Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Charmaine Sheh
6.1
Line Walker (2016)
Line Walker (2014) ဆိုတဲ့ဟောင်ကောင် Action ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ Cast တွေကလည်း နာမည်ကြီးတွေ သုံးထားပြီး ဇာတ်လမ်းကလည်း Plot Twist လေးနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။Line Walker ဆိုတာကတော့ ကြိုးတန်းပေါ် လမ်းလျှောက်နေသူလို့ပြောလို့ရပါတယ်။ ဒီဇာတ်ကားလေးထဲမှာ လူဆိုးဂိုဏ်းတွေထဲ ဝင်ရောက်ပြီး အသွင်ယူထောက်လှမ်းနေကြတဲ့ အေးဂျင့်တွေရဲ့ အကြောင်းကို သိထားတဲ့ တစ်ယောက်တည်းသောသူ သေဆုံးသွားတဲ့အခါမှာ အသွင်ယူအေးဂျင့်တွေ အကြောင်းပျောက်ပျက်ကုန်ပြီး တာဝန်ထမ်းဆောင်နေဆဲ အေးဂျင့်တွေ ကြိုးတန်းပေါ်လမ်းလျှောက်သူတွေလို ရဲလဲပြန်မဖြစ်နိုင် လူဆိုးဂိုဏ်းထဲမှာပဲအခြေမပျက်ဆက်နေဖို့ ဘေးကြပ်နံကျပ်အခြေအနေထဲကိုရောက်နေပါတယ်။အဲဒါကြောင့် ဗဟိုထောက်လှမ်းရေးဌာနက လျှို့ဝှက်အေးဂျင့်တွေကို ပြန်လည်စုစည်းဖို့ ကြိုးစားတဲ့အချိန်မှာ Black Jack ဆိုတဲ့ နာမည်နဲ့ အေးဂျင့်တစ်ယောက်ပြန်ပေါ်လာပါတယ်။ ဖျက်ထားခံရတဲ့ သူ့ရဲ့ အချက်အလက်တွေက ပြန်ယူဖို့မဖြစ်နိုင်တဲ့အတွက် သူတို့ အေးဂျင့်ဖြစ်ကြောင်း ဘယ်လိုစုံစမ်းမလဲ။ မူးယစ်ဆေး ရောင်းဝယ်ရေး ဂိုဏ်း တစ်ခုက ကြားဝင်နေတာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရမှာပါ။ Filesize : 2.68 GB / 1.12 GB Quality : Bluray 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime , ...
movie
Line Walker (2016)
2016
6.2
Death Notice ( 2023 )
အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်း ဇာတ်လမ်းကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -ကိုယ့်ကိုယ်ကိုယ် တရားမျှတသူအဖြစ် ခေါ်ဆိုနေတဲ့ လျှို့ဝှက်ကွင်းဆက်လူသတ်သမား Darker ဆိုသူဟာ ရဲတပ်ဖွဲ့ကို စိန်ခေါ်ခဲ့ပါတယ်။ "သေဆုံးခြင်းအကြောင်းကြားစာ" များကို ဆက်တိုက်ပို့ခဲ့ပြီး အပို့ခံရသူတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။အမှန်တရားကို စုံစမ်းဖို့အတွက် ပေါက်ကွဲမှုမှာ မျက်မြင်သက်သေဖြစ်ခဲ့သူ ဟွမ်ရှောက်ဖျင်၊ ရဲမှူးလော်ဖေး၊ မှုခင်းတပ်ဖွဲ့အဖွဲ့ခေါင်းဆောင် ဟန်ဟောက်တို့ဟာ Darker ရဲ့ အစီအစဉ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။Darker က ဘယ်သူဖြစ်မလဲ...... အသတ်ခံရတဲ့လူတွေကရော ဘယ်လို ပြစ်မှုတွေကို ဖုံးကွယ်ထားသလဲ...... ဆိုတာကို plot twist အပြည့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဟောင်ကောင်ရှုပ်ရှင်ကောင်းတွေ ရှားပါးနေတဲ့အချိန်မှာ ဟောင်ကောင်ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ အပြည့်အဝ အားဖြည့်ထားတဲ့ ဒီရုပ်ရှင်လေးကိုတော့ မကြည့်မဖြစ်ကြည့်ကို ကြည့်သင့်ပါတယ်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 40 min Subtitle : Myanmar Subtitle ( ...
