Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Choi Jin-ho
5.4
No Mercy (2019)
ဒီတစ်ခါမှာတော့ မမ Lee Si Youngရဲ့ အမိုက်စားအက်ရှင်ကားလေးပါ။အော်တဇင်ဖြစ်နေတဲ့ ညီမလေးကို နိုင်ငံရေးသမားတစ်ယောက်ကမတရားကြံတာကြောင့် ညီမလေးအွန်းဟယ်ကိုကာကွယ်ပေးရင်းထောင်နန်းစံလိုက်ရပြီး ပြန်ထွက်လာတဲ့မင်းသမီး Lee Si Young… အမထောင်ထဲမှာရှိနေချိန် ကျောင်းမှာလည်းအနိုင်ကျင့်ခံရ၊ အမလည်းထောင်ထဲရောက်နေတာကြောင့်အားကိုးရာမဲ့ဖြစ်နေတဲ့အပျိုအရွယ် အော်တဇင်လေးအွန်းဟယ်ကို သားသမီးနှမချင်းမစာမနာ အမြတ်ထုတ်ချင်တဲ့ ရပ်ကွက်ထဲကယောက်ျားသားတွေရဲ့အနိုင်ကျင့်မှုတွေ၊ ဒီလိုမျိုး အနိုင်ကျင့်မှုတွေကို ထောင်ထဲကထွက်လာတဲ့အမကို မပြောရဲဘဲ အရွယ်နဲ့မလိုက်အောင်ခံစားနေရတဲ့ အွန်းဟယ်ပါ။တစ်ရက်မှာတော့ ပိုက်ဆံရှာချင်တဲ့ အတန်းဖော်တွေဟာအွန်းဟယ်ကို အနိုင်ကျင့်ပြီးတော့ ဟိုတယ်မှာအဖိုးကြီးတွေနဲ့အိပ်ဖို့သွားခိုင်းပါတယ်။အဖိုးကြီးတွေအိပ်ဖို့ကြိုးစားတဲ့အချိန်မှာ သူတို့ကအခန်းထဲဝင်လာပြီးတော့ ခြိမ်းခြောက်ငွေညှစ်တာမျိုးလုပ်တာပါ။အဲဒီထဲမှာမှ ကောင်မလေးတွေကို မုဒိန်းကျင့်ပြီးရောင်းစားတတ်တဲ့ လူမိုက်တစ်ယောက်နဲ့တွေ့သွားတဲ့အခါအွန်းဟယ်တစ်ယောက် ရောင်းစားခံလိုက်ရပါတော့တယ်။ညီမလေးအိမ်ပြန်မလာလို့ စိတ်ပူနေတဲ့ အမကလည်း ရဲတိုင်ပေမယ့်လည်းအဆင်မပြေတဲ့အပြင် ကျောင်းကဆရာကိုယ်တိုင်ကလည်းအရေးတယူမလုပ်တာကြောင့် ကိုယ်တိုင်စုံစမ်းပြီးပျောက်နေတဲ့ ညီမလေးကိုတစ်ကိုယ်တော်ရှာပုံတော်ဖွင့်ပါတော့တယ်။ညီအစ်မနှစ်ယောက်ရဲ့ ချစ်ခြင်းကိုမြင်တွေ့ရမယ့်အပြင်အော်တဇင်လေးအွန်းဟယ်ရဲ့ ဇာတ်နာမှုတွေကိုလည်းဝမ်းနည်းဖွယ်ရိုက်ကူးပြထားပါတယ်။စစ်တပ်ရဲ့ တိုက်ခိုက်ရေးနည်းပြဟောင်းအနေနဲ့ မမ Lee Si Young ရဲ့တိုက်ရေးခိုက်ရေးတွေကိုလည်း အားရပါးရအဝကြည့်ရမှာမလို့ မလွတ်တမ်းကြည့်ရှုခံစားလိုက်ပါဦး။ File size… 1.5 GB / 766 MB Quality… BluRay 1080p / ...
