Channel Myanmar

Chen Jiming

Once Upon a Time in China IV (1993) 5.9
Once Upon a Time in China IV (1993)  ဒီလေးကားမြောက် ဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်ဟာ ခြင်္သေ့သိုင်းအကကို သူမတူအောင် ယှဉ်ပြိုင်နိုင်ခဲ့တာမို့ ထူးချွန်ပြောင်မြောက်စွာ အနိုင်ရခဲ့ပြီး ခြင်္သေ့ဘုရင်လို့ ခေါ်ဆိုချီးမြှောက်ခံခဲ့ရပါတယ်။ ဒါကြောင့် တရုတ်ပြည်နဲ့ ပြည်ပနိုင်ငံ (၈) နိုင်ငံတို့ စုပေါင်းပြီး ယှဉ်ပြိုင်ကြမဲ့ ခြင်္သေ့အကပြိုင်ပွဲမှာ ဝမ်ဖေးဟုန်ဟာ တရုတ်ပြည်ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ဒါပေမဲ့ တကယ်တော့ ဒီပြိုင်ပွဲက နိုင်ငံရပ်ခြားတပ်မတော်တွေက တရုတ်ပြည်တွင်းကို ဖြည်းဖြည်းချင်း ကျူးကျော်ဝင်ရောက်လာပြီး တရုတ်ကို သိမ်းပိုက်ဖို့ ကြံစည်နေတဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ တရုတ်ဖက်ကလည်း ပေါ်တင် ချေပလို့မရတဲ့အတွက် ပြိုင်ပွဲမှာ နိုင်ငံ့ရပ်တည်ချက်ကို ပြရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မီးအိမ်နီ မျိုးချစ် အမျိုးသမီး ကွန်ဖူး အဖွဲ့အစည်းက တရုတ်ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံခြားသားတွေကို သတ်ဖြတ်ချေမှုန်းပြီး တော်လှန်ပါတော့တယ်။ဒါကြောင့် ဒီဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်တစ်ယောက် တရုတ်ပြည်ကို ကာကွယ်ပြီး နိုင်ငံခြားတပ်မတော်နှင့် မီးအိမ်နီ မျိုးချစ်အဖွဲ့အစည်းကြားမှာ တင်းမာမှုတွေ ပြင်းထန်လာပြီး ...
movie

Once Upon a Time in China IV (1993)

Do the World Darts 5 (2007) 5.8
Do the World Darts 5 (2007) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ငါးကားမြောက်ဖြစ်ပါတယ် အရှေ့ လေးကားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါကွမ်သယ်ပြဇာတ်ရုံအတွက် လိုအပ်တဲ့ပိုးထည်တွေနဲ့ဖဲထည်တွေကို ပိုင်ရှင်ဖြစ်သူ သူဌေးချန်ကကျန်းနန်ကနေမှာခဲ့ပါတယ် ။ နောက်ပြီးအဲဒီအဝတ်အထည်တွေကို ထျန်းရှပို့ဆောင်ရေးကိုတာဝန်ယူပြီး ကွမ်းသယ်လုံကို လာရောက်ပို့ဆောင်ပေးဖို့ အလုပ်အပ်လိုက်ပါတယ် ။ထျန်းရှပို့ဆောင်ရေးရဲ့ ခေါင်းဆောင်ငယ်ဝမ်ကျန့်ဝေက ကတိတည်တဲ့သူဖြစ်ပြီး တရားမျှတမှုကိုလက်ကိုင်ထားတဲ့သူလည်းဖြစ်ပါတယ်။ ပို့ဆောင်ရေးအဖွဲ့မှာ သူချစ်ရတဲ့မိန်းကလေးဖေးယန့်ကလည်းပါနေတော့ သူတို့ကွယ်သယ်လုံရောက်ခါနီးမြို့လေးမှာ ခရီးတစ်ထောက်နားပြီးချစ်သူအတွက် ပစ္စည်းလေးတွေဝယ်ဖို့ ဈေးဆိုင်သွားခဲ့တဲ့အချိန် ပစ္စည်းထားတဲ့အခန်းကိုသူခိုးဝင်ပြီး သေတ္တာနဲ့အတူပါလာတဲ့ စာရွက်စာတမ်းတွေပါ မီးလောင်သွားပါတော့တယ် ။ဒီလိုနဲ့ မီးလောင်သွားတဲ့စာရင်းစာအုပ်ကရုံးတော်ကစစ်ဆေးနေတဲ့ ဆားမှောင်ခိုကူးမှုတဲ့ပတ်သတ်နေတဲ့စာအုပ်ဖြစ်နေချိန်မှာတော့...သူဌေးချန်နဲ့ ဆားမှောင်ခိုကူးမှုက ဘယ်လိုဆက်စပ်နေမလဲ ? အရှုပ်အထွေးတွေ သံသယတွေကြား သူဌေးချန်ကပါ သေဆုံးသွားချိန်မှာတော့ အမှုကပိုမိုရှုပ်ထွေးလာပြီး ရုံးတော်နဲ့ထျန်းရှပို့ဆောင်ရေးပူးပေါင်းပြီး နက်နဲတဲ့အမှု‌တွေကိုဘယ်လိုဖောက်ထုတ်ကြမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှု့ဖို့မမေ့ပါနဲ့နော် ။Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay ...
movie

