Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cherie Chung
6
The Dead and the Deadly ( 1981 )
ဒါကတော့ ၁၉၈၂ခုနှစ်မှာ ထွက်ခဲ့တဲ့ ဟုန်ကျင်းပေါင် Sammo Hung ရဲ့သရဲဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဖိုးလေးနဲ့အတူကြီးပြင်းလာတဲ့ ကျူးဟုန်ယိဟာ အလုပ်လုပ်တဲ့နေရာမှာ ကပျက်ကချော်နိုင်ပေမယ့် သူငယ်ချင်းအပေါ်သစ္စာရှိတဲ့လူတစ်ယောက်ဖြစ်တယ်။အဖိုးလေးနဲ့အတူ ဈာပနာအခမ်းအနားသုံးစက္ကူရုပ်တွေလုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်းခဲ့တယ်။ မမွေးခင်ကတည်းကစေ့စပ်ထားတဲ့ အားယွင်ဆိုတဲ့ကောင်မလေးရှိပေမယ့် ကျူးဟုန်ယိကသူ့ကိုအလေးမထားခဲ့ဘူး။တစ်နေ့မှာတော့ ကျူးဟုန်ယိရဲ့သူငယ်ချင်းတစ်ယောက်ဟာ ထူးထူးဆန်းဆန်းသေသွားခဲ့တယ်။ သူငယ်ချင်းသေတာမသင်္ကာစရာဖြစ်နေတော့ ကျူးဟုန်ယိတစ်ယောက်အယောင်ဆောင်လိုက်လံစုံစမ်းခဲ့တယ်။ သူငယ်ချင်းရဲ့ဇနီးနဲ့ယောက်ဖဆိုတဲ့သူတွေကငွေလိုချင်လို့ကြံစည်နေတာဖြစ်ပြီးတော့ လောဘကြောင့် နောက်ဆုံးမှာသူငယ်ချင်းကိုသတ်လိုက်တာဖြစ်နေတယ်။ ဒီလိုနဲ့သူငယ်ချင်းရဲ့ဝိဉာဉ်ဟာ ကျူးဟုန်ယိက သူ့ကိုကူညီပြီးလက်စားမချေမချင်း လိုက်ကပ်ပြီးနှောက်ယှက်ပါတော့တယ်။ မတတ်သာတဲ့အဆုံးသူငယ်ချင်းကိုအစားလက်စားချေဖို့ လက်ခံလိုက်ပြီး ဘာတွေဆက်ပြီးအလွဲလွဲအချော်ချော်ဆက်ဖြစ်နေမလဲ...... Filesize : 1.64 GB / 813 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy , Fantasy , Horror Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Dead and the Deadly ( 1981 )
6.8
Winners & Sinners (1983)
ပေါကားမဟုတ်တဲ့ ဟောင်ကောင်အက်ရှင်ဇာတ်ကားလေးတွေပြန်တင်ပေးလိုက်ပါတယ် 5 lucky stars seriesထဲက ပထမဆုံးကားလေးဖြစ်တဲ့ Winners and Sinners ပါ။ အဓိကသရုပ်ဆောင်အဖြစ် ကျွန်တော်တို့အကြိုက်ဇာတ်လိုက်မင်းသားကြီး Jackie Chan ကတော့သူ့ရဲ့ပုံစံအတိုင်းပဲလုပ်သမျှအလွဲတွေကြည့်ဖြစ်နေတတ်တဲ့ရဲတစ်ယောက် အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးဟာဆိုရင်တော့ဖြင့် ခိုးမှု , လုယက်မှု , ပြည့်တန်ဆာခေါင်းလုပ်မှု စသဖြင့် ရာဇတ်မှု အမျိုးမျိုးနဲ့ထောင်ကျသွားတဲ့၅ယောက်ထောင်ထဲမှာတွေ့ကြပါတယ်တကယ်တော့သူတို့ကလည်းပေါတောတော အူတူတူတွေကြည့်စုထားပြီးမမိုက်ရဲ မိုက်ရဲနဲ့၅ယောက်ပေါင်းလောင်းကျော်နေတဲ့သူတွေပါတစ်ခုရှိတာက သူတို့ထောင်ကလွတ်တဲ့အချိန်မှာသူတို့၅ယောက်နဲ့တစ်ချိန်တည်းလွတ်သွားတဲ့သူတစ်ယောက်ရှိပါတယ်သူကတော့ဖိုက်တာလိုလို ဘာလိုလိုညာလိုလိုနဲ့အထာပေးကြမ်းတဲ့ဘဲကြီးတစ်ကောင်လည်းရက်စေ့ပြီးလွတ်သွားပါတယ်။ ဟို ၅ ယောက်ကရော ထောင်ကလွတ်ပြီးဘယ်တွေသွားကြမလဲ ဘာတွေလုပ်ကြမလဲ ပြီးတော့စီအိုင်ဒီကအလွဲတွေကြည့်လုပ်တတ်တဲ့ စုံထောက်ကျော်ကြီးကိုဂျက်ကီရယ် ၅ယောက်ပေါင်းလောင်းကျော်နေတဲ့ အူတိအူကြောင်ကောင်တွေရယ် ပိုက်ဆံအတုတွေထုတ်ပြီး ဘာညာသာဒကာ လျှောက်လုပ်နေတဲ့ဘဲကြီးရယ်ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ကြပါစို့ဗျာဇာတ်လမ်း အညွန်းကိုတော့ Pyae Xein Sett ကရေးသားပေးတာပါ File size…(2.5 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Shoon ...
