Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chikkanna
Mr. Bachelor (2023)
Mr.Bachelor (2023) "၃၁ယောက်မြောက် သတို့သမီး"ရယ်ရင်းပြုံးရင်း စိတ်အမောပြေစေဖို့ ခင်ဗျားတို့အတွက် ကန်နေဒါစကားပြော အိန္ဒိယဟာသအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်တယ်။သူများတွေ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ ကျောင်းဆရာကြီးဖြစ်ဖို့ ငယ်ဘ၀အိပ်မက်ရှိကြချိန်မှာ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ကာသစ်ခ်အတွက်က အိမ်ထောင်ပြုဖို့။ဒီအိပ်မက်ဖြစ်တည်လာရတာလည်း အမေဖြစ်သူကြောင့်။ တစ်ရက်ထမင်းစားရင်း အမေဖြစ်သူကို ကာသစ်ခ်တစ်ယောက်မေးတာက အိမ်ထောင်ပြုတယ်ဆိုတာ ဘာလဲ အမေတဲ့။ အမေဖြစ်သူ ပြန်ဖြေတာက အိမ်ထောင်ပြုတယ်ဆိုတာ ပွဲတော်ကြီးတစ်ခုလိုပဲတဲ့၊ ပွဲတော်တွေဆိုတာ တစ်နှစ်မှတစ်ကြိမ်ပဲပျော်ရပေမဲ့ အိမ်ထောင်ရေးကတော့ နေ့တိုင်းပျော်ရွှင်မှုကိုခံစားနေရတာမျိုးတဲ့။ဒီမှာပဲ မောင်ကာသစ်ခ်တစ်ယောက် သူများတွေ ထွေထု၊ သားရေပင်ပစ်နေတဲ့အရွယ်ကတည်းက မက်လာလိုက်တဲ့အိပ်မက်ကြီးက အိမ်ထောင်ပြုဖို့။ အချိန်တန်အရွယ်ရောက်လို့ အလုပ်ကောင်းကောင်းရပြီး မိန်းမရဖို့အရေး မိဘတွေကို ပူဆာပေမဲ့ သွားတွေ့သမျှ မိန်းကလေးတိုင်းမှာ တစ်ယောက်မှအဆင်မပြေ။အကြောင်းအရင်းကို အဖြေရှာကြည့်ချိန်မှာတော့ အဘိုးဖြစ်သူရဲ့အမှားကြောင့် တိုက်ခံရတဲ့ကျိန်စာကြောင့်ပါတဲ့။ ဒီကျိန်စာကို ပျက်ပျယ်ဖို့ အိမ်ထောင်ပြုချင်သူ လူပျိုကြီးမောင်ကာသစ်ခ် အသည်းအသန်ကြိုးစားပုံကို ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.3GB / 1.14GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Mr. Bachelor (2023)
2023
7.7
Upadhyaksha (2024)
Upadhyaksha (2024) "ဒုဥက္ကဌ" IMDb - 7.8/10Adyaksha (2014)ရဲ့ sequelအနေနဲ့ ဒါရိုက်တာအာနေးလ်ကူးမား ရိုက်ကူးပုံဖော်ထားတဲ့ ကန်နာဒါးစကားပြော အိန္ဒိယ အချစ်ဟာသရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ Adyaksha (2014)မှာတုန်းကတော့ ချီသူဆိုတဲ့အသင်းကြီးရဲ့ ဥက္ကဌရဲ့ အချစ်ရေး နိုင်ငံရေးပေါ့။ အခုရုပ်ရှင်လေးမှာတော့ မြို့လေးမှာကျန်ခဲ့တဲ့ အသင်းကြီးရဲ့ ဒုဥက္ကဌရဲ့အကြောင်း။ ရှေ့ကကားကြည့်မထားလည်း ကြည့်လို့ရပါတယ်ဗျ။အသင်းကြီးရဲ့ ဥက္ကဌဖြစ်သူက မြို့မှာမရှိတော့ဘဲ တနယ်တကျေးမှာ မိသားစုနဲ့အခြေချသွားပေမဲ့ ဒုဥက္ကဌဖြစ်သူ နာရာယာနာကတော့ ဥက္ကဌနေရာကိုမယူဘဲ ဒုဥက္ကဌနေရာကပဲ အသင်းကြီးတာဝန်ကို ထမ်းဆောင်နေပါတယ်။သူ့ပြိုင်ဘက်ကတော့ ဥက္ကဌရဲ့ယောက္ခထီးဖြစ်သူ တစ်မြို့လုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မြို့မျက်နှာဖုံး ရှီဗာရူဒရာဂိုဒါရူ။ သူတို့တွေ မြို့လေးအပေါ်ဩဇာအာဏာသက်ရောက်ဖို့ နည်းအမျိုးမျိုးနဲ့ယှဉ်ပြိုင်ကြတာကို ဟာသနှောလို့ တသောသောရယ်ရအောင် ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုအပန်းဖြေကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.73GB / 1.4GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Upadhyaksha (2024)
2024
9.3
Bengaluru Boys (2023)
Bengaluru Boys 2023ပရိသတ်တွေအတွက် ယခုပဲထွက်ရှိလာတဲ့ rating IMDb 9.1/10 ရရှိထားတဲ့ ကန်နာဒါ ရုပ်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဘဝမှာ နောက်ဆုံးထွက်သက်ကိုရှူရှိုက်နေရတဲ့ ကုတင်အမှတ် ၄၉ ပေါ်က အချိန်မှာ ကိုယ်နဲ့အတူပါလာတာ ဘာတွေလဲ?? စည်းစိမ်ဥစ္စာ အိမ်ရာတိုက်တာတွေလား ငွေကြေးချမ်းသာစည်းစိမ်တွေလား ကိုယ့်ရဲ့ ထွက်သက်ငင်ရတော့မဲ့အချိန်တွေမှာ ကိုယ့်ကိုအဖော်ပြုပေးမှာ ကိုယ့်ဘဝရဲ့ ပျော်ရွှင်စရာအခိုက်အတန့်တွေပါ ကိုယ့်ရဲ့ ဘဝမှာ တူတူဖြတ်သန်းခဲ့ရတဲ့ မိတ်ဆွေကောင်းတွေရဲ့ အဖိုးမဖြတ်နိုင်တဲ့ အချိန်တွေပေါ့ခုလိုလေးနက်တဲ့ ဒသနတွေနဲ့အစပြုထားပေမယ့် အဲ့ဒဿနတွေအစပြုရာဒီကားလေးက ကျောင်းသားဘဝ ပျော်စရာလေးတွေနဲ့ ငယ်ဘဝကနေ ပေါ့ပေါ့ပါးပါးပဲ ပျော်ရွှင်ဖွယ်ရာ အစပြုတင်ဆက်ထားပြီးမှ လေးနက်တဲ့ ဒဿနတွေကို ပြထားတာမို့ လက်မလွှတ်သင့်ကြောင်း ပြောကြားရင်းတင်ဆက်ပေးလိုက်ပါတယ်(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Saii ~ V ~ BpL ~Zwe ~ Moon ~ Yunni တို့ပဲဖြစ်ပါတယ်) File size…1.84GB / 971MB Quality…1080p WEB DL /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Saii ...
