Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chris Walley
6.2
Lies We Tell (2023)
19ရာစု အိုင်ယာလန် နိုင်ငံမှာ အခြေတည်ထားပြီး ဇာတ်ဆောင်က Maud Ruthyn ဆိုတဲ့ အမျိုးသမီးကလေး တစ်ယောက် ဖြစ်ပါတယ်။အဖေသေပြီးတဲ့ မိဘမဲ့ Maud ဟာ အုပ်ထိန်းသူ မရှိတဲ့အတွက် သူ့ရဲ့ အမွေထိန်းသိမ်းသူ နှစ်ယောက်နဲ့ တိုင်ပင်နေပါတယ်။ Maudရဲ့ အဖေက ညီဖြစ်သူကို အုပ်ထိန်းသူနေရာပေးဖို့ သေတမ်းစာထဲ ထည့်ရေးခဲ့ပါတယ်။ သို့ပေမဲ့ ဦးလေးဖြစ်သူရဲ့ လူသတ်မှု သံသယရှိသူ ဖြစ်ဖူးတဲ့ နောက်ကြောင်း ရာဇဝင်ကြောင့် အမွေထိန်းသိမ်းသူတွေက သဘောမကျလှပါဘူး။ဒါပေမဲ့လည်း Maudက သူ့အဖေအလိုအတိုင်း ဦးလေးဖြစ်သူ Silas နဲ့ ဝမ်းကွဲ မောင်နှမတွေဖြစ်တဲ့ Edward နဲ့ Emily ကိုပါ အိမ်မှာခေါ်ထားခဲ့ပါတယ်။ စစချင်းမှာ Maudဟာ ဦးလေးကိုရော ဝမ်းကွဲနှစ်ယောက်ကိုပါ သိပ်ကို ခင်တွယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဦးလေးဖြစ်သူဟာ သူထင်ထားသလိုမဟုတ်ဘဲ ကောက်ကျစ်ရက်စက်သူ ဖြစ်နေတဲ့အခါ သူ့ကံကြမ္မာက အလှည့်အပြောင်းဖြစ်လာပြီး ...
movie
Lies We Tell (2023)
6.4
The Last Voyage of the Demeter (2023)
The Last Voyage of the Demeter (2023) ============================= IMDb Rating - 6.4/10ရှေးခေတ် ဟော်ရာရုပ်ရှင်ကောင်းကောင်းတစ်ခုလာပါပြီ။ တကယ်တော့ ဒရက်ကူလာ ဇာတ်ကြောင်းတွေကို စိတ်ဝင်စားတဲ့သူဆိုရင်နာမည်ကြားတာနဲ့ မှတ်မိမှာပါပဲ။ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကြီးထဲမှာပါတဲ့ ဒမီတာဆိုတဲ့ လှေပါပဲ။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒမီတာရဲ့ နောက်ဆုံးပင်လယ်ခရီးရှည် အကြောင်းပါပဲ။ ဒါရိုက်တာကတော့ André Øvredal ပါ။ သူက လူကြိုက် များခဲ့တဲ့ The Autopsy of Jane Doe နဲ့ Troll Hunter ကို ရိုက်ခဲ့တဲ့သူပါ။အခုလည်း The Autopsy of Jane Doe စတိုင်ပဲ ဘယ်ကိုမှ ပြေးလို့လွှားလို့ မရတဲ့ အလုံပိတ်နေရာတစ်ခုထဲက မိစ္ဆာတစ်ကောင်ကို ဇာတ်လမ်းတည်ပြီး ရိုက်ကူးထားတာပါ။ မာလိမ်မှူး အဲလိယက်အဖြစ် Game of Thrones ထဲက ဆာဒါးဗို့စ်ဖြစ်တဲ့ Liam Cunningham က သရုပ်ဆောင်ထားပြီး၊ အန်နာအဖြစ် Game of Thrones ...
