Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cho Seung-woo
6.1
Fengshui (2018)
ဖုန်းရွှေပညာရပ်အရ မင်္ဂလာမြေဟာ လူသားတွေရဲ့ကံဇာတာကို တိုးတက်စေဖို့ များစွာကူညီပေးတယ်ဆိုတာကိုတော့ တော်တော်များများကြားဖူးကြမှာပါ။ဒီကားလေးထဲမှာတော့ အထက်တန်းစားမျိုးနွယ်ဖြစ်တဲ့ ကင်မျိုးနွယ်စုဟာ မိမိတို့ အလိုပြည့်ဖို့ ဖုန်းရွှေပညာနဲ့ မြေရဲ့စွမ်းအားတွေကို မသမာတဲ့နည်းလမ်းနဲ့အသုံးပြုကြသူတွေဖြစ်ပြီး သူတို့လမ်းမှာ ဝင်နှောင့်ယှက်သူတွေကိုလည်း ရှင်းပစ်ဖို့ဝန်မလေးတဲ့သူတွေပါ။တိုင်းပြည်အပေါ်သစ္စာစောင့်သိတဲ့ သာမာန်ဖုန်းရွေပညာရှင်လေး ပတ်ဂျေဆန်း ကတော့ အမတ်ကြီးရဲ့မျက်မုန်းကျိုးခံရပြီး မိသားစုကို ဆုံးရှုံးခဲ့ရပြီးနောက် ကင်မိသားစုရဲ့ မသမာမှုတွေကို တားဆီးဖို့ကြိုးစားရင်း ဖုန်းရွှေပညာကို လူသားတွေအကျိုးအတွက်သာအသုံးပြုချင်သူပဲဖြစ်ပါတယ်။မြေစွမ်းအားကို အသုံးပြုပြီး တော်ဝင်မိသားစုကို ကြိုက်သလို ခြယ်လှယ်နေတဲ့ ကင်အမတ်ကြီး အုပ်စိုးမှုအောက်မှာ ရူးချင်ယောင်ဆောင်ခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် သူ့ရဲ့အပေါင်းအပါတွေနဲ့အတူ တူတော်မင်းကြီးကို ကူညီရင်း ဖုန်းရွှေပညာရှင်လေးနဲ့ ပူးပေါင်းမိကြပါတယ်။သူကိုယ်တိုင် အနှိမ်ခံတော်ဝင်ခွေးအဖြစ်နဲ့ ကြီးပြင်းခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် မျိုးဆက်နှစ်ဆက် မင်းဖြစ်စေနိုင်တယ်ဆိုတဲ့ မြေစွမ်းအားကို တပ်မက်မိတဲ့အခါမှာတော့....ဂျိုဆွန်းပြည်ကြီး ဘယ်လို အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရမှာလဲ... ?ဆိုတဲ့ အဖြစ်အပျက်လေးတွေကို ဒီကားလေးထဲမှာ ပရိသတ်ကြီး စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်.....ဒီလို မင်းမျိုးနွယ်တွေရဲ့ အရှုပ်အထွေးတွေကြား နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ Moon ...
movie
Fengshui (2018)
2018
6.4
The Peach Tree (2011)
The Peach Tree (복숭아나무) (2011) =========================== IMDb Rating - 6.4/10Kdrama ပရိတ်သတ်တွေ အကြိုက် မင်းသား မင်းသမီးကြီးတွေ ပါဝင်ထားတဲ့အပြင် ဇာတ်အိမ်ခိုင်ခိုင်နဲ့ old but gold လေးကို Cm ကနေ တင်ဆက်ပေးလိုက်ပါတယ်။ ပရိတ်သတ်ကြီးတို့ ရင်းနှီးပြီးသား မင်းသမီး-ဒါရိုက်တာ Koo Hye Sun ရိုက်ကူးထားတာ ဖြစ်ပြီး Sisyphus: The Myth တို့လို နာမည်ကြီး Drama တွေထဲက မင်းသားကြီး Cho Seung Woo ၊ Ryu Deok Hwan နဲ့ မင်းသမီး Nam Sang Mi တို့ အဓိက ပါဝင်ထားပါတယ်။ Cameo အနေနဲ့ အခုခေတ်မှာ လူကြိုက်များနေတဲ့ Why her မင်းသမီး Seo hyun Jin အပြင် တခြား သရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း -------------------- ဆန်းဟျွန်း(Cho Seung Woo) နဲ့ ...
