Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cho Yong-jae
6.4
The Housemaid (2010)
2010ခုနှစ်မှာထွက်ရှိခဲ့ပြီး ကိုရီယားထိပ်တန်းသရုပ်ဆောင်တွေပါဝင်ထားကြတဲ့The Housemaid ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ အင်ဆန်းဆူ ရဲ့လက်ရာဖြစ်ပြီး 1960 ပြည့်နှစ်လောက်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ကိုပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ငွေကြေးဥစ္စာပြည့်စုံတဲ့ ဓနရှင်တွေဟာ အောက်ခြေလူတန်းစားများကိုအနိုင်ကျင့်ဖိနှိပ်တတ်ကြပုံကို ပေါ်လွင်အောင်ရိုက်ကူးပြထားတဲ့ဒီကားလေးမှာ ကလေးထိန်းအဖြစ်သွားရောက်လုပ်ကိုင်တဲ့အမျိုးသမီးလေးဟာ အိမ်ပိုင်ရှင်သူဌေးရဲ့ အသုံးတော်ခံအဖြစ်ဖြည့်ဆည်းရပြီးနောက်ဆက်တွဲပြဿနာတွေရှိလာတဲ့အချိန်မှာလည်းအဖက်ဖက်ကညှင်းပန်းခံရတဲ့အတွက် သူ့နည်းသူ့ဟန်နဲ့ လက်စားချေပုံကိုဇာတ်လမ်းဖွဲ့ထားခြင်းဖြစ်ပါတယ်။ ထူးခြားတဲ့ တင်ဆက်ပုံနဲ့ သရုပ်ဆောင်တွေရဲ့စွမ်းရည်ကိုပေါင်းစပ်ထားတဲ့အတွက်ရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံရပြီး sequel movie တွေရိုက်ရလောက်သည်အထိ ဖြစ်ခဲ့ပါတယ်။အဲဒီအထဲက တစ်ကားဖြစ်တဲ့ The Taste of money ဆိုတဲ့ကားကိုလည်း CM မှာတင်ပေးဖူးပါတယ်။IMDb rating 6.4 ရရှိထားပြီး ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုတွေကိုလည်းရရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာအိမ်ထောင်ရေးဖောက်ပြန်မှုဇာတ်လမ်းဖြစ်သည့်အတွက်မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းလေးအနည်းငယ်ပါဝင်ပါတယ်လို့ ကြိုပြီးသတိပေးလိုက်ပါတယ်။ File size… 1.4 GB / 652MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie
The Housemaid (2010)