဝန်အဖြစ် ရှေ့တန်းမှာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သူ အမျိုးသမီးတစ်ဦးပဲဖြစ်ပါတယ်။ ခင်ပွန်းသည်နဲ့ အတိုက်အခံလုပ်ပြီး ရှေ့တန်းသို့ထွက်သွားပြီးနောက် ပြန်လာချိန်မှာတော့ Izzy အတွက် အိမ်သားတွေက ဖော်ရွေပေမယ့် ထူးဆန်းလို့နေပါတယ်။ ခင်ပွန်းသည် Ethan ဟာ ဟာဝိုင်ယီကတိုင်းရင်းသားတွေရဲ့ယဉ်ကျေးမှုကိုလေ့လာရင်း သရဲ စုန်း မိစ္ဆာတွေကို စိတ်ဝင်စားလျက်ရှိပြီး စန္ဒာရားတီးတာကို သဘောကျတဲ့သမီးအကြီးကလည်း အမူအရာတွေ ပြောင်းလဲနေပါတယ်။ သားငယ်ကလည်း ထူးဆန်းတဲ့အကာအကွယ်မန္တာန်တွေ ရွတ်ဆိုနေပြီး ထူးဆန်းတဲ့စကားတွေပြောကာ Izzy ကိုယ်တိုင်လည်း အိမ်မှာ ခြောက်ခြားစရာတွေ တစ်ခုပြီး တစ်ခု ဆက်တိုက်ကြုံတွေ့နေခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေအားလုံး ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းက ဘာလဲ ? သူမရှိတဲ့အချိန်အတောအတွင်း မိသားစုဝင်တွေကြား ဘာတွေဖြစ်ခဲ့သလဲ ? Izzy ကိုယ်တိုင်ရော ပရလောကပိုင်းဆုင်ရာ အန္တရာယ်တွေကြုံလာတဲ့အခါ ဖြေရှင်းနိုင်ပါ့မလား ?စတာတွေကို ရင်တထိတ်ထိတ် နှလုံးတခုန်ခုန်နဲ့ စောင့်ကြည့်ရမယ့် Horror ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File Size : 600 Gb and 300mb Quality : webrip ...
movie

The Unfamiliar 2020

Born of Hope (2009) 6.2
Born of Hope (2009) Born of Hope (2009)================IMDb Rating - 6.2/10#UnicodeJ.R.R Tolkien ရဲ့ Lord of the Rings Triology တွေနဲ့ ဆက်‌​နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။LOTR ထဲမှာပါတဲ့ Isildur ရဲ့ အမွေဆက်ခံသူ ၊ Gondor ရဲ့ ဘုရင် ၊မြောက်ပိုင်းစစ်သည်တော် အာရာဂွန်(Aragorn )ရဲ့ ငယ်ဘ၀ကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ အာရာဂွန်ဟာ အာရာသွန်ရဲ့သားတော်ဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ ဖခင် အာရာသွန်နဲ့ Orcs တွေကြားက ပဍိပက္ခ တွေကို အဓိကထားပြထားပြီး သူတို့ရဲ့နယ်မြေ Gondor ကိုပြန်‌လည်တည်ထောင်ဖို့အတွက် အာရာဂွန်ဆိုတဲ့ စစ်သည်တစ်ယောက် ဘယ်လိုမွေးဖွားခဲ့ရှင်သန်ခဲ့လဲဆိုတာ သိရမှာပါ ။ LOTR fan တိုင်း လက်မလွှတ်သင့်တဲ့ prequel တစ်ခုလို့ အကြံပေးပါရစေ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ပဲဖြစ်ပါတယ်။)#ZawgyiJ.R.R Tolkien ...
movie

Born of Hope (2009)

2009