movie
The Peach Tree (2011)
2011
7.0
Inside Men (2015)
Inside Men (2015) အညွှန်း *************************** ဒီကားဟာ ဆုပေါင်း ၂၁ ဆုရရှိခဲ့ပြီး Box Office ဝင်ခဲ့သလို မင်းသားကြီး Lee Byung-hun လည်း Best Actor ဆုရရှိခဲ့တယ်... ဇာတ်ကားထဲမှာ ဒိတ်ဒိတ်ကျဲ အရောင်စုံမြေခွေးကြီးတွေနဲ့ဖွဲ့စည်းထားတာပြီး ဒီဇာတ်ရုပ်တွေပီပြင်ဖို့ နာမည်ကြီး Casts တွေချည်းသုံးထားတယ်... ခရိုနီတွေနဲ့ နိုင်ငံရေးလောကထဲဝင်တဲ့ အမတ်တွေရဲ့ဆက်ဆံရေး... အမှုစစ်တွေ မီဒီယာတွေရဲ့ အရေးပါတဲ့အစိတ်အပိုင်းတွေ.. နောက်ကွယ်က အမှိုက်တွေအရှုတ်တွေလိုက်ရှင်းပေးနေတဲ့ လူမိုက်တွေနဲ့ ဒီဇာတ်လမ်းဟာ အတော်မိုက်တယ်.. Runtime (၃)နာရီအတွင်း ဇာတ်ကောင်တွေများသလို အကြောင်းအရာတွေကလည်း တစ်ခုမှ လက်လွှတ်လို့မရလို့ အတော်လေးတော့ လိုက်မှတ်ရပါတယ်... ပထမတင်စဉ်ဆက်စဉ်တုန်းက မူရင်းစာဖိုင်လိုအပ်ချက်လေးတွေရှိလို့ ယခု update ပေးထားပါတယ်.. နိုင်ငံရေးလောကဟာ ဘာမှမတော်တဆ မရှိဘူးဆိုတာ အရွယ်ရောက်သူတိုင်းသိပြီးဖြစ်လို့ ဒီဇာတ်လမ်းဟာ ကြည့်ရပိုလန်းနေမှာပါ.,,, File Size : (3.40GB) (1.18GB) and (222MB)Quality : Blu-Ray 1080p5.1CH, 720pFormat…mp4Duration…03:00:00Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated ...
movie
Inside Men (2015)
7.9
The Classic (2003)
IMDb Rating (7.9/10) Rotten Tomatoes (93%)ဒီဇာတ်ကားရဲ့ ဒါရိုက်တာက Kwak Jae-yong ဖြစ်ပြီး သူရိုက်သမျှ ကားတိုင်းက ရင်ထဲထိရှရတာချည်းပါပဲ...My Sassy Girl,Windstruck,Daisy နဲ့ ခု The Classic တို့လို ကိုရီးယားနာမည်ကျော်အချစ်ဇာတ်ကားတွေရိုက်ခဲ့သူပါ...ကိုရီးယားဇာတ်ကားတွေကို ချစ်တတ်လာဖို့ ခုဇာတ်ကားတွေက ကနဦးထိုးဖောက်နေရာယူခဲ့ပါတယ်။ဇာတ်ကားနာမည်က Classic ဆိုတဲ့အတိုင်း ဂန္တဝင်အချစ်ဇာတ်လမ်းတစ်ပုဒ်လို တစ်ခါကြည့်ဖူးတာနဲ့ စွဲမိနေမှာပါပဲ။မင်းသား Cho Seung-woo, Jo In-Sung တို့နဲ့ မင်းသမီး ဆွန်ရီဂျင်တို့လို တကယ့်ဒိတ်ဒိတ်ကြဲတွေနဲ့မို့ ပိုထိရတယ်ဆိုရင်လဲ မမှားပါဘူး။ဇာတ်လမ်းလေးကတော့...ကောင်မလေးတယောက်က သူ့အမေရဲ့ ငယ်ချစ်ဦး ဇာတ်လမ်းကိုပေးစာဟောင်းနဲ့ ဒိုင်ယာရီတွေကနေ ဖတ်မိတဲ့ ပုံမျိုးနဲ့ ဇာတ်လမ်းကို စတင်ပါတယ်။သမီးနဲ့ အမေ ဇာတ်ရုပ် နှစ်ခုလုံးကို မင်းသမီးဆွန်ရီဂျင်တစ်ယောက်ထဲက သရုပ်ဆောင်ထားပြီးအမေရဲ့ ငယ်ချစ်ဦးပုံပြင်နဲ့ သမီးရဲ့ လက်ရှိ မပြီးဆုံးသေးတဲ့ အချစ်ဇာတ်လမ်းကို နှစ်ခုယှဉ်တွဲလို့ သရုပ်ဖော် ထားတာပါ။ကံကြမ္မာရဲ့ ဆန်းကျယ်ပုံ ...
