Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chris Sarandon
6.3
My Sassy Girl (2008)
ဒီဇာတ်ကားက My Sassy Girl (2001) ကိုရီးယားဇာတ်ကားကို အနောက်တိုင်းပုံစံ ပြန်လည်ရိုက်ကူးထားတဲ့ အမေရိကန်ဇာတ်ကားလေးပါ။ IMDb RAting (6.3/10) ရရှိထားပါတယ်။ အမေရိကန်မင်းသား Jesse Bradford နဲ့ The Girl Next Door နဲ့ House of Wax ထဲက မင်းသမီးချော Elisha Cuthbert တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ My Sassy Girl ဇာတ်လမ်းအတိုင်းပါပဲ။မင်းသမီးက နှလုံးသားဒဏ်ရာကြောင့် ဘဝကိုပေပေတေတေဖြတ်သန်းနေပြီး ဘာကိုမှမလိုချင်တော့ဘဲ လူ့ဘဝကိုစိတ်ကုန်နေတဲ့ ကောင်မလေးဖြစ်ပြီး မင်းသားကတော့ ဒီလိုကောင်မလေးကိုမှ ငြိတွယ်မိတဲ့ အူတူတူကောင်လေးဖြစ်ပါတယ်...ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ကြားက အခက်အခဲတွေနဲ့ သံယောဇဉ်တွေအကြောင်းပေါ့။ရုပ်ရှင်က ဖွင့်ဆိုထားတာကတော့ ကံကြမ္မာဆိုတာ ကြိုးစားမှုပါပဲတဲ့.....အချစ်ကိုရချင်ရင် ကံကောင်းဖို့ ကြိုးစားရမယ် စောင့်စားရမယ် ခက်ခဲမယ်။ခပ်ဆိုးဆိုးကောင်မလေးကိုမှ ငြိတွယ်မိတဲ့ကောင်လေးခမျာ ကံကောင်းပါ့မလားဆိုတာ.......။ File size…(2.7 GB)/(1 GB) Quality….WEB-DL 1080p ...
movie
My Sassy Girl (2008)
2008
1080p Untouched
8.0
Dog Day Afternoon (1975)
Dog Day Afternoon ဆိုတဲ့ ၁၉၇၅ ထွက် ဇာတ်ကားဟာ နယ်နယ်ရရကားမဟုတ်ပါဘူး။ ၁၉၇၆ ခုနှစ်အတွက် အကောင်းဆုံးဇာတ်ညွှန်းအတွက်အော်စကာဆုရရှိခဲ့ပြီး တခြား အော်စကာဆု ၄ ခုအတွက်လည်း ဆန်ခါတင်စာရင်းထဲ ပါဝင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒါ့အပြင်တခြားကချီးမြှင့်တဲ့ဆုတွေလည်း အများကြီး သိမ်းပိုက်နိုင်ခဲ့ပြီး ဟောလိဝုဒ်ရဲ့နာမည်ကျော် Al Pacino က အဓိက ဦးဆောင် ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်လေးက တွေးကြည့်ရင် ရိုးတယ်ထင်ရပေမဲ့ ကြည့်တဲ့အခါမှာထိုင်ရာမထ အစအဆုံး ဆွဲခေါ်သွားမဲ့ ဖြစ်ရပ်မှန် ဇာတ်ကား တစ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင် Soony နဲ့ Sal ဆိုတဲ့သူငယ်ချင်း ၂ ယောက် နယူးယောက် ဘရွတ်ကလင်းက ဘဏ်တစ်ဘဏ်ကိုဓားပြတိုက်ခြင်းနဲ့ စတင်ခဲ့ပါတယ်။ ၁၀ မိနစ်နဲ့ ပြီးသွားရမဲ့ သူတို့ရဲ့ အစီအစဥ်ကသူတို့ထင်သလို ၁၀ မိနစ်နဲ့ မပြီးဘဲ နာရီပေါင်းများစွာကြာမြင့်တဲ့ ဓားစာခံအခြေအနေကို ကူးပြောင်းသွားတဲ့အခါမှ ...