movie
No Mercy (2019)
2019
8.1
Silenced (2011)
မနက်က ဒီရုပ်ရှင်လေးအကြောင်းကိုM-MDB Page မှာ ဆရာမနိုင်းနိုင်းစနေရဲ့ post ကနေcredit ပေးတင်ပေးထားတာကိုဖတ်မိတော့ ကြည့်လိုက်မိတယ်။တကယ်ပဲ အောက်မှာ ဆရာမညွှန်းခဲ့သလိုပါပဲခံစားချက်အပြည့်ပေးပါတယ်။ဒီနေ့လည်း group ထဲမှာ လူတွေအများကြီးလာတောင်းနေတော့ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်။ဒီဇာတ်ကားဟာ ကြည့်ဖူးနေကြကားတွေလိုတရားမျှတမှုက အနိုင်ရတာကို မပြပါဘူး၊ပရိသတ်တွေကို မပျော်စေချင်ပါဘူး။ဒီဇာတ်ကားမှာ အမှန်တရားရှုံးပါတယ်။ဒါပေမယ့် ဒီအဖြစ်မှန်ကို ရေးခဲ့၊ရိုက်ပြခဲ့တဲ့အနုပညာသမားတွေကြောင့် အပြင်လောကမှာတရားမျှတမှုအနိုင်ရသွားခဲ့တယ်လို့ပြောရမယ်ထင်ပါတယ်။ဇာတ်လမ်းအောင်မြင်မှုနဲ့ အညွှန်းကိုတော့ အောက်ကမူရင်းပို့စ်မှာပဲ ဖတ်ကြည့်ကြပါ။ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ဒီကားမှာနှစ်သက်မိတာတစ်ခုထပ်ပြောရမယ်ဆိုရင်ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ပြောရတော့မယ်လို့ထင်မိတဲ့အခန်းတွေမှာ အရိုးရှင်းဆုံးစကားလုံးတွေကိုပဲ သုံးသွားပြီးခံစားချက်ပေါ်အောင်ပြသွားနိုင်တဲ့အချက်လေးကိုလည်း ချီးကျူးရမှာပါပဲ။ရုပ်ရှင်ကားတစ်ကားဘယ်လောက်ထိသြဇာလွှမ်းမိုးနိုင်သလဲ -----------------------------------------------------------------မနေ့ညနေက ကျွန်မ ကိုးရီးယားကားတစ်ကားကြည့်ဖြစ်တယ်။အဲဒီကားကို ခုထိကြည့်လို့ မပြီးသေးဘူး။ရုပ်ရှင်က ရှည်လို့မဟုတ်ဘူး..တစ်ကားပြီးပါပဲ။ဒါပေမယ့် အဲဒီရုပ်ရှင်ကို ကျွန်မကြည့်လိုက် ဆက်မကြည့်ရက်လို့နားထားလိုက်၊ ပြန်ကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက် လုပ်နေခဲ့လို့ပါ။ . အဲဒီရုပ်ရှင်ကားက "Silenced" (သို့) "The Crucible" လို့နာမည်ရတဲ့ကားဖြစ်တယ်။ဇာတ်ကားပါ အကြောင်းအရာက ဆွံ့အ နားမကြားကျောင်းတစ်ကျောင်းမှာနှစ်ကာလကြာရှည်စွာ မုဒိမ်းကျင့်၊ မတရားအနိုင်ကျင့်ခံနေရတဲ့ကျောင်းသူကျောင်းသားတွေဟာ အဲဒီကိုပြောင်းလာတဲ့ဆရာအသစ်တစ်ဦးရဲ့အကူအညီနဲ့ အဖြစ်ဆိုးကလွတ်မြောက်ပြီးကျောင်းအုပ်ကြီးအပါအဝင် ဆရာအချိုု့ကို တရားဥပဒေအတိုင်းအရေးယူနိုင်ခဲ့တဲ့အကြောင်းဖြစ်တယ်။ဒါပေမယ့် ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို တရားခံတွေဟာကြေးရတတ်၊ ...
