Channel Myanmar

Choi Ji-ho

Collective Invention (2015) 6.2
Collective Invention (2015)  Collective Invention (2015) ************************** အခုတစ်ခေါက် ချန်နယ်မြန်မာကနေ ပြန်လည်တင်ဆက်ပေးသွားမယ့် ဇာတ်လမ်းကတော့၂၀၁၅ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Collective Invention ဇာတ်ကားလေးပဲဖြစ်ပါတယ်Comedy, Sci-fi အမျိုးစားဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ကလည်း running man fanတွေရဲ့ အချစ်တော် အီဂွမ်ဆူအပြင်၊မင်းသမီးဘတ်ဘိုယောင်းနဲ့ အီချွန်းဟီးတို့ဆိုတော့ မရယ်ရမှာတော့ စိုးရိမ်စရာမလိုပါဘူးဇာတ်လမ်းအကြောင်းကတော့ဆေး၀ါးစမ်းသပ်မှုတစ်ခုမှာ အစမ်းသပ်အခံအဖြစ် ၀င်ပါခဲ့တဲ့ ဘတ်ဂူဆိုတဲ့ အမျိုးသားတစ်ယောက်ထိုဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ပဲ လူစင်စစ်ကနေ ငါးတစ်ပိုင်းလူတစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ရာကနေစတင်ထားပါတယ်။ထိုအကြောင်းကို ဘတ်ဂူရဲ့ချစ်သူဖြစ်တဲ့ ဂျူဂျင်ဆိုတဲ့မိန်းကလေးတစ်ယောက်က အွန်လိုင်းပေါ်ဖြန့်လိုက်ရာကနေဆောဆန်း၀မ်ဆိုတဲ့ သတင်းထောက်ဖြစ်ချင်နေတဲ့လူတစ်ယောက်က တွေ့သွားပြီးငါးတစ်ပိုင်းလူတစ်ပိုင်းလည်းတစ်ဖြစ် ဘတ်ဂူရဲ့အကြောင်းကိုစတင်စုံစမ်းပါတော့တယ်။ဒီလိုနဲ့ ငါးလူသားဘတ်ဂူနဲ့ ဆောဆန်း၀မ်တို့ ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ငါးလူသားဘတ်ဂူကရော ပျော်စရာအဆုံးသတ်ကိုရသွားနိုင်ပါ့မလားဆိုတာကိုတော့ Collective Invention ဆိုတဲ့ဇာတ်လမ်းမှာ အဖြေရှာလိုက်ကြတာပေါ့။File size…1.09 GB / 485 MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 34m Genre ….. Comedy, Drama, Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Translated by Double M Encoded by ...
movie

Collective Invention (2015)