movie
Dog Day Afternoon (1975)
8.0
The Nightmare Before Christmas (1993)
ခရစ္စမတ်ပိတ်ရက်လေးမှာ အိမ်မှာအနားယူရင်း ကြည့်ဖို့ခရစ္စမတ်ကားလေးတစ်ကား ပရိသတ်ကြီးတို့ဆီ ယူဆောင်လာပါပြီ။ဇာတ်ကားနာမည်လေးကတော့ The Nightmare BeforeChristmas ဖြစ်ပြီးတော့ ၁၉၉၃ ခုနှစ်က ထွက်ရှိထားခဲ့တာပါ။Walt Disneys က ထုတ်လုပ်တာဖြစ်ပြီးတော့ ဝင်ငွေသန်း ၁၀၀ ကျော်ရရှိထားတာ ဖြစ်ပါတယ်။ Rating တွေအရလည်းiMDB မှာ 7.9/10 နဲ့ Rotten Tomatoes 95% ရထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဟော်လိုဝင်းလို့ခေါ်တဲ့မြို့လေးက လူတွေကို ခြောက်လှန့်တဲ့ သရဲတစ္ဆေတွေ နေတဲ့မြို့လေးပါ။အဲဒီမြို့မှာ ဂျက်လို့ခေါ်တဲ့ ဖရုံသီးဘုရင် ရှိပါတယ်။ သူက တစ်မြို့လုံးရဲ့အလေးစားခံပုဂ္ဂိုလ်လို့ပဲ ဆိုပါတော့။ သူက လူတွေကို ခြောက်လှန့်ရတာငြီးငွေ့နေခဲ့တယ်။ သူ့စိတ်ထဲမှာ အဓိပ္ပာယ်ရှိတာတစ်ခုခုကို တောင့်တနေခဲ့တာပေါ့။ ဟော်လိုဝင်းပွဲအပြီးမှာ သူက စိတ်ညစ်ညစ်နဲ့လျှောက်သွားရင်း သူ မသိတဲ့ နေရာတစ်ခုကို ရောက်သွားခဲ့ပါတယ်။အဲဒီကနေမှ ခရစ္စမတ်သစ်ပင်ပုံ တံခါးထဲကျသွားပြီးတော့ တခြားမတူညီတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားခဲ့တာပါ။ အဲဒီနေရာကခရစ္စမတ်နယ်မြေဖြစ်ပြီးတော့ သူ့ရဲ့ ...
movie
The Nightmare Before Christmas (1993)
1993
4K HEVC
7
Fright Night (1985)
Fright Night (1985)~ IMDb - 7/10, RT - 82%, Meta - 62% ~2011 မှာထွက်ခဲ့တဲ့ Fright Night ကားကို လူတော်တော်ကြိုက်ကြသလို တော်တော်များများလည်း ကြည့်ပြီးလောက်ကြပါပြီ။ ခုကားကတော့ အဲဒီ 2011 ကားရဲ့ မူလပထမ ကလပ်စစ်စာရင်းဝင် Fright Night ကားပါပဲ။ ဇာတ်ဝင်ခန်းတွေက Reboot ကားထက် တော်တော်လန့်စရာကောင်းတာတွေပါသလို Best Horror Film Award တွေကိုလည်းရရှိထားပါတယ်။ Classics တွေကို Remake တွေ ဘယ်လိုရိုက်ရိုက် ကျော်လို့မရနိုင်တဲ့အကြောင်း နောက်ထပ်ဥပမာတစ်ခုလို့လည်း တစ်ချို့က ဆိုကြတယ်။ ခေတ်ဟောင်းပေမဲ့လည်း အထူးပြုလုပ်ချက် Practical Effects တွေက သဘာဝကျကျနဲ့ ကျောချမ်းဖို့ကောင်းနေတယ်လို့လည်း ဆိုကြတယ်။ Fright Night ကားကို ကြိုက်ခဲ့ကြတဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့၊ ...
