Channel Myanmar

Chen Zhihui

Second Life ( 2024 ) 6
Second Life ( 2024 ) တရုတ်အက်ရှင်ကားကြိုက်တဲ့သူတွေအတွက် ကားကောင်းလေးလာပါပြီ။ ဇာတ်လမ်းရဲ့အစကတော့ ရဲအရာရှိဖြစ်တဲ့ယောင်္ကျားဖြစ်သူကို ဂိုဏ်းစတားခေါင်းဆောင်ကြီးကလုပ်ကြံလိုက်တဲ့အတွက် တရုတ်တိုင်းရင်းဆေးဆရာမကြီးကတစ်ချက်ထဲ ကန်သတ်ပစ်လိုက်တဲ့အခန်းနဲ့ ခပ်ကြမ်းကြမ်းစခဲ့တယ်။လူဆိုးကိုသတ်တာဆိုပေမယ့်လဲ လူသတ်မှုဖြစ်တဲ့အတွက်ထောင်ကျခဲ့ပါတယ်။ ဖြစ်ချင်တော့ သူ့မှာကိုယ်ဝန်ရှိနေတဲ့အတွက် ကလေးကို ထောင်ထဲမှာပဲမွေးခဲ့ရပြီးတော့ ၁နှစ်ပြည့်တဲ့အချိန်မှာ မိဘမဲ့ဂေဟာကိုပို့လိုက်ရပါတယ်။ သက်တမ်းစေ့လို့ထောင်ကထွက်လာတဲ့အခါ သားလေးကိုပြန်ရှာဖို့ကြိုးစားပါတယ်။အဲ့ဒီအချိန်မှာ တစ်ဖက်ဂိုဏ်းကလဲ အဖေကိုကန်သတ်သွားတဲ့တရားခံကို လက်စားချေဖို့ဆိုပြီး ကလေကချေတစ်ယောက်ကိုလွှတ်လိုက်တဲ့အခါ အဖွားကြီးနားမှာ သူ့သားအယောင်ဆောင်ပြီး အယုံသွင်းလုပ်ကြံဖို့ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ အဖွားကြီးနဲ့လူမိုက်လေးကြားမှာဘယ်လိုတွေဖြစ်လာမလဲ…… အဖွားကြီးရဲ့သားအရင်းကရော ဘယ်သူဖြစ်နေမလဲ…… Filesize : 3.58 GB / 1.64 GB / 922 MB Quality : WEB-DL 4K HEVC ,  1080p , 720p Format : mkv Genres : Action , Comedy Runtime : 1h 46 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Second Life ( 2024 )

4K HEVC
14 Blades (2010) 6.3
14 Blades (2010) CM ပရိသတ်ကြီးတို့ကို wuxia ကားကောင်းကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ 14 blades လို့ခေါ်ပြီးတော့၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တာပါ။တရုတ်ကားကောင်းကောင်း ကြည့်ချင်ရင် ကားအဟောင်းတွေပြန်ကြည့်ရတယ်ဆိုသလိုမျိုးပဲ ဒီဇာတ်ကားကလည်းကားကောင်းတွေထဲက တစ်ကားပါ။ အဓိက ဇာတ်ဆောင်အနေနဲ့ကတော့ မြန်မာပြည်က တရုတ်ကားပရိသတ်တိုင်းသိကြတဲ့ မင်းသားကြီး Donnie Yen က ပါဝင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မင်မင်းဆက်ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရရင်တော့ မင်မင်းဆက်နှောင်းပိုင်းမှာ နန်းတွင်းခုံရုံးက အကျင့်ပြက်ခြစားသူတွေစာရိတ္တပျက်ပြားတဲ့ အမတ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ဒါ့အပြင် အဲဒီခေတ်ကာလမှာ လမ်းဘေးလေလွင့်နေတဲ့မိဘမဲ့ကလေးတွေကို ဖမ်းဆီးပြီး ကျင်းယိဝေ့လို့ခေါ်တဲ့အထူးစစ်သည်တော်တွေအဖြစ် လေ့ကျင့်ပေးတာမျိုးလည်း ရှိခဲ့တယ်။ကျင်းယိဝေ့တွေက လျှို့ဝှက်တာဝန်တွေကို ထမ်းဆောင်ကြရတာပါ။ကျင်းယိဝေ့တွေရဲ့ခေါင်းဆောင် ချင်းလုံ (မင်းသား Donnie Yen) ကတာဝန်ထမ်းဆောင်ဖို့ ဓား ၁၄ လက် အပ်နှံခံထားရသူပါ။တစ်နေ့မှာတော့ သူဟာ ဧကရာဇ်ရဲ့ အနီးကပ်လူယုံဖြစ်တဲ့ကျားကုန်းကုန်းက ဦးရီးတော်ဖြစ်တဲ့ ချင်းမင်းသားနဲ့ ပူပေါင်းပြီးပုန်ကန်ဖို့ လုပ်နေတာကို သိသွားခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ ချင်းလုံက ကျင်းယိဝေ့ထဲမှာ မနေတော့ဘဲထွက်ပြေးတိမ်းရှောင်ရင်း ပုန်ကန်မှုကို လိုက်လံတားဆီးဖို့ ...
movie