movie
The Last Voyage of the Demeter (2023)
2023
4K HEVC
5
Unwelcome (2023)
Unwelcome (2023)Jamie နဲ့ Maya တို့လင်မယားက Maya ကိုယ်ဝန်ရှိခါစမှာ လူရမ်းကားသုံးယောက်က သူတို့အိမ်ကို အတင်းဝင်လာပြီး သူတို့လင်မယားကို ရိုက်နှက်ခဲ့လို့ စိတ်ဒဏ်ရာတွေကိုယ်စီ ရနေကြပါတယ်။Maya မီးဖွားခါနီးမှာ အိုင်ယာလန်က Jamie ရဲ့အဒေါ်ဆုံးသွားပြီး အမွေပေးခဲ့တဲ့ ကျေးလက်အိမ်လေးမှာ ဘဝသစ်စလို့ရအောင်၊ ကလေးအေးအေးဆေးဆေးမွေးလို့ရအောင်ဆိုပြီး ပြောင်းလာကြပါတယ်။သူတို့အဒေါ်အိမ်က ဥယျာဉ်အကျယ်ကြီးရယ် အိမ်အကြီးကြီးရယ်ဆိုတော့ သူတို့လင်မယားပျော်နေကြပါတယ်။ ဒါပေမယ့် သူတို့အဒေါ်က ခြံထဲက သစ်သားအိမ်လေးရှေ့မှာ ညနေတိုင်း အသည်းအစိမ်းချကျွေးတာကို မပျက်မကွက် နေ့တိုင်းလုပ်ဖို့ မှာခဲ့ပါတယ်။ သူတို့တွေက သဘာဝလွန်ကိစ္စတွေကို အယုံအကြည်မရှိတဲ့သူတွေဆိုတော့ နေ့တိုင်းကျွေးဖို့ မေ့တာမျိုးတွေ ရှိလာပြီး ဘာတွေဆက်ဖြစ်လာမလဲ၊ သစ်သားအိမ်လေးနောက်ကွယ်မှာ ဘာသတ္တဝါတွေရှိနေမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုကြပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p | 480p File size… l.7GB | 814MB | 393MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle ...
movie
Unwelcome (2023)
2023
Pixie (2020)
Pixie (2020)IMDb Rating(5.9)/ Rotten Tomatoes (93%)ဇာတ်လမ်းအညွှန်းဇာတ်ကားနာမည် ပစ်စီဆိုတာက ဖျတ်ဖျတ်လတ်လတ်နဲ့ ဘာမဆို လက်ရဲဇက်ရဲလုပ်ရဲတဲ့ လည်လည်ဝယ်ဝယ် ကောင်မလေးတစ်ယောက်ပါဆန်ဖရန်စစ္စကိုသွားပြီး ဘဝကိုအသစ်ကပြန်စဖို့ ကြိုးပမ်းနေတဲ့အစီအစဥ်ပျက်သွားပြီးနောက်ပိုင်းမှာ သူ့ဘဝအရှုပ်တော်ပုံထဲ ပြန်ပြီးခြေချရပါတော့တယ်သူ့ကိုဘားမှာတွေ့ပြီး လာကြောင်တဲ့နှစ်ယောက်ခမျာမှာလည်း မသိမသာနဲ့ ပစ်စီ့အရှုပ်တော်ပုံထဲ ယောင်လည်လည်ပါသွားပြီး သုံးယောက်ပေါင်းလောင်းကျော်ကြပါတော့တယ်ဆိုတော့ ပစ်စီ့ဘဝမှာ ဘာတွေကရှုပ်ထွေးနေတာလဲဇာတ်လမ်းအစမှာ အမေ့အုတ်ဂူရှေ့ရပ်ပြီး အမေ့အပေါ်သူတို့လုပ်ခဲ့တဲ့လုပ်ရပ်တွေအတွက်လက်စားချေမယ်ဆိုတော့ အဲဒီ "သူတို့" ဆိုတာကရော ဘယ်သူလဲဆိုတာတွေကိုတော့ ပစ်စီကိုယ်တိုင်ပဲဖြေပေးသွားပါလိမ့်မယ်Crime comedy ဆိုတော့ အရမ်း serious မဖြစ်ဘဲ အလွဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါးပဲကြည့်ရမယ့်ဇာတ်ကားမျိုးပါပဲ။ File size…(1.7 GB) and (1 GB) Quality….BluRay 1080p and 720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by MTA
movie
Pixie (2020)
8.4
1917 (2019)