movie
Fright Night (1985)
1985
6.5
Safe (2012)
Safe (2012)မိုင် လို့ခေါ်တဲ့ တရုတ်မလေးက တစ်ခါမြင်ထားလိုက်ရင် ဘယ်တော့မှ မမေ့တော့အောင်အထိကို မှတ်ဉာဏ်တအားကောင်း လွန်းတဲ့သူပါ။ ဒီလို ဉာဏ်ကောင်းတဲ့အတွက်လည်း ဒုစရိုက်ဂိုဏ်းအချို့နဲ့ လုပ်ငန်းရှင်အချို့က မိုင်ကို အပြိုင်အဆိုင် အလို ရှိနေကြပါတယ်။တစ်ရက်မှာတော့ တရုတ်လုပ်ငန်းရှင်ကြီးတစ်ယောက် က မိုင်ကို ပြန်ပေးသွားပြီး သူ့ရဲ့ ဒုစရိုက်လုပ်ငန်းတွေမှာ အသုံးချဖို့ နယူးယော့ခ်မြို့က တရုတ်တန်းဆီကို ခေါ်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ လုခ်ရိုက် က ရုရှားမာဖီယားတွေ နဲ့ တိုက်ခိုက်ရင်း တစ်ဖက်လူကို သတ်မိလိုက်တာကြောင့် မာဖီယားတွေက လုခ် ရဲ့ ဇနီးသည်ကိုသတ်ပြီး လက်စားချေသွားပါတယ်။ ဇနီးသည်ဆုံးရှုံးလိုက်ရတဲ့ လုခ်လည်း အရက်သမားလုံးလုံးဖြစ်ပြီး အိမ်ခြေယာမဲ့အနေနဲ့ လေလွင့်နေပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ တရုတ်လုပ်ငန်းရှင်ကြီး က မိုင်ကို နံပါတ်တွဲအရှည်ကြီးတစ်ခု မှတ်ခိုင်းပြီး သိပ်မကြာခင်မှာပဲ ရုရှားမာဖီးယားတွေက မိုင့်ကို ထပ်ပြီး ပြန်ပေးဆွဲသွားခဲ့ပါတယ်။အခွင့်အရေးရတုန်း မာဖီးယားတွေလက်ကနေ ပြေးလာတဲ့ မိုင် နဲ့ လုခ်တို့ ...
movie
Safe (2012)
2012
6.4
Fright Night (2011)
Fright Night (2011) ~ IMDb - 6.4/10, RT - 72% ~ဒီကားဟာ သူ့မူရင်းကားဖြစ်တဲ့ Fright Night (1985) လို ဂန္တဝင်စာတင်လောက်တဲ့ ဇာတ်ကားမျိုးမဟုတ်ပေမဲ့ ကြည့်ပျော်တဲ့ Horror ဇာတ်ကားလေးပါပဲ။လက်စ်ဗီးဂတ်မြို့ဟာ နေ့မှာအိပ်ပြီး ညမှာ အလုပ်လုပ်ကြတယ်။ အခြေချနေထိုင်သူရှားပြီး ယာယီနေထိုင်သူတွေများတဲ့အတွက် သွေးစုပ်ဖုတ်ကောင်တွေအတွက် နေချင်စရာမြို့လေးပေါ့ဗျာ။ချာလီတို့ အထက်တန်းကျောင်းမှာလည်း အတန်းသားတွေ တစ်ယောက်ပြီး တစ်ယောက် လျော့လျော့လာနေတယ်။ အမြဲတမ်း အတည်တကျနေသူတွေမရှိတဲ့ သူတို့မြို့အတွက်တော့ သိပ်မဆန်းဘူးပေါ့။ ဒါပေမဲ့ ချာလီရဲ့ငယ်သူငယ်ချင်း အဒမ်တို့ မိသားစုကပါ စာမလာသတင်းမကြားဘဲ ပျောက်သွားခဲ့ပါတယ်။အဒမ်ပျောက်သွားတာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ လက်ချက်လို့ နောက်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ အက်ဒ်ကပြောလာတဲ့အချိန်မှာတော့ ချာလီလည်းမယုံနိုင်ခဲ့ပါဘူး။အက်ဒ်က သူနဲ့ အဒမ် စုံစမ်းထောက်လှမ်းချက်တွေအရ ချာလီရဲ့ အိမ်နီးချင်း ဂျယ်ရီက သွေးစုပ်ဖုတ်ကောင်ဖြစ်နေပြီး သူ့အကြောင်းကို သိသွားလို့ အဒမ်ကိုသတ်ပစ်လိုက်တာလို့ ပြောပြပေမဲ့ ချာလီကတော့ မယုံနိုင်သေးပါဘူး။နောက်တစ်နေ့မှာ အဒမ်ပါ ...
