Channel Myanmar

Charlotte Hope

Allied (2016) 7.1
Allied (2016) Allied (2016)IMDb Rating (7.1) / Rotten Tomatoes (60%)မင်းသား Brad Pitt နဲ့ ပြင်သစ်မင်းသမီး Marion Cotillard တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်က ဒုတိယကမ္ဘာစစ်အတွင်းကာလ လျှို့ဝှက်စပိုင်အခြေပြု ဒရမ်မာဇာတ်ကားကြီးဖြစ်ပါတယ်။ ပြင်သစ်မင်းသမီး Marion Cotillard ကို ထိပ်တန်းရုပ်ရှင်တော်တော်များများမှာ မြင်နေကျဆိုပေမယ့် ဒီရုပ်ရှင်မှာတော့ သူမရဲ့သွင်ပြင်လက္ခဏာတွေ လုံးဝကိုပေါ်လွင်ထင်ရှင်းနေခဲ့ပြီး မျက်လုံးအရွေ့ မျက်တောင်အခတ်လေးမှာတောင် ခဏခဏပြန်ကြည့်ချင်လောက်အောင် အထာကျကျ သရုပ်ဆောင်သွားခဲ့ပါတယ်... မင်းသားကလဲ ဘရတ်ပစ်ဆိုတော့ ပြောစရာမလိုတော့ပါဘူး... သူတို့နှစ်ယောက်စလုံးရဲ့လှုပ်ရှားမှုတိုင်း စကားလုံးတွေတိုင်းအသက်ဝင်နေပြီး ကြည့်ရှုသူကိုယ်တိုင်မျောပါသွားရမယ့်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ အဝတ်အစားဒီဇိုင်းတွေ ဆက်တင်တွေလဲ ခမ်းနားလှပပြီး အော်စကာဆုပေးပွဲမှာလဲ ဇကာတင်ဝင်ခဲ့ပါသေးတယ်။ဇာတ်လမ်းလေးကလဲ အတော်ကိုစိတ်ဝင်စားစရာပါပဲ ဒါပေမယ့် ဇာတ်လမ်းကိုမသိဘဲ ဒီတိုင်းထိုင်ကြည့်လိုက်တာက ပိုအရသာရှိမှာမလို့ သိပ်မရေးပြတော့ပါဘူး။ ဒုတိယကမ္ဘာစစ်ကာလ ဂျာမန်နဲ့ အင်္ဂလန်တို့ရဲ့ တစ်ဖက်ကိုတစ်ဖက် သူလျှိုထားလုပ်ကြံကြဖို့စီစဉ်ကြတာတွေ သူလျှိုတွေရဲ့ပိရိသေသပ်မှုတွေ စစ်အတွင်းကာလအနိဌာရုံတွေ ယုံကြည်ဖို့ခက်ခဲတဲ့မစ်ရှင်တွေနဲ့ တော်တော်ကိုမှ ကောင်းမွန်သေသပ်အဆင့်မြင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(3.5 GB)/ (1.3 GB ) / (860 MB) Quality….BluRay 4K ...
movie

Allied (2016)

2016
4K HEVC
The Theory of Everything (2014) 7.7
The Theory of Everything (2014) The Theory of Everything (2014) Imdb - 7.7 / Rotten Tomatoes 80%ဒီဘက်​ခေတ်​ရဲ့ အကြီး​ကျယ်​အခမ်းနားဆုံး သိပ္ပံပညာ​ရှင်တွေထဲကတစ်ဦးအဖြစ် လူသိများကြတဲ့ သီအိုရီရူပဗေဒပညာရှင် Stephen​ Hawking ရဲ့ အတ္ထုပတ္တိရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက​ Hawking ရဲ့ တက္ကသိုလ်​ကျောင်းသားဘဝကစလို့ နာမည်​ကျော်​သိပ္ပံပညာ​ရှင်ဖြစ်​လာတဲ့အထိ သူ့ရဲ့​ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ Hawking​ အဖြစ်​သရုပ်ဆောင်​ထားတဲ့ Eddie Redmayne က ဒီ​ဇာတ်​ကားနဲ့ပဲ အော်​စကာဆုကိုရရှိခဲ့ပါတယ်။Stephen Hawking​ ရဲ့ Biopic ရုပ်ရှင်​ဖြစ်ပေမဲ့ နားလည်​ဖို့ခက်ခဲလွန်းတဲ့ Black Hole သီအိုရီတွေ Quantum​ တွေကိုအသားပေးထားတာမဟုတ်ဘဲ Hawking နဲ့ ဇနီး​ဖြစ်သူ​ Jane တို့အကြားက ချစ်​ခြင်း​မေတ္တာ​တရားတွေ၊ သံယောဇဉ်​အနိမ့်အမြင့် အတက်အကျတွေနဲ့အတူ Hawking​ ခံစား​နေရတဲ့ Motor Neuron ရောဂါ​ကို နှစ်​ဦး​သား​အတူရင်ဆိုင်ပြီး ဘဝကို​ရှင်သန်​ရှာဖွေခဲ့ကြပုံကို တင်ဆက်​ထားတဲ့ ကြည်​နူး​ဆွတ်ပျံ့​ဖွယ်ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင် ...
movie

