Channel Myanmar

Christian Gallegos

The Long Game (2023) 6.7
The Long Game (2023) IMDb 6.7 Rotten Tomatoes 97% ရရှိထားတဲ့ ဒရာမာရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်လေးက စာရေးဆရာ Humberto G. Garcia ရဲ့ ဝေဖန်မမှုတွေခံခဲ့ရပြီး ကိုယ်ပိုင်ထုတ်ဝေခဲ့တဲ့ စာအုပ်လေးကိုအခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ထဲမှာတော့ မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်က မြို့ငယ်လေးက မက္ကဆီကန်‌အထက်တန်းကျောင်းသား ငါးယောက်နဲ့ဖွဲ့ထားတဲ့ "Mustangs" လို့အမည်ရတဲ့ အထက်တန်းကျောင်းဂေါက်သီးရိုက်အသင်းလေးအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။အချိန်ကာလအားဖြင့် အမေရိကန် ဗီယက်နမ် စစ်တွင်းကာလ ၁၉၅၇ ဖြစ်ပါတယ်။ ဆန်ဖီလစ်ပီလို့ခေါ်တဲ့ မြို့ကလေးကတော့ အမေရိကန် နဲ့ မက္ကဆီကို နယ်စပ်မှာတည်ရှိတဲ့ မြို့ကလေးပါ။ ဒီမြို့ငယ်လေးက အထက်တန်းကျောင်းမှာ "ဂျိုး"လို့အမည်ရတဲ့ မက္ကဆီကန်ကျောင်းသားလေးနဲ့ သူငယ်ချင်းလေးယောက်ဟာ ဂေါက်သီးရိုက်အားကစားကို ဝါသနာထုံကြတဲ့သူတွေဖြစ်ပြီးတော့ အားလပ်ရက်တွေမှာလည်း ဆန်ဖီလစ်ပီ ဂေါက်ကလပ်မှာ ကယ်ဒီ (ဂေါက်ပစ္စည်းသယ်သူ) အလုပ်ကိုလုပ်ကိုင်ရင်း တဖက်တလှမ်းကနေ မုန့်ဖိုးရှာနေကြတဲ့ကျောင်းသားတွေပါ။၁၉၅၇ ဆိုတဲ့အချိန်ကာလဟာ အမေရိကန်မှာ လူမျိုးရေးခွဲခြားမှုတွေ အထွတ်အထိပ်ကိုရောက်ရှိနေတဲ့ကာလပါ။ ဆန်ဖီလစ်ပီမြို့ထဲမှာ ကြီးစိုးနေတဲ့အမေရိကန်တွေဟာ မက္ကဆီကန်တွေကို ...
movie

The Long Game (2023)