movie
Fright Night (2011)
2011
6.6
Child’s Play (1988)
အမေတစ်ယောက်က သူရဲ့သားလေးမွေးနေ့မှာအရုပ်ကလေးတစ်ရုပ်လက်ဆောင်ပေးလိုက်တဲ့အချိန်ကစပြီးChucky ဆိုတာဖြစ်လာတော့တာပါပဲ... သရဲကားကြိုက်သူတွေအတွက် ဒီအရုပ်သရဲကားလေးကတော့ ထွေထွေထူးထူးပြောစရာမလိုတော့ပါဘူး... File Size : (808 MB) and (253 MB) Quality : 720p Bluray Running Time : 1hr 27min Format : Mp4 Genre :Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Pyay Hlwan Aye Encode by Moe Myint Lwin
movie
Child’s Play (1988)
1988
8.1
The Princess Bride (1987)
IMDb- 8.1 Genre- Fantasy/ Romance အချစ်ရိုမက်တစ်ကားကောင်းလေးတွေကိုကြိုက်တတ်တဲ့သူများတွက် ကားကောင်းလေးတကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ကားနာမည်လေးကတော့ The Princess Bride လို့ အမည်ရတဲ့နာမည်ကြီးကားလေးပဲဖြစ်ပါတယ်။ ဒီကားဟာ 1987 ခုနှစ်ကထွက်ရှိခဲ့တာဖြစ်လို့ ကြာညောင်းလှပြီးလို့ထင်ရပေမဲ့လည်း အခုထိတိုင်ကြည့်ရှုသူတွေကို ဖမ်းစားနိုင်ဆဲပါပဲ။ Rating ကောင်းရတဲ့အချက်တချက်ကတော့ ဒီကားကို နာမည်ကြီးအမေရိကန်ဇာတ်ညွှန်းရေးဆရာလည်းဖြစ် စာရေးဆရာလည်းဖြစ်တဲ William Goldman ရဲ့ဝတ္တုဖြစ်တဲ့ " The Pricess Bride" ကိုအခြေခံပြီးတော့ ရိုက်ကူးထားခြင်းကပဲ ဒီကားကိုနာမည်ပိုကြီးစေခဲ့ပါတယ်။ ဇာတ်လမ်းအညွှန်း ဇာတ်လမ်းလေးကတော့ အလွန်ချောမောလှပတဲ့ကောင်မလေး တယောက်နဲ့ သူမရဲ့ချစ်သူကောင်လေးတို့စစ်ပွဲတွေကြားမှာ ဘယ်လိုသူတို့ရဲ့အချစ်ကိုပြသခဲ့ကြခဲ့ပီးတော့ စစ်ဖြစ်နေတဲ့တိုင်းပြည်တွေကိုပြန်လည်ပေါင်းစည်းအောင် လုပ်ဆောင်ခဲ့ကြပုံကိုရိုက်ကူးထားတာဖြစ်ပါတယ် ......... ဒီကားလေးဟာ ဝင်ငွေကောင်းခဲ့တဲ့ကားလေးတကားဖြစ်ပီးတော့ အချစ်စစ်အချစ်မှန်အကြောင်းရိုက်ကူးထားတာဖြစ်လို့ ကြည့်ရှု့သင့်တဲ့ကားတကားဖြစ်ပါကြောင်း.............. အညွှန်းကို Jake က ရေးပေးထားပြီး Nay Chi က ဘာသာပြန်ပေးထားပါတယ်
movie
1987