The Theory of Everything (2014)

2014
Testament of Youth (2014) 7.2
Testament of Youth (2014)  𝑻𝒆𝒔𝒕𝒂𝒎𝒆𝒏𝒕 𝒐𝒇 𝒀𝒐𝒖𝒕𝒉(ငယ်ရွယ်သူ့သက်သေ)ဟာ 1933ခုနှစ်မှာထုတ်ဝေခဲ့တဲ့ နာမည်ကျော်စစ်ပွဲကိုယ်တွေ့မှတ်တမ်းတစ်ခုရဲ့စာမူခေါင်းစဥ်ဖြစ်ပါတယ်...။စာရေးဆရာမ Vera Brittainရဲ့ ပထမကမ္ဘာစစ်အတွင်းကိုယ်တွေ့အဖြစ်အပျက်များကို ရေးသားထားတာဖြစ်ပြီး...Veraဟာစစ်ကြီးအပြီးနှောင်းပိုင်းကာလတွေမှာ စစ်ဆန့်ကျင်ရေးငြိမ်းချမ်းရေးလှုပ်ရှားသူအဖြစ် တက်ကြွလှုပ်ရှားခဲ့သူပါ...။သရုပ်ဆောင်တွေအနေနဲ့ Veraနေရာမှာ The Man from U.N.C.L.E.ထဲကမင်းသမီးချော Alicia Vikanderကသရုပ်ဆောင်ထားပြီးGOTထဲ YOU KNOW NOTHINGမင်းသား ဂျွန်စနိုးကလည်းပါဝင်အားဖြည့်ထားပါတယ်ဗျ...။ဇာတ်အိမ်လေးကိုပြောပြရမယ်ဆိုရင် ပထမကမ္ဘာစစ်ကြီးစဖြစ်တဲ့အချိန်အခါတုန်းပေါ့...စစ်ကြီးဖြစ်လာပြီဆိုရင် ထုံးစံအတိုင်း လူငယ်လူရွယ်လေးတွေဟာတိုင်းပြည်အတွက် သမိုင်းပေးတာဝန်ထမ်းမယ်...ဒီအခွင့်အရေးအရေးမျိုးက မျိုးဆက်တိုင်းမရနိုင်ဘူး၊ စစ်ဆိုတာလည်းခဏနဲ့ပြီးမှာပါလေဆိုပြီး ယုံကြည်ချက်ကိုယ်စီနဲ့ ရှေ့တန်းကို အလုအယက်ထွက်ကြပါတယ်...။ဘဝအတွေ့အကြုံနုနယ်သေးတဲ့ လူငယ်သဘာဝပါပဲ...။အမျိုးသားလူငယ်လေးတွေ ရှေ့တန်းကို ထွက်သွားချိန်မှာတော့ အနောက်မှာမျှော်တရစ်ရစ်နဲ့ ကျန်နေခဲ့သူတွေကတော့...အမေတွေ၊ အစ်မတွေ၊ ဇနီးမယားတွေပါပဲ...ပြန်လာနိုးနိုးနဲ့ မျှော်နေမိကာမှ ထွက်သွားတုန်းက လူတစ်ယောက်ပြန်လာတော့ စာတစ်စောင်ဖြစ်နေတဲ့ အဖြစ်မျိုးက မနည်းပါဘူး...။မျှော်ရတာ ရင်ပူလွန်းလို့ထင်ပါရဲ့... ချစ်သူရှိရာ‌ ရှေ့တန်းကို သူနာပြုအဖြစ်ပါရမီဖြည့်လိုက်ကြတဲ့ ဇာတ်လမ်းတွေလည်းရှိပါတယ်...။ဘာတွေပဲဖြစ်နေနေ တစ်ချိန်မှာတော့ အားလုံးပြန်ဆုံနိုင်ဦးမှာပါ....ဒီဘဝ ဒါမှမဟုတ် တမလွန်မှာပေါ့လေ...။ခံစားချက်တသောသောကို အချိန်ပေးခံစားကြည့်ရှုရမှာဖြစ်တာမို့လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ Biographgy Drama History movieလေးပါပဲ...။ File size…1.82GB / ...
movie

