Channel Myanmar

Christiane Gjellerup Koch

Rose (2023) 7.6
Rose (2023)  ဒိန်းနစ်ရုပ်ရှင်ကား Rose ဟာ ညီအမနှစ်ယောက်ဖြစ်တဲ့ Inger နဲ့ Ellen အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပြီး ပဲရစ်ကိုသွားတဲ့ ခရီးတစ်လျှောက် ညီအမနှစ်ယောက်ရဲ့ဖြစ်ရပ်တွေကို ရိုက်ကူးပေးထားတာပါ။Inger ဟာ စိတ်ပိုင်းဆိုင်ရာ စိတ်ကစဉ့်ကလျားဖြစ်တဲ့ရောဂါကို ခံစားနေရပြီး ခရီးတစ်လျှောက်လဲ ကားပေါ်မှတခြားခရီးသည်တွေရဲ့ ခွဲခြားဆက်ဆံမှုတွေကို ခံနေရပါတယ်။ ပဲရစ်ကို ရောက်တဲ့အခါ Inger ရဲ့ အတိတ်ကဖြစ်ရပ်တွေကိုသိလာရပြီး Inger စိတ်ကျန်းမာရေးမကောင်းရတဲ့အကြောင်းရင်းတွေကိုပါ သိလာရတယ်။Rose ရုပ်ရှင်မှာ ညီမဖြစ်သူ Ellen တစ်ယောက် အမပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုတွေကို တွေ့ရမဲ့အပြင် ၁၅၀၀ အချစ်က Inger ကို ဘယ်လိုလူမျိုးဖြစ်သွားအောင် ပြောင်းလဲပေးလိုက်နိုင်လဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(780 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre... Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana
movie

Rose (2023)

The Reunion (2011) 5.8
The Reunion (2011) The Reunion (2011) ============== IMDb Rating - 5.8/10ဒီဇာတ်ကားလေးကတော့ ဒိန်မတ်ဟာသဇာတ်ကား လေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၂၅ နှစ်ပြည့် အထက်တန်းကျောင်းတွေ့ဆုံပွဲကိုတက်ဖို့အတွက် တစ် တန်းလုံးကိုဖိတ်ကြားထားပါတယ်။အသက်လေးဆယ်ကျော် လူလတ်ပိုင်းများဖြစ်နေကြတာ ကြောင့် နယ်ပယ်အသီးအသီးမှာအောင်မြင်နေကြသူတွေ ပေါ့၊ ဒီထဲမှာ နေးစ်ကတော့ တွေ့ဆုံပွဲကိုမသွားချင်ဘူး ၊မိန့် ခွန်းပြောရမှာဖြစ်တဲ့အတွက် တစ်ချိန်လုံးစိတ်ဖိစီးနေတယ်။ နေးစ်ရဲ့သူငယ်ချင်းအဆိုတော်သောမတ်စ်က သူနဲ့အတူသွားဖို့ စည်းရုံးနေတယ်။သူတို့သူငယ်ချင်း အန်ဒရေးအက်စ် အိမ်ထောင်အဆင်မပြေ တာကိုနှိမ့်သိမ့်အနေနဲ့ရော မစုံတာကြာပြီဖြစ်တဲ့ သူငယ်ချင်း သုံးယောက်အတူတူ တွေ့ဆုံပွဲသွားမယ့်မတိုင်ခင်တစ်ရက်မှာ အတူတူခရီးထွက်ဖို့တိုင်ပင်လိုက်ကြပါတယ်၊ ဒီလိုနဲ့ သူငယ် ချင်းသုံးယောက် သောက်စားမူးယစ်ပြီးတလွဲတွေလုပ်ကြတဲ့ အခါမှာတော့.....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2.0 GB) / (800 MB) / (472 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 30Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Tin Myo Lwin Encoder..........SWM
movie

The Reunion (2011)