movie
Silenced (2011)
2011
6.5
White Night (2009)
White Night (2009)"ငါ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ ဘယ်အပြစ်မဆို (၁၅)နှစ်ကြာရင် အပြစ်ကြေတယ်တဲ့။ ငါတို့ နောက်(၁၅)နှစ်ကြာမှ ပြန်တွေ့ကြရအောင်"- ဒီစကားကို လီဂျီအာက ကင်ယိုဟန်ကို ပြောခဲ့တာပါ။သူတို့ နှစ်ယောက်ရဲ့ ကလေးဘဝက ကြမ်းတမ်းခဲ့ပါတယ်။ ကင်ယိုဟန်ရဲ့ အဖေဖြစ်သူ တစ်ညမှာ အသတ်ခံခဲ့ရပြီး လီဂျီအာရဲ့ အမေဖြစ်သူက လူသတ်မှုအတွက် အဓိက သံသယရှိသူ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း ကင်ယိုဟန်ရဲ့ အမေက ခင်ပွန်းဖြစ်သူ အသတ်ခံရပြီးချိန်မှာပဲ အလုပ်သမား ကန်ဂျယ်ဒိုနဲ့ ဖောက်ပြန်ခဲ့ပါတယ်။ သပွတ်အူလို ရှုပ်ထွေးနေတဲ့ ဆက်ဆံရေးတွေကြားက လူသတ်မှုကို စုံစမ်းရသူကတော့ စုံထောက်ဟန်ဒုန်ဆူပါ။ စုံစမ်းနေရင်း တန်းလန်းမှာပဲ သံသယရှိသူ လီဂျီအာရဲ့ အမေဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတော့တယ်။"ဘဝမှာ အချိန်အခါ ဆိုတာရှိတယ်။ ကိုယ်လုပ်ချင်တဲ့ အရာတွေကို လုပ်လို့ရတဲ့ တစ်ခုတည်းသော အချိန်အခါ"ဒီစကားကို ပြောခဲ့တဲ့ စုံထောက်ဟန်ဟာ သံသယရှိသူ သတ်သေသွားလို့ အမှုပိတ်ကာမှ အမှုအတွက် မသင်္ကာစရာတွေကို ရှာတွေ့လာတဲ့အတွက် အမှုကို သဲကြီးမဲကြီးလိုက်ရင်း ...
movie
White Night (2009)
2009
6.0
Insane (2016)
INSANE (2016)Thriller ကြိုက်သူတွေအတွက် ၂၀၁၆ တုန်းက ထွက်ထားပြီး ဆုတွေရထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းမှာ Bad Guys S1 က မင်းသမီး Gang Ye Won နဲ့ One The Woman က မင်းသား Lee Sang Yoon တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းနာနမ်ဆူက '၂၄ နာရီ' ဆိုတဲ့ ရှိုးတစ်ခုရဲ့ ပီဒီ ပါ ပီဒီနာက သူ့ရဲ့ရှိုးအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို အမြဲတမ်းစုံစမ်းရှာဖွေနေသူပေါ့ တစ်ရက်မှာတော့ ပီဒီနာရဲ့ ရှိုးအတွက် စိတ်ဝင်စားစရာ ဒိုင်ယာရီလေး တစ်ခုရောက်လာခဲ့ပါတယ် အဲဒီဒိုင်ယာရီကို ရေးသားထားတဲ့ကောင်မလေးက " ဂန်ဆူအာ "ဒိုင်ယာရီထဲမှာ ရေးသားထားတဲ့အကြောင်းအရာတွေက... ဂန်ဆူအာဟာ အိမ်ပြန်လမ်းမှာအဖမ်းခံလိုက်ရပြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခုကို ပို့ခံရတယ်...သူမ အဲဒီ စိတ်ကျန်းမာရေးဆေးရုံထဲမှာ ပိတ်မိနေတယ်...ဒီဆေးရုံမှာ သူမကို ကူညီမယ့်သူကလည်း ဟန်ဒုံရှစ် တစ်ယောက်ပဲ ရှိတယ်လို့ ရေးသားထားတယ်စုံစမ်းကြည့်လိုက်တဲ့အခါမှာ ...
