Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Choi Min-soo
6.2
The Myth (2005)
တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ မင်းသားကြီးဂျက်ကီချန်းရဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ ဒီထဲက ဇာတ်ဝင်တေး "အဆုံးမဲ့အချစ်" ဆိုတဲ့ သီချင်းလေးဟာလဲ လူတိုင်းရင်ကို လှုပ်နိုးစေခဲ့ပါတယ်။ 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Myth ဇာတ်ကားကို ဒါရိုက်တာ Stanley Tong က ရိုက်ကူးထားပြီး မင်းသား ဂျက်ကီချန်းနဲ့အတူ ကိုရီးယား မင်းသမီး Kim Hee-sun (လီဟန်နီ)တို့အပြင် အခြားဇာတ်ရံများစွာ ပါဝင်ပါတယ်။ သမိုင်းသုတေသီတစ်ယောက်ဖြစ်တဲ့ ဂျက် တစ်ယောက် ချင်ခေတ်က တပ်မှူးကြီးတစ်ယောက်အကြောင်းနဲ့မင်းသမီးလေးတစ်ယောက်အကြောင်းကို အမြဲတမ်း အိမ်မက်နေပြီး တပ်မှူးကြီးကတော့ သူဖြစ်နေပါတယ်.. ဒီအိမ်မက်တွေ မကြာခဏမက်ပြီး ထူးဆန်းနေပေမယ့် ဒီအတိုင်းသာ မေ့မေ့ပျောက်ပျောက်ထားခဲ့ပါတယ်... တစ်နေ့မှာတော့ ဂျက်ရဲ့သူငယ်ချင်းဖြစ်သူ ဝီလျှံရောက်ရှိလာပြီး သူတို့နှစ်ယောက် ပရောဂျက်တစ်ခုနောက်ကိုလိုက်ရင်းနဲ့ တိုက်ဆိုင်မှုတွေက အိမ်မက်ထဲကအတိုင်းဖြစ်နေတာကြောင့် ဂျက်တစ်ယောက်အံ့သြခဲ့ရပြန်ပါတယ်.... သူဟာ အိမ်မက်တွေထဲကလို တကယ့်လူဝင်စားဖြစ်နေမလား... အတိတ်ဘဝက မင်းသမီးလေးကရော တကယ်ရှိရဲ့လား ဒါတွေအားလုံးက အိမ်မက်တစ်ခုလား... ဒဏ္ဍာရီတစ်ခုလား အချစ်တစ်ခုလား........ဆိုတာ။ ဒီဇာတ်ကားက တွေ့နေကျ ဂျက်ကီချန်းကားတွေလို ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ လေးနက်တဲ့ရုပ်ရှင်တစ်ကားအဖြစ်လူတိုင်းအမှတ်ရစေခဲ့ပါတယ်။ အထူးသဖြင့် မင်းသမီး လီဟန်နီရဲ့ သက်ဝင်မှုတွေက ရုပ်ရှင်လို့တောင် မခံစားစေတော့ဘဲ တကယ့်ဒဏ္ဍာရီတစ်ပုဒ်လို ဆွဲခေါ်သွားစေပါတယ်။File ...
movie
The Myth (2005)
2005
6.4
My Wife Is a Gangster 3 (2006)
My Wife Is a Gangster 3 (2006) မှာတော့ ရှေ့ကထွက်ရှိခဲ့တဲ့ ကိုရီးယားမင်းသမီး Eun-Kyung Shin ရဲ့ ဇာတ်ကားတွေနဲ့ မဆက်စပ်တော့ပါဘူး။ဒီတစ်ခါ ဂိုဏ်းစတားမလေးကတော့ တရုတ်မင်းသမီးလေး ရှုကြည် Shu Qi ပါ။မင်းသားကတော့ ကိုရီးယားက တလွဲကောင်ဖြစ်ပြီး သူ့ရဲ့လက်ထောက် လူမိုက်တလွဲကောင်တွေနဲ့ ရှယ်ရီနေရပါတယ်။မင်းသမီးရှုကြည်က တရုတ်လိုပဲရတော့ တရုတ်-ကိုရီးယား ဘာသာပြန်ငှားရပြီး ငှားလိုက်တဲ့ ဘာသာပြန်ကလဲ တကယ့်ထွန်းထွန်းပေါက်ပေါက်မလို့ အလွဲလွဲအချော်ချော်တွေနဲ့ mission တွေကို ချီတက်ကြမှာပါ။ဒီဇာတ်ကားက My Wife is a Gangster ဇာတ်ကားတွေထဲမှာ အရယ်ရဆုံးဇာတ်ကားဖြစ်ပြီး ဒရမ်မာဖက်မှာတော့ ရှေ့ကကားတွေလောက် မဖိစီးထားပါဘူး...အက်ရှင်ဟာသဖက်ပိုသွားပါတယ်။Sequel အဖြစ်ထွက်ရှိခဲ့ပေမယ့် မတူကွဲပြားတဲ့တင်ဆက်မှုတွေကြောင့် IMDb Rating (6.4) ထိ ရရှိအောင်မြင်ခဲ့ပါတယ်။****My Wife is a Gangster ရုပ်ရှင်ကားတွေက ၃ ကားထွက်ရှိထားပြီး ...