2011
Another Round (2020) 8.1
Another Round (2020) Another Round (2020) ================IMDb Rating (8.1/10) Rotten Tomatoes (92%)ကြည့်ပါများလို့သတိထားမိသလောက်ပြောရရင် လူကြိုက်များလို့ကောင်းတယ်သတ်မှတ်ခံရတာ မဟုတ်ဘဲ တကယ်ကောင်းတဲ့ ရုပ်ရှင်အကုန်လုံးနီးပါးမှာတူညီတာတစ်ခုရှိပါတယ်။ ရုပ်ရှင်ရိုက်နေပေမဲ့ ရုပ်ရှင်မဆန်တဲ့ အချက်ပါပဲ။ဒီလိုရုပ်ရှင်တွေထဲကဇာတ်ကောင်တွေဟာ လူသိပ်ဆန်ပါတယ်။ မကြီးကျယ်ဘူး မမြင့်မြတ်ဘူး။လုပ်ချင်တာလုပ်နေကြတဲ့လူတွေပါပဲ။ အထူးသဖြင့် အရှေ့တိုင်းရဲ့ ရုပ်ရှင်မဆန်တဲ့ရုပ်ရှင်တွေဟာ ရေနီးမြေနီးဓလေ့နီးတဲ့ ကျွန်တော်တို့ရင်ထဲကို ၀င်လွယ်ပါတယ်။ အနောက်တိုင်းဘက်မှာတော့ ဘုံတူညီမှုတစ်ခုကိုသာ မကြည့်ဘဲ တစ်ကားလုံးချုံကြည့်ရရင် အရှေ့တိုင်းရုပ်ရှင်ထက်နည်းနည်းရင်ထဲ၀င်ဖို့ခဲပါတယ်။ ဒီလို၀င်နိုင်တဲ့ကားက မရှားပေမယ့် မများလှပါဘူး။ အခုဒီဒိန်းမတ်ရုပ်ရှင်က ရုပ်ရှင်မဆန်တဲ့ရုပ်ရှင်မျိုးပါပဲ။ဒီရုပ်ရှင်ဟာ အရက်သမားတစ်အုပ်အကြောင်းပါပဲ။ သူတို့မှာဖော်ပြပါအရည်အသွေးအပြည့်ရှိပါတယ်။ဇာတ်အိမ်ကတော့...သက်လတ်ပိုင်းကျောင်းဆရာတစ်စုနဲ့ သူတို့ရဲ့သက်လတ်ပိုင်းမပြေလည်မှုတစ်ချို့ပေါ်တည်ထားပါတယ်။ သူတို့စကားအတိုင်းပြောရရင်လူ့ခန္ဓာကိုယ်မှာ မွေးကတည်းက အယ်ကိုဟော 0.05%ပါပါတယ်။ ပြောရရင် ဒီအယ်ကိုဟောနှုန်းကိုထိန်းထားခြင်းက စိတ်နဲ့ခန္ဓာ ကျန်းမာရေးအတွက်ကောင်းတယ် Createive ပိုဖြစ် Realxပိုဖြစ်တယ်ပေါ့ဗျာ။ ဒီတော့ အရက်ကိုကျန်းမာရေးအတွက် စသောက်ဖြစ်ရာကနေ ဘယ်လိုတွေ အထိန်းအကွပ်မဲ့သည့်တိုင် ဖြစ်သွားလဲဆိုတာကို ပြထားတယ်လို့ပဲ အကျဉ်းဆိုရမယ်။ သဘောကျစရာကောင်းတာက သူတို့မူးပြီးသောင်းကြမ်းကြတဲ့အခန်းတွေက အရိုးရဲ့ယိုင်တိုင်ယိုင်တိုင်မဟာပုရိသသီချင်းကို ဒိန်းမတ်စတိုင်သရုပ်ဖော်ထားသလိုပါပဲ ကျွန်တော်တော့ကြည့်နေရင်း အရိုးသီချင်းပဲပြေးမြင်တယ်။ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မသိပေမယ့်ကျွန်တော့်ပတ်၀န်းကျင်က လူတွေအတော်များများကတော့ သက်လတ်ပိုင်းစိတ်ဓာတ်ကျဆင်းမှုနဲ့အတူအရက်သမားဖြစ်လာကြသူတွေများပါတယ်။ ဒီနေရာမှာ ဒီရုပ်ရှင်ဟာ realisticဖြစ်ဖို့ဘက်ကို စကတည်းကဦးတည်ထားတာသိသာပါတယ်။ ကျောင်းဆရာတွေရဲ့ စရိုက်ကိုပုံဖော်ပုံကလည်းပုံဖော်ပုံလဲထိုနည်း၎င်းပါပဲ။ဒါရိုက်တာကတော့ The Huntတို့ Celebrationတို့လို ဒရာမာကားကောင်းတွေရိုက်ထားတဲ့ Thomas Vinterbergပါ။ မင်းသား ဒါရိုက်တာ ဘာမှပြောစရာမရှိပေမယ့် ရုပ်ရှင်မဆန်တာလွန်သွားလို့ပဲလားတော့မသိပါဘူး Cinematography ပိုင်းမှာတော့ ...
movie

Another Round (2020)