movie
Insane (2016)
6.7
Confession (2014)
Confession (2014) ==================IMDb Rating - 6.7/10ယော်ရောဘွန်းတို့ "Confession" လို့ကြားလိုက်ရင် ဘာကိုပြေးမြင်လဲ "အချစ်ဝန်ခံချက်" လို့ပဲအရင်ဆုံးထင်လိုက်ကြတယ်မလားဒါပေမယ့်.....ဟျွန်းထယ် (Ji Sung) , အင်ချော (Ju Jihoon) နဲ့ မင်ဆူ(Lee Gwan Soo) တို့ကငယ်ငယ်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတယ်။ ဟျွန်းထယ်က ဆွံ့အနားမကြားတဲ့ မိန်းမနဲ့ သမီးလေးတစ်ယောက်ရှိတယ် ကယ်ဆယ်ရေးဝန်ထမ်းအဖြစ်လုပ်ကိုင်တယ် သူက လူတွေကို ကယ်ဆယ်တဲ့အလုပ်လုပ်နေတော့ အရာအားလုံးကို တရားမျှတတာကိုကြိုက်တယ်။ အင်ချောက အာမခံလုပ်ငန်းမှာလုပ်ကိုင်ပြီး "ညစ်တတ်တယ် လိမ်တတ်တယ်" လို့ အသိများကြတယ်။ မင်ချောကတော့ စီးပွားရေးလုပ်ငန်းအသေးလေး လုပ်ကိုင်ပြီး သူ့သူငယ်ချင်းတွေအပေါ် မှီခိုနေတဲ့ ပျော်ပျော်နေတတ်တဲ့ လူရိုးလူလိမ္မာလေးပါ။ တစ်နေ့မှာ သူတို့ ၃ ယောက်ထဲက တချို့ကအားလုံး အတွက်ကောင်းမယ် ဆိုတဲ့ အလုပ်တစ်ခုကို လုပ်လိုက်မိတယ်၊ ဒါပေမယ့် အဲ့အလုပ်က သူတို့ကို ပြစ်မှုကျူးလွန်သူတွေ ဖြစ်လာစေပြီး အချင်းချင်းအထင်လွဲမှုတွေဖြစ်လာတယ်။ သူတို့ရဲ့ ခိုင်မာတဲ့ သူငယ်ချင်းဆက်ဆံရေးကိုပါ ထိခိုက်လာတယ်။ ဝမ်းနည်းစရာကောင်းလောက်အောင် "အားလုံး ကောင်းအောင် လုပ်ပေမယ့် အဆိုးဆုံး"တွေဖြစ်လာခဲ့တယ်။ ဒီကားလေးရဲ့ အင်္ဂလိပ်နာမည်က "Confession" ...
movie
Confession (2014)
2014
7.5
The Terror Live(2013)
The Terror Live(2013) အညွှန်း*************************IMDb...7.5ယွန်းယောင်ဟွာဟာ နာမည်ကြီးသတင်းတင်ဆက်သူဖြစ်ခဲ့ပေမယ့်သူရဲ့လာဘ်စားတယ်ဆိုတဲ့သတင်းကြောင့် ရေဒီယိုတင်ဆက်သူအနေနဲ့ ရာထူးချခံထားရပါတယ် ...တစ်နေ့မှာ ရေဒီယိုကနေ အစီအစဉ်တင်ဆက်နေတုန်း မာဖိုတံတားကို ဖောက်ခွဲပစ်မယ်ဆိုပြီးခြိမ်းခြောက်တဲ့ဖုန်းခေါ်ဆိုမှုတစ်ခုကို ရရှိခဲ့ပါတယ် ...အစပိုင်းမှာတော့ စနောက်တယ်ထင်ပြီး ဖောက်ခွဲလိုက်လို့ ပြောခဲ့ပါတယ် ...အကြမ်းဖက်သမားဟာတကယ်ပဲ ဖောက်ခွဲပြလိုက်တဲ့အခါမှာတော့အားလုံးကထိတ်လန့်ကုန်ကြပါတယ်..