Channel Myanmar

Cheryl Hamada

About Schmidt (2024)
About Schmidt (2024)  IMDb Rating – 7.2/10, RT – 85%ဝါရန်ရှမစ်က အာမခံကုမ္ပဏီကနေ လောလောလတ်လတ် အငြိမ်းစားယူလိုက်ပြီးနောက် အိမ်မှာ ဘာမှ လုပ်စရာမရှိတော့သူပီပီ သူ့ဇနီးသည် ဟယ်လင် ဘာပဲလုပ်လုပ် စိတ်တိုင်းမကျ ဖြစ်လာကာ ဇနီးကိုပါ ကြည့်မရဖြစ်လာတဲ့အထိ စိတ်ခံစားချက်တွေဖြစ်လာပါတယ်။သမီးလုပ်သူ ဂျင်နီကလည်း အဝေးတနေရာမှာပဲ နေထိုင်ကာ မကြာခင် အိမ်ထောင်ပြုတော့မှာဖြစ်ပြီး သူယူမယ့် အမျိုးသားကိုလည်း ရှမစ်တစ်ယောက် စိတ်တိုင်းမကျပြန်ပါဘူး။ ယခင်အလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီကိုသွားပြီး သူမရှိတော့လို့ အလုပ်တွေ အဆင်မပြေဖြစ်နေမယ် ထင်ခဲ့သော်လည်း သူ့နေရာဝင်လာတဲ့ လူသစ်က ကောင်းကောင်းကြီးကို အလုပ်လုပ်နိုင်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဇနီးသည် ဟယ်လင်က ရုတ်တရက် သေဆုံးသွားပါတော့တယ်။အလုပ်ကနေ အနားယူလိုက်တဲ့အချိန်ကစလို့ ဘာမှအဆင်မပြေတဲ့ရှမစ်တစ်ယောက် သူ့ဝေယျာဝစ္စကိုပါ လုပ်ပေးနေတဲ့ ဇနီးသည်က ကွယ်လွန်သွားတဲ့အခါ ဘဝကြီးကို ခြောက်ကပ်ကပ်နဲ့ ဖြတ်သန်းရင်း သမီးလုပ်သူရဲ့ မင်္ဂလာပွဲကို ဖျက်စီးဖို့ အကြံရလာပါတော့တယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ ...
movie

About Schmidt (2024)

Above the Law (1988) 6.0
Above the Law (1988)  ဒီကားလေးကတော့နာမည်ကြီးမင်းသားကြီး Steven Seagal ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၈၈ ကထွက်ထားတဲ့ action/thriller ကားလေးဖြစ်ပါတယ် ဒီရုပ်ရှင်ကို Steven Seagal ကိုယ်တိုင် produce လုပ်ထားတာဖြစ်ပြီးတော့သူရဲ့ပထမဆုံးပွဲဦးထွက်ပါဝင်သရုပ်ဆောင်တဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့...သိုင်းပညာမှာတော်တဲ့ CIA အေးဂျင့်ဟောင်းဖြစ်တဲ့ Nico Toscani ကသူ့ပါတနာ Delores နဲ့ရဲအရာရှိအဖြစ်တာဝန်ထမ်းဆောင်နေချိန်မှာအန္တရာယ်ရှိတဲ့မှောင်ခိုကူးမှူတစ်ခုကိုစုံစမ်းခဲ့မိကြပါတယ် ဒါပေမဲ့အထက်ကလူကြီးတွေကအဲ့ဒီအမှုကိုဆက်မစုံစမ်းဖို့အမိန့်ပေးတာကို Nico တစ်ယောက်လက်မလျှော့ဘဲအမှန်တရားကိုဆက်လက်ရှာဖွေတာကို action scenes တွေနဲ့ကြည့်လို့ကောင်းအောင်ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:39:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie

Above the Law (1988)

The Dilemma (2011) 5.3
The Dilemma (2011) 2011 ခုနှစ်က ထွက်ရှိခဲ့ပီး IMbd 5.3 ရရှိခဲ့တဲ့black comedy အမျိုးအစား ဇာတ်ကား ​လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းက​တော့ ရွန်နီ နဲ့ နစ်ခ် ဟာအထက်တန်း​ကျောင်းတုန်းကနဲ့ ခင်ကြတဲ့ သူငယ်ချင်း​တွေဖြစ်ကြပီးစီးပွား​ရေး လည်းအတူတွဲလုပ်ကြတဲ့ သူတွေပါ။​ဂေါ်မစွံ့ လူပျိုကြီ ရွန်နီ ကို အိမ်​ထောင်ပြုဖြစ်​အောင် နစ်ခ် တို့ ဇနီး​မောင်နှံကကြိုးစားတိုက်တွန်းကြပါတယ် ၊ တစ်​နေ့မှာ​တော့ နစ်ခ်ရဲ့ မိန်းမ က ​ဖောက်ပြန်​နေတာကိုရွန်နီ က သိရှိသွားတဲ့ အခါ နစ်ခ် ကို​ ​ပြောပြဖို့ ကြိုးစားပါတယ်။အဲ့လိုလုပ်​နေရင်းနဲ့ မရိုးရှင်းလှတဲ့ အိမ်​ထောင်​ရေးပြသနာ​တွေ၊ လျို့ဝှက်ချက်​တွေကိုသိသွားပီး ​ဖြေရှင်းဖို့ကြိုးစားပုံ​တွေ ၊ သူငယ်ချင်း​တွေ ကြားကသံ​ယောဇဥ် အ​ကြောင်း​တွေ ကို ​ပေါ်လွင်​အောင်​ဖော်ပြထားတဲ့ဇာတ်လမ်း​လေးပဲ ဖြစ်ပါတယ်။တဖက်ကလည်း အခက်အခဲ​တွေ​ကျော်လွှားပီး​အောင်မြင်​အောင်ကြိုးစား အလုပ်လုပ်ကြပုံ​တွေကိုလည်း​တွေ့ရမှာပါ။Vince Vaughn နဲ့ Kevin James တို့လို မင်းသားကြီး​တွေရဲ့သရုပ်​ဆောင်မှု နဲ့ခပ်​သော့​သော့ ဟာသ ​တွေအပြင် ...
movie