12.12: The Day(2023)
12.12: The Day(2023) 12.12: The Day(2023)*******************ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ  ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်..ကိုရီးယားသမိုင်းရဲ့  မမေ့နိုင်စရာကောင်းတဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ဆိုတဲ့အတွက်ကြောင့်ဒါရိုက်တာဟာ နာမည်ကြီးသရုပ်ဆောင်တွေ နဲ့ စစ်ဘက်သုံးဆိုင်ရာ လက်နက်တွေ အသုံးအဆောင်တွေသံချပ်ကာ တိုက်ယာဉ်တွေအများကြီးသုံးပြီးရိုက်ကူးထားသလို ရုံတင်ဝင်ငွေဟာလည်း ဒေါ်လာသန်း ၁၀၀နီးပါးပြန်လည်ရရှိခဲ့ပါတယ်...ဒီကားကတော့ သရုပ်ဆောင်တွေ မိုက်တယ်ဆိုပြီးကြည့်လိုက်ရုံနဲ့ဘာမှာနားလည်မှာမဟုတ်ပါဘူး...ကိုရီးယားမှာလက်ရှိသမ္မတယွန်းဆော့ဂယောအပါအဝင် စုစုပေါင်း သမ္မတ ၁၃ယောက်အထိတာဝန်ထမ်းဆောင်ခဲ့တယ်...လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သမ္မတနဲ့ ၁၂ယောက်မြောက်ကလွဲလို့ ကျန်တဲ့သမ္မတ ၁၁ယောက်လုံးဟာ ဆူဆိုက်လုပ်တဲ့သူ အခြားနိုင်ငံကိုထွက်ပြေးတဲ့သူအာဏာသိမ်းခံရတဲ့သူနဲ့ ထောင်ကျခဲ့တဲ့ သူတွေချည်းပါပဲ...ဒါ့ကြောင့် အိမ်ပြာတော်ကျိန်စာလို့ ကိုရီယားတွေက ခေါ်ဆိုကြတယ်လို့ဆိုတယ်...အခုဖြစ်ရပ်က (၃)ယောက်မြောက် သမ္မတဘတ်ဂျောင်ဟီး ကို KCIAက လုပ်ကြံပြီးနောက်ပိုင်းကိုဆက်ပြထားတာဖြစ်ပါတယ်..ဒီအကြောင်းကိုသိချင်ရင် မင်းသားကြီး လီဗြောင်ဟွန်းအဓိကပါဝင်ထားတဲ့  The Man Standing Next(2020)ကားကို ကြည့်လိုက်ပါ...ဒီကားကြည့်ဖူးတဲ့သူတွေကတော့ 12.12: The Day(2023) ကိုဆက်ကြည့်လို့အဆင်ပြေပါတယ်..မကြည့်ရသေးလည်း  အကြောင်းအရာကိုသိရုံနဲ့ ဆက်ကြည့်လို့ရပါတယ်..ဆိုတော့ ဘတ်ဂျောင်ဟီး ကွယ်လွန်ပြီးနောက်ပိုင်း ယာယီသမ္မတအဖြစ်နဲ့တာဝန်ထမ်းဆောင်ချိန်နဲ့စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာထားတဲ့ကာလဆိုတော့နိုင်ငံရဲ့အခြေအနေက အကောင်းဆုံးနဲ့အဆိုးဆုံးကာလကို အကူးပြောင်းနိုင်ဆုံးကာလပေါ့...ဒီလိုဖရိုဖရဲကာလမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...ကြည့်သင့်တဲ့ကားပါ...တန်ပါတယ်...  File Size : (2.02GB) and ...
movie

12.12: The Day(2023)

Antique(2008) 7.0
Antique(2008) Antique(2008)**************အလောင်ကားတွေပဲကြည့်နေလို့ ပူလောင်နေရရင် ဒီ comedy, romance, friendship အမျိုးအစားဖြစ်တဲ့LGBT movie လေးကိုကြည့်ကြည့်ကြပါ။၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့ပြီး rating လည်းကောင်းပါတယ်။ cast တွေကလည်းရှယ်ပါပဲ။ဇာတ်လမ်းကတော့ လူပေါ်ကြော့သူဌေးသားလေးဂျင်ယော့ဟာ ကိတ်မုန့်ဆိုင်လေးတစ်ဆိုင်ဖွင့်ဖြစ်ခဲ့ပါတယ်။ကိတ်မုန့်ဆိုင်မှာကိတ်မုန့်ဖုတ်မယ့်သူရှာရင်းနဲ့ သူ့ကိုအထက်တန်းတုန်းက crush ခဲ့တဲ့မင်ဆွန်းဝူနဲ့အတူတူအလုပ်လုပ်ဖို့ဖြစ်လာပါတယ်။ မင်ဆွန်းဝူကတော့ ‘နတ်ဆိုးလိုဆွဲဆောင်မှုရှိတဲ့ဂေး’ ဆိုပြီးတော့တင်စားကြရလောက်အောင်ကို သူနဲ့တွေ့သမျှယောက်ျားတိုင်းက သူ့ရဲ့ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ကြပါဘူး။သူတို့နှစ်ယောက်တည်းအလုပ်လုပ်နေရင်းနဲ့ လက်ဝှေ့ကစားသမားဟောင်းယန်းဂီဘုံးနဲ့ဆူယောင်းဆိုတဲ့ဘော်ဒီဂတ်ကပါ သူတို့နဲ့အတူတူအလုပ်လုပ်ဖို့ဖြစ်လာပါတယ်။စိတ်ဒဏ်ရာကိုယ်စီရှိတဲ့ယောက်ျားလေးယောက် တစ်ဆိုင်တည်းမှာအလုပ်လုပ်ရင်းနဲ့သူတို့ရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးပြောင်းလဲလာမလဲ၊ အချင်းချင်းရဲ့စိတ်ဒဏ်ရာကို ဘယ်လိုကုစားပေးကြမလဲ။ရန်တကျက်ကျက်ဖြစ်ရင်း ရင်းနှီးသွားကြတဲ့ သူတို့တွေကြားကrelationship လေးကို အခွီတွေ၊ အငိုတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။File Size :(1.9GB) and (897MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:48:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie

Antique(2008)