Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cherry Pie Picache
7.8
Firefly (2023)
Firefly ( 2023 )Firefly က ဖိလစ်ပိုင် က ရိုက်တဲ့ကားဆိုပေမဲ့ ပုံမှန်မြင်နေကျ ဖိလစ်ပိုင်ကားတွေနဲ့ တော်တော်လေး ကွဲထွက်တယ်လို့ပြောရမယ်။ ဇာတ်အမျိုအစားကလည်း Fantasy , Drama အမျိုးအစား။ ဒီအမျိုးအစားကိုလည်း ဖိလစ်ပိုင်ကားကောင်းတွေထဲ သိပ်တော့မတွေ့ရတတ်ဘူး။ ဒီဇာတ်က ပုံပြင်တွေနဲ့ လက်တွေ့ဘဝကို ချိတ်ထားတဲ့ဇာတ်မျိုးပဲ။ ဒါမျိုးကို ကျွန်တော်တို့ ဟောလိဝုဒ်ကားတွေမှာတော့ ပမာဏတစ်ခုအထိတော့ မြင်တွေ့ခဲ့ရပြီးပြီ။ ဒီလိုကားအကုန်နီးပါးလည်း ကောင်းကြတယ်။ ဥပမာဆို Bigfishတို့ The Imaginarium of Doctor Parnassusတို့ A Monster Callsတို့လိုပေါ့။ ဒီကားက A Monster Callsနဲ့တော့ ပိုဆင်မယ်။ ဒီကားတွေရဲ့တန်းနဲ့တော့ သွားယှဉ်မရပေမဲ့ ဒီကားတွေရဲ့ အငွေ့အသက်မျိုးကို အာရှကားအငွေ့အသက်နဲ့ပါ ပေါင်းကြည့်ရတာတော့ တစ်မျိုးထူးတယ်။ နောက် သူက သူ့ဖိလစ်ပိုင် အငွေ့အသက်ကိုလည်း မဖျက်ထားဘူး။ ဘိုကားတော့မဆန်သွားဘူး။ အားနည်းချက်ကတော့ ဇာတ်လမ်းဟာ အီမိုရှင်နယ်ကိုတော့ ထိခတ်အောင်လုပ်နိုင်ပေမဲ့ သူ့ဇာတ်မှာ သူ့ဇာတ်ကောင်ရဲ့ ဆန့်ကျင်ဘက်မှာနေပြီး သူ့ဇာတ်ကောင်ကို ပိုအားကောင်းလာအောင်လုပ်ပေးနိုင်မယ့်အရာမျိုးက ထည့်တော့ထည့်ထားပေမဲ့ အားမပါလှတာမို့ မပါသလိုဖြစ်နေတော့ ဇာတ်ကောင်ရဲ့ ...
movie
Firefly (2023)
2023
7.2
Ten Little Mistresses (2023)
Ten Little Mistressess (2023)2023မှာ ထွက်ရှိထားတဲ့ Ten Little Mistresses ဆိုတဲ့ Comedy, Mystery ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒွန်ဗယ်လန်တီဆိုတဲ့သူဌေးကြီးတစ်ယောက်ဟာ သူ့မိန်းမ ချာရိုဆုံးပြီးနောက် မယားငယ်ဆယ်ယောက်ထားခဲ့ပါတယ်။ တစ်နေ့မှာ သူ့ရဲ့မွေးနေ့မှာ သူ့ရဲ့မယားငယ်အားလုံးကို အိမ်တော်ကိုဖိတ်ကြားခဲ့ပြီး လက်ဆောင်တွေပေးခဲ့ပြီး သူ့ဘဝအသစ်ပြန်စတင်ချင်ကြောင်းပြောကြားခဲ့တယ်။ဒါပေမယ့် သူပြောခဲ့သလို မရိုးရှင်းခဲ့ပါဘူး သူ့ရဲ့မွေးနေ့မှာ သူ့ညီ ဒွန်ကွန်စတမ်တင်ကို သတ်ဖို့စီစဉ်ခဲ့ပါတယ်။ မယားငယ်အားလုံးကလည်း သူ့ရဲ့အစီအစဉ်တွေမသိခဲ့ဘဲ လက်ဆောင်တွေကိုပဲ မက်မောနေခဲ့ကြပါတယ်။ နောက်ဆုံးအသတ်ခံရတဲ့သူကတော့ သူ့ညီတင် မကဘဲ သူတို့ညီအစ်ကို နှစ်ယောက်လုံး ဖြစ်နေခဲ့ပါတယ်။ အားလုံးထင်ထားခဲ့သလို ဒွန်ဗယ်လန်တီက သူ့ရဲ့ညီကို သတ်ခဲ့တာ မဟုတ်ဘဲ မယားငယ်တစ်ယောက်က အကုန်သေချာ အကွက်ချစီစဉ်ခဲ့ပြီး နှစ်ယောက်လုံးကိုသတ်ခဲ့တာပါ။ ဘယ်သူ ဖြစ်မလဲဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ရှုစားကြည့်ကြပါဦး။ဇာတ်လမ်းက Comedy လည်းပါသလို မြုပ်ကွက်ကလေးလည်းပါတာမို့ ပေါ့ပေါ့ပါးပါးကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့မဲ့ကားလေးမို့ ခံစားကြည့်လိုက်ပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ဖြစ်ပါတယ်။Genre..... Comedy, Mystery Quality…. 1080p | 720p | ...