The Dilemma (2011)

2011
Chain Reaction (1996) 5.6
Chain Reaction (1996) အရင်ဆုံး ဇတ်ကားထဲပါတဲ့ Ref: လေးတွေကို Run through ပါမယ်။ အခုကမ္ဘာပေါ်ကလူ‌တွေဟာ ရုပ်ကျွင်းလောင်စာတွေကိုအဓိကထား အသုံးပြု၊ စွမ်းအင်ထုတ်လုပ်ပြီး အသုံးပြုလည်ပတ်နေကြတာပါ။ တစ်ကမ္ဘာလုံးမှာ ကျောက်မီးသွေး၊ ရေနံ၊ သဘာ၀ဓာတ်ငွေ့တို့ကို အဓိကအသုံးပြုကြပါတယ်။ လက်ရှိခန့်မှန်းထားသလောက် ၂၀၈၁ မှာ ကမ္ဘာ့လက်ကျန် ရုပ်ကျွင်းလောင်စာတွေအားလုံး ကုန်ခမ်းလိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။ နေစွမ်းအင် ဆိုလာတို့ ရေအားလျှပ်စစ်တို့လိုပဲ ဟိုက်ဒရိုဂျင်ကိုလဲလောင်ကျွမ်းစေပြီး ပေါများတဲ့စွမ်းအင် ထုတ်နိုင်ပါတယ်။ ရေထဲက ဟိုက်ဒရိုဂျင်ကို လျှပ်ကူးစေပြီး အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်ကိုခွဲထုတ်ကာ ဟိုက်ဒရိုဂျင်သက်သက်ကိုလောင်စာအဖြစ်အသုံပြုတဲ့နည်းပါ။ ၁၉ လောက်မှာ ခေတ်စားခဲ့ပါတယ်။ ဟိုက်ထရိုဂျင် လောင်စာကိုထုတ်လုပ်ဖို့ ကြိုးစားကြတဲ့တကယ့်စာတမ်းတွေလဲရှိပါတယ်။ ဟိုက်ဒရိုဂျင်လောင်စာကို ၁၈၃၉ မှာ ဆာဝီလယမ် ကစပြီး ပထမဆုံးစိတ်ကူးရခဲ့တာပါ ရေထဲကို လျှပ်စစ်ဖြတ်၊ ဟိုက်ဒရိုဂျင်ကို ခွဲထုတ်ပြီး စွမ်းအင်အဖြစ်လောင်ကျွမ်းစေပါတယ် ၁၉၅၉ မှာလက်တွေ့အလုပ်လုပ်နိုင်တဲ့ မြင်းကောင်ရေ ၂၀ နဲ့ အင်ဂျင်ကို စထုတ်နိုင်ခဲ့ပါတယ်။ အခုတော့ အင်ဂျင်တော်တော်များများ ထုတ်ပြီးစမ်းနေကြပါပြီ။ ဟိုက်ဒရိုဂျင်လောင်စာရဲ့ လောင်ကျွမ်းအပူချိန်က သဘာ၀ဓာတ်ငွေ့ ကရတဲ့စွမ်းအင်နဲ့ ထပ်တူနီးပါးရှိပြီး လောင်းကျွမ်းအသုံးပြုလို့ ဘေးထွက်ဆိုးကျိုး၊ ပတ်၀န်းကျင်ညစ်ညမ်းမူ စတာတွေ မရှိတဲ့ သန့်စင်တဲ့ လောင်စာတစ်ခုဖြစ်တဲ့အတွက် လူတိုင်းကစိတ်ဝင်စားကြ လိုချင်ကြပါတယ် နောက်ရုပ်ကျွင်းလောင်စာမဟုတ်လို့ လွယ်လွယ်မကုန်ခမ်းနိုင်ပါဘူး။ တွေးကြည့်ပါဗျာ ...
movie

Chain Reaction (1996)

19962007