Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chloe Coleman
My Spy the Eternal City (2024)
IMDb 5.7/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Action ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ My Spy ကားရဲ့ sequel ဖြစ်ပြီး ပထမကားထဲမှာလိုပဲ Dave Bautista၊ Ken Jeong နဲ့ Chloe Coleman တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဂျေဂျေက စီအိုင်အေအေးဂျင့်တစ်ယောက်ဖြစ်ပြီး မယားပါသမီးဖြစ်သူ ဆိုဖီ့အတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပါ။ ၁၄ နှစ်အရွယ် သမီးနားမှာ အနီးကပ်စောင့်ရှောက်ပေးနိုင်ဖို့ အသက်အန္တရာယ်များတဲ့ ကွင်းဆင်းအလုပ်တွေကို ရှောင်ပြီး သတင်းပေးအဖြစ်နဲ့ပဲ ရုံးထိုင်အလုပ်လုပ်ကာ သမီးဖြစ်သူကို ထိန်းကျောင်းဖို့ တာဝန်ယူထားတာပါ။ဒီလိုနဲ့ သမီးဖြစ်သူက ကျောင်းက ဓမ္မတေးအဖွဲ့နဲ့အတူ အီတလီကို ခရီးထွက်ဖို့ အကြောင်းဖန်လာရာမှာတော့ စိတ်မချနိုင်စွာနဲ့ အထိန်းတော်အဖြစ် ကျောင်းအဖွဲ့နဲ့အတူ လိုက်ပါသွားခဲ့ပါတော့တယ်။ ဂျေဂျေရဲ့ အကြံကတော့ ဒီခရီးစဉ်မှာ ဆိုဖီနဲ့ ရင်းနှီးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ တကယ်တမ်း ခရီးထွက်ရတဲ့အခါမှာမှ ...
movie
My Spy the Eternal City (2024)
6.5
Pain Hustlers (2023)
Pain Hustlers (2023)"ဆရာဝန်ဆိုတာလည်း လူတိုင်းလိုပဲ လောဘကြီးပြီး တဏှာရူးတာပါပဲ" တဲ့။ ဒီသဘောတရားကိုလက်ကိုင်ထားပြီး မီလီယံဖြစ်သွားခဲ့တဲ့ ဆေးကုမ္ပဏီတွေအကြောင်း ပြသထားတာပါ။ ဆေးကုမ္ပဏီတွေရဲ့အမြတ်ဟာ ဆေးတွေရောင်းရရင် အရမ်းကိုကြီးပါတယ်၊ ဝန်ထမ်းတွေအတွက်ကော်မရှင်ကလည်း အရမ်းကိုများပါတယ်။ ဒီတော့ ဆရာဝန်တွေ သူတို့ဆေးတွေကို ညွှန်းပေးဖို့ စည်းရုံးရပါတယ်။ အပြိုင်တွေများလွန်းတဲ့အခါ ရိုးရိုးစည်းရုံးရမဲ့အစား မက်လုံးပေးတာတွေ လာဘ်ထိုးတာတွေ မြူဆွယ်တာတွေ ပါလာပါတော့တယ်။တကယ်တော့ ဆရာဝန်တွေကို ဆေးညွှန်းပေးဖို့ လာဘ်ထိုးခွင့်မရှိပါဘူး။ လာဘ်ထိုးရင် အရေးယူခံရပါတယ်။ ဒါဆို လာဘ်မထိုးဘဲ ဆေးဝါးမိတ်ဆက်ပွဲတွေမှာ ရှင်းလင်းပြောကြားပေးဖို့ ဖိတ်ပြီး ဉာဏ်ပူဇော်ခပေးလိုက်ရင်ရော။ ဒီလိုပွဲတွေကို ရိုးရိုးမလုပ်ဘဲ ကမ်းခြေတွေ ဟိုတယ်တွေမှာ အစားကောင်းအသောက်ကောင်းတွေ၊ ဆော် ဘဲ အလန်းလေးတွေနဲ့ လုပ်ပေးလိုက်ရင်တော့ လာဘ်ထိုးတာမဟုတ်တော့ဘူးပေါ့။ ဒီနည်းနဲ့ မီလီယံနာဖြစ်လာတဲ့ ဆေးကုမ္ပဏီတစ်ခုရဲ့လက်ချက်ကြောင့် သူတို့ထုတ်တဲ့ ဘိန်းပါတဲ့ဆေးတွေစွဲပြီး ဆေးလွန်ပြီး လူသေမှုတွေအထိ ဖြစ်လာတဲ့အကြောင်းကို ပြသထားတာပါ။ဒါဟာ အမေရိကန်ရဲ့ ဖြစ်ရပ်မှန် ဆေးဝါးလောက ...
