Channel Myanmar

Christina Gray

Temptation Under the Sun (2022)
Temptation Under the Sun (2022)  ဒီထရိုက်မြို့မှ စုံထောက်မလေး"ကာဆေဒီခရူးဇ်"ဟာ အာဏာရှိအကောင်ကြီးကြီးတစ်ယောက်ရဲ့အမှုကို အလွတ်မပေးဘဲ စုံစမ်းစစ်ဆေးနေတာကြောင့် သူမကိုခဏပထုတ်ချင်တာကြောင့် အားလပ်ရက်ခရီးတစ်ခုစေလွှတ်ခြင်းခံလိုက်ရပါတယ် သူမကို ကာရေဘီယာပင်လယ်နားက စိန့်လုခ်ဆိုတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို အပန်းခရီးထွက်ခိုင်းခဲ့တာပါ အဲ့ကျွန်းပေါ်မှာ ခရီးသွားဧည့်သည်တွေအတွက် လှေငှားတဲ့အလုပ်လုပ်တဲ့ "ထရာဗစ်ကင်း"ဆိုတဲ့ လူနဲ့ဆုံမိပြီး ရင်ခုန်သံတွေနိုးကြားခဲ့ပါတယ်ဒါပေမဲ့ တစ်ရက်မှာ ထရာဗစ်ရဲ့ရည်းစားဟောင်းဖြစ်တဲ့ "မင်နာဗာ"တစ်ယောက်အသတ်ခံလိုက်ရတာနဲ့ပက်သက်ပြီး အဲ့ကျွန်းရဲ့ရဲမှူးက တရားခံဟာ "ထရာဗစ်"ဖြစ်တယ်လို့ သတ်မှတ်ပြီး ဖမ်းခေါ်သွားခဲ့ပါတယ် အဲ့တော့ အမှုတစ်ခုကိုအမှန်တရားမပေါ်မချင်းလိုက်လံဖော်ထုတ်တတ်တဲ့ စုံထောက်မလေးဟာ ထရာဗစ်မှာအပြစ်မရှိကြောင်းသက်သေပြဖို့နဲ့ တရားခံအစစ်ကိုရှာဖွေဖို့အတွက်ကူညီပေးပါတော့တယ်မင်နာဗာကို သတ်တဲ့တရားခံကတကယ်ပဲ ထရာဗစ်လား ဒါမှမဟုတ် အခြားတစ်ယောက်လား....... သတ်ရတဲ့အကြောင်းပြချက်ကရော ဘာဖြစ်မလဲ...... ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် File size…(1.7 GB)/(888 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre... Thriller, TV Movie  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

Temptation Under the Sun (2022)

