Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chelsea Gilson
Three Dates to Forever (2023)
Online Dating ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ရှားပါသေးတယ်။ Tinder လို app ဟာ အောင်မြင်နေခဲ့တာ ကြာပါပြီ။ ရည်ရွယ်ချက်က ဖူးစာရှင် ရှာတွေ့နိုင်ဖို့ online ပေါ်ကနေ ရှာဖွေကြတာပါ။ဒီဇာတ်ကားကလည်း dating scene တွေအပေါ် မှီတည်ပြီးရိုက်ပြထားတာပါ။ ရေဒီယို ကြေညာသူ မက်ဒီက online dating လုပ်ဖို့ မပြောနဲ့ အလုပ်တွေထဲမှာသာ အာရုံအပြည့်ထည့်ထားသူ တစ်ယောက်ပါ။ Application အသစ်တစ်ခုဖြစ်တဲ့ Tripledate က သုံးကြိမ် ချိန်းဆိုပြီးတာနဲ့ ဖူးစာရှင် အစစ်ကိုတွေ့နိုင်မယ် မဟုတ်ရင် ငွေပြန်အမ်းမယ်လို့ ရဲရဲဝံ့ဝံ့ အာမခံပေးပြီး online dating scene ထဲ ဝင်လာဖို့ ကြိုးစားနေပါတယ်။Online dating ကို အယုံအကြည်မရှိတဲ့ မက်ဒီကလဲ ဒီ app ကို အလိမ်အညာဆိုပြီး ရေဒီယိုကနေ လှော်ပါတော့တယ်။ ...
movie
Three Dates to Forever (2023)
The Black Mass (2023)
သီအိုဒေါရောဘတ်ဘန်ဒီ(ခေါ်)တဒ်ဘန်ဒီရဲ့ ဗားရှင်းအမျိုးမျိုးနဲ့ဇာတ်လမ်းတွေထဲက တစ်ခုပေါ့။တဒ်ဘန်ဒီနေရာကနေ အမေရိကန်သရုပ်ဆောင် မင်းသားချော ဇက်အက်ဖရွန် သရုပ်ဆောင်ခဲ့တဲ့ Extremely Wicked, Shockingly Evil and Vile (2019)လည်း နာမည်ကြီးခဲ့ဖူးတယ်။တဒ်ဘန်ဒီဆိုတာ ၁၉၇၀ဝန်းကျင်တွေမှာ အမျိုးသမီးတွေကို ပြန်ပေးဆွဲ၊မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံး ရာဇဝတ်ကောင်တွေထဲက တစ်ယောက်ပေါ့။ သူ သတ်ပြီးသား သားကောင်တွေကို ပုတ်သိုးစပြုနေတာတောင် အလှတွေပြင်ပေးပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့တယ်လို့ဆိုကြတယ်။သူလုပ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဆယ်စုနှစ်ကြာငြင်းဆိုခဲ့ပြီးနောက်မှာ ၁၉၇၄နဲ့ ၁၉၇၈အကြား ပြည်နယ် ၇ခုမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု ၃၀ကိုတော့ ဝန်ခံခဲ့ပါတယ်။ ဒီပြစ်မှုတွေနဲ့ ဖလော်ရီဒါ ပြည်နယ်အကျဉ်းထောင်မှာ လျှပ်စစ်ထိုင်ခုံနဲ့ သေဒဏ်ပေးခဲ့ပေမဲ့ သူ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အကုန်လုံးကိုတော့ ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ဒီရုပ်ရှင်မှာတော့ တဒ်ဘန်ဒီရဲ့ မိန်းကလေးဆောင်တစ်ခုထဲမှာ ထင်တိုင်းကြဲခဲတဲ့အမှုတစ်ခုကို ရိုက်ကူးတင်ဆက်ထားတာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1GB)/(565 Mb) Quality….Blu-Ray 1080p / ...