movie
Pain Hustlers (2023)
2023
7.5
Dungeons & Dragons: Honor Among Thieves (2023)
Dungeons & Dragons: Honor Among Thieves (2023)~ IMDb - 7.5/10, RT - 90%, Meta - 72% ~မြေအောက်ခန်းနဲ့ နဂါးများ D&D ဆိုတာ Table Top ဂိမ်းလောကရဲ့ နာမည်ကြီး Role Play ဂိမ်းတစ်ခုပါပဲ။ ကိုယ်တိုင်ကိုယ်ကျ ဝင်ဆော့ရတဲ့ ဇာတ်လမ်းသွားအရုပ်ဂိမ်းတွေကစလို့ ကွန်ပြူတာ၊ ဖုန်း ပလက်ဖောင်းအစုံမှာ ရှိပြီး လူသန်းပေါင်းများစွာ ဆော့ကစားနေကြပါတယ်။ များပြားလှတဲ့ မျိုးနွယ်စုတွေ၊ မှော်သတ္တဝါတွေ၊ လက်နက်တွေ၊ အစွမ်းတွေ အရမ်းကိုစုံတဲ့ဂိမ်းပါပဲ။ ရုပ်ရှင်အနေနဲ့လည်း အရင်က သုံးကားလောက် ထွက်ဖူးပါတယ်။ စာအုပ်တွေလည်းထွက်ထားပါတယ်။ ရုပ်ရှင်ကားဟောင်းသုံးကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ဒီတစ်ခေါက်ကတော့ Wonder Woman ထဲက မင်းသား ခရစ္စပိုင်းက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပြီး ဘက်ဂျက်များများ ဇာတ်လမ်းကောင်းကောင်းနဲ့ ရုံတင်ပြသထားတာပဲဖြစ်ပါတယ်။ ...
movie
Dungeons & Dragons: Honor Among Thieves (2023)
2023
4K HEVC
65 (2023)
မင်းသား အဒမ်ဒရိုင်ဘာရဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင် ရုပ်ရှင်ကားအသစ်လာပါပြီ။ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာကတော့ Scott Beck ဖြစ်ပြီး A Quiet Place ရဲ့ဇာတ်ညွှန်းဆရာပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်မှာလည်း အသံမထွက်ရတဲ့အခန်းတွေ များတာလားတော့မသိပါဘူး။ဇာတ်လမ်းအကျဉ်းမေးစ်ဟာ လခစားဝန်ထမ်းတစ်ဦးပါ။ သူ့ရဲ့ အလုပ်ကတော့ အခြားဂြိုလ်တွေကို စူးစမ်းလေ့လာရတာတွေ ရိက္ခာပို့ရတာတွေလုပ်တဲ့ အာကာသယာဉ်မှူးပါပဲ။ ပုံမှန်အားဖြင့် နှစ်ပတ် တစ်လ ခရီးတွေကို ထွက်ရတာဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ နှစ်နှစ်တောင်ကြာမယ်ခရီးစဉ်တစ်ခုကြုံလာရပါတယ်။ နှစ်နှစ်ခရီးစဉ်ကိုသွားရတဲ့အကြောင်းကလည်း သူ့ရဲ့သမီးမှာ ရောဂါရှိနေပြီ ဆေးကုသဖို့ ငွေလိုလို့ လစာ ၃ ဆလောက်ရမယ့် ဒီခရီးကို လက်ခံလိုက်တာပါ။ ဒါပေမဲ့ လမ်းမှာ ဂြိုလ်သိမ်မွှားအပဲ့တွေနဲ့ တိုက်မိပြီး အမည်မသိတဲ့ဂြိုလ်ပေါ်ကို ပျက်ကျသွားခဲ့ပါတယ်။ ယာဉ်တစ်စီးလုံးမှာ သူတစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့ပြီး အိမ်ကိုပြန်နိုင်ဖို့ အန္တရာယ်တွေကို ကျော်ဖြတ်ရင်းနဲ့ အဲဒီဂြိုလ်ပေါ်မှာ သူတစ်ယောက်တည်းကျန်တာမဟုတ်ကြောင်း သိလိုက်ရတဲ့အခါ...... File size…(1.5 GB)/(855 GB)/(400 ...