movie
My Wife Is a Gangster 3 (2006)
2006
6.5
My Wife Is a Gangster (2001) My Wife Is a Gangster 1
My Wife Is a Gangster ရုပ်ရှင်တွေဟာ ကိုရီးယားရုပ်ရှင်လောကကို တစ်ခေတ်ထွန်းစေခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များဆီက ရသစုံတဲ့ ဇာတ်လမ်းအမျိုးအစားတွေထဲက တစ်ခုပါပဲ။ အဲ့ဒီခေတ်က တင်ဆက်ပုံမျိုးက အစပိုင်းမှာ ရီနေရမယ် ပြီးရင် ငိုရမယ် ပြီးရင် စွဲငြိသွားစေရမယ်ဆိုတဲ့ Taste မျိုးဖြစ်ပြီး ဒီရုပ်ရှင်ကလဲ အဲ့လိုအရသာမျိုးနဲ့ နာမည်ကြီး လူကြိုက်များခဲ့ပြီး နောက်ထပ်အဆက်ဇာတ်ကားတွေ ထွက်တဲ့အထိအောင်မြင်ခဲ့ပါတယ်။မင်းသမီး Eun-Kyung Shin ရဲ့ မှင်သေသေ သရုပ်ဆောင်ချက်တွေ Action တွေက ဇာတ်ကောင်တွေရဲ့ ထူးခြားတဲ့ဇာတ်ရုပ်တွေနဲ့လိုက်ဖက်ပြီး ကွဲပြားတဲ့ ဇာတ်အိမ်ကြောင့်လဲပိုမိုအသက်ဝင်ခဲ့ပါတယ်။My Wife Is a Gangster (2001) My Wife Is a Gangster 1 ဒီဇာတ်လမ်းကတော့.....ကိုရီးယားက ဂိုဏ်းစတားအဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်ဖြစ်သလို အဖွဲ့သားတွေက ချစ်ကြောက်ရိုသေရပြီး "အစ်ကိုကြီး" လို့ တလေးတစားခေါ်ကြရတဲ့ ဖိုက်တာကောင်မလေးတစ်ယောက်နာမည်ကတော့ ...
movie
My Wife Is a Gangster (2001) My Wife Is a Gangster 1
2001
6.4
Holiday (2006)
၁၉၈၈ ခုနှစ် ကိုရီးယားနိုင်ငံ အိုလံပစ်ပွဲအပြီး ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာပါ။‘’ငွေရှိရင် အပြစ်မရှိဘူး ငွေမရှိရင် အပြစ်ရှိတယ်’’ ဆိုတဲ့မျက်နှာသာပေးဥပဒေမျိုးနဲ့ မတရားထောင်ချခံထားရသူတွေအများအပြားပါပဲ..မတရားခံရတဲ့ထဲ အပါအဝင်ဖြစ်တဲ့ ဂျီဟျော့နဲ့ အကျဉ်းဖော်တို့ဟာထောင်ကနေ လွတ်အောင်ထွက်ပြေးပြီးတော့ မတရားတဲ့ဥပဒေကြီးကိုပြဌာန်းခဲ့တဲ့သက်ဆိုင်ရာအာဏာပိုင်တွေကို ဥပဒေကို ပြင်ဆင်စေချင်တာပါ.. ထောင်တွင်းအရာရှိတွေရဲ့ထောင်သားတွေအပေါ်မတရားဖိနှိပ်အကြမ်းဖက်မှုတွေ၊ ချမ်းသာတဲ့သူတွေ ရာထူးအာဏာရှိသူတွေကိုမျက်နှာသာပေးမှုတွေ အကြောင်းကို