Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chika Sakamoto
8.0
Nausicaä of the Valley of the Wind (1984)
နောင်လာမယ့် နှစ်ပေါင်းများစွာအကြာမှာ ကမ္ဘာကြီးဟာစစ်ပွဲတွေနဲ့ လေထု/ရေထု ညစ်ညမ်းမှုတွေကြောင့်လူသားမျိုးနွယ်အားလုံးဟာ မျိုးသုဉ်းလုနီးပါးဖြစ်ခဲ့တယ်။ကျန်ရစ်တဲ့လူသားတွေဟာလည်း သယံဇာတအရင်းအမြစ်တွေအတွက်စစ်မက်တွေ ဆက်လက်ဖြစ်ပွားခဲ့တယ်။ အဲ့ဒီအထဲမှာမှ Nausicaa မင်းသမီးလေးအုပ်ချုပ်တဲ့လေညင်းတောင်ကြားမှာရှိတဲ့ တိုင်းပြည်လေးဟာအဆိပ်သင့်တောအုပ်ရဲ့ အနီးဆုံးမှာရှိပေမယ့်အေးချမ်းတဲ့ တိုင်းပြည်တစ်ခုပေါ့။ တစ်နေ့မှာတော့ အင်အားကြီးတိုင်းပြည်နှစ်ခုရဲ့ စစ်ပွဲကြားလေညင်းတောင်ကြားတိုင်းပြည်လေး ကြားညပ်လာတဲ့အခါမင်းသမီး Nausicaa တစ်ယောက် သူ့ရဲ့တိုင်းပြည်ကိုကယ်တင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 4 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 57m Genre ..... Animation/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Tayza
movie
Nausicaä of the Valley of the Wind (1984)
7.8
Kiki’s Delivery Service (1989)
၁၃နှစ်ပြည့်တဲ့စုန်းလေးတွေဟာ အိမ်ကထွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့ စုန်းတို့ရဲ့ရိုးရာအတိုင်း ၁၃နှစ်အရွယ်စုန်းမလေးခီခီဟာ တိမ်ကင်းစင်တဲ့လပြည့်ညတစ်ညမှာ သူ့ရဲ့ကြောင်နက်လေးဂျီဂျီရယ် အဖေ့ရေဒီယိုလေးရယ်နဲ့အတူ တံမြက်စည်းပျံစီးပြီး အိမ်ကထွက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ နာရီစင်ကြီးရှိတဲ့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ အခြေချဖို့ဖြစ်လာတဲ့အခါ စုန်းမလေးခီခီဟာ အခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ရပါတော့တယ်။ တဖြည်းဖြည်းနဲ့ ခီခီ့ရဲ့တစ်ပါးသူအပေါ်ကူညီပေးမှုတွေ၊ သနားကြင်နာတတ်မှုတွေကြောင့် လူချစ်လူခင်ပေါလာပြီး သူ့ကိုယ်ပိုင်ပစ္စည်းပို့လုပ်ငန်းလေးကိုလည်း တစ်နိုင်တစ်ပိုင်ထူထောင်လာနိုင်ပါတော့တယ်။ ဒီဇာတ်လမ်းမှာ ခီခီ့ရဲ့ ကိုယ်ပိုင်အလုပ်သစ်လေးမှာ အလုပ်အပ်သူတစ်ယောက်ပေါ်လာရင်ကို စိတ်လှုပ်ရှားနေတတ်တာမျိုးတွေ၊ သူငယ်ချင်းကြောင်နက်လေးဂျီဂျီ သူငယ်ချင်းအသစ်ရသွားတဲ့အခါ စိတ်ပျက်ဝမ်းနည်းပုံလေးတွေ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့အခါ အတက်အကျတွေအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ရပုံလေးတွေကို လူငယ်သဘာဝအလျောက် တွေ့မြင်ရမှာဖြစ်ပြီး ကိုရိုကိုဆိုတဲ့ ပင်လယ်ဆိပ်ကမ်းမြို့လေးရဲ့ သဘာဝအလှအပလေးတွေကိုလည်း စိတ်ချမ်းမြေ့ဖွယ်ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်... IMDb 7.8/10 Rotten tomatoes 98% ထိရရှိထားတဲ့ anime ဇာတ်ကားကောင်းလေးကို ကြည့်ရှုခံစားပေးကြပါဦး.... File Size - 1.4 GB Quality - BluRay 1080p Subtitle - Burmese (hardsub) Translator - May Thu Aung Encoder - Thit San Khant
movie
Kiki’s Delivery Service (1989)
1989
8.2
My Neighbor Totoro (1988)
ဒီဇာတ်ကားလေးကို 1988 ခုနှစ်က ရိုက်ကူးခဲ့ပေမယ့် Disney ကနေ 2006 မှာ english အသံထွက်နဲ့ ပြန်ထုတ်လွှင့်ပေးခဲ့ပါတယ်... IMDb 8.2 နဲ့ rotten tomatoes 94% တောင် ရရှိထားတဲ့ Rating မြင့်တဲ့ကားပါ.. တခြားနိုင်ငံမှာ Pooh ဇာတ်ကောင်လေးတွေ ခေတ်စားခဲ့သလို Totoro ကလဲ ဂျပန်ကလေးငယ်တွေအပေါ်မှာ လွှမ်းမိုးနိုင်ခဲ့ပါတယ်... မြန်မာမှာလဲ ခုချိန်ထိ totoro ကို ချစ်နေတဲ့လူကြီးငယ်တွေ ရှိပါသေးတယ်ဗျ... ( ကျွန်တော်အပါအဝင်ပေါ့... ) ဇာတ်လမ်းလေးကတော့ ၁၉၅၈ ခုနှစ်မှာ တက္ကသိုလ်ပါမောက္ခ Tatsuo Kusakabe နဲ့သူ့ရဲ့ သမီး ၂ ယောက်နဲ့ အတူ ရွာလေးတစ်ရွာမှာ ရှိတဲ့ အိမ်ဟောင်းတစ်လုံးစီကို ပြောင်းလာခဲ့ပါတယ်.. မိန်းမဖြစ်သူက နာတာရှည်ရောဂါ ခံစားနေရတာကြောင့် မိန်းမဖြစ်သူတက်နေတဲ့ ဆေးရုံနဲ့နီးတဲ့ အိမ်လေးကို ရွေးချယ်ခဲ့တာပါ.. တောရွာတစ်ခုဖြစ်တဲ့အတိုင်း မမြင်ရတဲ့ ပရလောကယုံကြည်မှုတွေလဲ ရှိနေပါတယ်... ပထမဆုံး တွေ့ကြုံခဲ့တာကတော့ susuwatari လို့ ခေါ်တဲ့ မည်းမည်းလုံးလုံး ကျပ်ခိုးကောင်လေးတွေပါပဲ.. လူမနေတဲ့ အိမ်ဟောင်းတစ်ခုမှာ အဲဒီကျပ်ခိုးကောင်လေးတွေ ရှိနေမှာ အသေအချာဖြစ်ပြီး လူတွေရောက်လာတာနဲ့ နောက်ထပ် အိမ်လွတ်တစ်လုံးရှာဖွေဖို့ ...
movie
My Neighbor Totoro (1988)
1988