movie
65 (2023)
8.1
Avatar: The Way of Water (2022)
Avatar: The Way of Water (2022) ======================== IMDb Rating - 8.1/10(function(f,b,n,j,x,e){})();2009 ခုနှစ်က ဆုပေါင်းများစွာနဲ့ ဝင်ငွေစံချိန်တင်ခဲ့တဲ့ Avatar ရုပ်ရှင်ရဲ့အဆက် Avatar 2 : The Way of Water ကြည်တောက် ရှင်း Version ရပြီမို့ တင်ဆက်ပေးထားပါပြီ။ဇာတ်လမ်းအကျဉ်း ............................ ဇာတ်လမ်းကတော့ ဂျိတ်ဆော်လီနဲ့ နတီးရီတို့ လက်ထပ်ပြီး ပန်ဒိုရာ တောထဲမှာ အတူနေကြတာကနေ ပြန်ဆက်ထားပါတယ်။ ကောင်းကင် လူမျိုးလို့ခေါ်တဲ့ ကမ္ဘာသားတွေကို ကမ္ဘာပေါ်ကို ပြန်ပို့ပြီး နာဗီတွေ သာယာအေးချမ်းနေကြပါပြီ။ ဂျိတ်ဆော်လီနဲ့နတီးရီတို့လည်း သားသမီး လေးယောက်နဲ့ မိသားစုကြီးဖြစ်နေပါပြီ။ ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာ တမဟုတ်ချင်းပျောက်ကွယ်တတ်တဲ့အရာမို့ ကမ္ဘာသားတွေ နောက်တစ်ခါ အင်အားအပြည့်နဲ့ ကျူးကျော်လာတဲ့အခါမှာတော့ နာဗီမျိုးနွယ်တွေ ပုန်း ရှောင်နေကြရပြီး ပြောက်ကြားစစ်နဲ့ ပြန်တိုက်ခိုက်ကြရပါတော့တယ်။အဲဒီတိုက်ပွဲတွေကိုလည်း ဂျိတ်ကပဲ ဦးဆောင်ပြီး သူ့ရဲ့ သားနှစ်ယောက်လည်း ပါဝင်တိုက်ခိုက်နေရပါတယ်။ ဒါပေမဲ့ ကမ္ဘာဘက်ကလည်း အက်ဗာတာ အထူးတပ်တွေထုတ်သုံးပြီး ဂျိတ်တို့ကို သတ်ဖို့လိုက်လာတဲ့အခါမှာတော့ ဂျိတ်တို့မိသားစု ရှင်သန်ဖို့ အသက်လုတိုက်ပွဲတွေ ဆင်နွှဲလာရပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ...
movie
Avatar: The Way of Water (2022)
2022
4K HEVC
6.3
Marry Me (2022)
Marry Me (2022)မင်းသား အိုဝင်ဝယ်ဆန် နဲ့ ဂျနီဖာလိုပက်ဇ်တို့ရဲ့ အချစ်ဟာသ ရုပ်ရှင်အသစ်လေး ရပါပြီ။ ပေါ့ပေါ့ပါးပါးနဲ့ အတော်ပျော်စရာကောင်းပြီး ကြည့်ကောင်းပါတယ်။ သီချင်းတွေလည်းကောင်းတယ်။ဇာတ်လမ်းအကျဉ်းကတော့.....ကတ်ဗဲဒက်ဆိုတဲ့ နာမည်ကျော် ပေါ့ပ် အဆိုတော်ဟာ သူ့ရဲ့ စတိတ်ရှိုးမှာ သူ့ချစ်သူ အဆိုတော် ဘက်စတီရန် နဲ့ လက်ထပ်ဖို့အတွက် "ငါ့ကိုလက်ထပ်ပါ" ဆိုတဲ့ သီချင်းကို ရေးပြီးဆိုဖို့ စီစဉ်ထားခဲ့ပါတယ်။ဒါပေမဲ့ပွဲမစခင်မှာပဲ ဘက်စတီရန် ဖောက်ပြန်ခဲ့တာကို သိလိုက်ရပြီးစိတ်ပျက်သွားခဲ့ပါတယ်။ စင်ပေါ်မှာ အရွဲ့တိုက်ပြီး အဲဒီရှိုးကို ဘုမသိဘမသိနဲ့ ပါလာတဲ့ သင်္ချာဆရာ လူလွတ်ကလေးအဖေ ချာလီကို လက်ညှိးထိုးပြီး လက်ထပ်ချလိုက်တဲ့အခါ တစ်ကမ္ဘာလုံး အံ့ဩသွားတာပေါ့။အဲဒီနောက်မှာတော့ ပေါ့ပ်စတား အဆိုတော်ကြီးနဲ့ အူကြောင်ကြောင် သင်္ချာဆရာတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာ.....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre.....Comedy, Music, Romance Quality….WEB-DL 1080p and 720p File size…1.6GB and 826MB ...