မြင်သာအောင်ဖော်ပြရိုက်ကူးထားပြီးမတရားခံရသူတွေရဲ့ ခံစားချက်တွေ နှိပ်စက်ခံရမှုတွေ အားလုံးဟာရင်ထဲခံစားရပြီး မျက်ရည်ကျရလောက်အောင်ရိုက်ထားတဲ့ကားကောင်းလေး တစ်ကားမို့သေချာပေါက်ကြည့်ဖို့ပြောလိုက်ပါရစေ။ File size…4.42GB / 1.64GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….2h 2m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Jia
movie
Holiday (2006)
2006
6.2
Bear Man (2023)
Bear Man / Ungnami (2023)ထီလက်မှတ်တစ်စောင်နဲ့ တိုင်ပတ်ခဲ့တဲ့ ဂင်ချားနားအပြီးမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ နောက်ထပ်ဟာသကားသစ်လေးနဲ့ ဂင်ချားနားတစ်ယောက် ရောက်လာပြန်ပါပြီ။ဒီတစ်ခါတော့ ထီလက်မှတ်နဲ့မဟုတ်ဘဲ ဝက်ဝံလူသားနဲ့တိုင်ပတ်ကြတော့မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ငယ်ငယ်လေးတုန်းကကြားဖူးနေကျ ကျေးညီနောင်နှစ်ကောင်လိုပါပဲ။ ဇီဝပညာရှင်တွေရဲ့ စမ်းသပ်စီမံမှုကြောင့် ဝက်ဝံကနေ လူအဖြစ်အသွင်ပြောင်းလာခဲ့ကြတဲ့ ဝက်ဝံညီနောင် အွန်းနမ်နဲ့အွန်းဘို့တို့ရဲ့ အကြောင်းပါ။အွန်းနမ်ကိုတော့ သူ့ကိုစီမံခဲ့တဲ့ ဇီဝပညာရှင်လင်မယားကပဲ သားအရင်းတစ်ယောက်လို ကျွေးမွေးစောင့်ရှောက်ထားခဲ့ပေမဲ့ အွန်းဘို့ကတော့ လူဆိုးတစ်ယောက်ရဲ့လက်ထဲမှာ အခိုင်းအစေသာသာနဲ့ ဒုစရိုက်မှုတွေလုပ်ရင်း ကြီးပြင်းလာခဲ့ရပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ အွန်းနမ်ဟာ အွန်းဘို့အဖြစ်ဟန်ဆောင်ပြီး အမှုကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်ဖို့ဖြစ်လာတဲ့အခါ ဒီညီအစ်ကိုနှစ်ယောက်ရဲ့ကံကြမ္မာက ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုကြရမှာပါ။Casts တွေအနေနဲ့ ဝါရင့်သရုပ်ဆောင် Park Sung Woong အပါအဝင် မျက်နှာမြင်ရုံနဲ့တင် ရယ်ချင်တဲ့ ဂင်ချားနားလည်း ပါဝင်ထားတာမို့ ဟာသကားကြိုက်တဲ့ပရိသတ်ကြီး လက်လွှတ်မခံကြပါနဲ့ဦးနော်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy Quality…. 1080p | ...
