Channel Myanmar

Chris Noth

Mr. 3000 (2004)
Mr. 3000 (2004) အားလုံးပဲ မင်္ဂလာပါ ဒီတစ်ခေါက် ဘာသာပြန်ထားတဲ့ ဇာတ်ကားလေးကတော့ ၂၀၀၄တုန်းက ထွက်ထားတဲ့ Mr 3000ဆိုတဲ့ဟာသအားကစားရုပ်ရှင်လေးပါ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Charles Stone IIIက ရိုက်ကူးထားပြီး နာမည်ကြီးဟာသသရုပ်ဆောင် Bernie Macနဲ့ Angela Bassett တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ဘေ့စ်ဘောလောကနေ အနားယူသွားပြီဖြစ်တဲ့ မေဂျာလိဂ်ကစားသမား စတန်းရော့စ်ဟာ ရိုက်ချက် ၃၀၀၀ပြည့်ပြီး ကြယ်ပွင့်စာရင်းဝင်အဖြစ် အသိမှတ်ပြုခံရဖို့ သူ့အသက် ၄၇နှစ်မှာ ဘေ့စ်ဘောလောကထဲသို့ ခြေချလာပါတော့တယ် အသက်အရွယ်ရတာနဲ့အညီ ခေတ်ရေစီးကြောင်းတိုးတက်မှုနဲ့ တစ်တန်းတည်း မလိုက်နိုင်တဲ့ စတန်းရော့စ်တစ်ယောက် မကစားတာကြာပြီဖြစ်တဲ့ ဘေ့စ်ဘောကို လူငယ်တွေနဲ့အပြိုင် ဘယ်လို ကစားမလဲ အသင်းဖော်တွေနဲ့ရော ဘယ်လို လိုက်လျောညီထွေဖြစ်အောင်နေမလဲ သူလိုချင်တဲ့ပန်းတိုင်ကို အဆုံးသတ်မှာ ရောက်ပါ့မလားကို ရယ်ကာမောကာ ကြည့်ရှုရမှာဖြစ်ပါတယ်ဟာသကား အားကစားရုပ်ရှင် ကြိုက်တဲ့ပရိတ်သတ်ကြီးအတွက် စတန်းရော့စ်ရဲ့ ဘေ့စ်ဘောလောကသို့ တစ်ကျော့ပြန်ခရီးကို မိတ်ဆက်ပေးလိုက်ပါတယ်ဇာတ်ညွှန်းရေးသားသူ - April ...
movie

Mr. 3000 (2004)

Cast Away (2000) 7.8
Cast Away (2000) 2000 ခုနှစ်က ထွက်ရှိခဲ့တဲ့ Cast Awayဇာတ်ကားမှာဆိုရင် မင်းသားကြီးTom Hank ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ဒီဇာတ်ကားဟာ.အောင်မြင်မှုတွေများစွာရရှိခဲ့ပါတယ်ပါဝင်ရိုက်ကူးသမျှ ဇာတ်ကားတိုင်းကို အောင်မြင်စေသည့်မင်းသားတစ်လက်ဟုပင် တွမ်ဟန့်ခ်စ်ကို ညွှန်းဆိုရမှာဖြစ်ပါတယ်...Forrest Gum၊ Big၊ Sleepless in Seattle၊ Apollo 13၊Saving Private Ryan၊Catch Me If You Can၊The Green Mile၊Cast Away၊ Toy Story အစရှိသည့် ဇာတ်ကားများတွင်ဟန့်ခ်စ်ပါဝင်ခဲ့ပြီး ယင်းရုပ်ရှင်များ ရုံတင်ရာမှ ရရှိသည့်ရုံဝင်ကြေးသည် အမေရိကန် တစ်နိုင်ငံတည်းတွင်ပင်ဒေါ်လာ ၄.၂ ဘီလီယံမျှ ရှိခဲ့ပါတယ်..တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ဆိုလျှင်မူအဆိုပါ ငွေပမာဏ၏ နှစ်ဆအထိ တိုးသွားမည်ဖြစ်ပါတယ်...အော်စကာနှစ်ဆုရှင် ဟန့်ခ်စ်ကို ဟောလိဝုဒ်သမိုင်းတွင် အကျိုးအမြတ် အဖြစ်ထွန်းဆုံး စာရင်းဝင်မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံထားရပြီးသူ့ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်ကြွယ်ဝမှုမှာမူ ဒေါ်လာသန်းပေါင်း ၃၅၀ ကျော်မျှ ရှိပါတယ်...Cast Awayကြည့်ခဲ့သမျှတွေထဲက စိတ်ထဲ ...
movie

Cast Away (2000)