movie
Marry Me (2022)
2022
5.2
Gunpowder Milkshake (2021)
Gunpowder Milkshake (2021)ဒီကားကတော့ ဂျွန်ဝစ် မိန်းမ ဗားရှင်းပဲ ပြောရမှာပါပဲ။ဂိမ်းအော့သရုန်းရဲ့ မင်းသမီးကြီးနဲ့ မစ်ချဲယိုတို့ပါဝင်ထားပြီး အဓိက မင်းသမီးကတော့ မာဗယ်ရဲ့ နီဗြူလာလေး ဖြစ်တဲ့ ကာရမ်ဂယ်လန် ပါပဲ။ ဒီထဲမှာတော့ ဆမ် လို့ ခေါ်တဲ့ လူသတ်သမားလေးပေါ့။ သူ့အမေက လူဆိုးဂိုဏ်းနဲ့ ပြဿနာဖြစ်ပြီး ခြေရာဖျောက်နေတဲ့ လူသတ်သမားမကြီးပါ။ တစ်နေ့တော့ သူ့အလုပ်ကနေ ကလေးမလေးတစ်ယောက်ထဲ ကျန်နေတာကို သနားလို့ ကယ်လာတယ်။ လူဆိုးခေါင်းဆောင်ရဲ့ သားကိုလည်း သတ်မိတယ်၊ဒီတော့ အုပ်လိုက်ကြီးနောက်ကလိုက်သတ်တယ်၊ သူ့အမေနဲ့ပေါင်းပြီး ပြန်သမတယ်ပေါ့...အက်ရှင်ကြမ်းကြမ်းကောင်းကောင်းလေးပါပဲ..... ကြိုက်ကြမှာပါ...အညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။IMDb - 5.2/10File size....2 GB, 996 MB and 713 MB Quality….WEB-DL 1080p, 720p and 480 p Format…mp4 Duration….1h 54min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August
movie
Gunpowder Milkshake (2021)
2021
6.0
My Spy(2020)
My Spy(2020)(unicode)ဖခင်ဖြစ်သူဟာ လူဆိုးတွေနဲ့ပတ်သက်မိပြီး သေဆုံးခဲ့လို့ ၉နှစ်အရွယ်သမီးလေးဟာ အမေနဲ့ပဲကျန်ခဲ့လေရဲ့... ဒီမိသားစုဟာ လူသတ်တရားခံနဲ့ ပတ်သက်နိုင်လို့ဆိုပြီး စုံထောက်အဖွဲ့ဟာ ဒီကလေးမလေးရဲ့အိမ်ကို ၂၄နာရီစောင့်ကြည့်ပါတယ်... စောင့်ကြည့်အဖွဲ့ခေါင်းဆောင်က စီအိုင်အေက လူကြမ်းအေးဂျင့်ကြီး တစ်ယောက်ဖြစ်ပါတယ်.... စီအိုင်အေရဲ့ အဆင့်မြင့်ထောက်လှမ်းမှုတွေကို ထက်မြက်တဲ့ကောင်မလေးဟာသိသွားခဲ့တယ်...ဒီကလေးမလေးဟာ ဒီအတိုင်းတော့မနေဘူး..စီအိုင်အေထောက်လှမ်းရေးအဖွဲ့ကို တုန့်ပြန်ဖို့အကွက်လေးတွေဆင်ပါတော့တယ်..အေးဂျင့်ကြီးဒီကလေးကြောင့်တိုင်တွေပတ်တဲ့အပြင် လူဆိုးအဖွဲ့ကလည်း တစ်ချိန်ထဲပေါ်လာတဲ့အချိန်မှာတော့... ကလေးမလေးက ဘယ်လိုတွေလုပ်လဲ...