movie
Winners & Sinners (1983)
1983
6.4
Last Romance (1988)
Last Romance ( 1988 )ဟောင်ကောင်ဖန်တိုင်း ချစ်ကြတဲ့ မမမက်ဂီချောင်နဲ့ Cherie Chungတို့ အဓိကဇာတ်ကောင်၂ကောင်အဖြစ် တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသမီးအသားပေး ရုပ်ရှင်ပါပဲ။ ခုနေတော့ မက်ဂီချောင်က နာမည်ပိုကြီးပေမဲ့ ဒီကားထွက်တုန်းကတော့ သူ့မှာ လောက်လောက်လားလား ဘာကားမှမရှိသေးသလို Cherie Chungကလည်း အဲဒီအရင်နှစ်တင် An Autumn's Taleနဲ့ နာမည်ရနေတဲ့ကာလဆိုတော့ သူ့ဇာတ်ကောင်ကိုတော့ နည်းနည်းပိုအသားပေးထားပါတယ်။ဇာတ်လမ်းကတော့ အသက်၁၇မှာ စသိပြီး အခင်ဆုံးတွေဖြစ်ခဲ့ကြတဲ့ သူငယ်ချင်း၂ယောက် ဆယ်ကျော်သက်ဘဝကနေ သက်လတ်ပိုင်းအထိ ရောက်ရှိလာပုံလို့ ပြောရပါမယ်။ ဟောင်ကောင်လူနေမှုစနစ်ထဲက သူတို့ ဒုက္ခတွေကိုရောပေါ့။ သူတို့၂ယောက်ဟာ ကောင်လေးတစ်ယောက်တည်းကို အတူလိုက်တဲ့အထိခင်ခဲ့ကြတယ်။ Cherie Chungရဲ့ဇာတ်ကောင်ဟာ အဲဒီနောက်သိပ်မကြာခင်မှာပဲ သူ့အဖေကို ဆုံးသွားပြီး တစ်ကောင်ကြွက်ဖြစ်သွားရာက နိုက်ကလပ်မှာ အပျော်မယ်လုပ်ရတဲ့ဘဝကိုရောက်သွားခဲ့တယ်။ မက်ဂီကတော့ သူ့သူငယ်ချင်းကို ချစ်မြဲပါပဲ။ ဒီလိုနဲ့ သူတို့အသက်တွေကြီးလာ ကိုယ်စီဘဝတွေမှာ အောင်မြင်လာရင်း တစ်နေ့ သူတို့အတူကြိုက်ခဲ့တဲ့ ...
movie
Last Romance (1988)
7.6
An Autumn’s Tale (1987)
An Autumn's Tale ( 1987 ) ================== IMDb Rating 7.6/10An Autumn's Tale ဟာ Hong Kong Film Awards ကနေပြီး ဟောင်ကောင် , ထိုင်ဝမ် နဲ့ ပြည်မ သုံးခုလုံးက ကားကောင်းတွေကို အကုန်လုံးကို Best 100 Chinese Motion Pictures ဆိုပြီး စာရင်း လုပ်ထားတဲ့အထဲ နံပါတ် ၄၉ ချိတ်ထားတဲ့ရုပ်ရှင်။ 49 လို့ဆိုပေမဲ့ ဒီကားကရိုမန့်ကားစစ်စစ် အဲဒီစာရင်းထဲ သူ့အထက်ကရှိနေတဲ့ ရိုမန့် ကားစစ်စစ်တွေက Comrades: Almost a Love Story , Chungking Expressနဲ့ Days of Being Wildပဲရှိတယ်။ ရိုမန့်ကားတွေပေါပေမဲ့ ရိုမန့်ကားကို မာစတာပိစ်ကားဖြစ်အောင် ရိုက်ဖို့ဆိုတာလည်း အခက်ဆုံး လို့တောင်ပြောချင်ပြောလို့ရတယ်မလား။ ဒီရုပ်ရှင်က အပေါ်က သုံးကား လုံးထက် ရှေးကျသလို အပေါ်ကကားတွေထက်လည်း ရိုမန့်အငွေ့အသက် စစ်စစ်ကိုတော့ ရတယ်။ ပိုသာတယ်လို့ ...