unicodeဒီနှစ် အကယ်ဒမီမှာ ဆုတွေ အများကြီး ဆန်ကာတင်ဝင်ပြီး ၃ ဆုရထားတဲ့ စစ်ကားပါ။စစ်ကားငတ်နေတဲ့သူတွေတော့ အကြိုက်တွေ့မှာပါ။ဒီဗွန် တပ်ရင်း-၂ ဟာ ၉မိုင်ကျော် ဆုတ်ခွာသွားတဲ့ ဂျာမန်တွေကိုအပြီးသတ်ချေမှုန်းဖို့ လိုက်တိုက်နေပါတယ်။ဒါပေမယ့် ဒါဟာ ထောင်ချောက်ဆိုတာကို သူတို့ မသိကြရှာပါဘူး။ဒီနေ့ပြီးလို့ နောက်တစ်နေ့ မနက်မှာ ထိုးစစ်စတာနဲ့ လူပေါင်း ၁၆၀၀ လုံးသေကြရတော့မယ်။ သူတို့ တပ်ရင်းကို တားဖို့အတွက်တိုက်ရိုက်အမိန့်ကို ဌာနချုပ်ကနေ ပို့ဖို့ကြိုးစားတဲ့အခါလူနည်းလေ မြန်လေမို့ လူ ၂ ယောက်ထဲကိုပဲ လွှတ်လိုက်ရတယ်။ဒုတပ်ကြပ်ဘလိတ်ခ် နဲ့ စကိုးဖီးတို့ဟာ လူပေါင်း ၁၆၀၀အသက်ကို ကယ်နိုင်ဖို့ တစ်ရက်အတွင်းမှာ ဂျာမန်ရန်သူ့မြေထဲကို ဖြတ်ဝင်ပြီး တပ်ရင်း-၂ ဆီကို အရောက်သွားဖို့ ကြိုးစားရပါတော့တယ်။အကောင်းဆုံး စီနီမက်တိုဂရက်ဖီဆု၊ အသံတည်းဖြတ်ဆု နဲ့အထူးပြုလုပ်ချက်ဆုကို ရထားတဲ့ ရုပ်ရှင်ကို ထိုက်ထိုက်တန်တန် ခံစားကြည့်လိုက်ကြပါဦး။File Size : ( 2 GB , 1 ...
movie
1917 (2019)
7.1
The Young Offenders (2016)
တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ ဒီကားလေးဟာIMDb 7.1 နဲ့ rotten tomatoes 100% တောင်ရရှိထားတာပါအိုင်ယာလန်သား ဂျော့ နဲ့ ကော်နာ လို့ခေါ်တဲ့၁၅ နှစ်အရွယ်ပဲရှိကြသေးတဲ့ အရမ်းခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ တူညီတဲ့အချက်လေးတွေရှိနေကြပါတယ်သူတို့မှာ မိဘတစ်ယောက်စီပဲရှိကြပြီးသူတို့မိဘတွေနဲ့အဆင်မပြေကြဘူးနှစ်ယောက်စလုံးဟာအရမ်းချမ်းသာချင်ကြတယ်အဲ့ဒီအချိန်မှာ ပဲ ဂျော့ဟာ ယူရိုငွေ ၇သန်းတန် ပိုက်ဆံရပေါက်ရလမ်းတစ်ခုကိုTV သတင်းတစ်ခုကနေ တွေ့လာပြီး သူငယ်ချင်းနှစ်ယောက် စက်ဘီးကိုယ်စီစီးကာအနောက်ဖက်ကမ်းခြေဖက်ကို ပိုက်ဆံအတွက်ရှာပုံတော်ထွက်ကြရင်း ပြဿနာပေါင်းစုံတက်ပုံတွေ ရာဇဝတ်မှုကျူးလွန်မိပုံတွေကို ခပ်ရွှင်ရွှင် ရယ်စရာကောင်းအောင်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်ပေါ့ပေါ့ပါးပါး ရိုက်ကူးထားတဲ့အတွက် ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေအတွက် ကြည့်လို့ကောင်းမယ့် Drama Comedy ဇာတ်ကားလေးပါဒီကားထဲမှာ သရုပ်ဆောင်ထားသူတွေကတော့ Chris Walley, Hilary Rose, Alex Murphy, Dominic MacHale စတဲ့ နာမည်ကျော်အိုင်းရစ်ရှ် သရုပ်ဆောင်တွေပဲဖြစ်ကြပါတယ်သူငယ်ချင်းနှစ်ယောက် ယူရိုငွေ ခုနှစ်သန်း ကို ရပြီး ချမ်းသာသွားမလားဘယ်လို အန္တရာယ်တွေကြုံနိုင်လဲ ဆိုတာတွေကို ပရိတ်သတ်ကြီးကိုယ်တိုင်ပဲကြည့်ရှုတော်မူကြပါဦး File Size ...
movie
2016