မိသားစုနဲ့ လူဆိုးအဖွဲ့ကရော ဘယ်လိုတွေ ဆက်နွယ်မှုရှိနေတာလဲ...တကယ်အမှုကြီး ရုပ်လုံးပေါ်လာချိန်မှာ အေးဂျင့်ကြီးနဲ့ ကလေးမလေးက ဘယ်လိုတွေရင်ဆိုင်ကြမလဲ...ဒီဇာတ်လမ်းက ရယ်လည်းရယ်ရသလို အက်ရှင်ခန်းခပ်မိုက်မိုက်တွေလည်း ပါပါတယ်..မိသားစုနဲ့အတူကြည့်လို့ရသလို ရင်ခုန်စိတ်လှုပ်ရှားဖွယ်လည်းကောင်းပါတယ်... အေးဂျင့်ကြီးအဖြစ်တော့နပမ်းမင်းသားလို့ အားလုံးတော်တော်များများခေါ်ကြတဲ့ ဘက်တစ်စတာက သရုပ်ဆောင်ထားပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာMarTizasဖြစ်ပါတယ်(zawgyi)ဖခင်ဖြစ်သူဟာ လူဆိုးတွေနဲ့ပတ်သက်မိပြီး သေဆုံးခဲ့လို့ ၉နှစ်အရွယ်သမီးလေးဟာ အမေနဲ့ပဲကျန်ခဲ့လေရဲ့... ဒီမိသားစုဟာ လူသတ်တရားခံနဲ့ ပတ်သက်နိုင်လို့ဆိုပြီး စုံထောက်အဖွဲ့ဟာ ဒီကလေးမလေးရဲ့အိမ်ကို ၂၄နာရီစောင့်ကြည့်ပါတယ်... စောင့်ကြည့်အဖွဲ့ခေါင်းဆောင်က စီအိုင်အေက လူကြမ်းအေးဂျင့်ကြီး တစ်ယောက်ဖြစ်ပါတယ်.... စီအိုင်အေရဲ့ အဆင့်မြင့်ထောက်လှမ်းမှုတွေကို ထက်မြက်တဲ့ကောင်မလေးဟာသိသွားခဲ့တယ်...ဒီကလေးမလေးဟာ ဒီအတိုင်းတော့မနေဘူး..စီအိုင်အေထောက်လှမ်းရေးအဖွဲ့ကို တုန့်ပြန်ဖို့အကွက်လေးတွေဆင်ပါတော့တယ်..အေးဂျင့်ကြီးဒီကလေးကြောင့်တိုင်တွေပတ်တဲ့အပြင် လူဆိုးအဖွဲ့ကလည်း တစ်ချိန်ထဲပေါ်လာတဲ့အချိန်မှာတော့... ကလေးမလေးက ဘယ်လိုတွေလုပ်လဲ...မိသားစုနဲ့ လူဆိုးအဖွဲ့ကရော ဘယ်လိုတွေ ဆက်နွယ်မှုရှိနေတာလဲ...တကယ်အမှုကြီး ရုပ်လုံးပေါ်လာချိန်မှာ အေးဂျင့်ကြီးနဲ့ ကလေးမလေးက ဘယ်လိုတွေရင်ဆိုင်ကြမလဲ...ဒီဇာတ်လမ်းက ရယ်လည်းရယ်ရသလို အက်ရှင်ခန်းခပ်မိုက်မိုက်တွေလည်း ပါပါတယ်..မိသားစုနဲ့အတူကြည့်လို့ရသလို ရင်ခုန်စိတ်လှုပ်ရှားဖွယ်လည်းကောင်းပါတယ်... အေးဂျင့်ကြီးအဖြစ်တော့နပမ်းမင်းသားလို့ အားလုံးတော်တော်များများခေါ်ကြတဲ့ ဘက်တစ်စတာက သရုပ်ဆောင်ထားပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာMarTizasဖြစ်ပါတယ်File Size : (900 MB) and (339 MB) Quality : ...