Do the World Darts 5 (2007)

The Story of Yuan Tiangang ( 2024 ) 5.8
The Story of Yuan Tiangang ( 2024 ) " ငါ့ကံကြမ္မာက ကောင်းကင်ဘုံပေါ်မမူတည်ဘူး ငါ့အပေါ်ပဲမူတည်တယ် " ဒီဇာတ်ကားလေးကတော့ ကံကြမ္မာဆိုတဲ့အရာကိုမယုံတဲ့ ယွမ်ထျန်းကန်းတစ်ယောက်ကံကြမ္မာနဲ့ အတိုက်အခံလုပ်ပြီး ဘဝကိုရှင်သန်သွားတဲ့ဇာတ်ကားလေးပါ ။ဇာတ်လမ်းအကျဉ်းအနေနဲ့ ယွမ်ထျန်းကန်းဆိုတဲ့ ကလေးလေးက ငယ်ငယ်တည်းက ကံကြမ္မာဆိုးတဲ့မွေးဖွားလာခဲ့တဲ့သူပါ ။ မွေးမွေးချင်းပဲ မိဘနှစ်ပါးအပြင် အိမ်နီးနားချင်းတွေကိုပါ ထူးဆန်းစွာ‌နဲ့သေသွားစေခဲ့ပါတယ် ။ အဲဒီလိုနဲ့ရွာသားတွေပါ သူ့ကိုမကောင်းဆိုးဝါးဆိုပြီးနှင်ထုတ်ကြပါတော့တယ် ။ဒါပေမဲ့ စိတ်သဘောထားကောင်းတဲ့ သူ့ရဲ့ဦးလေးဖြစ်သူက ယွမ်ထျန်းကန်းကိုခေါ်ထားပြီး သူ့နောက်ကိုလိုက်ပြီးတောက်ဓမ္မကျင့်စေပါတယ် ။ ဒီလိုနဲ့သူ အသက် ၁၅နှစ်မှာ အပြင်းအထန်ဖျားပြီးမေ့လဲသွားခဲ့ပါတယ် ။ ပြန်နိုးလာတဲ့အချိန်မှာ သူ့ဦးလေးရော သူတို့ဂိုဏ်းတစ်ခုလုံး အမြစ်ပြန်သုတ်သင်ခံလိုက်ရတာကိုသိလိုက်ရပါတော့တယ် ။အဲဒါကြောင့်ပဲ ယွမ်ထျန်းကန်းဟာ သူ့ကိုယ်သူအပြစ်တင်ရင် ကံကြမ္မာဆိုး ကံကြမ္မာကောင်းဆို‌တာတွေကိုမယုံဘဲ ကံကြမ္မာနဲ့တိုက်ခိုက်ဖို့လုပ်ပါတော့တယ် ။ သူ့ကိုယ်သူလူသတ်သမားအဖြစ်ခံယူရင်း ကံကြမ္မာနဲ့ဘယ်လိုတိုက်ခိုက်သွားမလဲ သူကရော အဆုံးမှာဘယ်လိုရှင်သန်ကျန်ရစ်ခဲ့မလဲ ? ပျောက်ဆုံးနေတဲ့ရတနာဓားနဲ့ သူကရောဘယ်လိုဆက်နွယ်နေမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy , History Runtime : 1h 26 min Subtitle : Myanmar Subtitle ( ...
movie

The Story of Yuan Tiangang ( 2024 )