Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chris Newman
6.3
Perrier’s Bounty (2009)
ဒီဇာတ်ကားက နာမည်ကြီး မင်းသား Cillian Murphy ရဲ့ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာ Cillian Murphy ကို ဘဝရည်မှန်းချက်ပျောက်နေတဲ့ ငပျင်းတစ်ယောက်အဖြစ် မြင်ရမှာ ဖြစ်ပြီးသူ့ရဲ့ အဖေဖြစ်သူရယ် ..အိမ်နီးချင်း ကောင်မလေးတစ်ယောက်ရယ်နဲ့ အိုင်းရစ်လူဆိုးတွေရဲ့ အမဲလိုက်ခံရခြင်းကနေ ဘယ်လို ထွက်ပြေးကြမလဲဆိုတာကို ဟာသဆန်ဆန်နဲ့ တစ်ချိန်တည်းမှာပဲတစ်ကားလုံး စိတ်လှုပ်ရှားရင်ခုန်စွာ ကြည့်ရမှာ ဖြစ်ပါတယ်။ဘဝမှာ နောင်တရစရာ ကိစ္စတွေ ဖြစ်မလာဖိုအတွက်ရင်ဆိုင်စရာ ရှိတာကို ထိပ်တိုက်ချက်ချင်း ရင်ဆိုင်ရမယ်ဆိုတဲ့အချက်ကိုလည်း ဒီဇာတ်ကားကြည့်ရင်း ရရှိသွားမှာဖြစ်လိုမသေခင် ကြည့်သွားသင့်တဲ့ ကားတစ်ကားဖြစ်တယ်လိုပဲသေချာပေါက် ပြောလိုက်ပါရစေ။ File size…1.50GB / 651MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW
movie
Perrier’s Bounty (2009)
6.4
Batman v Superman: Dawn of Justice (2016)
DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Batman v Superman: Dawn of Justice (2016)
2016
4K HEVC
7.1
Real Steel (2011)
IMDb Rating(7.1)မင်းသားကြီး Hugh Jackman ပါဝင်တဲ့ အာလုံးအကြိုက်တွေ့စေမယ့် စက်ရုပ် အက်ရှင် ဖိုက်တင်ကား အလန်းလေးတင်ဆက်ပေးချင်ပါတယ် ။ဒီရုပ်ရှင်က ထွက်စတုန်းကလဲ လူကြိုက်များနာမည်ကြီးခဲ့သလို ဘယ်အချိန်ကြည့်ကြည့်မရိုးတဲ့ Drama,Sci-Fi ကားလေးပါပဲ။ဇာတ်လမ်းကတော့... စက်ရုပ်တွေကို အရမ်းစိတ်ဝင်စားလွန်းလို့ အကြွေးပတ်ပတ်လည် ဝိုင်းနေတဲ့ ချာလီ... ချာလီ ဆီမှာ မရင်းနှီးတဲ့ ၁၀ အရွယ် ဂျစ်ကန်ကန်သားတစ်ယောက်ရှိတယ် ။ သားဖနှစ်ယောက် ပေါင်းမိပြီး ကောက်ရတဲ့ စက်ရုပ်နဲ့ ကြေးစားလက်ဝှေ့ ပွဲတွေကို ဝင်ရောက်ထိုးသတ်ရင်း နာမည်ကြီးလာခဲ့တယ် ။ စက်ရုပ်ရဲ့ နာမည်က .... အက်ပ်တန် ....ပါ....နာမည် ကြီးလာတဲ့ အက်ပ်တန်နဲ့ သားအဖနှစ်ယောက် Real Steel ကမ္ဘာ့ ချန်ပီယံ ပွဲရဲ့ ချန်ပီယံကို စိန်ခေါ်ပြီး ဘယ်လို ဖိုက်တင်ပလေးကြမလဲဆိုတာ.....။Review Crd File size…(3 GB)/(1.4 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:06:50 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH
movie
Real Steel (2011)
2011
7.6
Cha Cha Real Smooth (2022)
Cha Cha Real Smooth (2022)ခင်ဗျားတို့ဘ၀မှာ အချစ်ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ကြသလဲ ? အတူရှိနေရတာက အချစ်လား ? ပေးဆပ်နေရတာက အချစ် လား ? ဒါမှမဟုတ် အချစ် ဆိုတာက တစ်ဘ၀လုံးမှာ တစ်ခါပဲ ကြုံမှာလား ? သေချာတာကတော့ အချစ်နဲ့ဘ၀ဟာ အမြဲတမ်း တစ်ထပ်တည်း မကျနိုင်သလို တစ်ထပ်တည်းကျတဲ့သူတွေကတော့ တကယ်ကံကောင်းတာပါပဲ။ဒီဇာတ်ကားလေးဟာလည်း အချစ်နဲ့ဘ၀ဟာ တစ်ထပ်တည်း ကျနိုင်၏ မကျနိုင်၏ ဆိုတာကို ဖော်ကျူးသွားတဲ့ ဇာတ်ကားလေးပါ အဓိကဇာတ်ကောင်ဖြစ်တဲ့ အန်ဒရူးဟာ ကောလိပ်ကျောင်းပြီးကာစ ကောင်လေးတစ်ယောက်ဖြစ်ပြီး အရာရာကို ကူညီတတ်ပြီး ဆက်ဆံရေးလည်းပြေပြစ်တဲ့ ကောင်လေးတစ်ယောက်... အန်ဒရူးကတော့ ဂောာလိပ်ကျောင်းပြီးသွားတာကို အတော် စိတ်ပျက်နေပြီး လက်ရှိမှာ အလုပ်အကိုင်မကောင်းတဲ့သူ့ဘ၀ကနေ အမြဲရုန်းထွက်ချင်နေခဲ့ပါတယ် သူ့ကောင်မလေး ပြောင်းသွားတဲ့ ဘာစီလိုနာကို ပိုက်ဆံစုပြီးတာနဲ့ ချက်ချင်းထွက်သွားဖို့ ကြံနေခဲ့တယ် အန်ဒရူးတစ်ယောက် သူ့ဘ၀အပေါ် ထားတဲ့အမြင်တွေ ပြောင်းလဲဖို့ဖြစ်လာရတာကတော့ ပါတီပွဲတစ်ခုမှာ သူတွေ့ခဲ့တဲ့ ဒိုမီနို နဲ့ သူ့ရဲ့ အော်တစ်ဇင်ရောဂါသည်သမီးလေး လိုလာ လေးတို့ကြောင့်ပဲ ကူညီတတ်ပြီး ဆက်ဆံရေးကောင်းမွန်တဲ့ အန်ဒရူးကြောင့် ဒိုမီနိုနဲ့လိုလာ ...
