Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chic Daniel
On Deadly Ground (1994)
မင်းသားကြီး Steven Seagalရဲ့ အက်ရှင်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခရစ်ရှန်ဘေးလ်ရဲ့ ဘတ်မန်းရုပ်ရှင်တွေထဲက အိမ်တော်ထိန်းကြီးမစ္စတာအဲလ်ဖရက်ကြီးတစ်ယောက် ဒီထဲမှာတော့ ဗီလိန်ကြီးအဖြစ် ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းပြောရရင် သယံဇာတပေါကြွယ်လှတဲ့ အလက်စကာပြည်နယ်မှာ အေးဂျက်စ်ရေနံကုမ္ပဏီကြီးတစ်ခုရှိတယ်။ ရေနံတူးစင်မှာ မကောင်းတဲ့စက်ကိရိယာတွေကို အသုံးပြုထားတဲ့အတွက် လူတွေသေ၊ သမုဒ္ဒရာထဲကို ဆီတွေယိုဖိတ်၊ သဘာ၀ပတ်ဝန်းကျင်ညစ်ညမ်းရပေမဲ့ အရေးယူခြင်းမခံရပါဘူး။ဖောရက်စ်ကတော့ အေးဂျက်စ်ရေနံကုမ္ပဏီရဲ့ ပြဿနာတွေကို ရှာပြီးဖုံးဖိပေးရတဲ့သူ။ သူ့အလုပ်သူလုပ်ပြီး ဘ၀ကိုအေးဆေးစွာ ဖြတ်သန်းနေပေမဲ့ ကုမ္ပဏီရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို သိလာရတဲ့အခါ။ ကုမ္ပဏီကပါ သူ့ကိုအသက်အန္တရာယ်ပြုလာတဲ့အခါမှာတော့။ အရင်တုန်းက မင်းသားကြီး စတီဗင်ဆေးဂဲရဲ့ အသတ်အပုတ် အတိုက်အခိုက်တွေကို ပြန်လည်ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File size…(1.8 GB)/(970 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre... Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie
On Deadly Ground (1994)
6.5
Swordfish (2001)
Swordfish (2001) " Nudity Scene အနည်းငယ်နှင့် ကြမ်းတမ်းသော အပြောအဆိုများ ပါ၀င်သောကြောင့် သတိထားကြည့်ရှုပါရန် " ဒီကားလေးကတော့ 2001 ခုနှစ်ကထွက်ထားတဲ့ သည်းထိတ်ရင်ဖိုအက်ရှင် ကားကောင်းလေးပါ။ ဆုငါးဆုနဲ့ စံကာတင်ဆု (၁၀)ဆု၀င်ထားပြီး IMDb rating - 6.5/10 ရထားပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Wolverine မင်းသားကြီး Hugh Jackman ရယ်၊ X-Men ထဲမှာပဲ Storm အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အော်စကာဆုရှင် Halle Berry ရယ်၊ 1970-80 ပြည့်နှစ်တွေက ဗီလိန်မင်းသားလို့မျက်မှန်းတန်းမိကြတဲ့ John Travolta ရယ်၊ Avengers ထဲက War Machine သရုပ်ဆောင် Don Cheadle နဲ့ဆိုတော့ Cast တွေနဲ့တင် စိတ်မပျက်စေရမယ့်ဇာတ်ကားမျိုးပါပဲ။စတန်က ခံ၀န်နဲ့လွတ်နေတဲ့ ဟက်ကာတစ်ယောက်ပါ။ တစ်နေ့ သူ့ဆီကို ဂျင်းဂျားဆိုတဲ့အလှပဂေးလေးက လူတစ်ယောက်နဲ့လိုက်တွေ့ဖို့ လာခေါ်ပါတယ်။ ...
