Channel Myanmar

Chris Benson

The Santa Clause (1994)
The Santa Clause (1994)  Walt Disney ကရိုက်ကူးတဲ့ The Santa(1994) ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ခရစ္စမတ်ရောက်ဖို့ကလည်းလိုသေးတာမလို့ ဒီဇာတ်ကားလေးကိုကြည့်ရင်း ခရစ္စမတ်အငွေ့အသက်လေးတွေကိုကြိုပြီးခံစားနိုင်မှာပါဇာတ်လမ်းလေးကတော့...... စကော့ကယ်လ်ဗင်နဲ့လော်ရာတို့မှာ ချာလီဆိုတဲ့သားလေးတစ်ယောက်ရှိပါတယ် ဒါပေမဲ့ သူတို့ဟာကွာရှင်းထားကြပြီး လော်ရာက နေးလ်ဆိုတဲ့သူနဲ့ နောက်အိမ်ထောင်ပြုထားပါတယ် ချာလီကိုတော့မိခင်ဖြစ်သူလော်ရာကပဲခေါ်ယူထားပါတယ် တစ်ရက် ခရစ္စမတ်အကြိုညမှာ လော်ရာဟာ သူ့ရဲ့လက်ရှိခင်ပွန်းဖြစ်သူနေးလ်ရဲ့မိဘတွေနဲ့ညစာသွားစားဖို့ရှိတာကြောင့် ချာလီလေးကို စကော့ဆီလာပို့ထားပါတယ်ကလေးသေချာမထိန်းတတ်တဲ့ စကော့ဟာ ချာလီကိုခရစ္စမတ်နဲ့ဆန်တာအကြောင်းပုံပြင်ဖတ်ပြပြီး ချော့သိပ်ပါတယ် အဲ့ညမှာပဲ ဆန်တာကလော့ကြီးဟာ အရုပ်လာပို့ရင်း သူတို့အိမ်ခေါင်မိုးပေါ်ကနေပြုတ်ကျလာပါတယ် အဲ့ပြုတ်ကျလာတဲ့ဆန်တာကလော့ကြီးရဲ့ဝတ်စုံကို စကော့တစ်ယောက်ဘုမသိဘမသိဝတ်ကြည့်မိရာကနေ ဆန်တာရဲ့တာဝန်တွေကိုယူရမလိုဖြစ်လာတဲ့အခါ...... File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

The Santa Clause (1994)

One Week (2008) 7.0
One Week (2008) ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားလေးကဝောာ့ 2008ခုနစ်က ထွက်ရှိထားပြီး IMDb 7/10အထိရရှိထားတဲ့ Adventure/Drama အမျိုးအစား ဇာတ်ဂာားလေးပဲဖြစ်ပါတယ်အကယ်၍ မင်းမှာ တစ်လ၊ တစ်ပတ် ဒါမှမဟုတ် တစ်ရက်လောက်ပဲ အသက်ရှင်ခွင့်ရှိတော့မယ်ဆိုရင် ဘာလုပ်မလဲ။ဘန်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး မကြာခင်မှာ ချစ်ရသူနဲ့ လက်ထပ်ဖို့ ပြင်ဆင်ထားသူတစ်ဦးပါ။ သာမန်လူတစ်ယောက် အနေနဲ့ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းရင်း တစ်ရက်မှာတော့ သူ့မှာ ကင်ဆာရောဂါ အဆင့်လေးဖြစ်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ ကုသပြီး အသက်ရှင်နိုင်ချေကတော့ ၁၀%ပါ။‌လောကကြီးမှာ အသက်ရှင်နိုင်ချေ ၁၀ပုံ ၁ပုံပဲရှိတော့တယ်ဆိုတာ သိ‌လိုက်ရတဲ့ ဘန်ဟာ သူ့အချိန်ကို ရိုးရှင်းစွာ ကုသမှုခံယူပြီး ချစ်ရသူတွေနဲ့ အချိန် မကုန်ဆုံးဘဲ ဆိုင်ကယ်တစ်စီးနဲ့ ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဘန်တစ်ယောက် ကင်ဆာ နောက်ဆုံးအဆင့်မှာ ဘယ်လိုဆုံးဖြတ်ချက်တွေနဲ့ နေထိုင်သွားမှာလဲ။ သူ့ရဲ့ဆုံးဖြတ်ချက်တွေအတွက် နောင်တရနေမှာလား။အကယ်၍ ကျွန်‌တော်တို့ကရော တစ်ပတ်လောက်ပဲ အသက်ရှင်ရတော့မယ်ဆိုရင် ဘာလုပ်ကြမှာလဲ ဆိုတဲ့ ...
movie

One Week (2008)