14 Blades (2010)

2010
Saving General Yang (2013) 6.4
Saving General Yang (2013) IMDb Rating(6.4)ရန်အိမ်တော်ဆိုတာနဲ့ တစုန့်ခေတ်က အရဲရင့်ဆုံးစစ်သူကြီးအဖြစ် လျောင်နိုင်ငံရဲ့ကျူးကျော်မှု‌တွေကိုတွန်းလှန်ခဲ့တဲ့စစ်သူကြီး "ရန်ရဲ့"ကို တော်တော်များများ သိကြမှာပါ။ နှစ်ပေါင်းများစွာ တစုန့်ပြည်အတွက် သက်စွန့်ဆံဖျားအစေခံရင်း အလုပ်အကျွေးပြုခဲ့တဲ့ သူ့ရဲ့နောက်ဆုံးတိုက်ပွဲအကြောင်းကို ဒီရုပ်ရှင်မှာလိုက်ပါစီးမျောခံစားလိုက်ပါ။ဇာတ်လမ်းအကျဉ်း............တစုန့်ပြည်ကိုကာကွယ်ရင်း လွန်ခဲ့သော ဆယ်နှစ်က သူအနိုင်တိုက်ခဲ့တဲ့ လျောင်စစ်တပ်ရဲ့ ဗိုလ်ချုပ်သားနဲ့ပြန်ရင်ဆိုင်ရတဲ့အခါ... စစ်ပွဲက သာမန်စစ်ပွဲနဲ့မတူတော့ဘဲ ရန်ငြိုးတွေကို အပြတ်ရှင်းကြမယ့်စစ်ပွဲဖြစ်နေတဲ့အခါ... ထောင်ချောက်မိပြီး ဝံပုလွေတောင်ခံတပ်မှာ ပိတ်မိနေတဲ့စစ်သူကြီးကိုကယ်တင်မယ့် သူ့သား၇‌ ယောက်... သူတော်စဉ်ကြီးရဲ့ သား ၇ ယောက်သွားပြီး ၆ယောက်ပြန်လာမယ် လို့ထွက်ပေါ်လာတဲ့ကောလဟာလ... တကယ့်အဖြစ်အပျက်နဲ့ဘာတွေလွဲမှာလဲ။ တကယ်တမ်းမှာ ဘယ်သူတွေအသက်ရှင်မှာလဲဆိုတာကို သမိုင်းဖြစ်ရပ်မှန်တွေနဲ့ ချိတ်ဆက်ရိုက်ကူးထားတဲ့ဇာတ်ကားပါ။ဟောင်ကောင်ဒါရိုက်တာ Ronny Yu ရဲ့လက်ရာဖြစ်သလို အစအဆုံးဆွဲဆောင်မှုရှိရှိနဲ့တင်ဆက်ထားနိုင်ပါတယ်။CGI မကြိုက်တဲ့မိတ်ဆွေတွေအတွက် ကြည့်ရတန်မယ့်ရုပ်ရှင်တစ်ကားပါပဲ။ File size…(1.8 GB)/(1 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Lwin Htoo Aung
movie

Saving General Yang (2013)