movie
My Spy(2020)
6.1
Timmy Failure: Mistakes Were Made(2020) IMDb - 6.1/10________Rotten - 88% (Unicode)ဒီတစ်ခေါက်တော့ထွက်ထားတာသိပ်မကြာသေးတဲ့ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်..... Timmy Failure ဆိုတာ သူ့ကိုယ်သူမြို့ရဲ့အတော်ဆုံးစုံထောက်လို့ယူဆနေတဲ့ ၁၁နှစ်အရွယ်ကောင်လေးတစ်ယောက်ပါ.... ငယ်ငယ်ရွယ်ရွယ်နဲ့ဖခင်ဖြစ်သူအိမ်ကထွက်သွားလို့ အမေဖြစ်သူကအလုပ်တွေအရမ်းလုပ်ပြီးတော့ သားဖြစ်သူကိုအလိုလိုက်ခံထားရတဲ ကလေးတစ်ယောက်ပေါ့.... သူ့စိတ်ကူးထဲကTotal လို့အမည်ရတဲ့ပေါင်၁၂၀၀လောက်အလေးချိန်ရှိတဲ့ ပိုလာဝက်ဝံကြီးနဲ့ Total Failure ဆိုတဲ့ စုံထောက်အေဂျင်စီတစ်ခုကို တည်ထောင်ထားပါတယ်..... ကျောင်းစာကိုစိတ်မဝင်စားပဲ စုံထောက်လုပ်ဖို့အတွက်ပဲ စိတ်ထဲရှိနေတဲ့ တင်မီတစ်ယောက်အတွက်တော့ ပတ်ဝန်းကျင်မှာနေထိုင်ရတာ အခက်အခဲတွေများလှပါတယ်..... သူစိတ်တိုင်းကျ အမှုတွေလိုက်ရင်းနဲ့ လောကကြီးအကြောင်း လူတွေအကြောင်း ဘယ်လိုသိမြင်လာမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်.... ဒီဇာတ်ကားလေးမှာ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုပဲကျရှုံးကျရှုံး ကိုယ်ချစ်တဲ့အလုပ်ဆိုရင် အတိုက်အခိုက်တွေကြားထဲကနေ ကြိုးစားပြီးလုပ်ကိုင်ဖို့ သင်ခန်းစာပေးထားတာကိုတွေ့ရပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizas ပါ....(Zawgyi)ဒီတစ်ခေါက်တော့ထွက်ထားတာသိပ်မကြာသေးတဲ့ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်..... Timmy Failure ဆိုတာ သူ့ကိုယ်သူမြို့ရဲ့အတော်ဆုံးစုံထောက်လို့ယူဆနေတဲ့ ၁၁နှစ်အရွယ်ကောင်လေးတစ်ယောက်ပါ.... ငယ်ငယ်ရွယ်ရွယ်နဲ့ဖခင်ဖြစ်သူအိမ်ကထွက်သွားလို့ အမေဖြစ်သူကအလုပ်တွေအရမ်းလုပ်ပြီးတော့ သားဖြစ်သူကိုအလိုလိုက်ခံထားရတဲ ကလေးတစ်ယောက်ပေါ့.... သူ့စိတ်ကူးထဲကTotal လို့အမည်ရတဲ့ပေါင်၁၂၀၀လောက်အလေးချိန်ရှိတဲ့ ပိုလာဝက်ဝံကြီးနဲ့ Total Failure ဆိုတဲ့ စုံထောက်အေဂျင်စီတစ်ခုကို တည်ထောင်ထားပါတယ်..... ကျောင်းစာကိုစိတ်မဝင်စားပဲ စုံထောက်လုပ်ဖို့အတွက်ပဲ စိတ်ထဲရှိနေတဲ့ တင်မီတစ်ယောက်အတွက်တော့ ပတ်ဝန်းကျင်မှာနေထိုင်ရတာ အခက်အခဲတွေများလှပါတယ်..... သူစိတ်တိုင်းကျ အမှုတွေလိုက်ရင်းနဲ့ လောကကြီးအကြောင်း လူတွေအကြောင်း ဘယ်လိုသိမြင်လာမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်.... ဒီဇာတ်ကားလေးမှာ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုပဲကျရှုံးကျရှုံး ကိုယ်ချစ်တဲ့အလုပ်ဆိုရင် အတိုက်အခိုက်တွေကြားထဲကနေ ကြိုးစားပြီးလုပ်ကိုင်ဖို့ သင်ခန်းစာပေးထားတာကိုတွေ့ရပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizas ပါ....File Size : (900 ...
movie