movie
Bengaluru Boys (2023)
2023
7.4
Amma I Love You (2018) Siddhu The Warrior
Amma I Love You (2018) Siddhu The Warrior"မိခင်တစ်ယောက်က ကျွန်တော်တို့အတွက် တံမြက်စည်းလှည်းသမား...သန့်ရှင်းရေး...စားဖိုမှုး..စားပွဲထိုး...ဆရာမလည်း ဖြစ်တယ်... ပွဲစီစဉ်သူ ...အလှဆင်တဲ့သူ....ပုံပြင်ပြောတဲ့သူ.. အဆိုတော်..သရုပ်ဆောင် ပြီးတော့ ဘာသာပြန်ပေးသူ ဆိုလည်းဟုတ်တယ် စျေးဆစ်တတ်တဲ့သူ....ငွေကိုင်...စီးပွားရေးအကြံပေး...ထောက်ပံ့ပေးတဲ့သူ... စိတ်ခွန်အားပေးတဲ့သူဆိုလည်း ဟုတ်တယ် ကျွန်တော်တို့ပစ္စည်းတွေ မေ့ကျန်ခဲ့ရင်လည်း သူက သတိပေးတတ်တယ် ကျွန်တော်တို့ဟာ ကျွန်တော်တို့မိခင်တွေကို အရာအားလုံးအတွက် လိုအပ်တယ် ဖခင်တစ်ယောက်ကို အချိန်ခဏပဲ လိုအပ်ပေမယ့် မိခင်ကိုတော့ ကျွန်တော်တို့တစ်ဘ၀လုံး လိုအပ်တယ်" ဒီလိုအဖွင့်စကားလုံးတွေနဲ့ Amma I Love You ဆိုတဲ့ ဒီဇာတ်ကားက အမေချစ်တတ်တဲ့လူသားတွေအတွက် ဟက်ထိစေမယ့် အိန္ဒိယတောင်ပိုင်းဇာတ်ကားလေးပါ....ဆစ်ဒူ ဆိုတာ အိန္ဒိယရဲ့ ထိတ်ထိတ်ကြဲကုမ္ပဏီကြီးတစ်ခုကို အမွေဆက်ခံမယ့် သူဌေးသားလေးပါ... တစ်နေ့မှာတော့ ကုမ္ပဏီကိုဦးစီးပြီးအမွေဆက်ခံဖို့အတွက် သူ့အမေက သူ့ကို အိန္ဒိယကိုပြန်ခေါ်လိုက်ပါတယ်.... အမေကလဲသူ့ကိုဆို အသေးစိတ်ကအစ ဂရုစိုက်တတ်သလို သူကလဲ အမေ့စကားဆို မြေဝယ်မကျနားထောင်တတ်တဲ့ သားလိမ္မာလေးပါ။ သိပ်ချစ်ကြတဲ့သူတို့သားအမိကြားကို တစ်နေ့မှာတော့ ကံကြမ္မာဆိုးက ဝင်ရောက်လာပါတယ်... မတော်တဆမှုတစ်ခုကနေ သူ့အမေထိခိုက်ဒဏ်ရာရပြီး ဆေးရုံမှာ သတိမလည်ဘဲ ကိုမာဝင်တဲ့အဆင့်ထိရောက်သွားပါတယ်... ဘာနဲ့ကုကု သတိပြန်မလည်တော့တာကြောင့် ကူကယ်ရာမဲ့သွားတဲ့ ဆစ်ဒူတစ်ယောက် ဘာလုပ်ရမှန်းမသိတဲ့အချိန်မှာ ကံကောင်းချင်တော့ အကြားအမြင်ဆရာတစ်ယောက်နဲ့ ...
movie
Amma I Love You (2018) Siddhu The Warrior
4K HEVC
7.5
Bairagee (2022)
ကန်နာဒါလောကက ကိုယ်တွေမင်းသားကြီး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ရှီဗာဟာ ကျားပြဇာတ်ကို သရုပ်ဆောင်တဲ့ သူတစ်ယောက်ဖြစ်ပြီး "ကျားကြီး ရှီဗာ" ဆိုတဲ့ အမည်တွင်တဲ့အပြင် ဒေါသကြီးတဲ့သူအဖြစ်လည်း နာမည်ကြီးပါတယ်တစ်နေ့ သူ အဲဒီဒေါသကြောင့်ပဲ ထောင် ၁၅ လ ကျခဲ့ပြီး ပြန်လွတ်လာတော့ ဒေါသကြီးတာမကောင်းဘူးဆိုပြီး ဒေါသကို ချုပ်ထိန်းက ကျိုးနွံတဲ့စိတ်နဲ့ လူသစ်တစ်ယောက်လို နေထိုင်ခဲ့ပါတယ်အဲဒီလိုနဲ့ သူ အလုပ်အတူလုပ်တဲ့ ဗက်တာဗီဆိုတဲ့ ကောင်လေးနဲ့တွေ့ပြီး ညီအစ်ကိုအရင်းတွေကို ခင်လာခဲ့ပါတော့တယ်သူတိုတွေ အတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်ကြပြီး သူတိုချစ်တဲ့ကောင်မလေးတွေကို ပိုးရင်းနဲ့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းခဲ့ကြပေမယ့်မထင်မှတ်ထားတဲ့ ကံကြမ္မာအပြောင်းအလဲတစ်ခု (သိုမဟုတ်) မကောင်းတဲ့လူတစ်စုကြောင့် ရှီဗာရဲ့ ကိုယ်တွင်းမှာ ချုပ်တည်းထားတဲ့ ကျားတစ်ကောင်ဟာ ပေါ်ထွက်လာခဲ့ပါတော့တယ်မေတ္တာတရားတွေနဲ့ ချည်နှောင်ထားတဲ့ ဒီကားလေးဟာ ဝမ်းနည်းစရာများလည်း ရောယှက်လျက် ကြည့်ရှုသူများကို လူ့ဘဝဇာတ်ခုံရဲ့ စုံလင်လှတဲ့ အရောင်အသွေးတွေကို မြင်စေမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်စေမှာ အသေအချာပါပဲရှင် File size…2.96GB / 1.43GB Quality…1080p AVC AAC5.1CH / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Kham Mon & OeliuJ & ...