movie
Death Notice ( 2023 )
5.5
The Leakers ( 2018 )
Action , Crime , Thriller ကြိုက်သူတွေအတွက်တော့လုံးဝအကြိုက်တွေ့မယ့်ဇာတ်ကားပါပဲဇာတ်လမ်းစတင်ကတည်းက ဗိုင်းရပ်တခုကြောင့်လူတွေအတုံးအရှုံးသေဆုံးတာနဲ့စတင်ပြီး ဇာတ်လမ်းကိုအစပျိုးထားတယ်အဲ့ ဗိုင်းရပ်ကို VR-23 လို့ WHO က နာမည်ပေးလိုက်ပါတယ်ပြန့်ပွားမှုနှုန်းကကြောက်စရာကောင်းသလို သေဆုံးမှုနှုန်းကလည်းမြင့်တက်နေပါတယ်...မလေးရှားသတင်းထောက်သေဆုံးမှုကစလို့ Amanahကုမ္ပဏီရဲ့မန်နေဂျင်းနဲ့အခြားသူတွေဆက်တိုက်ဆိုသလိုသေဆုံးခဲ့တယ်၊တစ်ဆက်တည်းမှာပဲ Amanahရဲ့ဒုတိယဆက်ခံသူဟာလဲ ဟောင်ကောင်မှာ The Leakersဆိုတဲ့အဖွဲ့ရဲ့ပြန်ပေးဆွဲတာခံလိုက်ရတယ်၊ဒီအမှုကိုကိုင်တွယ်ဖို့အတွက်မလေးရှားရဲအရာရှိဟာဟောင်ကောင်ကိုလာဖိုြ့ဖစ်လာခဲ့တယ်အဲ့ဒီမှာဟောင်ကောင်ရဲနဲ့ဆုံပြီးဘာတွေဆက်ဖြစ်လာကြမလဲဟောင်ကောင်သတင်းထောက်မလေးဟာသူငယ်ချင်းဖြစ်သူမလေးရှားသတင်းထောက်ရဲ့သေဆုံးမှုကိုပါဝင်စုံစမ်းရင်း ဘယ်လိုတွေဆက်ဖြစ်လာမလဲတစ်ဖက်မလေးရှားကနေစပြီးနိုင်ငံအသီးသီးဆီကို VR-23ဗိုင်းရပ်စ်ပိုးပြန့်ပွားလာပြီးကူးစက်ရောဂါတွေဖြစ်လာတယ်၊ဒီဗိုင်းရပ်စ်ပိုးကို ကုသနိုင်တဲ့ MD5ဆိုတဲ့ဆေးအသစ်ကိုAmanah ဆိုတဲ့ ဆေးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကပဲရနိုင်တယ်၊ဒီဗိုင်းရပ်စ်ပိုးပျံနှံ့လာမှုရဲ့အဓိကကြိုင်းကိုင်သူကဘယ်သူများဖြစ်နိုင်မလဲThe Leakersရဲ့အဖွဲ့ဝင်တွေကဘယ်သူတွေလဲစိတ်ဝင်စားစွာနဲ့ ကြည့်ရှုရမယ့်ဇာတ်ကားပဲဖြစ်ပါတယ် ဘာသာပြန် နဲ့ အညွှန်းကတော့ Phyo Zaw ဖြစ်ပါတယ်Encoder : LK
movie
The Leakers ( 2018 )
2018
6.5
Golden Job (2018)
အခု မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Rating တွေကလည်း အလန်း သရုပ်ဆောင်တွေကလည်းနာမည်ကြီးပြီး အက်ရှင်ကားကောင်းကောင်း ငတ်နေသူတွေအတွက် အကြိုက်တွေ့စေမယ့် Crime,Action ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။နာမည်ကတော့ Golden Job(2018) ပါ။IMDB Rating ကတော့ 6.2 ထိရရှိထားပါတယ်။ဇာတ်လမ်း အကျဉ်းလေးကတော့ ဆိုးတေသောင်းကြမ်းလို့ ဝသွားကြတဲ့ လူမိုက်ကြီး ငါးယောက် အငြိမ်းစားယူသွားကြပါတယ်။အဲ့နောက်မှာခေါင်းဆောင်ဖြစ်သူက ဒုက္ခသည်ကလေးတွေအတွက် အကူအညီပေးဖို့ ဆေးကုမ္ပဏီတစ်ခုက ဆေးသယ်လာတဲ့ကားကို ခိုးလိုက်ပါတယ်။နောက်တော့ဆေးဝါးဖြန့်ဖြူးပေးဖို့ လူပြန်စုပြီး အလုပ်ပြန်လုပ်ကြတဲ့အချိန် ဆေးသယ်လာတဲ့ကားကို ခိုးလာခဲ့ပြီးမှ ကားပေါ်မှာ ပါလာတာ ဆေးတွေမဟုတ်ဘဲ ရွှေတွေဖြစ်နေချိန်မှာတော့.....ဘာတွေကြောင့်ဒီလိုဖြစ်ရတာလဲသူတို့ရဲ့အတိတ်ဆိုးတွေကို သူတို့ချန်ထားနိုင်တာသေချာရဲ့လား ဆိုတာ အက်ရှင် ကြမ်းကြမ်းလေးတွေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင် ပါ) File Size : (850 MB) and (380 MB) Quality : WEB-DL 720p Running Time : 1h 40min Format : ...