movie
Bear Man (2023)
2023
6.9
How to Steal a Dog (2014)
How To Steal A Dog (2014)"လောကကြီးမှာ ရှင်သန်နေထိုင်ရတာ ခက်ခဲပင်ပန်းနေရင်တောင် ဒါက မင်းတစ်ယောက်ထဲ ရင်ဆိုင်နေရာတမဟုတ်ပါဘူး။ မင်းထက် ပိုဆိုးတဲ့ အခြားသူတွေလည်းရှိနေနိုင်ပါတယ်" တဲ့ကမ္ဘာကျော် Storyteller Aesop ရဲ့ "The hares and the fogs" ဆိုတဲ့ ပုံပြင်လေးနဲ့ ဇာတ်လမ်းကို စထားပါတယ်။ဒီဇာတ်လမ်းမှာ ဂျီဆူဆိုတဲ့ကလေးမလေးတို့ မိသားစုက အိမ်ခြေရာမဲ့အနေနဲ့ ကားထဲမှာ နေထိုင်ရင်း ဘဝကို ဖြတ်သန်းနေရပုံကို ဦးစားပေးရိုက်ကူးထားပါတယ်။ကားထဲမှာနေရတဲ့ဂျီဆူက ဝမ်၅သန်းနဲ့ အိမ်တစ်လုံးရနိုင်တယ်လို့ထင်သွားတဲ့အခါမှာတော့ ဝမ်၅သန်းရဖို့အတွက် ခွေးတစ်ကောင်ကို သူမရဲ့သူငယ်ချင်းနဲ့အတူ ခိုးဖို့ ကြံစည်ပါတော့တယ်။ ခွေးကိုခိုးပြီးတဲ့နောက် ပိုင်ရှင်က ခွေးပျောက်ကြော်ငြာဝေပြီး ဆုကြေးငွေ ဝမ်၅သန်း ချီးမြင့်မယ်ဆိုရင် ခွေးကို ပြန်ပေးဖို့အတွက် စဉ်းစားခဲ့ပါတယ်။ဒါပေမဲ့ သူခိုးလာခဲ့တဲ့ခွေးက သူ့အမေအလုပ်လုပ်ဖူးတဲ့ မာရစ်ချယ်စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ခွေးဖြစ်နေတဲ့အခါ... အခြေအနေတွေက သူမထင်သလို ရိုးရှင်းမနေတဲ့အခါမှာတော့ သူမဘယ်လိုဖြေရှင်းပြီး ကျော်လွှားမလဲ? နောက်ဆုံး သူမလိုချင်တဲ့ ဝမ်၅သန်းကိုရပြီး အိမ်တစ်လုံးပိုင်ဆိုင်နိုင်မှာလားဆိုတာကို ရသစုံလင်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အညွှန်း နဲ့ ...
movie
How to Steal a Dog (2014)
5.9
Sword in the Moon (2003)
[Unicode]Sword in The Moon (2003)ဂျိုဆောင်ခေတ်ကာလ စစ်သားနှစ်ဦးအကြောင်း Action-Adventure ကားတစ်ခုဖြစ်ပါတယ်။လရောင်ပေါ်ကဓား လို့ အမည်တွင်တဲ့ ဘုရင့်စစ်တပ်အဖွဲ့က ချွဲဂျီဟွမ်နဲ့ ချိုဂူယဲ နှစ်ယောက်ဟာ ညီအစ်ကိုလို သံယောဇဉ်အခိုင်အမာနဲ့ ခင်မင်ရင်းနှီးခဲ့ကြပေမယ့်...တစ်နေ့ လက်ရှိဘုရင်ကို ဖြုတ်ချပြီး ဘုရင်အသစ် နန်းတက်တဲ့အခါ ချိုဂူယဲဟာ သူ့တပ်ဖွဲ့ကိုငဲ့ကာ လက်ရှိဘုရင်ဆီ သစ္စာခံလိုက်ရပြီးချွဲဂျီဟွမ်ကတော့ အရင်ဘုရင်ဟောင်းဘက် သစ္စာခံရင်း ပျောက်ကွယ်သွားခဲ့ပါတယ်။နှစ်အတော်ကြာတဲ့အခါ ချိုဂူယဲဟာ ရက်စက်ကြမ်းကြုတ်တဲ့ ကွက်မျက်သူ အဖြစ် အမည်တွင်ကာ ဘုရင်သစ်ထံ အမှုထမ်ဆောင်နေရင်း ချွဲဂျီဟွမ်ဟာ ဘုရင်ဟောင်းအတွက် ကလဲ့စားချေဖို့ ပြန်ထွက်ပေါ်လာတဲ့အခါ...ဆန့်ကျင်ဘက်ဖြစ်သွားတဲ့ ညီအစ်ကိုလို ခင်မင်ကြသူ စစ်သားနှစ်ဦးရဲ့ အားပြိုင်မှုနဲ့အတူ အဆုံးသတ်ဟာ သူတို့အချင်းချင်း ရန်သူလုံးဝ ဖြစ်သွားမလား ထာဝရမိတ်ဆွေအဖြစ် ရှိနေမလား ဆိုတာကို အတိုက်အခိုက်တွေကြားက န်ုင်ငံရေးအရှုပ်တော်ပုံဆန်ဆန် ကြည့်ရှုရမှာပါ ။( အညွှန်းရေးသားထားသူကတော့ Deer ပါ ) [Zawgyi]Sword in The Moon ...
movie
Sword in the Moon (2003)