movie
Bairagee (2022)
2022
9.5
James(2022)
James(2022) အညွှန်း******************IMDb...9.5"လူတွေထင်တာက နိုင်ငံကိုအုပ်ချုပ်တာ နိုင်ငံရေးသမားတွေလို့ထင်နေကြတယ်...တကယ်က စီးပွားရေးသမားတွေအုပ်ချုပ်နေတာဗျ "အိန္ဒိယပြည်မှာ နိုင်ငံရေးသမားတွေနဲ့ ခရိုနီတွေကြီးစိုးနေတဲ့အချိန်...တကယ်လည်းငွေက အရာရာအရေးပါခဲ့တယ်.... ဂိုဏ်းတွေအသီ:သီးနဲ့ နည်းမျိုးစုံနဲ့စီးပွားရှာတယ်...နိုင်ငံရေးပိုင်းကလူတွေနဲ့ အကျွမ်းတဝင်ရှိကြပြီးတော့ စီးပွားရေးကိုလိုသလိုချဲ့ထွင်နေကြတယ်...ဒီစီးပွားသမားကြီးအမည်ခံ လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတွေဟာ လိမ်မာပါးနပ်စွာ သူ့စည်းကိုယ့်စည်းနဲ့နေခဲ့ကြပေမဲ့ တစ်နေ့တော့ ပြဿနာတစ်ခုက စပြီး အဖွဲ့အချင်းတွေ ပြန်သတ်ဖို့ဖြစ်လာကြတယ်...သွေးချောင်းတွေစီးမဲ့အချိန်မှာ လူဆိုးဂိုဏ်းကြီးတစ်ခုကအားလုံးကိုတုန့်ပြန်ဖို့" သေနတ် အလက် ၁၀၀နဲ့ လက်မရွှံ အယောက် ၁၀၀ အစားသေနတ်တစ်လက်နဲ့တူတဲ့လူတစ်ယောက်ကိုငါ့ကိုရှာပေး"James ဆိုတဲ့ လူတစ်ယောက် ပေါ်လာတဲ့အချိန်မှာတော့ဒီကားက ဘက်ဂျက်အများကြီးသုံးထားပြီ:ရိုက်ထားတာတွေ အတော်မိုက်တယ်..အက်ရှင်အမိုက်စားတွေအပြင် .Car Chases ခန်းတွေ ဆိုင်ကယ်တွေ အလန်းစားတွေသုံးထားသလိုSetting Dance တွေ လှပြီး မြိုင်ဆိုင်နေရော...မင်းသမီးလေးကလည်း ချေ့စရာလေးမို့ကြည့်လိုက်ကြပါဦးဗျို့.. File Size :(1.4GB) and (520 MB) Quality : WEB-DL 720P Format…mp4 Duration…02:29:00 Genre : Action , Drama,Comedy Subtitle : Myanmar Subtitle (Hard ...
movie
James(2022)