movie
Cha Cha Real Smooth (2022)
2022
7.3
Saving the Titanic (2012)
Saving the Titanic (2012)==================IMDb Rating - 7.3/10၁၉ရာစုဦးလောက်မှာ သမိုင်းမှာ အကြီးကျယ်ဆုံးသင်္ဘောတစ်စီး ပေါ်ပေါက်ခဲ့တယ်။ ဘယ်လိုမှ မနစ်မြုပ်နိုင်ဘူးဆိုပြီး ကြွေးကြော်ပြီး ပထမဆုံးခရီးမှာတင် နစ်မြုပ်သွားခဲ့တယ်။ အားလုံးသိကြတဲ့အတိုင်း အဲ့ဒီသင်္ဘောဟာ တိုက်တန်းနစ်ပါပဲ။တိုက်တန်းနစ်ဘာလို့ မြုပ်သွားလဲဆိုတဲ့ ပါးစပ်ရာဇ၀င်တွေက အတော်ကို ပေါများခဲ့ပါတယ်။ မဆီမဆိုင် ကျွန်တော်တို့ မြန်မာပြည်မှာတောင် အာနန္ဒာဘုရားကနေ ခိုးသွားခဲ့ကြတဲ့ ကျိန်စာသင့်နေတဲ့ ဟုပ် ခေါ် မနူဟာ စိန်ပြာကြီးကို သယ်သွားလို့ မြုပ်ရပါတယ်ဆိုပြီး ပါးစပ်ရာဇ၀င်တောင် ရှိသေးပါတယ်။နောက်တိုက်တန်းနစ်က ဘာလို့ တန်းမြုပ်မသွားဘဲ တစ်နာရီခွဲကြာအောင် တဖြည်းဖြည်းချင်း မြုပ်ခဲ့တာလဲ။ ဘာလို့ ထက်ပိုင်းကျိုးကျပြီး မြုပ်ခဲ့တာလဲဆိုတဲ့ ပဟေဠိတွေလည်း ရှိပါတယ်။ တိုက်တန်းနစ်ဟာ စထွက်ကတည်းက ၀မ်းပေါက်နေတယ်ဆိုတဲ့ စကားတွေလည်း ရှိပါတယ်။ဒီရုပ်ရှင်ဟာ မိုင်းလုပ်သားသပိတ်ကြောင့် ကျောက်မီးသွေးကောင်း ရှားတာလို အသေးစိတ်အချက်ကလေးတွေနဲ့ပါ ဆက်စပ်ပြီး တိုက်တန်းနစ်နစ်မြုပ်ရခြင်း အကြောင်းရင်းကို သေချာပြထားတယ်။ နောက် လူသိနည်းခဲ့ကြတဲ့ တိုက်တန်းနစ်ရဲ့ ကုန်းပတ်အောက်က အင်ဂျင်ခန်းတွေထဲက လူတွေရဲ့ တိုက်တန်းနစ် တန်းမမြုပ်ရလေအောင် ကြိုးပမ်းအားထုတ်ခဲ့ကြမှုတွေကို သေချာ ရှင်းပြထားတဲ့ ဒိုကူဒရာမာ အမျိုးအစားရုပ်ရှင်ပါပဲ။Factsတွေကို Docu ဆန်ဆန် ချက်ကျလက်ကျ ထည့်ထားပေမဲ့ ဇာတ်သွားက Docu ထက် ဒရာမာ ရုပ်ရှင်တစ်ကားလိုဘက် ပိုသွားလို့ Factsတွေလည်းသိရပြီး ပျင်းဖို့လည်းမကောင်းစေမယ့် ရုပ်ရှင်ပါပဲ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။) Quality – ...
movie
Saving the Titanic (2012)
2012