movie
The Classic (2003)
7.2
Tazza: The High Rollers (2006)
Tazza; The High Rollers(2006) ======================== IMdb Rating (7.2)Tazzaဇာတ်ကားတွဲတွေရဲ့ ပထမဆုံးကားနဲ့ အကောင်းဆုံးကားပါ။ဖဲသမားတစ်ကောင်က ဘယ်လိုစိတ်မျိုးမွေးသင့်တယ်၊ဖဲလောကက ဘယ်လိုရှိတယ် အူမချေးခါးမကျန် ပြထားတယ်။Sequelနှစ်ကားထက် ဇာတ်အိမ်အများကြီးပိုကျစ်လစ်တယ်။ကံကောင်းရင်တော့ကြည့်ပြီး လုံး၀လောင်းကစား မလုပ်ချင်တာမျိုးဖြစ်သွားနိုင်တယ်။ကံဆိုးရင်တော့ အခုပဲဖဲဝိုင်းသွားထိုင်ချင်စိတ် ပေါက်ကောင်းပေါက်သွားနိုင်တယ်။အတော်ဆုံးဖဲဝိဇ္ဇာဖြစ်တဲ့ဆရာက တပြည့်ကို ဖဲလိမ်ရိုက်ဖိုသင်ပေးနေတာတွေကငယ်ငယ်က မင်းသိင်္ခစာအုပ်တွေထဲက ဆရာတွေက သူ့တပြည့်ကိုသင်ပေးတဲ့ဖီလင်မျိုးရတယ်။Narratorထည့်ပြီး ရှေ့တစ်၀က် နောက်တစ်၀က်ပြထားတဲ့ Storytellingကလည်း အတော်မိတယ်။ဖဲပဲ သေချာရှယ်ရိုက်ပြနေတဲ့ ဖဲကားအစစ်ကိုကြည့်ချင်တဲ့လူတွေအတွက်တော့ဒီရုပ်ရှင်ဟာ တကယ့်ကို အနာနဲ့ဆေးတည့်တယ်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကိုတော့ WiRa Aung မှ တင်ဆက်ထားတာပါ။) File size…(2.6 GB) and (1.6 GB) Quality….BluRay 1080p and 720p 5.1CH Format…mp4 Duration….02:19:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung
movie
Tazza: The High Rollers (2006)
7.3
Assassination (2015)
[Unicode] IMDb Rating (7.3/10) နဲ့ Rotten Tomatoes (86%) ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ တောင်ကိုရီးယားမှာ ဇူလိုင် ၂၂ ရက်နေ့က ရုံတင်ခဲ့ပြီး သြဂုတ် ၁၅ ရက်ထိ လက်မှတ်စောင် ရေ ၁၀ သန်းကျော်ရောင်းချနိုင်ခဲ့တဲ့ အောင်ပွဲခံဇာတ်ကားဆိုလည်း မမှားပါဘူး။ ဂျပန်ခေတ်နောက်ခံဇာတ်လမ်းဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်များဆီက ဂျပန်လက်အောက်ခံဖြစ်နေတဲ့ ကိုရီးယားနိုင်ငံရဲ့ အခြေအနေကို မြင်တွေ့ရမှာဖြစ်ပြီး ကိုရီးယားတော်လှန်ရေးသမားတွေဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မန်ချူးရီးယားမှာ အခြေစိုက်ပြီး ပုန်းခိုနေခဲ့ရပါတယ်။ ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်ကို ကျရောက်ခဲ့စဉ် အပြစ်မဲ့တဲ့ ပြည်သူများစွာဟာ ရက်စက်စွာ အစုလိုက် အပြုံလိုက်အသတ်ခံခဲ့ရပါတယ်။ လွတ်လပ်ရေး လှုပ်ရှားသူတွေက ဒီသတ်ဖြတ်မှုမှာ ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်မှူးနဲ့ ဂျပန် အလိုတော်ရိ တစ်ယောက်ကို လုပ်ကြံဖို့ စီစဉ်ကြတယ်။ စနိုက်ပါသမား အန်းအို့ယွန်း စက်သေနတ်သမား ချူဆန်းအို့ ဖောက်ခွဲရေးသမား ဟွမ်ဒေါဆန်းတို့ ၃ ယောက်ပါဝင်တဲ့ လုပ်ကြံသူအဖွဲ့ ဖွဲ့ခဲ့ပြီးနောက်... သစ္စာဖောက်တစ်ယောက်ကြောင့် သူတို့ရဲ့ အစီအစဉ် ကျရှုံးသွားတဲ့အခါ... ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ...