A Lifeguard’s Obsession (2023)
A Lifeguard’s Obsession (2023) A Lifeguard's Obsession (2023)အသက်ကယ်ရတဲ့အလုပ်ဆိုရင် ကျန်တဲ့အလုပ်တွေထက် ပိုပြီးမြင့်မြတ်တယ်လို့ ကျွန်တော်တို့တော်တော်များများ ယူဆတတ်ကြပါတယ်။ အသက်ကယ်လိုက်တဲ့လူကိုလည်း အသက်သခင်ကျေးဇူးရှင်ရယ်ဆိုပြီး အရေးတယူပြုတတ်ကြတာ သဘာဝပါပဲ။ သင့်ကိုအသက်ကယ်လိုက်တဲ့လူက လူကောင်းလား လူဆိုးလားဆိုတာကိုတော့ ဘယ်သူမှမသိကြပေမဲ့ ကူညီချင်စိတ်ရှိတဲ့လူဟာ လူကောင်းရယ်လို့ပဲ တထစ်ချတွက်ဆတတ်ကြပါတယ်။မက်ဂီဆိုတဲ့ကောင်မလေးဟာ ပင်လယ်ကိုအင်မတန်မှာချစ်တဲ့ကောင်မလေးတစ်ယောက်၊ ပင်လယ်ပျော်ပီပီ လှိုင်းစီးနေရတာကို ပျော်မွေ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့ အားကစားသမားနဲ့ဒဏ်ရာဆိုတာကလည်း အမြဲဒွန်တွဲနေတဲ့အရာဖြစ်နေလေတော့ တစ်နေ့မှာ ဒူးခေါင်းအရွတ်ပြဲဒဏ်ရာရသွားပြီးတော့ လှိုင်းစီးရတာကို စွန့်လွှတ်ထားရသူဆိုလည်း မမှားပါဘူး။ လှိုင်းစီးတာကို တစ်ကမ္ဘာလို့ထင်မှတ်ထားတဲ့မက်ဂီအတွက်တော့ ဒီဒဏ်ရာဟာ ဘဝတစ်ခုလုံးကို အမှောင်ချလိုက်သလိုပါပဲ။မက်ဂီရဲ့ချစ်သူကတော့ ကမ်းခြေကlifeguardလည်းဖြစ် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲလည်းဖြစ်တဲ့ Influencer celeချောလေး ကိတ်ဒ်ပေါ့။ တစ်ချိန်က သိပ်ချစ်ကြတဲ့ မက်ဂီတို့ ချစ်သူစုံတွဲဟာ ဒဏ်ရာပြဿနာကြောင့် အရာရာကိုစိတ်မကြည်တဲ့မက်ဂီ ဒါကို ကိတ်ဒ်က Influencer ပီပီ လိုင်းပေါ်မှာပဲ ၂၄/၇ အချိန်ကုန်နေပြီး မက်ဂီကိုအချိန်မပေးနိုင်တော့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့အပြင် အဆင်လေးတွေပတ်လည်ဝိုင်းနေတတ်တဲ့ သူ့ဘေးမှာလည်း လုပ်ဖော်ကိုင်ဖက်ထက်ပိုတဲ့အရိပ်အယောင်တွေနဲ့ တီနာဆိုတဲ့ကောင်မလေးပါရှိနေတဲ့ကိတ်ဒ်ကြောင့် RS တစ်ခုရဲ့ လေစိမ်းတိုက်နေတဲ့အခိုက်အတန့်ကို ရောက်ရှိနေချိန်ပေါ့။ထုံးစံအတိုင်းပါပဲ rsတွေကြားမှာ ပြဿနာတက်ပြီဆိုရင် ရောက်လာတတ်တာကတော့ ...
movie

A Lifeguard’s Obsession (2023)

2023
[18+] Secretary (2002) 7.0
[18+] Secretary (2002)  +++Dark Side production မှ တင်ဆက်သည်။+++ဒီဇာတ်ကားမှာ မစ္စတာ Grey အဖြစ် မင်းသားကြီး James Spader...Mr.Grey ရဲ့ အတွင်းရေးမှူး ဟော်လိုဝေး အဖြစ် မင်းသမီးကြီး Maggie Gyllenhaal...ဇာတ်လမ်းကတော့ မစ္စတာဂရေးနာမည်ကို ကြားလိုက်တာနဲ့ ဘယ်လိုဇာတ်ကားဆိုတာ မှန်းမိမယ်ထင်ပါတယ်..ငယ်ငယ်ကတည်းက မိဘတွေရဲ့ ဘဝအခြေအနေကြောင့် စိတ်ဒဏ်ရာအများအပြားနဲ့ ကြီးပြင်းလာရတဲ့ ဟော်လိုဝေး..ခက်ထန်တဲ့ အမူအရာတွေနဲ့ ကြမ်းတမ်းတတ်တဲ့ မစ္စတာဂရေး...သူတို့နှစ်ယောက်ရဲ့ တိတ်ဆိတ်တဲ့ အမှောင်ခြမ်းတွေကို ရုံးခန်းတစ်ခုထဲမှာ ဘယ်လိုတွေ ခင်းကျင်းကြမလဲဆိုတာ.....။18+ ဇာတ်ကားဆိုပေမယ့် Rating တွေလဲ မြင့်ပါတယ်။IMDb (7/10) နဲ့ Rotten Tomatoes 76% ထိ ရရှိထားတဲ့ လူကြီးဇာတ်ကားပါ။  File size…(1.1 GB) Quality…Blu-Ray 720p Format…mkv Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by Dark Side TNL
movie

[18+] Secretary (2002)

2002