movie
Ten Little Mistresses (2023)
6.9
Can’t Help Falling in Love (2017)
KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်...အေးအေးငြိမ့်ငြိမ့် romance တွေကို ကြည့်ရှုတာ သဘောကျနှစ်သက်တဲ့ ပရိသတ်တွေကို ဖိလစ်ပိုင်း romance ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီဇာတ်ကားကတော့ Can't Help Falling in Love ဆိုတဲ့ ဇာတ်ကားလေးပါ။မချစ်မိဘဲမနေနိုင်ဘူးဆိုတဲ့ ဇာတ်ကားနာမည်လေးအတိုင်းပဲ ဒို့စ်ဆိုတဲ့ကောင်လေးက ဂက်ဘ်ဆိုတဲ့ ကောင်မလေးကို ချစ်မိသွားတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရမယ်ဆိုရင် ဂက်ဘ်ဟာ ၆ နှစ်ကျော်တွဲလာတဲ့ ရည်းစားဖြစ်သူနဲ့ မကြာခင်မှာ လက်ထပ်တော့မယ့် မိန်းကလေးပါ။ သူဟာ သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာပွဲညမှာ အရက်မူးပြီးတော့ ဒို့စ်ဆိုတဲ့ တခြားကောင်လေးတစ်ယောက်နဲ့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးမိသွားပါတယ်။ အဲဒီအဖြစ်အပျက်ကို မမှတ်မိကြသလို သူတို့မထင်ထားခဲ့တာက အဲဒီလက်ထပ်စာချုပ်က တရားဝင်ဖြစ်နေခဲ့မယ်ဆိုတာကိုပါပဲ။ရည်းစားဖြစ်သူနဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ လက်ထပ်စာချုပ်က ဂက်ဘ်ဆီကို ရောက်လာခဲ့ပါတယ်။ ...
movie
Can’t Help Falling in Love (2017)
2017
5.0
The Third Party (2016)
ဒီဇာတ်ကားလေးကတော့ The Third Party လို့ခေါ်တဲ့ ဖိလစ်ပိုင် အချစ်ဇာတ်ကားလေးပါ.. သာမန်ဇာတ်ကားတွေနဲ့ မတူတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ?.. အစပိုင်းမှာ အန်ဒီနဲ့ မက်စ်တို့က ချစ်သူတွေဖြစ်တယ် မက်စ်ကဆေးကျောင်းသွားတက်ပြီးပြန်လာတဲ့အချိန်မှာ ဖောက်ပြန်ပြီး ခရစ်ယာန်ဆိုတဲ့ကောင်နဲ့ ရည်းစားဖြစ်သွားကြတယ်.. သူတို့နှစ်ယောက်က ကလေးမွေးစားဖို့ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ အန်ဒီ့မှာရှိတဲ့ကိုယ်ဝန်ကို သူတို့တာဝန်ယူဖို့ဆုံးဖြတ်ကြတာပေါ့.. သူတို့သုံးယောက် တစ်အိမ်တည်းနေကြပြီးတော့ ပြဿ နာတွေနဲ့ ဘယ်လိုရှေ့ဆက်သွားလဲဆိုတာ ဟာသလေးတွေနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်.. Qty - HDrip 720pGern - comedy/ RomanceSubtitle - MyanmarTranslator - AykayiEncoder - Kyaw Ye Aung
movie
The Third Party (2016)
2016
8.3
Love You to the Stars and Back (2017)
ကဲ ဖိလစ်ပင်း ကားကောင်းကောင်းလေးတွေ ကြည့်ချင်တဲ့ ပရိတ်သတ်အတွက် Love you to the stars and back လာပါပြီ...ဂြိုလ်သား တကယ်ရှိပါသလား?ဂြိုလ်သား တကယ်မရှိဘူးလား?ဒီမေးခွန်းဟာ အခုထိ လူတွေကြားမှာ အငြင်းပွားဖွယ် ပြဿနာဖြစ်နေဆဲပါ...ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း ဂြိုဟ်သားတွေနဲ့ အမေရိကန်ကမ်းခြေစောင့်တပ်တို့ တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့ပြီး ခိုင်လုံတဲ့မှတ်တမ်းဓာတ်ပုံတွေ ရှိခဲ့ပေမယ့် အမေရိကန်အစိုးရက ဒီကိစ္စကို လုံးဝဖုံးကွယ်ထားတယ် လို့ အခုချိန်ထိ တပ်အပ်ယုံကြည်တဲ့ သူတွေလည်း ရှိနေဆဲပါ...ဒါကြောင့် ဂြိုဟ်သား ကိစ္စဟာ သို့လော သို့လော ပြဿနာ တွေထဲက တစ်ခုလို့ပြောလို့ရပါတယ်...ဒါပေမယ့် အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းထဲက မီကာဆိုတဲ့ မိန်းမပျိုလေးကတော့ ဂြိုဟ်သားတွေ တကယ်ရှိတယ်ဆိုတာ တထစ်ချယုံကြည်နေတဲ့သူပါ...မိခင်သေဆုံးပြီးတဲ့နောက် ဂြိုဟ်သားတွေနဲ့အတူနေထိုင်နေတယ်လို့ယုံကြည်ကာ...သူကိုယ်တိုင်လည်း မိခင်နောက် လိုက်ချင်နေခဲ့တာပေါ့...ဖခင်ကလည်း အိမ်ကို အမျိုးသမီးတစ်ယောက်ခေါ်လာပြီး ထို အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပြီ လို့ ကြေငြာလိုက်ပြီးတဲ့ အခါမှာတော့ မီကာ ဟာ သူဂြိုဟ်သားတွေနောက် ...
movie
Love You to the Stars and Back (2017)
2017