Resident Evil: Apocalypse (2004)
Resident Evil: Apocalypse (2004) ဒီဇာတ်ကားက Franchiseရဲ့ ဒုတိယ​မြောက်ကားပဲ ဖြစ်ပါတယ်။ ဒီထဲမှာ ဂိမ်းထဲက အဓိကprotagonistတစ်​ယောက်ဖြစ်တဲ့ ​ဂျေး ဗယ်လန်တိုင်း စတင်ပါဝင်လာခဲ့သလို Nemesisဆိုတဲ့ zombie ဗီလိန်ကြီးကိုလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။ ပထမဇာတ်ကားရဲ့ အဆုံးသတ်နဲ့ တိုက်ရိုက်ချိတ်ထားပြီး Hiveက​နေ ပြန်လွတ်လာတဲ့ အဲလစ်နဲ့မတ်ကို အမ်ဘရဲလားကလူ​တွေ ဖမ်းဆီးသွားတာနဲ့ ဇာတ် စဖွင့်ထားပါတယ်။Hiveထဲမှာ ပျံ့သွားတဲ့ ဗိုင်းရပ်ပိုးက သူ့အ​ပေါ်က ရက်ကွန်မြို့ကို ပျံ့နှံ့သွားခဲ့ပြီး တစ်မြို့လုံးမှာ ဇွန်ဘီကပ်ကြီး ဖြစ်သွားခဲ့ပါတယ်။ အဲဒီမှာ အမ်ဘရဲလားက အ​ထက်လူကြီး​တွေကိုပဲ ကယ်ထုတ်ပြီး ပြည်သူ​တွေကို​တော့ ကွာရန်တင်းသ​​ဘော ပိတ်ဆို့ထားပြီး မြို့ကို ​နူကလီယားဗုံးနဲ့ဖောက်ခွဲကာ ပိုးဆက်မပျံ့​အောင် ထိန်းဖို့ကြိုးစား ခဲ့တာပါ။ အဲဒီအချိန် သမီးဖြစ်သူ အန်ဂျလာအက်ရှ်ဖို့ဒ် မြို့ထဲမှာ ကျန်​နေခဲ့တဲ့အခါ အမ်ဘရဲလားရဲ့သု​တေသနပညာရှင် ​ဒေါက်တာ ချားစ်အက်ရှ်ဖို့ဒ်က ရက်ကွန်းမြို့က​နေ ထွက်နိုင်မယ့်နည်းလမ်းနဲ့ သူ့သမီးကို အလဲအလှယ်လုပ်ဖို့ ​ကမ်းလှမ်းခဲ့ပါတယ်။အဲလစ်၊ဂျေးလ်နဲ့ ​ကြေးစားစစ်သားတစ်စုဟာ ဇွန်ဘီ​တွေပြည့်​နေတဲ့ ရက်ကွန်မြို့ထဲမှာ အက်ရှ်ဖို့ဒ်ရှာပုံ​တော်ထွက်ရင်း ဘယ်လိုကိစ္စ​တွေ ကြုံရမလဲ၊ အက်ရှ်ဖို့ဒ်ကို ရှာ​တွေ့ပါ့မလား၊ မြို့ကို ရှင်းပစ်ချင်​နေတဲ့ အမ်ဘရဲလားရဲ့လူ​တွေလက်က လွတ်ပါ့မလားဆိုတာ ကြည့်ရှူရမှာ ဖြစ်ပါတယ်။   File size…     2.8 GB / 1.5 GB /  ...
movie

Resident Evil: Apocalypse (2004)

4K HEVC
The Cutting Edge (1992) 6.9
The Cutting Edge (1992) The Cutting Edge (1992)_____IMDb - 6.9/10  ဒီရုပ်ရှင်ကားက ကြည့်ဖူးသမျှ ကိုရီးယားကားတွေ တရုတ်ကားတွေထက်တောင် အရမ်း ရိုမန့် ဆန်တယ်လို့ ပြောလို့ရတဲ့ ရုပ်ရှင်ကားလေးပါ အချိန်ကာလ အားဖြင့် ၁၉၉၂ ခုနှစ်က ရုံတင်တဲ့ကားမို့ အဲ့ဒီကားမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား မင်းသမီး တောင် လက်ရှိအချိန်မှာ အိုနေပါပြီ အဲ့ဒါကလဲ အဒ်မင်က အသဲတွေယားပြီး Google မှာ လိုက်ရှာမိခဲ့လို့ :D ဇတ်လမ်းအကြောင်း နည်းနည်းပြောပြမယ်နော် အိုလံပစ် အားကစားပြိုင်ပွဲမှာ စကိတ်အလှစီး တာ နဲ့ ရေခဲပြင်ဟော်ကီ တို့လဲ အပါအဝင်ပါပဲ ... ရေခဲပြင်အလှပြစကိတ်စီး ပြိုင်ပွဲမှာတော့ အရမ်းဟော့နေတဲ့ ကောင်မလေး တစ်ယောက် ရှိတယ် ကိတ် တဲ့ ကိတ်က သူမ လူမှန်းသိတက်ကတည်းက စကိတ်စစီးနေခဲ့ပြီ အရမ်းလဲ လှသလို သူဌေးသမီးလဲ ဖြစ်တော့ အရမ်းကို မာနကြီးတယ် ဘဝမြင့်တယ်... သူမ နဲ့ စကိတ် အတူစီးမယ့် သူတွေဆိုတာလဲ သူမ ဘယ်လောက်လှလှ ကြည့်မရကြဘူး... ကံဆိုးတယ် ပြောရမလားပဲ ပထမ ပြိုင်ပွဲမှာတင် ကိတ် ထွက်ခဲ့ရတယ်... သူ့လိုပဲ ...
movie

The Cutting Edge (1992)

1992