ဒီအခြေအနေက သူ့အတွက် သတင်းတင်ဆက်သူနေရာကို ပြန်ရနိုင်မယ့်အခွင့်အရေးပဲဆိုပြီး ရဲကိုအကြောင်းမကြားဘဲ သူ့ရဲ့အထက်လူကြီးနဲ့တိုင်ပင်ပြီး သူတို့အစီအစဉ်ကို ကြည့်သူရှုသူများအောင်လုပ်မယ်ဆိုပြီး ညှိနှိုင်းမှုလုပ်ကြပါတယ်...အကြမ်းဖက်သမားနဲ့လည်း သဘောတူညီမှုတွေ လုပ်ခဲ့ကြပြီးတစ်နိုင်ငံလုံး ကြည့်ရှုနိုင်ဖို့ သူတို့ဖုန်းပြောတာကို တိုက်ရိုက်ပြသခဲ့ပါတယ် ...သူ့ရဲ့ တကိုယ်ကောင်းဆန်တဲ့လုပ်ရပ်ဟာ အကုန်လုံး ပြဿနာအကြီးကြီးတက်ဖို့ဖြစ်လာပါတော့တယ်...ဒီကားက ကိုရီးယားရဲ့နာမည်ကြီးမင်းသားဖြစ်တဲ့ Ha Jung-woo အဓိက ပါဝင်ထားပြီးအခြားနာမည်ကြီ:သရုပ်ဆောင်များစွာပါဝင်ထားပါတယ်...ဇာတ်လမ်းဟာ အစမှ အဆုံးထိ ဇာတ်ရှိန်ကျမသွားသလိုရင်တထိတ်ထိတ်နဲ့ကြည့်ရအောင်မြိုင်ဆိုင်လွန်းလှတယ်...လူတွေရဲ့သဘော တွေ နိုင်ငံရေးသမားတွေရဲ့ လှည့်ကွက်တွေ အမြတ်ထုတ်မှုတွေအကြောင်းရိုက်ပြထားသလိုဘက်ဂျက်လည်းအတော်ကုန်ကျခံထားတဲ့ဇတ်ကားဖြစ်တယ်...ဒါ့ကြောင့် ရုံတင်ပြီးပြီးချင်း ၆ရက်မှာပဲ လက်မှတ်အစောင်ရေ ၂မီလီယံရောင်းချခဲ့ရပြီးBox Officeမှာလည်း ဒုတိယအနေရာအထိရောက်ရှိခဲ့ပါတယ်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Estel ဖြစ်ပါတယ်.. File Size : (1.8GB)(921 MB) and ...
movie
The Terror Live(2013)
7.8
I Saw the Devil (2010)
ကိုရီးယား မင်းသား လီဗျောင်ဟွန်း နဲ့ မင်းသားကြီး Choi Min‑sik တို့အဓိကအားပြိုင်သရုပ်ဆောင်ထားတဲ့Crime, Drama, Horror အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။IMDb Rating(7.8/10) နဲ့ Rotten Tomatoes (80%) ထိ ရရှိထားတဲ့ နာမည်ကြီးကိုရီးယားဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့....Special Agent တယောက် –လက်ထပ်တော့မယ် သူ့ချစ်သူ ကို ရက်ရက်စက်စက် တစစီခုတ်ထစ်စွန့်ပစ်ထားတာကို မြင်ခဲ့ပြီးနောက် –ချစ်သူရဲ့ အဖေ က ရဲအရာရှိ –သူ့သမီးကို သတ်သွားတဲ့သူကို မင်း ရအောင်သာရှာ …. ငါ ဘာလုပ်ပေးရ ပေးရ –Special Agent ဟာ ၂ ပါတ်တိတိ ခွင့်ယူပြီး –မသင်္ကာစရာ လူ ၄ ယောက်ကို တယောက်ချင်းစီ စစ်ရင်းမှလူသတ်သမားအစစ် ကို တွေ့တဲ့အခါ ဘယ်လိုတွေ ကလဲ့စားချေမယ်ဆိုတာ –အချိန် ၁၄ ရက်အတွင်းမှာ ဘယ်လောက်ထိရက်စက်မယ်ဆိုတာ– – ...