Testament of Youth (2014)

The Nun (2018) 5.6
The Nun (2018) ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအဆမှာ အသူရကာယ်တွေ ဘီလူးမိစ္ဆာတွေရှိကြသလို အနောက်တိုင်းလောကမှာလဲအဲ့ဒီလိုပုံစံလေးတွေရှိပါတယ် သူတို့အခေါ်တော့ The Demon နတ်ဆိုးတွေပေါ့ နတ်ဆိုးလို့ပြောလိုက်ပြီဆိုတာနဲ့Conjuring Universe က Crooked Man တို့ The Nun တို့ကိုပြေးမြင်မိကြမှာပါ The Nun ဆိုတာနဲ့ မျက်နှာအဖွေးသားအစွယ်တဖွေးဖွေးနဲ့သီလရှင်ကြီးဆိုတာ မျက်လုံးထဲပြေးမလွတ်ပါဘူး အနောက်တိုင်းနတ်ဆိုးလောကမှာ The Nun ခေါ် Valak က evil books တွေမှာတစ္ဆေထိန်းမိစ္ဆာကြီးအဖြစ်နေရာယူထားပေမယ့် အခု The Nun(2018)မှာတော့ သီလရှင်ကြီးအနေနဲ့တွေ့ရမှာပါဇာတ်လမ်းအကျဉ်းကတော့ ရိုမေးနီးယား က စိန့်ခါသာဆိုတဲ့ church ကြီးမှာသီလရှင်တစ်ပါးသေကြောင်းကြံစည်ခဲ့ပါတယ် ဒါနဲ့ပဲ Catholic ဘာသာဝင်တို့ရဲ့ဌာနချုပ်ဖြစ်တဲ့ ဗာတီကန်စီးတီးကဘုန်းတော်ကြီးတွေက သီလရှင်အသစ်လေးတစ်ပါးနဲ့ ဘုန်းတော်ကြီးတစ်ပါးကိုခြေနေဆိုးကောင်းသိရအောင်လွှတ်ပေးလိုက်ပါတယ် ဒါပေမယ့် ရိုမေနီးယားလဲရောက်ရော ဒီသာမန်သီလရှင်တစ်ပါးသေကြောင်းကြံမှုနောက်ကွယ်က ဘယ်ကိစ္စကကြိုးကိုင်နေလဲဆိုတာစုံစမ်းရင်း အစွယ်အဖွေးသားနဲ့အင်မတန်အားကြီးတဲ့နတ်ဆိုးမကြီးနဲ့ ပတ်သတ်မိကြတော့တာပါပဲဇာတ်လမ်းအဆုံးမှာConjuring 1 နဲ့ပြန်ချိတ်ပေးထားလို့ Conjuring universe ကိုခုံမင်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ကားပါ ပုံမှန်ခြောက်နေကြတစ္ဆေတွေနဲ့ကွဲထွက်ပြီး သီလရှင်ပုံစံအသွင်ယူထားတဲ့ Valak ရဲ့ကျောချမ်းစရာအသံနက်ကြီးနဲ့တင်ဇာတ်လမ်းကိုဆွဲခေါ်သွားပေးမှာဖြစ်ပါတယ်(ရုပ်ရှင်အညွှန်းကို Hein Thet Naing မှတင်ဆက်ထားပါတယ်။) File size…(2.8 GB)/ (860 MB)/(660 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:36:34 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka ...
movie

The Nun (2018)