2000
4K HEVC
The Glass House (2001) 5.8
The Glass House (2001) The Glass House (2001)Thriller/MysteryChannel Myanmar ရဲ့ပရိတ်သတ်တွေအတွက်ဟောင်းပေမယ့် ကောင်းဆဲဆိုတဲ့ ဒီလိုရုပ်ရှင်မျိုးတွေကို တစ်ဖန်ပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ရုံတင်ငွေ 23.6 သန်းအထိရထားတဲ့ဒါရိုက်တာ Daniel Sackheim ရဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။Daniel Sackheim ဆိုရင် Game of thrones , The Walking Dead ဒီလိုဝက်ဝက်ကွဲအောင်မြင်တဲ့ရုပ်ရှင်တွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့တဲ့နာမည်ကြီးဒါရိုက်တာတစ်ယောက်ပါ။ ဒီတော့ The Glass House မှာလည်းဘယ်လိုလက်စွမ်းပြထားမလဲဆိုတာ ခံစားကြည့်လိုက်ပါဦးဗျာ။ဆယ်ကျော်သက်တို့ထုံးစံအတိုင်း ရူဘီဟာ သောက်စား ပျော်ပါးဘဝကိုပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေတဲ့ အထက်တန်းကျောင်းသူတစ်ယောက်ပါ။တစ်ရက်တော့ ဘဝဟာ ကံဆိုးမိုးမှောင်ကျပြီး မိဘနှစ်ပါးလုံးကို တစ်ပြိုင်တည်း ဆုံးရှုံးလိုက်ရပါတယ်။အဲဒီနောက်​တော့ ရူဘီနဲ့ သူ့မောင်လေး ရက်တ်ဟာ သူတို့ရဲ့ အိမ်နီးချင်းဟောင်းဂလပ်စ်တို့ လင်မယားဆီမှာ မွေးစားခံလိုက်ရပါတယ်။ပြီးတော့ ဂလပ်စ်တို့လင်မယားရဲ့ မယ်လ်ဘူက အိမ်ကိုပြောင်းရွေ့ခဲ့ကြတာပေါ့။ဂလပ်စ်တို့မိသားစုက ကြင်နာတတ်ပြီး ငွေကြေးဥစ္စာလည်း ကြွယ်ဝကြပါတယ်။ခိုးကိုးရာမဲ့နေတဲ့ မောင်နှမတွေအတွက်တော့ သူတို့က ဘုရားသခင်လိုပဲပေါ့။ဒါပေမယ့် ...
movie

The Glass House (2001)

2001
Sex and the City (2008) 5.6
Sex and the City (2008) Sex and the City (2008)==================IMDb Rating - 5.6/10#Unicodeခေါင်းစဉ်ကိုကြည့်ပြီး 21+ ကားထင်နေရင်မှားသွားပါလိမ့်မယ်။ ထက်မြက်တဲ့ အမျိုးသမီးတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေး လာပါပြီ။ နယူးယောက်မြို့သူ ၄ ယောက်ရဲ့ အိမ်ထောင်ရေး နဲ့ အချစ်ဇာတ်လမ်းကိုအကောင်းဆုံးပုံဖော်တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအညွှန်း*****************နယူးယောက်မြို့ကြီးကို လူတွေလာကြတာ ၂ ချက်ပဲရှိတယ် အောင်မြင်မှုနဲ့ အချစ် အတွက်ပဲ....လို့ ခံယူထားတဲ့Carrie Bradshaw , Samantha Jones , Charlotte York , Miranda Hobbes တို့ ၄ ယောက်ဟာ အရမ်းခင်ကြတဲ့ squad ဖြစ်ပါတယ်။ သူတို့ခံယူချက်အတိုင်း သက်ဆိုင်ရာ နယ်ပယ်မှာအောင်မြင်မှုကိုရရှိပြီးတဲ့အခါမှာအချစ်စစ်ကို စူးစမ်းရှာဖွေကြရင်းနဲ့ ဘဝရဲ့အလွဲလွဲအချော်ချော်အဖြစ်အပျက်တွေကို ဘယ်လိုထိန်းကျောင်းကျော်ဖြတ်သွားမလဲ ခံစားရမှာပါ ။ သူငယ်ချင်း ၄ ယောက်ရဲ့ Friendship နဲ့ Relationship ကိုတဝကြီးကြည့်ရှုရမှာဖြစ်ပြီးRomance, Drama ...
movie

Sex and the City (2008)

2008
Justice League: Crisis on Two Earths (2010) 7.3
Justice League: Crisis on Two Earths (2010) Justice Leauge: Crisis On Two Earths ကြည့်သင့်တဲ့အကြောင်းပြချက်တွေအများကြီးထဲကတစ်ခုပြပါဆို ဒီကားကparallel earthကိုအခြေခံထားတာပါပဲ လူဆိုးတွေကလူကောင်းဖြစ်နေမယ် လူဆိုးတွေကလူကောင်းဖြစ်နေမယ် အထာကျမှုတွေများစွာနဲ့characters developmentတွေကိုမြိုင်မြိုင်ဆိုင်ဆိုင်တွေ့နိုင်ပါတယ် ဒီကားကကျွန်တော်တို့သိထားတဲ့Lex Luthorနဲ့Jokerရဲ့အကြောင်းတော့မဟုတ်ဘူးဗျ အနည်းဆုံးတော့သူတို့တွေသာလူကောင်းတွေဖြစ်ခဲ့ရင်... ကျွန်တော်တို့သိနေခဲ့တဲ့လူကောင်းတွေကသာလူဆိုးတွေဖြစ်နေခဲ့ရင်... Crime Syndicate HqကနေLexနဲ့Jokerတို့ဟာdimensional travel deviceကိုဝင်ခိုးတဲ့ဇာတ်ဝင်ခန်းနဲ့စထားပြီး မထင်ထားတဲ့စတေးခံမှုတွေနဲ့ပါးစပ်အဟောင်းသားဖြစ်သွားစေနိုင်plotနဲ့စထားတာမို့ လုံးဝမပျင်းစေရဘူးဆိုတာတော့အာမခံပါရစေ Lex ဟာသူ့အဖွဲ့တိုင်ပင်ပြီးနောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့ကမ္ဘာကိုရောက်လာပြီးJLကိုအကူအညီလာတောင်းပါတော့တယ် Supermanရဲ့x rayနဲ့Lexဟာအခြားparallel earthကဖြစ်ကြောင်းအတည်ပြုပြီးတဲ့အခါမှာတော့ Lexကိုကူညီပေးကြဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ် ဘယ်လိုတွေကူညီကြမယ်ဆိုတာတော့... အညွှန်းနဲ့encodeထားပေးတာတော့sithuဖြစ်ပါတယ်
movie


2010