movie
I Saw the Devil (2010)
2010
HEVC 1080p
The 8th Night (2021)
The 8th Night 2021ဒီနေ့မှာတော့ Netflix ကပူပူနွေးနွေးထွက်ရှိထားပြီး ကျိန်းသေကို လက်မလွတ်တန်း ကြည့်ရှုသင့်တဲ့ Korean Triller Movie လေး The 8th Night နဲ့ မိတ်ဆက်ပေးပါရစေလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ခန့်က မကောင်းဆိုးဝါးတစ်ကောင်က လူသားကမ္ဘာနဲ့ငရဲကို ဆက်ထားတဲ့ တံခါးကိုဖွင့်ပြီးတော့ လူတွေကို အန္တရာယ်ပြုဖို့ ကြိုးစားခဲ့ပါတယ်အဲ့ဒီချိန်မှာ ဗုဒ္ဓက မကောင်းဆိုးဝါးကို တားမြစ်ပြီး သူရဲ့စွမ်းအားအရင်းမြစ်ဖြစ်တဲ့ မျက်လုံးနှစ်လုံးကိုထုတ်ယူခဲ့ပါတယ်အဲဒီစွမ်းအားအရင်းအမြစ်ဖြစ်တဲ့ မျက်လုံးနှစ်လုံးကိုလည်း တစ်နေရာစီမှာ ထားပြီး ချိတ်ပိတ်ပြီး သိမ်းဆည်းခဲ့ပါတယ်အဲဒီအရာတွေကို စောင့်ရှောက်ဖို့အတွက် ဗုဒ္ဓဟာ သူရဲ့တတပည့် ဘုန်းတော်ကြီးတစ်ပါးနဲ့ နတ်ဆရာကို မှာကြားခဲ့တယ်အချိန်တွေကြာလာတဲ့အခါမှာ လူတွေရဲ့သဘာဝအရ စူးစမ်းချင်တယ် ရှေးရှေးတုန်းကပြောထားတဲ့အရာတွေကို အမှန်ဖြစ်ကြောင်းသက်သေပြချင်လာကြတယ် အဲ့လိုစူးစမ်းချင်တဲ့ စိတ်တွေကနေ ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲ ဇာတ်ကားမှာ ဆက်လက်စောင့်ကြည့်ကြပါဦးနော်ဒီရုပ်ရှင်လေးမှာတော့ မင်းသားကြီး Lee Sung Min Backstreet Rockie မင်းသမီးလေး Kim Yoo Jung နှင့်အတူ Doom at your service (DAYS) ထဲကမင်းသား ...
movie
The 8th Night (2021)
2021
7.0
The Swordsman(2020)
The Swordsman(2020)အညွှန်း**************************IMDb...7.0ဂျိုဆွန်းပြည်ဟာ မြောင်နိုင်ငံကို စစ်ရှုံးပြီးတော့ နောက်ဆက်တွဲအကျိုးဆက်တွေက အတော်ဆိုးပါတယ်...စားနပ်ရိက္ခာတွေအပြင် မိန်းကလေးကျွန်တွေပေးနေရပါတယ်....တဖြည်းဖြည်း မြောင်နိုင်ငံဟာ နောက်ထပ်စစ်ပွဲတစ်ခုကိုဉီးတည်ချင်တဲ့ရည်ရွယ်ချက်ကြောင့်ပဲလားမသိ...ကျွန်အရေတွက်တွေ တိုးလို့တောင်းခံသလို အထူးလေ့ကျင့်ထားတဲ့ စစ်သည်တွေကိုလည်း ဂျိုဆွန်းကိုစေလွှတ်ထားပါတယ်...ဂျိုဆွန်းရဲ့ မှူးမတ်တွေရဲ့အကြံကလည်းတော်တော်ယုတ်မာပါတယ်..သူတို့သမီးတွေ ကျွန်အဖြစ်မပေးရရေးကိုစားဖို့တောင်အနိုင်နိုင်ြဖစ်နေတဲ့ ရွာလေးတွေက သမီးတွေကို မွေးစားသမီးလုပ်မယ်ဆိုတဲ့မက်လုံးနဲ့ခေါ်ယူမွေးပြီးကျွန်အဖြစ်ပေးဖို့ကြံကြပါတယ်...ဒီလိုနဲ့မွေးစားခံဖို့ခေါ်တဲ့အထဲမှာ သမီးလေးတစ်ယောက်ရဲ့အဖေဟာဇာတ်မြှုတ်နေတဲ့ အထူးဓားရေးကျွမ်းကျင်တဲ့ ဓားသမားတစ်ယောက်ဖြစ်လာတဲ့အခါမှာတော့...ဒီဇာတ်ကားက မင်းသားကြီး Hyuk Jang အဓိကသရုပ်ဆောင်ထားပြီး ဇာတ်လမ်းအစမှအဆုံးထိရှယ်ဗျင်းကြတဲ့အက်ရှင်ဇာတ်ကားပါ..ရိုက်ချက်တွေလည်း တော်တော်ကြီးမိုက်သလိုနောက်ခံတီးလုံးတွေလည်းလန်းပါတယ်..ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hana ပဲြဖစ်ပါတယ်...File Size :((942MB) and (315MB) Quality : FHDRip 720p Format…mp4 Duration…01:40:00 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Translated by Hana Encoded by Phyo Pyae