2018
4K HEVC
The Invisible Woman(2013) 6.2
The Invisible Woman(2013) The Invisible Woman (2013)=======================Charles Dickens (ချားလ်စ် ဒစ်ကန်စ်)ဆိုတာနဲ့ အင်္ဂလန်ဗစ်တိုးရီးယားခေတ်ရဲ့ဂန္တ၀င်စာရေးဆရာကြီးကိုမြင်မိကြမှာပါပဲ။သူ့ရဲ့၀တ္ထု ပြဇာတ်တွေ ဇာတ်ကောင်တွေဟာအသက်၀င်လွန်းလှပလွန်းလို့ကိုပဲအင်္ဂလိပ်စာ‌ပေလောကမှာယခုချိန်ထိ ချီးကျုးခံနေရဆဲပါ။ဒါကတော့ ချားလ်စ်ရဲ့ဘ၀ထဲကိုဝင်ရောက်လာခဲ့တဲ့ အယ်လန် တာနန်ဆိုတဲ့တက်သစ်စပြဇာတ်မင်းသမီးလေးတယောက်နဲ့သူ့ရဲ့အကြောင်းပေါ့လှလည်းလှ သူ့ရဲ့ကမ္ဘာကြီးပေါ်အမြင်ကိုလည်းမြင်တာသာမကသူ့အပေါ်ကိုလည်းသူမတူ‌အောင်မြင်နိုင်သလို သူ့ရဲ့စာအုပ်တွေကိုလည်းချစ်တဲ့ဒီကောင်မလေးကိုမှသူကချစ်မိသွားပြီ။ မပျော်ရွှင်ရတဲ့အိမ်ထောင်ရှိပြီးသားချားလ်စ်အတွက်ကတော့ ဒီကောင်မလေးနဲ့ပေါင်းစပ်ရဖို့ဆိုတာသူ့ရဲ့၀တ္ထုတွေထဲကလိုမျိုးပဲ အတားအဆီးတွေ အစဉ်အလာတွေပတ်၀န်းကျင်ကအနှောင့်အယှက်တွေပေါများလွန်းလှပါတယ်။ချားလ်စ်က်ုလည်းတစစနဲ့ချစ်မိသွားတဲ့အယ်လန် တဖြစ်လဲ နယ်လီကလည်းဒီလိုလူမျိုးကိုမှချစ်မိသွားပြီ။ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းတပုဒ်ဟာဘာတွေဆက်ဖြစ်လာမှာလဲ။ ၀တ္ထုတွေထဲကလိုပဲ အပြင်မှာရောအချစ်ဆိုတာကသိမ်မွေ့နူးညံ့နေမှာလား ခက်ခဲကြမ်းတမ်းနေရမှာလား။သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းဟာအဆုံးမှာဘယ်လိုနိဂုံးချုပ်မလဲဆိုတာကိုဒီ classical အချစ်ဒရာမာကား‌လေးမှာခံစားကြည့်ရှုပေးကြပါဦးခင်ဗျာ။ File size…1.11GB / 413MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 51m Genre ..... Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

The Invisible Woman(2013)

Three Christs (2020) 5.9
Three Christs (2020) Three Christs (2020)================IMDb Rating - 5.9/10#Unicode2020 ဇန်နဝါရီလထဲ ထွက်ရှိထားတဲ့ Three Christ ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားတင်ဆက်ပေးချင်ပါတယ်။ပစ်တာခတ်တာတွေ ကြမ်းတာရမ်းတာတွေ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။စိတ်ပညာရပ်နဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေကိုအခြေခံထားတဲ့ ဒရာမာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။မီချီဂမ် ကောလိပ်မှာ ဆရာလုပ်နေတဲ့ စိတ်ရောဂါဆရာဝန် ဒေါက်တာစတုန်းဟာ သုတေသနကိစ္စအတွက် ကျောင်းဆရာအလုပ်ကနေထွက်ပြီး စိတ်ရောဂါကု ဆေးရုံကိုရောက်လာပါတယ်။သူရောက်လာတဲ့ ဆေးရုံမှာ သူ့ကိုယ်သူ ယေရှုခရစ်တော်လို့ထင်နေတဲ့ လူနာတစ်ယောက်နဲ့ တွေ့ပါတယ်။ ဆက်ပြီး စုံစမ်းကြည့်တော့ စင်ဒရဲလားလို့ ထင်နေတဲ့သူတွေ အိုင်စင်ဟောင်ဝါလို့ သူတို့ကိုယ်သူတို့ ထင်နေသူတွေကို တွေ့ခဲ့ရတယ်။ အဲ့ဒီထဲကမှာ ယေရှူလို့ထင်နေတဲ့သူတွေကိုရှာခိုင်းလိုက်တော့နောက်ထပ် ၂ ယောက် ထပ်တိုးလာပါတယ်။ ယေရှုလို့ သူတို့ကိုယ်သူတို့ထင်နေတဲ့ စိတ်ကစဉ့်ကလျား ရောဂါသည်၃ ယောက်ကို သုတေသနအတွက်ရွေးချယ်ပြီး ဒေါက်တာစတုန်းဟာ ရှေးနည်းနဲ့မတူတဲ့ ကုသချဉ်းကပ်နည်းတွေနဲ့ကုသပေးဖို့ကြိုးစားပါတော့တယ်။IMDb - 5.9/10 ရရှိထားပြီး Richard Gere ...
movie