movie
An Autumn’s Tale (1987)
1987
6.7
Once a Thief (1991)
Once a Thief (1991)~ IMDb - 6.7/10, Rotten Tomatoes - 60% ~အနောက်တိုင်းက မာစတာပိစ်ကားတွေလို သတ်မှတ်ခဲ့ကြတဲ့ Léon: The Professional တို့ The Departed တို့လို ကားတွေရဲ့ မြစ်ဖျားခံရာလို့ ပြောလည်းမမှားတဲ့ Heroic Bloodshed Genre ရဲ့ ပဲ့ကိုင်ရှင်နဲ့ ဒီ Genre ကို ပိုထင်ရှားအောင် လုပ်ပေးခဲ့တဲ့သူဖြစ်တဲ့ ဂျွန်ဝူးရိုက်ခဲ့တဲ့ ကားတွေထဲကမှ ဟောင်ကောင် Heroic Bloodshed ကားတွေကို မနှစ်ကတည်းက တဖြည်းဖြည်းချင်းတင်ဆက်ပေးခဲ့တာ A Better Tomorrow ကားတွေ၊ The Killer, Hard Boiled, Bullet in the Head စသဖြင့် အတော်များခဲ့ပါပြီ။ စတီဖင်ချောင်ပါပါတဲ့ Just Heroes နဲ့ ...
movie
Once a Thief (1991)
1991
5.8
Fatal Love (1988)
Fatal Love (1988)မနေ့က စက်တင်ဘာ ၁၂ဟာ တိုနီလျောင်ချူဝေ၊ Takeshi Kaneshiro, ချန်းချန်၊ အန်ဒီလောင်၊ ချောင်ယွန်ဖတ်၊ စတီဖင်ချောင်၊ ဂျက်လီ၊ ဂျက်ကီချမ်း စသဖြင့် သူနဲ့ခေတ်ပြိုင်တွေ မတိမ်းမယိမ်းတွေ သရုပ်ဆောင်ဖော် သရုပ်ဆောင်ဖက်တွေ အကုန်လုံးသက်ရှိထင်ရှားရှိကြသေးပေမဲ့ တစ်ယောက်တည်းကွက်ပြီး အရွယ်မတိုင်မီ ရွေ့လျော အခါနှောင်းသွားခဲ့တဲ့ လတ်စလီချောင်ရဲ့ မွေးနေ့ပါပဲ။ တစ်ရက်နှောင်းသွားပေမဲ့လည်း လတ်စလီကိုချစ်တဲ့သူတွေအတွက် သူ့ရဲ့အစောပိုင်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ နောက် သူ့အကြောင်းနည်းနည်းပါးပါးရောပေါ့။ ဇာတ်ကားအကြောင်းကတော့ လတ်စလီကိုချစ်တဲ့သူတွေ သဘောကျမယ့်ကားလို့ပဲ ပြောချင်ပါတယ်။လတ်စလီချောင်ဟာ သူ့နာမည် လတ်စလီကို Gone With The Wind ထဲက သူ့အကြိုက်ဆုံးသရုပ်ဆောင်ဖြစ်တဲ့ အက်ရှလေနေရာက သရုပ်ဆောင်ခဲ့တဲ့ Leslie Howard နာမည်ကိုယူပြီးပေးထားတာပါ။CNN’s Icon Gallery (Music) စာရင်းမှာပါတဲ့ တစ်ဦးတည်းသောအဆိုတော်ဖြစ်ပြီး No.3 လည်းချိတ်ခဲ့တယ်ဆိုပါတယ်။ တခြား ၁ကနေ ၅စာရင်းဝင်တဲ့ အဆိုတော်တွေကတော့ ...
movie
Fatal Love (1988)
1988