movie
The Swordsman(2020)
6.0
Illang: The Wolf Brigade (2018)
Illang: The Wolf Brigade (2018)_____IMDb - 6.0/10 ဒီဇာတ်ကားဟာ ကိုရီးယားတွေက Japanese animated film Jin-Roh: The Wolf Brigade ကို live action ပြန်ရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီကားနဲ့ပတ်သက်ပြီး review မျိုးစုံပေးထားပေမယ့် ကြည့်ရကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒါရိုက်တာ Kin Jee Woo ရိုက်ကူးထားပြီး Cast တွေကတော့ Cold eyes ဇာတ်ကားထဲက မင်းသမီးချောလေး Hyo Joo Han, အဲ့ကားထဲမှာပဲပါဝင်ခဲ့တဲ့မင်းသားကြီး Woo Sung Jung တို့အပြင် မင်းသား Dong Won Gang တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်အိမ်ကို အနာဂတ် ၂၀၂၉ခုနှစ်မှာတည်ထားပြီး မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့ပြန်လည်ပေါင်းစည်းရန် ဆွေးနွေးနေသည့်ကာလတွင်အခြေတည်ထားပြီး အဲ့ဖြစ်စဉ်ရဲ့နောက်ဆက်တွဲ ကိစ္စရပ်များကိုရိုက်ကူးထားတာပါ။ ပေါင်းစည်းရေးကိစ္စကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်တို့ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ကိုရီးယားနိုင်ငံစီးပွားရေးထိုးကျပြီး လူထုကြားမတည်ငြိမ်မှုတွေဖြစ်ပေါ်လာကာ အစိုးရကိုဆန့်ကျင်သည့် ...
movie
Illang: The Wolf Brigade (2018)
2018
4.6
My New Sassy Girl (2016)
My New Sassy Girl (2016)_____IMDb - 4.6/10 ဒီကားက နာမည်ကျော် စာအုပ်တစ်အုပ်ဖြစ်တဲ့ My Sassy Girlကို ပုံစံအသစ်တစ်မျိုးနဲ့ ပြန်ရိုက်ထားတဲ့ ဇာတ်ကားပါ။ My Sassy Girl နံပါတ် ၂ လို့ ပြောရင်လဲ ရပါတယ်။ မင်းသားက ၂ ကားလုံး အတူတူပါ။ ပထမကားဖြစ်တဲ့ My Sassy Girlက ၂၀၀၁ မှာ ထွက်ရှိခဲ့တာကြောင့် ၁၅ နှစ်ကြာမှ ပြန်ထွက်လာတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်း အကျဥ်းပြောရရင်တော့ ခပ်တုံးတုံးကောင်လေးနဲ့ ပြသနာ အမြဲရှာတတ်တဲ့ ကောင်မလေးတို့ရဲ့ အချစ် ဇာတ်လမ်းကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ ခံစား ကြည့်ရှူလိုက်ကြပါဦး (ဘာသာပြန်သူကတော့ Zayyar Htet ပဲ ဖြစ်ပါတယ်) My Sassy Girl - 2001 ကို https://channelmyanmar.to/my-sassy-girl-2001/ မှာဒေါင်းကြည့်လို့ရပါတယ်။ File Size : 714 MB Quality ...
movie
My New Sassy Girl (2016)
2016