movie
Swordfish (2001)
2001
7.0
Out for Justice(1991)
Out for Justice(1991)*******************90s kid တို့ရဲ့ အသည်းကျော် Steven Segal ရဲ့ အက်ရှင်ကားကြမ်းကြမ်းကြီး တင်ဆက်ပေးလိုက်ပါတယ်..၂၀ ရာစုတလျှောက် ဘရွတ်ကလင်မြို့မှာ ဂိုဏ်းစတားတွေကိုယ့်နယ်နမိတ်နဲ့ကိုယ် ကြီးစိုးကျင်လည်ကြတဲ့အချိန်ပေါ့ဂျီနိုဆိုတဲ့ကောင်လေးဟာ သူ့အဖေကိုသိပ်အားကျတဲ့သူ...တစ်ရက်မှာ သူ့အဖေဟာ စတိုးတစ်ခုထဲက သူခိုးတစ်ယောက်ကို အပြင်ဆွဲခေါ် ထိုးကျိတ်ပြီး သူ့မျက်စိရှေ့တင်ပဲ သူတို့ကားနောက်ဖုံးထဲ ထည့်ပိတ်ထားလိုက်တယ်...ပြီးတော့ သူ့သားကို ဒီကားနဲ့ပဲ ရုပ်ရှင်ရုံခေါ်သွားပြီး ရုပ်ရှင်ပြသတဲ့.. .ရုပ်ရှင်ပြီးတဲ့အချိန်ကျမှ ဂျီနိုလေးကို ကားသော့ပေးလိုက်ပြီး မင်းလုပ်စရာရှိတာလုပ်လို့ ပြောတယ်...ဂျီနိုကလည်း ကားနောက်ဖုံးဖွင့်ပြီး စကားတွေနဲ့ခြိမ်းခြောက်ပြလိုက်တာ သူခိုးလည်း တချိုးတည်းပြေးပါရောလား...သူက အဲဒီကတည်းက သူ့အဖေလို လူမိုက်ဖြစ်ချင်တာ. ..တကယ်တမ်းကြီးလာတော့ ဒီကောင် ရဲဖြစ်သွားတယ်...လူမိုက်တွေနဲ့ပေါင်းခဲ့တဲ့ ဂျီနိုဟာ ရဲဖြစ်သွားတဲ့အချိန် သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကလက်ခံနိုင်စရာမရှိတဲ့ပြစ်မှုကို ကျူးလွန်လိုက်တဲ့အချိန်မှာတော့...File Size : (1.8GB)(580 MB) and (230 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:31:00 Genre : Action , Crime ,Drama Subtitle : Myanmar ...
movie
Out for Justice(1991)
7.8
Straight Outta Compton(2015)
Straight Outta Compton Imdb- 7.2 Rotten Tomatoes-85%၁၉၈၆ ဝန်းကျင်ကာလကပေါ့ လူဖြူ လူမဲခွဲခြားမှုအသောမတတ်နိုင်သေးတဲ့ကာလ လူမဲတွေဟာ typical black people ထုံးစံအတိုင်း ဆေးရောင်းတာ ဂိုဏ်းဂဏ ဖွဲ့တာတွေ အလုပ်မပြတ်သလို လူဖြူတွေဖက်ကလဲ အထူးသဖြင့် အာဏာပိုင်တွေဖက်က လမ်းမှာလူမဲတွေအုပ်လိုက် လမ်းလျှောက်သွားတာတွေ့ရင်တောင် ဆွဲစိပီးပညာပေးတဲ့ ကာလပေါ့ဆူပွက်နေတဲ့ရေနွေးအိုးခရားကြီးလိုပဲ လူဖြူတွေနဲ့ လူမဲတွေကြား တကြပ်ကြပ် ထိုစဥ်ကာလက Rap ဂီတဆိုတာ တွင်တွင်ကြယ်ကြယ်တောင် မဖြစ်သေးပါဘူး စကားကုန်ပြောရရင် လူမဲတွေနဲ့ပတ်သတ်တဲ့ယဥ်ကျေးမှု ထုံးတမ်းစဥ်လာ culture တွေဟာ လူဖြူတွေကြားမှာ လက်ခံနိုင်စရာတရပ်အဖြစ် မဖြစ်နိုင်သေးတဲ့အချိန်တွေ ပေါ့အဲ့ထဲမှာ လူမဲတွေရဲ့ Rap ဂီတကလဲ တခုအပါဝင်ဖြစ်ခဲ့တယ် အဲ့လို အကြပ်တည်းကပ်ဆိုက်နေတဲ့ ကာလမှာ Gangsta Rap တွေကို လူသိများအောင် လုပ်ပေးနိုင်ခဲ့တဲ့ role model ၃ယောက်ထွက်ခဲ့ပါတယ်Rap သီချင်းတေကြိုက်တတ်တဲ့သူတိုင်း မသိသူမရှိ Rap God ကြီး Eminem ရဲ့ဆရာ Dr.Dre Gangsta Rap နဲ့အရမ်းအောင်မြင်လာခဲ့တဲ့ Eazy-E Friday တို့ 21 Jump ...
