Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chris Jarman
6.0
The Lady of Heaven (2021)
မွတ်စလင်ဘာသာမှာ အထွတ်အမြတ်ထားရတဲ့ ဖာတီမာဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်။အဲ့ဒီအမျိုးသမီးကတော့The Lady Of Heaven (ကောင်းကင်ဘုံရဲ့အမျိုးသမီး) လို့ခေါ်ဆိုကြပြီးအဲ့ဒီအမျိုးသမီးရဲ့ အကြောင်းအသေးစိတ်ကို ဒီဇာတ်ကားထဲမှာ ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်တွေကတော့ ဒီအတိုင်းအမျိုးသမီးဖာတီမာရဲ့အကြောင်းသီးသန့်ရိုက်ကူးထားတာမဟုတ်ဘဲနဲ့ ISIS တွေကြောင့် စစ်ဖြစ်နေတဲ့နိုင်ငံမှာအမေဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့ လိတ် ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဇာတ်အိမ်ဖွဲ့ထားတာပဲဖြစ်ပါတယ်။ လိတ်က သူ့အမေကိုဆုံးရှုံးပြီးတဲ့ နောက်မှာစစ်သားတစ်ယောက်နဲ့ အမေဖြစ်သူနေထိုင်တဲ့ အိမ်မှာနေထိုင်ခဲ့ရပါတယ်။လိတ်စိတ်ဓာတ်ကျ အားငယ်လာတဲ့အချိန်မှာ အန်တီကြီးက သူ့ကို ဖာတီမာအကြောင်းပြောပြပြီးတော့ ခွန်အားပေးလေ့ရှိပါတယ်။ဒီလိုနဲ့ မွတ်စလင်တွေရဲ့စိတ်ခွန်အားတက်စရာ ရှေ့ဆောင်လမ်းပြကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့အမျိုးသမီးဖာတီမာရဲ့ အကြောင်းကို ပုံပြင်တစ်ပုဒ်ကို လိတ်နဲ့အတူနားထောင်နေသလိုမျိုးကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.38 GB/ 1.11GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 21m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
The Lady of Heaven (2021)
6.7
A Christmas Story Christmas (2022)
ဦးစွာပြောလိုတာကတော့ Rating ပါ..Rating မကြည့်ကြနဲ့လို့ ဆိုကြပေမယ့် ဒီလိုပွဲတော်အကြောင်းပြုပြီး ပေါချင်းသောချင်းထွက်နေကြ ဇာတ်ကားတွေထဲမှာ ဒီကားဟာ တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်...ခရစ္စမတ်ကားတို့မည်သည် Family Typeလေးနဲ့ ပျော်ပျ်ောရွှင်ရွှင်အဆုံးသတ်ပြီး ခရစ္စမတ်အရသာကို ခံစားရစေစမြဲဆိုပေမယ့် ဒီဇာတ်လမ်းလေးကတော့ မတူကွဲပြားဘဲ ထူးခြားမှုကို ခံစားရစေတယ်ဗျ။ရာလ်ဖ် ပါကာဆိုတဲ့ စာရေးဆရာဟာ သားသမီး၂ယောက်ရဲ့ ဖခင်ပေါ့ ... သူတို့မိသားစုဝင် ၄ယောက်ဟာ ခရစ္စမတ်တိုင်း အဝေးကလာတဲ့ အဖိုးအဖွားတွေနဲ့ ပွဲတော်ဆင်နွှဲနေကြဆိုပေမယ့် ဒီနှစ်မှာတော့ အဖေဖြစ်သူဆုံးပါးသွားတဲ့အခါ တာဝန်အားလုံးဟာ ရာလ်ဖ်အပေါ်ကျရောက်လာပါတော့တယ်... ရာလ်ဖ်ရဲ့ဖခင်ဟာ ခရစ္စမတ်ပွဲကျင်းပရာမှာ ဆရာတစ်ဆူဖြစ်တဲ့အတွက်ကြောင့် သူ့အဖေခြေရာအတိုင်းထပ်တူဖြစ်လာပါမလားလို့ ressureတွေပိုပိလာတဲ့အခါ ...ရာလ်ဖ်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းရသလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(2.5GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:38:00 Type__Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie
A Christmas Story Christmas (2022)
6.3
Johnny English Reborn (2011)
IMDb Rating (6.3)ဒါကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mr.Bean ရဲ့ Johnny English အဆက်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...ပထမဇာတ်ကားမှာတုန်းက ဘုရင်မကြီးရဲ့သူရဖူကိုကာကွယ်နိုင်ခဲ့တဲ့ ဂျွန်နီဟာ သမ္မတ လုံခြုံရေးတာဝန်တစ်ခုမှာ မအောင်မြင်ခဲ့လို့ အထုတ်ခံခဲ့ရပြီး Batman လို တိဘက်က ဘုန်းတော်ကြီးတွေဆီမှာ ပညာဆည်းပူးရင်း ဇာတ်မြုတ်နေခဲ့ပါတယ်။တစ်နေ့မှာတော့ MI-7 ဟာ သူပါမှကိုရတော့မယ့် စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာချိန်မှာ ဂျွန်နီကို ပြန်လည်ခေါ်ယူပါတော့တယ်။ ဒီခါမှာတော့ Johnny English ရဲ့ ရင်သက်ရှုမောဖွယ် စွန့်စားခံတွေ ပြန်လည်စတင်ပါတော့တယ်။ဂျွန်နီဟာ အမြဲတမ်းတလွဲတွေလုပ်ပေမယ့် သူ့ရဲ့ဖြူစင်သောအမှားတွေနဲ့ အင်္ဂလန်ပြည်ကို ဘယ်လိုထပ်မံကယ်တင်ဦးမလဲဆိုတာ...။Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.to/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (1.6 GB) / (800 MB) Quality…BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:41:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie
Johnny English Reborn (2011)
1080p HEVC
6.6
Jingle Jangle: A Christmas Journey 2020
ဒီတစ်ခေါက် မိတ်ဆက်ပေးမယ့်ကားလေးကတော့ မိသားစုခရစ္စမတ်ကားလေးပဲ ဖြစ်ပါတယ် ဆောင်းညတစ်ညမှာ အဘွားအိုတစ်ယောက် သူ့မြေးလေးနှစ်ယောက်ကို မီးလင်းဖိုလေးနံဘေးမှာ ပုံပြင်တစ်ပုဒ်ကို ပြောပြနေရာကနေ အစချီထားပါတယ် ဂျရောနစ်ကပ်စ် ဂျန်ဂယ်လ်ဆိုတဲ့ သိပ်တော်တဲ့ တီထွင်သူကြီး တစ်ယောက်အကြောင်းပေါ့ သူ့ရဲ့အိပ်မက်က အားလုံးရဲ့စိတ်ကို ပြောင်းလဲနိုင်လောက်စရာ တီထွင်မှုကြီးတစ်ခု ဒါကို သူနှစ်ပေါင်းများစွာကြိုးစားနေခဲ့တယ် အဲ့ဒီတီထွင်မှုကြီးကို သူနောက်ဆုံးလုပ်နိုင်ခဲ့ပေမယ့် တပည့်ဖြစ်သူ ဂတ်စတက်ဖ်ဆန်ဟာ ခိုးယူထွက်ပြေးသွားပါတယ် ဂျရောနစ်ကပ်စ်တစ်ယောက်ဟာ ဒီနောက်မှာ ဇနီးလည်းသေ သမီးကိုလည်းမေ့လျောလိုက်ပြီး သူ့ဘ၀ကြီးဟာ လုံး၀ကို စုတ်ပြတ်သပ်သွားပါတော့တယ် ဒီလို စုတ်ပြတ်သပ်နေတဲ့ ဂျရောနစ်ကပ်စ်ရဲ့ဘ၀ထဲကို မြေးမလေး ဂျာနီပြန်ရောက်လာပြီး အရင် တီထွင်သူကြီး ဂျရောနစ်ကပ်စ်အဖြစ် ပြန်လည်ပြောင်းလဲသွားမယ့်ပုံကို ကြည့်ရှုရမယ့် မိသားစု ခရစ္စမတ် ကားကောင်းလေးပဲဖြစ်ပါတယ် File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….02:00:00 Genre … Family, Fantsy, Musical Subtitle….Myanmar Subtitle (Hardsub) Translated by Chuck Chuck
movie
Jingle Jangle: A Christmas Journey 2020