movie
Golden Job (2018)
2018
5.4
Agent Mr. Chan (2018)
အခုဇာတ်ကားလေးကတော့ဟောင်ကောင်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေအတွက် ကြည့်သင့်တဲ့ action-comedy အမျိုးအစားဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့အေးဂျင့်မစ္စတာချန်ဟာ နိုင်ငံတကာအေဂျင်စီတစ်ခုမှာအလုပ်လုပ်နေတဲ့ထိပ်တန်းစုံထောက်တစ်ယောက်ပါ။ကံဆိုးစွာနဲ့ပဲသူကတာဝန်တစ်ခုမှာကျရှုံးခဲ့လို့အဖွဲ့ကနေပြီးထုတ်ပယ်ခြင်းခံလိုက်ရတယ်။အဲ့ဒီလိုနဲ့ လွန်ခဲ့တဲ့နှစ်၂၀လောက်က တာဝန်တစ်ခုကိုထမ်းဆောင်ရင်း သူအသုံးချခဲ့တဲ့အမျိုးသမီးမမျှော်လင့်ဘဲပြန်တွေ့ခဲ့တဲ့အခါ ထိုအမျိုးသမီးဟာရဲအရာရှိတစ်ယောက်ဖြစ်နေပါပြီ။အဲ့ဒီအမျိုးသမီးအတွက် ထူးဆန်းတဲ့အမှုတွေကိုလိုက်လံဖြေရှင်းပေးရပုံကို ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ဟာသဆန်ဆန်စုံထောက်ကားတစ်ကားဖြစ်ပါတယ် ။ဟောင်ကောင်ကားလည်းဖြစ် အရှေ့တိုင်းဆန်ဆန်ပျက်လုံးတွေကြောင့်IMDB ratingနည်းပေမဲ့ အားလပ်ရက်မှာ အနားယူရင်းပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကြည့်ချင်တဲ့ပရိသတ်တွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုမျိုးခန့် ပါ)File Size : (760 MB) and (350 MB)Quality : Blu-Ray 720p Running Time : 1hr 41min Format : Mp4 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p DD5.1 2Audio H.264-CHD Translated by Myo Khant Encoded by Thanhtike Zaw
movie
Agent Mr. Chan (2018)
2018
6.4
Always Be with You (2017)
သေငယ်ဇောဖြစ်နေတဲ့အချိန်မှာအစွဲအလမ်းတစ်ခုဆိုတာဟာသိပ်ကိုကြောက်ဖို့ကောင်းပါတယ်ဒီဇာတ်ကားလေးထဲမှာတော့သရဲဆိုတာထက်အစွဲအလမ်းကြောင့်ဖြစ်ရတဲ့ဝိညာဉ်ဆိုတာကိုအသားပေးရိုက်ပြထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ရက် လမ်းထောင့်တစ်နေရာမှာအမူးလွန်မဆင်မခြင်မောင်းနှင်တဲ့ရောဂါကျွမ်းအမူးသမားကြောင့်ဆိုးဝါးတဲ့အက်ဆီးဒင့်တစ်ခုဖြစ်ပွားခဲ့ပါတယ်အဲ့ဒီအက်ဆီးဒင့်မှာ အဆောက်အဦးပေါ်ကနေခုန်ချသတ်သေသွားတဲ့အမျိုးသမီးတစ်လောင်းရယ် စေ့စပ်ထားတဲ့လက်ထပ်ခါနီးသတို့သားလောင်းရယ် နာမည်ကြီးခါစအဆိုတော်မလေးတစ်ယောက်ရယ် ပါသွားခဲ့ပါတယ် သူတို့ရဲ့ဝိညာဉ်တွေဟာ မကျွတ်လွတ်ဘဲသက်ဆိုင်ရာနေရာတွေမှာရှိနေခဲ့ပါတယ် ဒီအက်ဆီးဒင့်ကိုမျက်မြင်ကြုံခဲ့ရတာကတော့စုံထောက်လင်မယားနှစ်ယောက်မိသားစုပါနောက်ပိုင်းကော ဒီအမှုကနေဘာတွေဆက်ဖြစ်ကြမလဲစုံထောက်လင်မယားနှစ်ယောက်ကောဘယ်လိုမထင်မှတ်ထားတဲ့ထူးဆန်းတာတွေကြုံကြမလဲသတို့သားလောင်းရဲ့စေ့စပ်ထားတဲ့ဒေါက်တာမလေးခမျာကောပူဆွေးသောကဘယ်လောက်တောင်ဂရုဏာသက်ဖွယ်ကြုံရမလဲ ဆိုတဲ့ဇာတ်ကွက်တွေနဲ့အတူ ဇာတ်လမ်းရဲ့အဓိကအလှည့်အပြောင်းလေးကိုတော့ဇာတ်သိမ်းပိုင်းကျမှနားလည်သဘောပေါက်ကြမှာမို့ပြီးတဲ့အထိမျက်တောင်တစ်ချက်မခတ်ဘဲနဲ့အားပေးကြရအောင်လားဗျာမျက်တောင်ခတ်မိရင်လည်းပြန်ကြည့်ကြပါလို့စ်...ငိငိ File Size : (850 MB) and (320 MB) Quality : Blu-Ray 720p Running Time : 1hr 38min Format : Mp4 Genre :Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p BluRay x264-WiKi Translated by Pyae Xeinn Sett Encoded by Thanhtike Zaw
movie
Always Be with You (2017)
2017