movie
Assassination (2015)
2015
6.3
The Sword with No Name (2009)
[Unicode]ဒီတစ်ခေါက်မှာတော့ CM fan တွေအတွက် နန်းတွင်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါရစေမြောင်ဆောင်း မိဖုရားကြီး အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်Grand Prix Action Asia/ Best Action Asia Film စတဲ့ ဆုကြီးတွေကိုလည်းရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါမင်းသမီးကြီး Soo-Ae နဲ့ Stranger ဇာတ်ကားက မင်းသား Cho Seung-Woo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းဂျာယောင်းဆိုတဲ့ အမျိုးသမီးဟာ ဂျိုဆွန်းရဲ့ မိဖုရားခေါင်ကြီး အဖြစ်ရွေးကောက်ခံရပါတယ်သူမ မိဖုရားဖြစ်လာမှာ မလိုလားသူတွေဟာ လုပ်ကြံသူ မူမြောင်းကို ငှားရမ်းပြီး သူမကို လုပ်ကြံခဲ့တယ်ဒါပေမယ့် မူမြောင်းဟာ အရင်တည်းက ဂျာယောင်းနဲ့ သိကျွမ်းခဲ့ပြီး ဂျာယောင်းကို တဖတ်သတ်ချစ်နေတဲ့သူဖြစ်လို့ လုပ်ကြံရမယ့်အစား ကယ်တင်ပေးခဲ့ပါတယ်ဂျာယောင်းမိဖုရားကြီး ဖြစ်သွားတဲ့ အခါမှာလည်း နန်းစောင့်တပ်သားဝင်လုပ်ပြီး ဆက်တိုက်ကာကွယ်ပေးခဲ့တဲ့နောက်...ထီးနန်းရဲ့ ရှုပ်ထွေးမှုတွေ နိုင်ငံရေး ပဋိပက္ခတွေကြားမှာသူချစ်တဲ့ မိဖုရားကြီးကို ဆက်လက်ကာကွယ်နိုင်မလားဆိုတာ ဒီဇာတ်ကားလေးမှာ ဆ်လက်ကြည့်ရှုကြပါနော်...။*** ...
movie
The Sword with No Name (2009)
7.7
Marathon (2005)
[Unicode]မွေးရာပါ ဉာဏ်ရည်ချို့ယွင်းအားနည်းသူ ဖြစ်ပေမယ့် အဲ့လိူများစွာထဲကမှ နာမည်ကျော် အောင်မြင်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်း...ဇာတ်လမ်းလေးကတော့ ယွန်းချိုဝမ်ဆိုတဲ့ ကောင်လေးဟာ အမေမွေးကတည်းက ဉာဏ်ရည်မမှီတဲကံကြမ္မာဆိုးနဲ့ မွေးဖွားလာခဲ့ရပါတယ်အမေဖြစ်သူက သစ်ပင်ကို သစ်ပင်ပါ ၊ ရေကို ဒါက ရေပါဆိုတာကအစ တစ်ခုချင်းပြောသင်ကြားပေးပေမယ့် ချိုဝမ့်ဘက်က ဘာတုံ့ပြန်မှုမှမရှိ မှတ်နိုင်စွမ်းမရှိခဲ့ပါဘူးအဲ့လိုကောင်လေးကို အမေဖြစ်သူက ငယ်ငယ်လေးကနေစ လူပျိုပေါက်ရောက်တဲ့အထိ မျက်စိအောက်က အပျောက်မခံဘဲ ဒုတိယသား အငယ်ကောင်နဲ့ ခင်ပွန်းကိုပါ ဂရုမစိုက်နိုင်သည်အထိ ပြုစုပျိုးထောင်ခဲ့ပါတယ်...တနေ့ ချိုဝမ်ဟာ ၁၀ကီလိုမီတာ အပြေးပြိုင်ပွဲကို ဝင်ပြိုင်တော့ တတိယဆုရခဲ့ပြီး ပျော်ရွှင်နေခဲ့လေရဲ့...ချို့တဲ့နေတဲ့ သားဖြစ်သူက ဆုရခဲ့တဲ့အပြင် ပြေးနေရတိုင်း ပျော်ရွှင်နေတတ်တဲ့ သားရဲ့အမူအယာကို အမေဖြစ်သူက သတိထားမိတဲ့အခါ ချို့ဝမ့်ကို မာရသွန်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ နည်းပြဆရာကိုပါ ငှါးပြီး စနစ်တကျလေ့ကျင့်စေခဲ့ပါတယ်မှတ်ဉာဏ်ချို့ယွင်းအားနည်းတဲ့ ကလေးတစ်ယောက်အတွက် မာရသွန်ကမသင့်တော်ဘူး မဖြစ်သင့်ဘူးစတဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြား နည်းပြဆရာကောင်း တစ်ယောက်ကို ရှာတွေ့ခဲ့ပြီး ချိုဝမ်ဟာ ...
movie
Marathon (2005)