Three Christs (2020)

2020
Les Misérables (2012) 7.6
Les Misérables (2012) Les Miserables (2012) ၁၈၁၅ ခုနှစ်က ပြင်သစ်မြို့ရဲ့ ခေတ်အနေအထားကိုပြသနေတဲ့ ဒီဇာတ်လမ်းလေးကို အော်ပရာဇာတ်ခုံပေါ်ကနေ တီဗီဖန်သားပြင်ထက်ဇာတ်လမ်းလေးအဖြစ် ပြောင်းလဲတင်ဆက်ပေးထားတာပါ... ဒီဇာတ်ကားလေးထဲမှာ X-Men ဇာတ်ကားထဲမှ ကိုယ်တွေရဲ့ လိုဂန်မင်းသားကြီး Hugh Jackman နဲက ဦးဆောင်ထားပြီး တခြားသရုပ်ဆောင်များစွာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကိုတော့ ပေါင်မုန့်ခိုးမိလို့ ၅ နှစ်, ထွက်ပြေးဖို့ကြိုးစားလို့ ၁၄ နှစ်, စုစုပေါင်း ၁၉ နှစ်အပြစ်ပေးခံထားရတဲ့ ဂျန်းဗယ်ဂျန်လို့ခေါ်တဲ့ လူကို အန္တရာယ်ရှိတဲ့သူအဖြစ် ခံဝန်စာချုပ်နဲ့လွှတ်ပေးလိုက်တာမို့လို့ လုပ်ကိုင်စားသောက်လို့မရအောင် ဒုက္ခသုက္ခရောက်နေရာက အစပြုခဲ့ပါတယ် သူဟာဂျောင်ပိတ်မိနေတဲ့အဆုံး ခံဝန်စာချုပ်ကိုဖြဲဆုတ်လိုက်ပြီး ဘဝသစ် နာမည်သစ်နဲ့ အသစ်တစ်ဖန်ပြန်စတင်ခဲ့ပါတယ်... ဒီလိုမပြောင်းလဲခင်မှာ သေးနုတ်တဲ့သူ့ရဲ့သူခိုးတစ်ယောက်စိတ်ဓာတ်ကနေ ဆင်းရဲတဲ့သူတွေကို ကယ်တင်ပေးပြီး မေတ္တာတရားနဲ့စိတ်သဘောထားကြီးလာအောင် ဘုန်းတော်ကြီးတစ်ပါးက ပြောင်းလဲပေးခဲ့ပါတယ် ဗယ်ဂျန့်နောက်ကို ရေဆုံးမြေဆုံး ရှာဖွေနေတဲ့ အင်စပက်တာဂျဗက်ဟာ အစပိုင်းမှာ ဇဝေဇဝါနဲ့မြို့တော်ဝန် တစ်ဖြစ်လဲ ဗယ်ဂျန့်ကို သံသယသာဝင်ပေမဲ့ အဖြစ်မှန်ကိုသိသွားခဲ့တော့ ဘယ်လိုဆက်ဖြစ်မလဲ... ဇာတ်လမ်းထဲမှာပါဝင်တဲ့ ဖန်တင်ဆိုတဲ့ အမျိုးသမီးရဲ့ သမီးလေး "ကိုဆက်" သူဌေးသားပေးမဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ ကိုဆက်နဲ့ မြင်မြင်ချင်းမေတ္တာသက်ဝင်သွားနေတဲ့ "မာရီးယက်စ်" ကိုဆက်နဲ့ငယ်စဥ်ကအတူကြီးပြင်းခဲ့ပေမဲ့ မတူညီတဲ့ဘဝလမ်းကို လျှောက်လှမ်းနေရရှာတဲ့ အီဖိုနီ ဒီဇာတ်ကောင်တစ်ခုချင်းဆီရဲ့ ဇာတ်ကြောင်းလေးတွေသိရအောင် ဒီဇာတ်လမ်းလေးကြည့်ဖို့တိုက်တွန်းချင်ပါတယ် တေးသရုပ်ဖော်ကြိုက်နှစ်သက်သူတွေ အော်ပရာဇာတ်လမ်းနှစ်သက်သူတွေအတွက်တော့ အားရစရာဖြစ်မှာပါ အော်ပရာမကြိုက်သူများကြည့်ရင်လည်း ရင်ထဲတစ်ခုခုကျန်မဲ့ ဇာတ်လမ်းဖြစ်မှာကျိန်းသေပါတယ်.. Les Miserables ...
movie

Les Misérables (2012)

2012