movie
Straight Outta Compton(2015)
2015
6.5
The Informant! (2009)
The Informant! (2009) အာချာဒယ်နီယယ်မဒ်လန်း (ADM) ဆိုတဲ့ ကုမ္ပဏီကြီးဟာ နာမည်ကြီး လိုင်စင်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ စီးပွားရေးလောကရဲ့ တစ်စိတ်တစ်ပိုင်းကို ချုပ်ကိုင်ထားနိုင်တဲ့ ကုမ္ပဏီကြီးတစ်ခုလည်းဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုတွေဟာ အပြင်ပန်းမှာတော့ ဦးမော့နိုင်နေပေမဲ့ အတွင်းမှာတော့ မသမာမှုတွေနဲ့ ရှုပ်ထွေးပွေလီပြီး သပွတ်အူလိုက်နေပေါ့။ဒီလိုမသာမာတဲ့နည်းလမ်းနဲ့ စျေးကွက်ကို လုပ်ချင်သလိုလုပ်နေကြတာကို FBI ကရိပ်စားမိနေတော့ အမှုပတ်မှာစိုးတဲ့ မာ့ခ်ဝှဒ်အေကဟာ ဒီလုပ်ရပ်တွေကိုဖော်ဖို့ FBI နဲ့ပူးပေါင်းလိုက်ပါတော့တယ်။ဒီလိုနဲ့ မာ့ခ်ဝှဒ်အေကဟာ သတင်းပေးအဖြစ် ကုမ္ပဏီရဲ့လုပ်ရပ်တွေကိုဖော်ရင်းက မသာမာမှုတွေဟာ တစ်စပြီးတစ်စပေါ်လာခဲ့ပါတယ်။အစကတည်းက မသမာခဲ့တဲ့ မာ့ခ်ဝှဒ်အေကဟာ သူ့လုပ်ရပ်တွေပါ ပေါ်လာတဲ့အခါ ရှေ့ဆက်တိုးဖို့အလွန်စိုးရိမ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဆုပ်လည်းစူး စားလည်းရူးအခြေအနေဖြစ်လာတဲ့အခါ သူဘယ်လိုရုန်းထွက်မလဲ၊ ဒီမသမာမှုတွေကိုရော အမြစ်လှန်ဖော်ထုတ်သွားနိုင်မှာလား ဆိုတာကိုတော့ စိတ်ဝင်စားစရာကောင်းအောင် ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Thar Htet ပါ။) File Size : 1.8GB, 660MB, 330MB Quality ...
movie
The Informant! (2009)
2009
5.8
Cradle 2 the Grave (2003)
Cradle 2 the Grave (2003)______IMDb - 5.8/102003 က ထွက်ရှိခဲ့တဲ့ Cradle 2 the Grave ဇာတ်ကားမှာ မင်းသားကြီး ဂျက်လီ နဲ့အတူ ပါရာနာဝေးလို့ ပရိတ်သတ်တွေ သိကြတဲ့ Mark Dacascos တို့အတူတွဲဖက်သရုပ်ဆောင်ထားပါတယ် IMDb 5.8 ရရှိထားပြီး Action ကားကောင်းကောင်းကြည့်လိုသူ တွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့.. ကျွမ်းကျင်သူခိုးအဖွဲ့တစ်ဖွဲ့က အဖိုးတန်ကျောက်တုံးလေးကို ခိုးယူမိပြီးသူတို့ထင်သလိုလည်းမဖြစ်လာခဲ့ဘူး..သူတို့လက်ထဲကနေ အဆင့်ဆင့်လုယူချင်နေတဲ့သူတွေကလည်းပေါများနေပါတယ် ဒီကျောက်တုံးအနက်လေးဟာ ဘယ်လိုများတန်ဖိုးရှိနေတာလဲ ပြီးတော့ အဲ့အရာကိုလက်ဝယ်ပိုင်ဆိုင်ထားတဲ့သူခိုးအဖွဲ့ကရော ဘယ်လိုမျိုး အခက်အခဲတွေကြုံမလဲ..ဆိုတာကို တစ်ကားလုံးစွန့်စားခန်း ဖိုက်တင်ခန်းတွေအပြည့် နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဘာသာပြန် နဲ့ အညွှန်းကတော့ Phyo Zaw ဖြစ်ပါတယ် File Size - 1 GB Quality - Blu-Ray 720p Duration - 01:41:13 Translator - Phyo Zaw Encoder - LK
movie
Cradle 2 the Grave (2003)
2003