movie
The Black Mass (2023)
5.4
A Merry Single Christmas (2022)
အနောက်တိုင်းကလူတွေရဲ့အယူအဆအရ နှစ်တစ်နှစ်ရဲ့ပျော်ရွှင်စရာအကောင်းဆုံးခရစ်စမတ်အချိန်မှာ အသည်းကွဲလို့ပဲဖြစ်ဖြစ်၊ crushကပြန်မကြိုက်လို့ပဲဖြစ်ဖြစ် မပျော်နိုင်ပဲ ခရစ်စမတ်ကိုတစ်ယောက်တည်းဖြတ်သန်းကြမယ့်တစ်ကိုယ်တော် ဆင်ဂယ်လေးတွေရှိကြလား?ဒီတစ်ခေါက် ပေါ့ပေါ့ပါးပါး ခရစ်စမတ်ဇာတ်လမ်းလေးကတော့ ခရစ်စမတ်မကျခင်မှာ ရည်းစားနဲ့ပြတ်သွားတဲ့ မော်ဂန်တစ်ယောက် ခရစ်စမတ်ကိုအထီးကျန်စွာတစ်ယောက်တည်းမဖြန်သန်းချင်တဲ့အတွက် “ခရစ်စမတ်အထီးကျန်နှလုံးသားလေးများ”ဆိုတဲ့ တစ်ကိုယ်တော်သမားတွေအတွက် အစီအစဉ်ကို joinလိုက်ပါတယ်။ တစ်ကိုယ်တော်သမားတွေစုပြီး ခရစ်စမတ်ကိုပျော်ပျော်ကြီးဖြတ်သန်းကြမယ့် အစီအစဉ်မှာ စည်းမျဉ်းကတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ “အဖွဲ့ထဲက ဆင်ဂယ်အချင်းချင်း ချိန်းမတွေ့ရပါဘူး”တဲ့။ ဆင်ဂယ်အပန်းဖြေအိမ်မှာ အသည်းကွဲရောဂါကိုကုစားမယ့်မော်ဂန်တစ်ယောက် ကံမကောင်းစွာနဲ့ သူ့ရဲ့ရည်းစားဟောင်းဖြစ်သူ လီယမ်လည်း ကြေကွဲဆင်ဂယ်အဖြစ် အဲဒီကိုရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အလွဲလေးနည်းနည်း ရိုမန့်စ်များများနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.85GB) / (`898.45Mb) / (457.4MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:24:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao
movie
A Merry Single Christmas (2022)
4.7
Killer Design (2022)
Killer Design (2022) ===============“ခြေနှစ်ချောင်း မကယ်ကောင်း” ဆိုတဲ့ဆိုရိုးစကားတစ်ခု ကြားဖူးကြ မှာပေါ့။ ကယ်လိုက်တဲ့ ခြေနှစ်ချောင်းက ကိုယ့်ကိုပြန်ဒုက္ခပေးမိတာလည်း ဒုနဲ့ဒေးပေါ့။ အဲ့ဒီလိုပုံစံကို ရင်သပ်ရှုမောဖွယ်ဖြစ်အောင် လှလှပပလေး ဒီကားလေးမှာရိုက်ကူးထားပါတယ်။ဂျိုဒီ့ကိုဓါးပြတိုက်တာကို ဝင်ဒီကဝယ်ကယ်ရင်းနဲ့ သူတို့နှစ်ယောက်စတင် သိကျွမ်းခဲ့ပါတယ်။ “လူတစ်ယောက်ရဲ့ဘဝကို တစ်ခါကယ်ပြီးရင် တစ်သက် လုံးတာဝန်ယူရတယ်”တဲ့... အဲ့ဒီစကားပုံကိုလက်ကိုင်ထားပြီး ဝင်ဒီတစ်ယောက် ဂျိုဒီကိုအဖက်ဖက်ကနေ ကူညီပေးခဲ့ပါတယ်။ ဂျိုဒီကလည်း ကျေးဇူးပြန်ဆပ်တဲ့ အနေနဲ့ အလုပ်လည်းပေးခဲ့တဲ့အပြင် နေစရာလည်းရှာပေးခဲ့ပါတယ်။ဝင်ဒီကာကွယ်ပေးချင်တဲ့ ဂျိုဒီရဲ့သတို့သားလောင်းက ဖောက်ပြန်နေတာရယ်၊ ဂျိုဒီ့ရဲ့သူငယ်ချင်းက ပေါ့ပေါ့ပါးပါးနေတတ်သူမို့ ဂျိုဒီ့အတွက်ကောင်းကျိုးမပေး နိုင်ဘူးဆိုတာ သိသွားတဲ့အခါ... ဝင်ဒီက ဂျိုဒီ့ကိုဘယ်လိုကာကွယ်ပေးမလဲ ? ဂျိုဒီက ဝင်ဒီ့ကိုကယ်ခဲ့တာလား ? ဝင်ဒီက ဂျိုဒီ့ကိုကယ်ခဲ့တာလားဆိုတာတွေကို လှည့်ကွက်တွေနဲ့ကြည့်ရမှာမို့ တင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.44 GB) / (464 MB) / (291 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Jo Jo Va Encoder..........SWM
movie
Killer Design (2022)
2022