Channel Myanmar

Christian Stamm

Beautiful Rebel (2024) 6.4
Beautiful Rebel (2024)  ဒီရုပ်ရှင်လေးကတော့ အီတလီရဲ့ အအောင်မြင်ဆုံးRock Starတစ်ယောက်ဖြစ်တဲ့ Gianna Nanniniရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့အတ္ထုပတ္တိဇာတ်ကားလေးပဲဖြစ်ပါတယ်....။ငယ်စဥ်ကတည်းက ဂီတကိုရူးသွပ်ပေမယ့် မိသားစုရဲ့အားပေးပံ့ပိုးမှုမရခဲ့တော့ အခက်အခဲမျိုးစုံကြားကနေကိုယ့်လမ်းကိုယ်ဖောက်ခဲ့တဲ့ အမျိုးသမီးရော့ခ်အဆိုရှင်တစ်ယောက်ယောက်အကြောင်းကိုမြင်တွေ့ရမှာပါ...။ထိုခေတ်အခါက အီတလီဂီတလောကမှာက အမျိုးသမီးဆိုရင်ပေါ့ပ်အမျိုးအစားဆိုမှ..၊ကြွကြွရွရွလေးဝတ်စားနေထိုင်ပြမှဆိုတဲ့ပုံစံခွက်ထဲကနေ သူ့ကိုယ်ပိုင် ရော့ခ်ဂီတ ရော့ခ်ဟန်ပန်တွေနဲ့ထိုးဖောက်ခဲ့သူလည်းဖြစ်ပါတယ်။ကိုယ်ယုံကြည်ရာ ကိုယ်လုပ်တဲ့ သူ့ရဲ့အကျင့်စရိုက်ကြောင့်လည်းအီတလီရောခ့်ဂီတမှာ ထိပ်တန်းကိုရောက်စေခဲ့တာလို့လည်းပြောနိုင်ပါတယ်...။အီတလီရော့ခ်စတားတစ်ဦးရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေကိုခံစားရင်း သူ့ဘဝဇာတ်ကြောင်းကိုပါ ရှုစားရမယ့် ဇာတ်ကားလေးဖြစ်တာမို့တင်ဆက်ပေးလိုက်ရပါတယ်ဗျာ....။ File size…1.84GB / 874MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Biography , Music , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Beautiful Rebel (2024)

The Replacement (2021) 6.2
The Replacement (2021) The Replacement (2021) ================== IMDb Rating - 6.2/101982 ခုနှစ် စပိန်-ဂျာမနီ စစ်ပွဲကာလတွေမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းတစ်ခုအကြောင်း အခြေခံရိုက်ကူးထားတဲ့ စပိန်နောက်ခံစကားပြော ဇာတ်ကားလေး တစ်ကားပါ။အဲဒီကာလ မက်ဒရစ်မြို့ရဲ့ အတော်ဆုံး စပိန်လူမျိုး စုံစမ်းရေးမှူး တစ်ယောက်ဖြစ်တဲ့ အန်ဒရက်စ်က ပင်လယ်ဆိပ်ကမ်းမြို့လေးက ဘိုအာဒါဆိုတဲ့ ရဲတစ်ယောက်ရဲ့နေရာမှာ လူစားထိုးပြောင်းရွှေ့လာခဲ့တယ်။ ကိုလမ်ဘို ဆိုတဲ့ တွဲဖက်တစ်ယောက် ရလာခဲ့ပြီး အဲဒီမြို့က ဂျာမန်တွေရဲ့ လာဘ်ထိုးမှုတွေနဲ့ ဘဝတစ်ဆစ်ချိုး ပြောင်းလဲဖို့ ဖန်လာခဲ့တာပေါ့။ အဲဒီအချိန်မှာပဲ နာဇီတွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ မူးယစ်ဆေးမှုတွေအပြင် သူအစားဝင်ခဲ့တဲ့ ဘိုအာဒါရဲ့ သေဆုံးမှုကပါ သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ ထူးဆန်းနေကြောင်း သတိထားမိလာပြီး အမှုကို ပြန်လည်စစ်ဆေးဖို့ ကြိုးစား ပါတော့တယ်။ဒါ့အပြင် 1980 အစောပိုင်းကာလ နာဇီဂျာမန်တွေရဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေ၊ အကြမ်းဖက်ဒုစရိုက်မှုတွေကို ရိုက်ကူး ပုံဖော်ထားတဲ့အပြင် စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့ ကြိုးပမ်းခဲ့ရတဲ့ ကာလတွေအကြောင်း မြင်တွေ့ရမှာမို့ နိုင်ငံရေးသမိုင်းကြောင်း စိတ်ဝင်စားတဲ့လူတွေအတွက် အကြိုက်တွေ့စေမှာ အသေချာပါပဲ။ IMDb 6.2 ရရှိထားပြီး Ricardo Gómez, Vicky Luengo, Pere ...
movie

The Replacement (2021)

2021
Rose Island (2020) 6.9
Rose Island (2020) Rose Island (2020)================IMDb Rating - 6.9/10#UnicodeNetflix ကအသစ်ထွက်လာတဲ့ adventure/ comedy/ drama အမျိုးအစား အီတလီဇာတ်ကားလေးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကို ရိုက်ကူးထားပြီး တော်တော်လေးကို ကြည့်လို့ကောင်းပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျော်ဂျီရို ရိုဆာက  အီတလီလူမျိုး အင်ဂျင်နီယာတစ်ယောက်ပေါ့...သူက အားအားရှိ ပစ္စည်းပေါင်းစုံ လျှောက်ထွင်ပြီးတစ်ချိန်လုံး အဖမ်းခံနေရတဲ့သူပါ...ဂတ်ဘရီအယ်လာက သူ့ရည်းစားဟောင်း ရှေ့နေမလေးပေါ့ တော်တယ် ထက်မြက်တယ်...ရိုဆာကို ချစ်ပေမယ့် လက်တွေ့ဆန်တဲ့ ဂတ်ဘီက ရိုဆာနဲ့တွဲရတာ စွန့်စားလွန်းရာကျတယ်ဆိုပြီး ပြတ်ခဲ့ကြတာပေါ့။တစ်ရက် သူတို့ပြန်ဆုံပြီး ကမောက်ကမတွေဖြစ်ကုန်တော့ ဂတ်ဘီက စိတ်ဆိုးပြီး ရိုဆာ့ကိုပြောတယ် သီးသန့်ကိုယ်ပိုင်ကမ္ဘာဆိုတာ မရှိကြောင်း လိုက်လျောညီထွေနေတတ်ဖို့လိုကြောင်းတွေပေါ့။ အဲဒီမှာ ရိုဆာက လက်မခံပဲ သီးသန့်ကိုယ်ပိုင်ကမ္ဘာ ဖန်တီးပြမယ်ဆိုပြီး သူငယ်ချင်းဖြစ်သူ မော်ရီဇီရိုနဲ့အီတလီရေပိုင်နက်အပြင်မှာ နှင်းဆီကျွန်းလို့ အမည်ရတဲ့လူလုပ်ကျွန်းတစ်ခု ဆောက်ပြီး လွတ်လပ်တဲ့ပြည်ထောင်စုအဖြစ်ကြေငြာပစ်လိုက်တော့တယ်။ အဲဒီကျွန်းကို အီတလီအစိုးရက မျက်စိစပါးမွှေးစူးလာချိန်မှာတော့... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ဆက်လက်ရှုစားကြပါနော်...ဒီဇာတ်လမ်းလေးမှာ တီထွင်မှုတွေ . ...
movie

Rose Island (2020)

2020